အရူး နှင့်သူ၏
နောက်လိုက်များ
ထိုသူသည်
ရူးသွပ်သောသူကောင်းတစ်ဦးဖြစ်သည်။
၎င်းသည်ထင်းခုတ်ခြင်းဖြင့်အသက်မွေး၏။
၎င်း၏အသက်သည်
၎င်းမွေးလာသည်မှစ၍အနှစ်နှစ်ဆယ်ဖြစ်လေသည်။
ဆယ်နှစ်နှစ်ခါ၊
ငါးနှစ်လေးခါ၊
တစ်နှစ်အခါနှစ်ဆယ်ရှိပြီဖြစ်သည်။ ၎င်းအား ၎င်း၏မိခင်ကမွေးဖွားသောအခါ ၎င်းသည်လူကလေးတစ်ဦးပင်ဖြစ်ခဲ့သည်။ ယခုမူကား၎င်းသည်
လူငယ်လူရွယ်ဖြစ်လာကာ အမွေးအမှင်များစုံလာသဖြင့်
လူနှင့်တူသောလူသတ္တဝါကြီးဖြစ်လာပေ၏။
ထိုသူသည်ယခုထက်တိုင်သူငယ်စိတ်မပျောက်သေးပေ။ ထိုသူသည်အရပ်အတွင်းမှသူငယ်နှပ်မျိုများအား ဦးဆောင်ကာ
ကလေးဗိုလ်လုပ်၍တူတူပုန်းတမ်း၊ စစ်တိုက်တမ်း၊
ဂျင်ပေါက်တမ်း၊ ဂွေလိမ့်တမ်း၊
တစ်တောင်ခန့်ရှိသောကလေးများအကြား၎င်း၏ပုပျပ်ပျပ်ရှိသော အရပ်မှာထန်းပင်တစ်စာလောက်ရှိ၏။
တနေ့သ၌၎င်းသည်လှည်သွားလမ်းအနီးရှိ သစ်ပင်တစ်ပင်အားခုတ်နေသည်မှာ
ကျိုးကျမည့်အကိုင်ဘက်မှထိုင်ကာခုတ်နေခြင်းဖြစ်သည်။
ထိုအခြင်းအရာကို
၎င်းကဲ့သို့အသိဥာဏ်ကြွယ်ဝသည့်ကျပ်မပြည့်သောလှည်းသမားတို့ကမြင်တွေ့သွား
ကြကာ
အလွန်ရင်သပ်ရှုမောဖြစ်ကြကုန်၏။
လှည်းပေါ်မှလူတစ်ဦးကအမောင်တို့ဤသူသည် သာမည
လူမဟုတ်တန်ရာ
အင်မတန်မှဘုန်းရှိသောသူဖြစ်တန်ရာ၏။ယခုပင်အပါးသို့ချဉ်းကပ်ကာပင့်ကြမည်ဟုဆိုကာ
၎င်း၏အနားသို့သွားကြကာ ၎င်းအားပင့်ကြလေသည်။ ထိုသူက
လှည်းသမားတို့အား ပြောကြားသည်မှာ…
အသင်တို့သည်ငါအလုပ်လုပ်ရာ၌ လာ၍မရှုပ်ကြနှင့်။
ငါသည်နတ်သမီးတို့ကိုမြင်တွေ့နေရပြီး၎င်းတို့ဆီသွား
ရန်ဤနေရာမှနေ၍ထင်းခုတ်နေပါသည်ဟု ပညာရှိပီပီ အရူးစကာကိုဆိုလိုက်လေရာ
လှည်သမားတို့လည်း ပို၍အထင်ကြီးသွားကြသည်။ ထိုအခါ၎င်းတို့က
ထိုသူ့ အားမိမိတို့လဲနတ်သမီးများကိုမြင်တွေ့လိုကြသည်ဟုပြောဆိုကြလေ၏။
ထိုအခါ၎င်းက ထိုသူတို့အာမိမိကဲ့သို့နတ်သမီးများကိုမြင်တွေ့လို
သော်
၎င်းကဲ့သို့သစ်ကိုင်းမျာပေါ်သို့တက်ကာသစ်ကိုင်းကိုခုတ်ရမည်ဟုဆို၏။ သို့သော်မိမိထက်
ပို၍မြင့်သော၊
အလွန်မြင့်မားလွန်းသောနေရာမှခုတ်ရမည်ဟုဆို၏။ ထိုသူတို့သည်လဲ၎င်းဆိုသည့်အ
တိုင်းအလွန်မြင့်မားသော
သစ်ပင်၏အကိုင်းများထက်သို့တက်ကာ သစ်ကိုးများကိုခုတ်သဖြင့်သစ်
ကိုင်းနှင့်အတူကျိုးကျကာသေပွဲဝင်ကြလေသည်၊
အသက်ထွက်ကာခန္ဓာစဲလေသည်၊ ထိုအခါ
သူရူးသည်
၎င်းလှည်းသမားများ၏လှည်းနှင့်ပစ္စည်းများကို ယူ၍ထွက်သွားလေတော့သည်။
ဤအကြောင်းအရာကို The Mad Man and His Followers မှပြန်ဆိုထားသည်။