♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 23, 2014

တောရိုင်းတိရစ္ဆာန် ရှားပါးလာမှု

တောရိုင်းတိရစ္ဆာန် ရှားပါးလာမှုကြောင့် ပြသရန် အခက်ကြုံ

တောရိုင်း တိရစ္ဆာန်တွေ အရင်ကထက် ရှားပါးလာနေပြီး ရန်ကုန်တိရစ္ဆာန် ဥယျာဉ်မှာ ပြသဖို့ အတွက် တောင် ခက်ခဲ နေတယ်လို့ တာဝန်ရှိ သူတွေက ပြောပါတယ်။

တောရိုင်း တိရစ္ဆာန်တွေကို ရှားပါး သတ္တ၀ါနဲ့ မျိုးသုဉ်း ပျောက်ကွယ် တော့မယ့် သတ္တ၀ါဆိုပြီး ဥပဒေနဲ့ ထိန်းသိမ်း ကာကွယ်နေပေမယ့်  အရင်ကထက် ရှားပါးလာတယ်လို့ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်က အကြံပေးအရာရှိ ဒေါက်တာမြင့်သိန်း ပြောပါတယ်။

ရှာရခက်တဲ့အပြင် ၀ယ်ယူမယ်ဆိုရင်လည်း ဈေးနှုန်းက များလွန်းတယ်လို့လည်း သူက ပြောပါတယ်။

ဒါပေမယ့် ပြည်တွင်းမျိုးရင်း တောရိုင်းတိရစ္ဆာန်တွေကို ပြသနိုင်ဖို့ ကြိုးစားရှာဖွေနေတယ်လို့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးတင်ရွှေပြောပါတယ်။



စတင်ဖွင့်ခဲ့တာ နှစ်ပေါင်း ၁၀၀ ကျော်ပြီဖြစ်တဲ့ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်မှာ နို့တိုက် သတ္တ၀ါ၊ တွားသွားသတ္တ၀ါနဲ့ ကျေးငှက် အမျိုးပေါင်း ၁၃၀ ကျော်ကို ပြသနေပါတယ်။ ဒါပေမယ့် ပြည်တွင်းမျိုးဖြစ်တဲ့ ပြောင်နဲ့ စိုင်ကိုတော့ အခုအချိန်ထိ မပြသနိုင်ခဲ့ပါဘူး။

ရန်ကုန် တိရစ္ဆာန်ဥယျာဉ်ကို ၁၉၀၆ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၀ ခုနှစ်မှာတော့ ထူး ကုမ္ပဏီကို ငှားရမ်းလုပ်ကိုင်ခွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

By ပိုင်စိုး (ဒီဗွီဘီ)
http://burmese.dvb.no/archives/68682

No comments:

Subscribe

လာလည်သူများ

free counters