♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 21, 2014

"အိမ်ထောင့်တာဝန်မကျေတဲ့သမီးကို ဖခင်ကတရားစွဲ"










တရုတ်နိုင်ငံ ဇီဂျန်းပြည်နယ်က ဖခင်တစ်ဦးက သမီးဖြစ်သူကို အိမ်ထောင့် တာဝန်လုပ်ဆောင်မှုတွေပျက်ကွက်မှုနဲ့ တရားစွဲဆိုထားတယ်လို့ မြို့တော် ညနေခင်းသတင်းက ဖော်ပြထားပါတယ်။

ဟူ အမည်ရှိတဲ့ ဖခင်ဖြစ်သူက သူ့ရဲ့ အိမ်ထောင်သည်သမီးဖြစ်သူကို အိမ် ထောင်ကျပြီးသွားမှ နေအိမ်က အလုပ်တွေဖြစ်တဲ့ အိမ်မှုကိစ္စတွေ၊ ကလေး ထိန်းခြင်း၊ ခင်ပွန်းဖြစ်သူ ဝေယျာဝစ္စလုပ်ခြင်း၊ စားစရာချက်ပြုတ်ခြင်းစတဲ့ အလုပ် တွေကိုတောင် လုပ်ကိုင်ခြင်းမရှိတော့တဲ့အပြင် အချိန်ကုန်ဈေးဝယ် ထွက်ခြင်း၊ရုပ်မြင်သံကြားကြည့်ရှုခြင်းအမှုတို့ကိုသာလုပ်ဆောင်နေတဲ့အတွက်
 နေအိမ်မှာအဆင်ပြေပြေနေနိုင်ခြင်း မရှိတာကြောင့် သူမကိုမထားနိုင် တော့ကြောင်း မြို့တော်တရားရုံးကို ဦးတိုက်လျှောက်ကာ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ထို့အပြင် ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်တုန်းကလည်း သူရဲ့ သမီးဖြစ်သူတို့လင်မ ယားကို တစ်ဦးတစ်အိမ်ခွဲနေဖို့အတွက် ယွမ် ခုနှစ်သောင်းကို ချေးပေးလိုက် ပြီးပြန်မပေးတဲ့ အပြင် ယခုလိုမိဘအိမ်မှာတက်နေကာမိသားစုနဲ့အဆင်ပြေ ပြေနေနိုင်အောင်ပြုမူနေထိုင်ခြင်းမရှိကြောင်း
ရုံးတော်သို့လျှောက်ထားခဲ့ပါ တယ်။

ဟူ ရဲ့ဆန္ဒအရ သမီးဖြစ်သူက ချေးထားတဲ့ ပိုက်ဆံကိုပြန်မပေးရင်နေပါစေ မိသားစုအပေါ်အဆင်ပြေပြေနေနိုင်အောင်ပဲ သိတတ်စေချင်ကြောင်းနဲ့ အိမ် ထောင့်တာဝန်တွေကို မလစ်ဟင်းစေချင်ကြောင်း ဆိုပါတယ်။

Credit: ဖိုးသူတော် (www.phothutaw.com)
ဖိုးသူတော် Team မှ ဘာသာပြန်သည်။

No comments:

Subscribe

လာလည်သူများ

free counters