♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 11, 2014

" ဘလော့ဂ်ပေါ်မှာ Scroll Box လေးတင်သွင်းနည်း "

ဘလော့ဂ်ပေါ်မှာ  Scroll Box  လေးတင်ပြီး သုံးနိုင်ဘို့အတွက် Scroll Box အတွက်  HTML Code တွေ ကိုသုံးပေးရပါတယ်။ မိမိကိုယ်တိုင်ပြုလုပ်
နိုင်သလို.......တခြားပြုလုပ်ပြီးသား ကုဒ်များကိုလည်း ရှာဖွေထည့်သုံးနိုင်ပါတယ်။ ဘောက်စ်ရဲ့ အကျယ်ပမာဏကို မိမိစိတ်တိုင်းကျ ပြုပြင်နိုင်ပါတယ်။

width:( အနံ၊ ဗြက်) ဆိုတဲ့ ဘေးက ဂဏန်းကိုသာ ပြောင်းပေးရမှာ ဖြစ်ပါတယ်။
ပိုစ် ပေါ်မှာ မှတ်သားရ မည့်အမှတ်အသားလေးတွေကို အောက်က ပုံမှာ ကြည့်ပါ။



တင်ပုံတင်နည်းမှာ၊
ပထမဦးဆုံး မိမိရဲ့ ဘလော့ဂ်ထဲကို ဝင်ပါ၊ New Post ကို နှိပ်ပါ။
ပိုစ့် ကျလာရင်  ပိုစ်ရဲ့ ဘယ်ဘက် အထက်နားမှာ  HTML   ဆိုတာကိုရှာပါ။ သူ့ဘေးမှာ Compose ဆိုတာကို ကပ်လျက် တွေ့မြင်ရပါလိမ့်မယ်။
HTML ဆိုတာကိုနှိပ်တာနှင့်  ကုဒ်တွေပေါ်လာပါလိမ့်မယ်။  အဲ့ဒီကုဒ်တွေရဲ့ အောက်မှာ Scroll Box အတွက် ပေးထားတဲ့ကုဒ်တွေကို ထည့်ပေး
လိုက်ပါ။
Scroll Box အတွက် ကော်ပီလုပ်ထားတဲ့ ကုဒ်တွေကို ထည့်ပေးပြီးရင် သူ့ဘေးက Compose ဆိုတာကိုနှိပ်လိုက်ပါ။
ဒါဆိုရင်  ပိုစ့်ပေါ်မှာ ဘောက်စ်ကို တွေ့ရပါလိမ့်မယ်။ အဲ့ဒိ ဘောက်ထဲမှာ ကိုယ်ထည့်ရေးချင်တာတွေကို ထည့်ရေးနိုင်ပါတယ်။

ဘောက်စ်လေး ပေါ်လာရင် သူ့အထဲမှာ စာရေးထားတာတွေ တွေ့ရပါလိမ့်မယ် အဲဒိရေးထားတာလေးတွေကို ဖျက်လိုက်ပါ။ အကုန်မဖျက်မိဖို့သတိထားပါ
နောက်ဆုံး စာလုံးတလုံအထိ ချန်ထားပါ။ ကိုယ်ရေးချင်တာ၊ ဒါမှမဟုတ် ကော်ပီလုပ်ထားတဲ့ စာတွေကို ပေးစ်ထ် လုပ်ချင်ရင်လုပ်လိုက်ပါ။ ပြီးမှ အစောက
ချန်ထားတဲ့စာလုံး သို့မဟုတ် စာကြောင်းကို ဖျက်လိုက်ပါ။  ဘောက်စ်အထဲက စာကြောင်းတွေ အကုန်ဖျက်တာနှင့် ဘောက်စ်လေးလည်း တပါတည်းဘဲ
ပျောက်သွားပါလိမ့်မယ်။ အောက်က ဘောက်စ်ရဲ့ ပုံလေးကို တချက်ကြည့်ကြည့်ပါ။ သူ့ရဲ့ အကျယ်
က height 120 px.  width 120 px.  ဖြစ်ပါတယ်။
scroll box အတွက် ထည့်ပေး ရမည့် ကုဒ်တွေက အောက်မှာပါ။
Code (ကုဒ်)Result (ရလဒ်၊ ပေါ်လာမဲ့ပုံ)

As you can see, once there's enough text in this box, the box will grow scroll bars... that's why we call it a scroll box! You could also place an image into the scroll box.
ကုဒ်တွေဘေးက ဘောက်စ် အသေးလေးကတော့ Scroll Box လေးပါ။ အဲဒိပုံလေး ပေါ်လာပါလိမ့်
မည်။  သူ့ထဲက စာတွေကိုသာ ဖျက်သုံးပါ။   ဒီနည်းကိုသိပြီးဖြစ်တဲ့ ပညာရှင်များ ခွင့်လွတ်ပေးကြပါ။
ဒါက နည်း မသိသေးတဲ့ ညီအစ်ကို မောင်နှမတွေ အတွက်သာလျှင်ဖြစ်ပါတယ်။
Scroll Box ပုံစံ အမျိုးမျိုးကိုလည်း နောက်များ မကြာမှီ တင်ဆက်ပေးသွားပါမည်။ အားလုံးကို ချစ်ခင်
လေးစားလျှက်........
အောင်မြင်ကြပါစေ....



No comments:

Subscribe

လာလည်သူများ

free counters