အစိုးရတပ်မ ၆၆ တပ်မမှူးနဲ့ ဖားကန့်အခြေစိုက် အမှတ် ၁ စစ်ဗျူဟာမှူးတို့က
ကချင်လွတ်မြောက် ရေး တပ်မတော် KIA တပ်ရင်း ၆ ရဲ့တပ်စခန်းတွေကို အောက်တိုဘာ
၁၄ ရက်နေ့ မနေ့က နောက်ဆုံးထားပြီး ဆုတ်ခွာခိုင်းခဲ့တဲ့အတွက်
နှစ်ဖက်စစ်ရေးတင်းမာနေတယ်လို့ ကေအိုင်အေ တပ်ရင်းမှူးတစ်ဦးက ပြောပါတယ်။
October 16, 2014
October 13, 2014
" တြိစက္က ကွင်းပိုင်မစ္ဆာနှင့်မဖဲဝါ "
သရဲ တစ္ဆေဇာတ်လမ်းတွေကို ဝါသနာပါသူ ညီအစ်ကိုမောင်နှမများအတွက် နောက်ထပ် ဖတ်စရာစာအုပ်လေးတစ်အုပ်တင်ပေးလိုက်ပါတယ်.....ဖတ်ပြီးသိပြီးတဲ့သူများလည်းရှိပါလိမ့်မယ်......ဖတ်ပြီး
တဲ့ ချစ်မိတ်ဆွေများ သည်းခံပေးကြပါ...... လင့်ကသေသွားလို အသစ်ပြန်ထည့်ပေးထားပါတယ်....
" လက်နက်ကြီးကျည်ကျရောက်မှု ဒီကေဘီအေလက်ချက် မဟုတ်ဟုပြော "
ကရင်ပြည်နယ်၊ ကော့ကရိတ်- မြ၀တီလမ်း အလယ်ဗိုလ်တဲမှာ အောက်တိုဘာ ၁၁ ရက်နေ့
နေ့လယ်ပိုင်းက လက်နက်ကြီးကျည် ကျရောက်မှုဟာ သူတို့အဖွဲ့ရဲ့
လက်ချက်မဟုတ်ဘူးလို့ ဒီကေဘီအေက ပြောကြားလိုက်ပါတယ်။
" နိုင်ငံတကာရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ မြန်မာလက်ဝှေ့သမားများ မွေထိုင်းလက်ဝှေ့ကျော်များကို ပွဲချီပြတ် အလဲထိုးအနိုင်ယူ "
ရန်ကုန် အောက်တိုဘာ ၁၂
မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က ကြီးမှူး၍ 'ဒို့ရိုးရာ'လက်ဝှေ့အသင်းကစီစဉ်ကျင်းပသည့် နိုင်ငံတကာ ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲနှင့် မျိုးဆက်သစ် ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲစဉ်များကို ယနေ့မွန်းလွဲ ၂ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူအားကစားခန်းမ၌ ကျင်းပသည်။

" မြန်မာအသင်း ကွာတားတက်ရန် ယနေ့အဆုံးအဖြတ်ကစားရမည်"
ရန်ကုန် အောက်တိုဘာ ၁၂
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အာရှယူ-၁၉ ပြိုင်ပွဲအုပ်စု(က)နှင့် (ဂ)ပွဲစဉ်များကို အောက်တိုဘာ ၁၃ ရက်(ယနေ့)တွင် ဆက်လက်ကျင်းပမည်ဖြစ်ပြီး အိမ်ရှင် မြန်မာအသင်းမှာ ကွာတားဖိုင်နယ် တက်ရေး အဆုံးအဖြတ်ပွဲအဖြစ် အီရန်အသင်းနှင့် ကစားရမည် ဖြစ်သည်။

October 12, 2014
ကရင်ပြည်နယ်မှာ ဒီကေဘီအေနဲ့ အစိုးရ တိုက်ပွဲ ပြင်းထန်နေ
ကရင်မှာ ဒီကေဘီအေနဲ့ အစိုးရ တိုက်ပွဲ ပြင်းထန်
ဒီကနေ့ စနေနေ့မှာ ကရင်ပြည်နယ်အတွင်း ကော့ကရိတ်နဲ့ လှိုင်းဘွဲ့မြို့နယ်တွေက ဒီကေဘီအေတွေ စခန်းတွေကို အစိုးရတပ်တွေ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပါတယ်။
မနက်ပိုင်းမှာ အစိုးရတပ်တွေက လှိုင်းဘွဲ့မြို့နယ် ကန်ညီနောင်ရွာကို လက်နက်ကြီးတွေနဲ့ အပြင်းအထန် ဝင်ပစ်လို့ ရွာမီးလောင်သွားခဲ့ပါတယ်။

အမရပူရမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား
အမရပူရမြို့နယ်တွင် မီးလောင်မှု ဖြစ်ပွား
အမရပူရမြို့နယ် တောင်သမန် အိုးဘိုရွာ ရတနာပုံ တက္ကသိုလ်ကျောင်းအနီး စတိုးဆိုင်နဲ့ ဆိုင်ကယ်ဝပ်ရှော့ တို့ အောက်တိုဘာ ၁၁ ရက်နေ့ ည ၁၀ နာရီကျော်လောက်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပါတယ်။
မီးသတ်ကားစီး ၂၀ ကျော်နဲ့ လာရောက်မီးငြိမ်း သက်နိုင်ခဲ့တဲ့ အတွက် ဘေးကကျောင်း အဆောင်တွေ ကိုတော့ မီးလောင်ကျွမ်းမှု မရှိခဲ့ပါဘူး။

Subscribe to:
Posts (Atom)