တောင်သူကြီး
ကဗျာအမျိုးအစား = ဒုံးချင်း
ခေတ် = ကုန်းဘောင်ခေတ်
ရေးသူ = ဖိုးသူတော်ဦးမင်း
ခေတ် = ကုန်းဘောင်ခေတ်
ရေးသူ = ဖိုးသူတော်ဦးမင်း
”ခက်ရင်း
စွယ်စုံ စိန်တောင်ကြီးနှင့်
ငါးစီး ဆင်ပြောင့် အားပေကို”
“ဇမ္ဗူစိုးရ နတ်ရှင့်ကျွန်
တုလို့ ချွန်လျှင် ခန္ဓာစဲမယ်
ရဲရန်ညွှန့်ဖြို“
“ကိုးပိဿာစီး၊ ဓါးမကြီး
ရန်မီး သတ္တရု၊ ငေါက်လျှင် ပြို
ကုန်းဘောင်ရွှေဘို ထောင်ကနက်က
ဘေးဘိုးစဉ်ဆက် ခုတိုင်အောင်
ရေးတော်မရှောင်ထမ်းတဲ့ ယောက်ျား“
“ယာလယ်လုပ်လို့ တောမှာပျော်
စီးပွားထင်ပေါ် ပြောင်းနှင့် စပါး
ပဲ မျိုးအပြား ဗူးသခွါ
ကယားမြို့မ နယ်တခွင်
ဝါနှမ်းစုံလင် ချဉ်ပေါင်ခင်းနှင့်
မကြွင်းခရမ်း သီးမျိုးလျှမ်း”
“ရေယဉ်စီးတဲ့ တောမြိုင်သာ
ပြောင်းပဲရောရော ဆန်တ၀က်နှင့်
စပျစ်ကျင်းလျက် ပြည့်အနှက်
လူပျိုချက်တဲ့ ပာင်းလျာကို
ရောရာစုံ ချိုလှချည်
အပျိုငယ် ရွှေနံကားအောင်
စားပါလှည့် ဗုန်းဗော“
ငါးစီး ဆင်ပြောင့် အားပေကို”
“ဇမ္ဗူစိုးရ နတ်ရှင့်ကျွန်
တုလို့ ချွန်လျှင် ခန္ဓာစဲမယ်
ရဲရန်ညွှန့်ဖြို“
“ကိုးပိဿာစီး၊ ဓါးမကြီး
ရန်မီး သတ္တရု၊ ငေါက်လျှင် ပြို
ကုန်းဘောင်ရွှေဘို ထောင်ကနက်က
ဘေးဘိုးစဉ်ဆက် ခုတိုင်အောင်
ရေးတော်မရှောင်ထမ်းတဲ့ ယောက်ျား“
“ယာလယ်လုပ်လို့ တောမှာပျော်
စီးပွားထင်ပေါ် ပြောင်းနှင့် စပါး
ပဲ မျိုးအပြား ဗူးသခွါ
ကယားမြို့မ နယ်တခွင်
ဝါနှမ်းစုံလင် ချဉ်ပေါင်ခင်းနှင့်
မကြွင်းခရမ်း သီးမျိုးလျှမ်း”
“ရေယဉ်စီးတဲ့ တောမြိုင်သာ
ပြောင်းပဲရောရော ဆန်တ၀က်နှင့်
စပျစ်ကျင်းလျက် ပြည့်အနှက်
လူပျိုချက်တဲ့ ပာင်းလျာကို
ရောရာစုံ ချိုလှချည်
အပျိုငယ် ရွှေနံကားအောင်
စားပါလှည့် ဗုန်းဗော“
စာအုပ်ထဲကနေ ကူးယူပြီဖော်ပြလိုက်ပါဗျာ။
ကျွန်တော်မောင်စိုးဆက်သွယ်ဆိုရင်တော့ mgsoemin1995@gmail.com
ဆက်သွယ်နိုင်ပါတယ်ဗျာ။
မိတ်ဆွေ၊သူငယ်ချင်းတို့ကိုစောင့်မျှော်နေပါတယ်။
မိတ်ဆွေ၊သူငယ်ချင်းတို့ကိုစောင့်မျှော်နေပါတယ်။
No comments:
Post a Comment