♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 2, 2024

မန်ယူကွင်းလယ်လူ ဗန်ဒီဘိခ် ဖရန့်ဖတ်သို့ အငှားစာချုပ်ဖြင့် ပြောင်းရွှေ့

မန်ချက်စတာယူနိုက်တက် ကွင်းလယ်ကစားသမား ဗန်ဒီဘိခ်ဟာ ဂျာမန်ကလပ် ဖရန့်ဖတ်ကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့သွားပါတယ်။

အသက် ၂၆ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ဒီရာသီအကုန်အထိ ဂျာမန်ကလပ်မှာ ရှိနေမှာဖြစ်ပြီး စာချုပ်ထဲမှာ အမြဲတမ်းပြောင်းရွှေ့ခွင့်ပါ ထည့်သွင်းထားပါတယ်။

ဗန်ဒီဘိခ်ဟာ ၂၀၂၀ မှာ နယ်သာလန်ကလပ် အာရတ်အသင်းကနေ ပေါင် ၃၅ သန်းနဲ့ ပြောင်းလာပြီးကတည်းက မန်ယူအသင်းအတွက် ပရီးမီးယားလိဂ် ၆ ပွဲပဲ ကစားခွင့် ရထားပါတယ်။

နယ်သာလန်ကွင်းလယ်လူဟာ ၂၀၂၂ ခုနှစ်တုန်းကလည်း အဲဗာတန်ကို တရာသီ အငှားချထားခဲ့ပေမဲ့ ဒူးဒဏ်ရာကြောင့် ရာသီဝက်လောက် အနားယူခဲ့ရပါတယ်။

Crd.....

No comments:

Subscribe

လာလည္သူမ်ား

free counters