♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 25, 2014

"အပျိုကြီးက အပျိုကြီးပဲ"

အပျိုကြီးက အပျိုကြီးပဲ.....

တခါကတုန်းက နတ်ပြည်မှာ နတ်သမီးအပျိုကြီးတယောက်ရှိသတဲ့ 
သူက တကိုယ်တည်းဆိုတော့ ကြာတော့ ပျင်းလာတာပေါ့ 
အဲဒါနဲ့ ပဲ .. သိကြားမင်းကိုသွားဂျီကျသတဲ့ 
သူ့ ကို ဖူးဇာရှင်ရှာပေးပေါ့ လေ ..
အဲ့ဒီတော့ သိကြားကပြောပြတယ်
မပူနဲ့ ပေါ့  မကြာခင် (နတ်ပြည်နဲ့  လူပြည် အချိန်ကွာတာကိုးး ) ရောက်လာမှာပေါ့ 
နတ်သမီးကအဲလောက်နဲ့ ဘယ်ရမလဲ ရစ်ရော....
သူ့ကို အဲ့ဒီလူ ပြပါပေါ့
အဲဒါနဲ့  သိကြားကပြလိုက်တယ် အဲ့ဒီလူကဘုန်းကြီေးကျာင်းကပ်နေတဲ့  ခြေတဖက်ကျိုးကြီးတဲ့ 
သူ့ ကုသိုလ်က သူကလမ်းသွားရင် ခြေတဖက်ကတရွတ်တိုက်နေတော့  အမှိုက်လှည်းပေး
သလိုဖြစ်နေတာတဲ့ 
အဲဒီ နတ်သမီး ကြည့်ရတာ နဲနဲ စပ်ဆော့ပုံရတယ်
တဘက်ထဲဆို ကုသိုလ်နည်းတယ်ပေါ့  ၂ဘက်လုံးချိုးလိုက်ရင် ကုသိုလ်ပိုများပြီး ငါ့ ဆီမြန်မြန်ရောက်မှာ
နောက်ငါလဲ တန်ခိုးပိုကြီး တဲ့ နတ်ယောက်ျားလေးရရောဆိုပြီး
နောက်ခြေတဘက်ပါချိုးလိုက်ရော.....
ဟိုလူသေတော့  ကုသိုလ်တွေက သိပ်များနေတော့  နတ်ဖြစ်တော့  ....
အဲဒီဲနတ်သမီးနေတဲ့အထပ်ကျော်ပြီး..... အပေါ်က နောက် အထပ်ကိုရောက်သွားရောတဲ့
အဲဒီနတ်သမီးလဲ အပျိုကြီးက အပျိုကြီးပဲတဲ့ ....
                          (အူတက်အောင်ရီရသော Facebook မှ)

ကျောက်မျက်လုံး....
  
     တစ်ခါက အိမ်တစ်အိမ်တွင်မျက်စိတစ်ဖက်မကောင်းသဖြင့်ကျေက်မျက်လုံးတပ်ထားရတဲ့အဖိုးကြီး
တစ်ယောက်နဲ့ သားဖြစ်သူ အရက်သမားတို့အတူနေကြသတဲ့။တစ်ညမှာအဖိုးကြီးဟာ သူ့ကျောက်မျက်
လုံးကို ဖန်ခွက်ထဲမှာ ရေနဲ့စိမ်ပြီးတော့ အိပ်ရာဝင်သွားတယ်။

အဲ ... ဒါနဲ့ သားအရက်သမား အပြင်ကနေ မူးမူးနဲ့ပြန်လာတော့ ကျောက်မျက်လုံးစိမ်ထားတဲ့ ရေခွက်ကို
သောက်မိသွားပြီး အိပ်ရာဝင်သွားတယ်။ မနက်မိုးလင်းတော့ အရက်သမားဟာ စအိုဝမှာ တစ်စုံတစ်ရာ

ခံစားရ တာကြောင့် လိပ်ခေါင်းရောဂါရတယ်ထင်ပြီး ဆရာဝန်ဆီသွားပြတယ်။ ဆရာဝန်က လူနာရဲ့ဖင်ကို
ဓာတ်မီးနဲ့ ထိုးကြည့်တော့ ရုတ်တရက် လန့်ဖျပ်ပြီးမေ့မြောသွားတယ်။  အရက်သမားဟာ ဆရာဝန်ကို
လှုပ်နှိုးပြီး သတိရလို့မေးကြည့်တော့ ဆရာဝန်ဖြေပုံက . . . ''ငါ့တစ်သက် လူနာဖင်တော်တော်များများ
ကြည့်ခဲ့ပါတယ်၊ ငါ့ကိုပြန်ကြည့်တဲ့ ဖင်ကို ဒီတစ်ခါပဲတွေ့ဖူးလို့ပါ''

                  (lon ely a KM...)

မြန်မာထောက်လှမ်းရေး...

      တနေ့မှာ....ကမ္ဘာ့တွေ့ရတဲ့အတော်ဆုံး ထောက်လှမ်းရေးအဖွဲ့ရွေးတယ် တဲ့။ ဆန်ကာတင် သုးံဖွဲ့
ကျန်တယ်။ CIA ရယ်၊ FBI ရယ်၊ မြန်မာထောက်လှမ်းရေးရယ်။ ဒိုင်အဖွဲ့က သူတို့ကို ဗိုလ်လုပွဲ အနေနဲ့
တစ်ခု စမ်းသပ်လိုက်တယ်၊ တောအုပ် တစ်ခုထဲ ယုန်တစ်ကောင် ထည့်လိုက်တယ်။ အဲဒီယုန်ကို သုံးဖွဲ့
စလုံးက လိုက်ရှာရတယ်။

... ပထမဆုံး CIA ၀င်သွားတယ်။
... သူတို့က သူတို့ရဲ့နည်းတွေအတိုင်း လုပ်တယ်။ တိရိစ္ဆာန် သတင်းပေးတွေကိုနေရာအနှံ့ ချထားတယ်။
သစ်ပင်တွေကိုလည်း စပိုင် လုပ်ခိုင်းတယ်။ ဒါပေမယ့် လုံးဝ မတွေ့ဘူး။ ရှုံးတယ်။အထူးစုံစမ်း ထောက်
လှမ်းမှု ၃ လ အကြာမှာ ထွက်လာတဲ့ CIA ရဲ့ အစီရင်ခံစာမှာ "ဒီတောထဲမှာ ယုန် လုံးဝ မရှိဘူး" လို့
ရေးထားတယ်။

   FBI ၀င်သွားတယ်...
သူကတော့ သူလုပ်နေကျအတိုင်း မြေလှန်ရှာတယ်။ ၂ ပတ်လောက်ရှာတယ်။ မတွေ့ဘူး။ မတွေ့တဲ့ အဆုံးမှာ
တောကို မီးရှို့ ပစ်ခဲ့တယ်။

း)) နောက်ဆုံးကျတော့ မြန်မာထောက်လှမ်းရေးက ကော့ပက်ကော့ပက်နဲ့ဝင်သွား တာပေါ့။ သိပ်မကြာ
ပါဘူး။ မိလာတယ်။ ဒါပေမယ့် ယုန်တော့မဟုတ်ဘူး။ ၀က်ဝံတစ်ကောင်။ဝက်ဝံက လမ်းတစ်လျှောက်လုံး
ဘာအော်လာတယ်မှတ်လဲ.. အမလေးဗျ.. ကြောက်ပါပြီဗျ..ကျနော်ယုန်ပါခင်ဗျ.. မနှိပ်စက်ပါနဲ့ တော့..
ကြောက်ပါပီ ကျနော်ယုန်အစစ်ပါခင်ဗျတဲ့ ... တဲ့.....

          ရီမောပျော်ရွင်စေလိုတဲ့....ဆန္ဒဖြင့်သာ...By Lon Ely a KM..

နှစ်ကြီးသမား

အကျဉ်းထောင်တစ်ခုအတွင်း အကျဉ်းသားနှစ်ဦးဆုံမိကြ၏။

ပထမအကျဉ်းသား။      ။ ဘာကြောင့် ထောင်ကျရတာလဲဗျ။
ဒုတိယအကျဉ်းသား။     ။ အလုပ်ထဲမှာ ပြူတင်း ပေါက်မှန်ကို ခွဲမိလို့ပါဗျာ။
ပထမအကျဉ်းသား။      ။ ဘယ်လောက်ကျလို့လဲဗျ။
ဒုတိယအကျဉ်းသား။     ။ ၂၅ နှစ်ပါ။
ပထမအကျဉ်းသား။      ။ ဟာာာာ...များလှချည်လား။ ဒါနဲ့ ..ဘယ်မှာအလုပ်လုပ်ခဲ့တာလဲဗျ။
ဒုတိယအကျဉ်းသား။     ။....ေရငုပ္သေဘာၤ မွာပါ ။
                                 (အူတက်အောင်ရီရသော Facebook မှ)

တစ်ချောင်းပဲ ဆွဲပါ

ဈေးထဲတွင်လူတယောက်သည် ..........ကြွက်တူရွေး တကောင် အားအော်ဟစ်ရောင်းချနေ၏။
ထိုကြက်တူရွေး၏ ညာဖက်ခြေထောက်တွင် အနီရောင် ဂျွတ်ဂျွတ်ကြိုး၊ဘယ်ဘက်ခြေတွင်
အစိမ်းရောင်ကြိုးချည်ထားလေရာ.....

ဈေးဝယ်သူများမှ စိတ်ဝင်စားသဖြင့်မေးကြသည်။
ကြက်တူရွေး ခြေထောက်မှာ ဘာလို့ ကြိုးနှစ်ချောင်းချည်ထားရတာလဲဗျ.....
ကြက်တူရွေးရောင်းသူမှ....
သြော် ...ဒါလား။ ဒီကြက်တူရွေးက သာမန်မဟုတ်ဖူးဗျ။
ညာဘက်ခြေက ကြိုးနီကိုဆွဲရင် ပြင်သစ်လိုပြောမယ်၊
အဲ။ ဘယ်ခြေမှာချည်ထားတဲ့ ကြိုးအစိမ်းကိုဆွဲရင်တော့......ဂျပန်လိုပြောလိမ့်မယ်ဗျ။
ဒီကောင်က စာတတ်တဲ့ကြက်တူရွေးဗျ...ဟဲဟဲ..

ထိုအခါ ရပ်ကြည့်သူတဦးမှ..... နှစ်ချောင်းလုံးဆွဲလိုက်ရင်ကောဗျ.....
ပိုင်ရှင်မပြောခင် ကြက်တူရွေးမှ စိတ်တိုစွာ ၀င်ပြောလိုက်လေသည်။

ဘာဖြစ်ရမလဲ၊ ဖင်ထိုင်လဲ ကျသွားမှာပေါ့ ........တဲ့
                  (အူတက်အောင်ရီရသော Facebook မှ)

မီးဘေး

        ဆေးရုံ တစ်ရုံတွင် မီးလောင်နေသည်။

ဆရာဝန်ကြီးလဲ ရုတ်တရက် ဘာလုပ်ရမှန်းမသိဖြစ်နေ၏။

ထိုစဉ် မီးသတ်သမားများရောက်လာလေသည်။မကြာခင်ပဲ မီးသတ်ခေါင်းဆောင်မှ......

" ဟူးးးးး....စိတ်အေးရပါပီ။လောင်တဲ့ အဆောင် က လူနာ - ၁၂ ယောက် ... မီးလွတ်ရာကို
အမြန်မရွှေ့နိုင်ခဲ့ပါတယ်။

အဲ...မီးဟပ်ခံရတဲ့ လူနာ ၈ - ယောက်ကိုတော့ ....အခု....သတိပြန်ရအောင် ကျနော်တို့
လုပ်ပေးနေပါတယ်။

ဒါပေမဲ့ လူနာ ၂ - ယောက်ကတော့ မီး ထဲ ပါသွားပါတယ်။ "

ဤ စကားကို ကြားရသောအခါ ဆရာဝန်ကြီးမှာ သတိလစ် မေ့လဲကျသွားလေသည်။

မီးသတ်သမား များက ဆရာဝန်ကိုနှာနှပ်ပီး သတိပြန်ရအောင် လုပ်ကြရ၏။

သတိရလာသော အခါ မီးသတ်သမားများက ဆရာဝန်ကြီး ကို မေး၏။

" ဒေါက်တာကြီး၊ ဘာဖြစ်သွားတာလဲဗျ "

ဆရာဝန်ကြီးပြန်ဖြေလိုက်တာက.......

" လောင်တဲ့ အဆောင်က လူနာဆောင် မဟုတ်ဖူး၊ရေခဲတိုက်ဗျ။...."....တဲ့
                               (အူတက်အောင်ရီရသော Facebook မှ)
 Credits to ကျော်ဇင်လင်းရဲ့ မှတ်စုလေး

No comments:

Subscribe

လာလည်သူများ

free counters