♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 11, 2015

" Online Account များကို ကာကွယ်ဖို့ နည်းငါးနည်း "

Internet မှာ အကောင့်တွေ Hack ခံရတဲ့ သတင်းတွေ နေ့ တိုင်းကြားနေပါတယ်။ အဲဒီအတွက် သင့်ရဲ့ Online Account တွေကို ကာကွယ်ထားဖို့ လိုပါတယ်။ ဒီဆောင်းပါးမှာ သင့်အကောင့်တွေကို ကာကွယ် ဖို့နည်း (၅) နည်းကို တင်ပြလိုက်ပါတယ်။
Strong Passwords တွေကို အမြဲအသုံးပြုပါ။
-------------------------------------------------
Passwords တွေကို ရိုးရိုးရှင်းရှင်းပေးခြင်းဟာ ဖောက်ထွင်းခံရဖို့ လွယ်ကူတဲ့ အတွက် သင့် Passwords တွေကို Strong ဖြစ်အောင် ပြုလုပ်သင့်ပါတယ်။ မှတ်ရလည်းလွယ်တဲ့ ဖောက်ထွင်းရခက်တဲ့ Passwords တွေပေးရင်တော့ အကောင်းဆုံးပါပဲ။ ကောင်းမွန်တဲ့ Passwords တွေပြုလုပ်ဖို့ အောက်က အချက်တွေကို လိုက်နာသင့်ပါတယ်။


• Dictionary ထဲမှာမပါတဲ့ စကားလုံးမျိုးကိုသုံးပါ။
• Special Characters, Numbers တွေကို အသုံးပြုပါ။
• Upper Case,Lower Case Letters တွေကိုရောနှောသုံးပါ။
• စကားလုံးအနည်းဆုံး (၁၀) လုံးပါဝင်သင့်ပါတယ်။
• Birthdate, Postal Code, Phone Number တို့ လို မှန်းဆရလွယ်တဲ့ Number တွေ၊ စကားလုံးတွေကို

" သတိထားရမည့် တရုတ်ဆေးဘဲဥ အတုများ "


ဆေးဘဲဥမှာ ဓာတု အဆိပ်ဖြစ်စေတယ် ဆိုတဲ့ တွေ့ရှိ ချက်ကြောင့် တရုတ်နိုင်ငံမှာ ဆေးဘဲဥ လုပ်တဲ့ ကုမ္ပဏီပေါင်း ၃ဝ လောက်ဟာ ပိတ်သိမ်း ခံလိုက်ရ ပါတယ်။ ဒီအပြင် စုံစမ်း စစ်ဆေးမှုတွေလည်း လုပ်နေပါပြီ။တရုတ်နိုင်ငံမှာက ဆေးဘဲဥဟာ အမည်နာမ အမျိုးမျိုးနဲ့ ခေတ်စားပါ တယ်။ နှစ်တရာ ဆေး ဘဲဥ၊ နှစ် တထောင် ဆေးဘဲဥ၊ နှစ်တသောင်း၊ တသန်း စတဲ့ အမည်နာမ အမျိုးမျိုးနဲ့ လူတွေကို စွဲဆောင် ရောင်းချနေ တာပါ။
အထူးသဖြင့် နှစ်ရှည်ခံအောင် စီမံထားတဲ့ ဆေးဘဲဥ ဟာ ယောက်ျားတွေအတွက် အားတိုးဆေးလို့ ယုံကြည်သူ အလွန်များပါတယ်။

အခု တွေ့ရှိချက်မှာ ကြေးနီ ဆာလဖိတ်ဆိုတဲ့ ဓာတ်ဟာ ဆေးဘဲဥတွေမှာ ပါဝင်နေပြီး ဒါဟာ လူကို ဒုက္ခပေးစေတဲ့ ဓာတု အဆိပ်သင့်စေတာကြောင့် အသုံးပြုမှုကို တားမြစ် လိုက်တာဖြစ်တယ်လို့ smithsonian.com သတင်း တပုဒ် မှာ ဖော်ပြထားပါတယ်။

ပုံမှန်အားဖြင့် ဆေးဘဲဥ လုပ်တာမှာ ဆိုဒါ၊ ဆား စတဲ့ ပစ္စည်းတွေနဲ့ ၂ လလောက် စိမ်ထားပြီး စီမံကြတာလို့ ဆိုပါတယ်။

အခုဟာ က ကြေးနီ ဆာလဖိတ်ဓာတု ပစ္စည်း ပါဝင်မှု ရှိတာတွေ့ရတယ်ဆို တာကြောင့် နှစ်စဉ် ဆေးဘဲဥ တန်

August 10, 2015

``အေး..ခဏကြာရင် ငါကိုယ်တိုင်လာခဲ့မယ်လို့ မင်းဆရာကို ပြောလိုက်ပါကွာ " (ဟာသ)

 
(သူဌေးနှင့်နွား)
လူတစ်ယောက်ကသူဌေးကြီးတစ်ဦးထံတွင် နွားတစ်ကောင်ငှားချင်သည်။
သို့ကြောင့်လည်းနွားငှားရန် သူဌေးကြီးထံစာရေးကာ တပည့်တစ်ယောက်ကို
စေလွှတ်လိုက်သည်။ ထိုအချိန်က သူဌေးကြီးအိမ်တွင် သူဌေးကြီးသည်
ဧည့်သည်တစ်ယောက်နဲ့တွေ့နေချိန်ဖြစ်သည်။ သူဌေးကြီးကစာကိုယူလိုက်သည်။
စာမတတ်သည်ကိုရှက်သဖြင့် စာတတ်သယောင်ယောင်ဟန်ဆောင်လိုက်သည်။
သူဌေးကြီးသည် စာရွက်ကိုကြည့်ရင်း ခေါင်းကို တဆတ်ဆတ်ညိတ်နေသည်။
``ငါသိပါတယ်ကွာ´´
သူဌေးကြီးကစာလာပေးသူကိုပြောလိုက်သည်။
``အေး..ခဏကြာရင် ငါကိုယ်တိုင်လာခဲ့မယ်လို့ မင်းဆရာကို ပြောလိုက်ပါကွာ။ဟုတ်လား´´

Credit : http://yetayzakyaw528.blogspot.co.uk/2013/09/blog-post_1359.html

" သစ်ပင်ကို အီးမေးလ် (ဓါတ် စာချွန်လွှာ) ပို့တဲ့ မြို့သားတွေ "


 

သစ်ပင်နဲ့ စကားပြော သူတွေကို တွေ့ ဖူးကြလိမ့်မည်။ သစ်ပင်ဆီ အီးမေးလ် ပို့သူတွေ ကိုတော့ ကြားဖူးချင်မှ ကြားဖူးလိမ့်မည်။ သြစတြေးလျနိုင်ငံ မဲလ်ဘုန်း မြို့သူမြို့သား တွေကား သစ်ပင်ဆီ တကယ် အီးမေးလ် ပို့နေကြ၏။ ပို့နိုင်သည့် အခြေအနေ မျိုးလည်း ရှိနေ၏။ မဲလ်ဘုန်းမြို့ အုပ်ချုပ်ရေးအဖွဲ့သည် တစ်မြို့လုံးရှိ သစ်ပင်များ၏ တည်နေရာများကို အသေးစိတ် ကောက်ယူကာ ဒစ်ဂျစ်တယ် မြေပုံပေါ်မှာ တင်ပေးထားသည်။ သစ်ပင် တစ်ပင်ချင်းစီကိုလည်း ဒစ်ဂျစ်တယ် မှတ်ပုံတင် လုပ်ပေးထားသည်။ သစ်ပင် တစ်ပင်ချင်းစီ အတွက်လည်း အီးမေးလ် လိပ်စာ တစ်ခုစီ လုပ်ပေးထားသည်။

““ချစ်ရတဲ့ သစ်ပင်ကြီးရေ””ဟု မေးလ် ပို့သူတစ်ဦးက စာကို အစပြုသည်။““အိမ် ကနေ တက္ကသိုလ်သွားတဲ့ လမ်းတစ်လျှောက် သစ်ပင်ကြီးကို နေ့တိုင်းမြင်နေကျ။ အခုမှပဲ အွန်လိုင်းပေါ်မှာ တွေ့ရတော့တယ်။ သစ်ပင်ကြီးက ဘာအပင်မျိုး ဆိုတာတောင် ကိုယ်မသိပါ။ ဘာပဲဖြစ်ဖြစ် တစ်မြို့လုံးက အပင်တွေထဲမှာ သစ်ပင်ကြီးက အလှဆုံး၊ ကိုယ်အချစ်ဆုံးပဲ””ဟု မဲလ်ဘုန်းမြို့သား တစ်ယောက်က သစ်ပင်ကြီး တစ်ပင်ဆီ မေးလ်ပို့ထားသည်။

ပြီးခဲ့သည့် နှစ်နှစ်အတွင်း မဲဘ်ဘုန်းမြို့က သစ်ပင်တွေကို အီးမေးလ်ပို့တာ အကြိမ်သုံးထောင်လောက် ရှိနေပြီဟု မြို့အုပ်ချုပ်ရေး ကောင်စီက ပြောသည်။ သစ်တစ်ပင်ချင်း အတွက် အီးမေးလ်လိပ်စာ တစ်ခုစီနဲ့ ဒစ်ဂျစ်တယ် မြေပုံမှာ တည်နေရာ အတိအကျ မှတ်တမ်းတင် ဖော်ပြခြင်း ကိစ္စသည် ယခုကဲ့သို့ လူတွေက သစ်ပင်တွေဆီ အီးမေးလ်ပို့ရအောင် အဓိက ရည်ရွယ်ခဲ့သည် တော့မဟုတ်။ အဓိက ရည်ရွယ်ချက်ကား ၂၀၀၉ ခုနှစ် မိုးခေါင်ရေရှားမှုကြောင့် မဲလ်ဘုန်းမြို့က သစ်ပင် (၇၇၀၀)၀ အနက် (၄၀)ရာခိုင်နှုန်း ပျက်စီး ဆုံးပါးခဲ့ရသဖြင့် သစ်တစ်ပင်ချင်း၏ အခြေအနေကို မြို့သူ မြို့သားများက မြို့အုပ်ချုပ်ရေးအဖွဲ့ထံ သတင်းပေး နိုင်ရေးအတွက် သစ်တစ်ပင်ချင်း၏ တည်နေရာကို ဒစ်ဂျစ်တယ် မြေပုံမှာ မှတ်တမ်းတင်ပြီး

" နုပျိုလှပ ကျန်းမာချင်သလား ရုံးပတီသီးစား "


 

ရုံးပတီသီးတွေကို ပုံမှန် စားလေ့ရှိကြပေမယ့် ကျန်းမာရေး အတွက် ဘာတွေကောင်းကျိုးပြု လဲဆိုတာ မသိမရှိရလေအောင် ဖော်ပြပေးချင်ပါတယ်။

အမျှင်ဓာတ်ကြွယ်ဝတဲ့ ရုံးပတီသီးတွေဟာ အစာချေဖျက် မှုအတွက် ထောက်ကူတာကြောင့် ဝမ်းချုပ်တာတွေကို ကာကွယ်ပေး တဲ့အပြင် ဆီးချိုရောဂါမဖြစ်ပွား အောင်လည်း ကာကွယ်ပေးနိုင် ပါတယ်။ ဒါတင်မက ကိုလက် စထရောပမာဏကို လျှော့ချပေး နိုင်တဲ့အပြင် မွေးကင်းစကလေး တွေ အာရုံကြောချို့ယွင်းမှုကလည်း ကာကွယ်ပေးတာကြောင့် ကိုယ်ဝန်စဆောင်ချိန်ကစလို့ မမွေးခင်အချိန်အထိ စားပေးသင့် တယ်လို့ဆိုပါတယ်။

အရိုးအဆစ်တွေကို သန်မာစေနိုင်စွမ်းရှိသလို ပန်းနာရင်ကျပ်ရောဂါကိုလည်း သက်သာစေကာ အူကင်ဆာဖြစ်ခြင်းကလည်း ကာကွယ်ပေးနိုင်တယ်လို့သိရပါတယ်။ အဝလွန်တာကို လျှော့ချ ချင်ရင်တော့ ရုံးပတီသီးကို မကျက်တကျက်ပုံစံနဲ့ချက်စား သင့်တယ်လို့ဆိုပါတယ်။

ရုံးပတီသီးကို အမျိုးသမီးတွေများများစားသင့်တဲ့ကောင်း ကျိုးတွေလည်းရှိပါသေးတယ်။ ဘာကြောင့်လဲဆိုတော့

" သင်္ဘောသီး စားခြင်းရဲ့ အံ့ဖွယ် အကျိုးကျေးဇူးများ "

 
မရေမတွက်နိုင်တဲ့ အကျိုးကျေးဇူးတွေကြောင့် သင်္ဘောသီးဟာ များများ စားသုံးသင့်တဲ့ သစ်သီးထဲက တစ်ခုဖြစ်ပါတယ်။ ပြင်းထန်တဲ့ရောဂါများစွာ ကာကွယ်ပေးတဲ့ အစွမ်းထက် အင်တီအောက်ဆီဒင်းတို့နဲ့ အာနိသင်ဖြည့်ထားပါတယ်။ ခန္ဓာကိုယ်မှာ နေ့စဉ် လိုအပ်တဲ့ မရှိမဖြစ်အာဟာရတွေ ပေါများစွာပါရှိတယ်။ သင်္ဘောသီးမှာ အမျှင်ဓာတ်၊ ကြေးနီ၊ ဖိုးလ်လိပ် (ဗီတာမင်-ဘီ)၊ ပင်နီသိုးနစ်(ခ်)အက်ဆစ်(ဗီတာမင်-B5) တစ်နည်းအားဖြင့် ရေပျော်ဝင်စေနိုင်တဲ့ ဗီတာမင်၊ မက်ဂနီဆီယမ်၊ ဗီတာမင်-အေ၊ စီ၊ ရီဘိုဖလားဗင်း နဲ့ သားမင်းတို့ ပါဝင်ပါတယ်။ သင်္ဘောသီးစားခြင်းဖြင့် ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူးတွေကတော့…

" မိန်းကလေးဘက်က တိုးတိုးတိတ်တိတ် ချစ်မိနေပါပြီဆိုတဲ့ လက္ခဏာရပ်များ "

 
သင်တို့ကတော့ သူငယ်ချင်းလေးပါပဲပေါ့။ ဒါပေမဲ့ သင်တို့ကြားမှာ အမြဲတမ်း သတိပြုချင်စရာ အကြောင်းအရာ တချို့ရှိနေပါတယ်။ သူမက တခြားကောင်မလေးတွေလိုမျိုး မိန်းကလေး သူငယ်ချင်းတစ်ယောက် မဟုတ်ဘူးလေ။ သင်နဲ့ပတ်သက်ပြီး သူမရဲ့ အပြုအမူတွေက လုံလောက်တဲ့ သက်သေဖြစ်မှာပါ။ သူမက သင့်ကို တိုးတိုးတိတ်တိတ် ချစ်မိနေပြီလားဆိုတဲ့ မေးခွန်း။ ကောင်းပြီ အခုပြောပြပေးမဲ့ အချက်တွေကို သူမ လုပ်တယ်ဆိုရင်၊ သူမဘက်က လုံးဝကို ချစ်မိနေပါပြီတဲ့။

၁။ သူမက သင့်ရှေ့မှာဆိုရင် ကိုးရိုးကားရား ဖြစ်နေတယ်။ သူမ လက်တွေကလည်း ဂနာမငြိမ်ဘူး။

၂။ သူမက သင်နဲ့ အမြဲလိုရန်ဖြစ်နေမယ်။ ဒါပေမဲ့ သင့်ကို ဘယ်တော့မှ ထားမသွားဘူး။ (ဒီတစ်ချက်က သိပ်တော့ မသိသာပါဘူး။)

၃။ သင်ပြောသမျှ၊ သင်လုပ်သမျှ အရာတိုင်းကို ပထမဦးဆုံး တုံ့ပြန်တဲ့သူဟာ သူမပဲ ဖြစ်ဖြစ်နေတယ်။ သူမအတွက် အခြားသူတိုင်းထက် သင်ဟာ အရေးပါနေတာမျိုး။

၎။ သင်နားမလည်နိုင်တဲ့၊ သင်ပြောပြဖို့တောင် မေ့နေတဲ့ အကြောင်းပြချက်တွေနဲ့ သူမဟာ ခံစားနေတယ်။ ဒါဟာ သူမကိုပြန်ချစ်လာဖို့ မျှော်လင့်ထားပြီး ပြောလို့ကလည်း မဖြစ်လို့လေ။

၅။ သူမအကြောင်း ဘာတွေးလဲဆိုတာတွေအပေါ် အလေးအနက်ထားတယ်။ အများက

Subscribe

လာလည်သူများ

free counters