-
လောက၌
အရေးပါသောပညာကို စာအုပ်များထဲမှ ရနိုင်ပုံ
-
အတ္ဃုပ္ပတ္တိစာပေများ
ဖတ်ခြင်းအကျိုး
-
ဝတ္ထု၊
ကဗျာစသော ရသစာပေများ ဖတ်ခြင်းအကျိုး
-
စာအုပ်များသည်စိတ်ဓာတ်ကို
ဖြည့်ဆည်းပေးသည် မိတ်ဆွေကောင်းများဖြစ်ပုံ
စာအုပ်စာပေ လူမိတ်ဆွေ
“လောက၌ ပညာနှင့်တူသော
မိတ်ဆွေမရှိ“ ပာူသော စကားရှိပါသည်။လောက၌ အသိပညာ၊အတက်ပညာအမျိုးမျိုးတို့၏ စုဆည်းရာမှာ
စာအုပ်များဖြစ်ပါသည်။ သို့ဖြစ်၍ စာအုပ်များသည်လည်း လူသားတို့၏ မိတ်ဆွေအရင်းအချာများပာုဆိုရပါမည်။
“မိတ်ဆွေ“ပာု ဆိုရာ၌ မိတ်ဆွေကောင်းကို ဆိုလိုပါသည်။ မိတ်ဆွေကောင်းသည် သာ မိမိ၌ အခက်အခဲကြုံလျှင် အကြံကောင်းဥာဏ်ကောင်း ပေးတတ်ပါသည်။ လှိုက်လှိုက်လှဲလှဲ ကိုယ်ရောစိတ်ပါ ကူညီတတ်ကြပါသည်။ မိတ်ဆွေအတုယောင်တို့မှာမူ သာလျှင်ပေါင်းပြီး ဒုက္ခတွေ့လျှင် ရှောင်သွားတတ်ကြပါ
သည်။စာအုပ်စာပေမှာမူ မိတ်ဆွေအဆိုးအကောင်းပာူ၍ မရှိပါ။ စာအုပ်မှန်သမျှသည် ဖတ်ရှုသူအား တစ်နည်းနည်းနှင့်အကျိုးပြူကြမြဲဖြစ်ပါသည်။ အပျော်ဖတ်ဝတ္တုစာအုပ် တစ်အုပ်သည်ပင် စိတ်၏ပျော်ရွှင်မူကို
ပေးနိုင်ပါသည်။

လောက၌ အကြောင်းနှင့်အကျိုးသည်
ဆက်စပ်နေမြဲဖြစ်ပါသည်။မိတ်ဆွေကောင်းရရန် မိမိကလည်း မိတ်ဆွေ
ကောင်းရှာရပါသည်။စာအုပ်ဆိုသည်မိတ်ဆွေကောင်းရရန် စာအုပ်များကို ရှာဖွေရပါသည်။ စာဖတ်ဝါသနာကို
ပျိုးထောင်ရပါသည်။ စာအုပ်များ သိုမှီစုဆောင်းရာ စာကြည်တိုက်များ၌ မွေ့လျော်ကြရပါသည်။အပျော်ဖတ်
စာအုပ်များသည်စိတ်ညစ်ညူးနေသောအခါဖတ်လျှင် တဒင်္ဂစိတ်သောကများကို ပြေပျောက်စေနိုင်သည်။
အတ္ထုပ္ပတ္တိစာပေများကို ဖတ်ခြင်းဖြင့် ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးများနှင့် ရင်းနှီးခွင့်ရပါသည်။ အမေရိကန်ပြည်ထောင်စု၏ သမ္မတကြီး အေဗရာပာင်လင်ကွန်းအကြောင်းဖတ်ရလျှင် ဆင်းရဲသောဘ၀မှ ရိုးသားကြိုးစားခဲ့သော အစွမ်းသတ္တိများကို အတုယူစရာအဖြစ်တွေရမည်။လင်ကွန်း၏ဘ၀နှင့်ပတ်သက်လျှင်
အနိုင်မခံ အရှုံးမပေးသည်စိတ်ဓာတ်၊ဖြောင့်မတ်တည်ကြည်မူ၊ လူသားအချင်းချင်းအပေါ် စာနာထောက်ထားမှု
စသည့် ကောင်းမြတ်သော စိတ်ဓာတ်အရည်အသွေးများသည် စာဖတ်သူစိတ်ထဲသို့ စိမ့်ဝင်လာနိုင်ပါသည်။

အမေရိကန်ပြည်ထောင်စု၏
သန်းကြွယ်သူဌေးကြီး ဂျွန်ရော့ကဲဖဲလား၏အတ္ထုပ္ပတိကိုဖတ်ရလျှင်လည်း အလွန်ဆင်းရဲသော အားလူစိုက်ခင်းအလုပ်သမားလေးဘ၀မှ
သန်းကြွယ်သူဌေးတစ်ဦးဖြစ်လာသည်အထိ ကြိုးစားခဲ့သော ဇွဲလုံ့လနှင့် အောင်မြင်မှုရအောင်
ကြိုးပမ်းသည်နည်းစနစ်များကို သိခွင့်ရပါသည်။ သန်းကြွယ်
သူဌေးကြီးဖြစ်လာသောအခါတွင် မိမိဘ၀တွင် ပညာသင်ကြားနိုင်ရန် ပညာရေးဌာနများ၊ တက္ကသိုလ်များသို့
သန်းပေါင်းများစွာ လှူဒါန်းခဲ့သည်စိတ်ထားမှာ အတုယူလေးစားလောက်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း
အကြောင်း ရေးသားထားသော စာအုပ်များကြောင့် ဗိုလ်ချူပ်၏ တိုင်းချစ် ပြည်ချစ်စိတ်နှင့် ရိုးသားဖြောင့်မတ်
မှုများအတွက် ဂုဏ်ယူစိတ်များ ဖြစ်ပေါ်လာမြဲဖြစ်ပါသည်။ အတ္ထုပ္ပတိစာပေများကိုဖတ်ခြင်းကြောင့် ကမ္ဘာကျော်
ပုဂ္ဂိုလ်ကြီးများ၏ အရည်အချင်းနှင့်မြင့်မြတ်သော စိတ်ထားတို့သည် စာဖတ်သူတို့ထဲသို့ကူးစက်ရောက်ရှိလာစေ
ပါသည်။ဘ၀အားမာန်များ၊ဇာတိမာန်များနှင့် စိတ်ကောင်း စိတ်မြတ်များ ကိန်းအောင်းလာစေပါသည်။ စာအုပ်များသည် မိမိစိတ်ထားကို ပြုပြင်ပေးသော မိတ်ဆွေကောင်းများ ဖြစ်လာပါသည်။ ဘ၀၏ အောင်မြင်မှုအတွက်အကြံပေးသော မိတ်ဆွေကောင်းများ ဖြစ်လာပါသည်။

ဝတ္တု၊ပြဇာတ်၊ကဗျာ၊
ရသ စာတမ်းကဲ့သိုသော ရသစာပေများ ကလည်း၊ စိတ်ခံစားမှုမှ တစ်ဆင့် ဘ၀အသိကိုရရှိ
စေသည် မိတ်ဆွေကောင်းများပင်ဖြစ်ပါသည်။ အမျိုးသားပညာဝန် ဦးဖိုးကျား၏ ၀တ္တုများသည် လူငယ်တို့၏
စိတ်ကို ပြုပြင်ပေးနိုင်စွမ်းရှိပါသည်။ မင်းကတော် ၀တ္တုကို ဖတ်ခြင်းဖြင့် ရင်နင့်ခံစားကြရပါသည်။ သမီးဖြစ်သူ၏
ဘ၀ကြီးမြင့်ရေးအတွက် အကြော်ရောင်းရသော ညွန့်မေ၏မိခင်ဖြင့် မိဘ၏မေတ္တာကို ခံစားသိမြင်စေခဲ့ပါသည်။
သမီ၏ ဂုဏ်သိက္ခာကို ထိခိုက်မည်စိုး၍ အခြားတစ်နေရာသို့ထွက်သွားပြီး သမီးဖြစ်သူ၏ မင်းကတော်ဖြစ်မည်ပာူ
သော ဇာတာလေးကို ရင်ဘတ်ပေါ်တင်၍ သေဆုံးသွားခဲ့ရသည်။ ဦးဖိုကျားသည် မိခင်၏ဖြစ်ရပ်ကို ကြေကွဲဖွယ်
ဇာတ်ကွက်ဆင်၍ ရေးသားတင်ပြခြင်းဖြင့် စိတ်ထိခိုက်ကြေကွဲမှုမှတစ်ဆင့် မိဘကျေးဇူးကို သိသင့်သည်ပာူ
သောအသိတရားကို ပေးခဲ့ပါသည်။ စာအုပ်များသည် စိတ်ရိုင်းများကို ယဉ်စေနိုင်စွမ်းရှိသည် မိတ်ဆွေကောင်းများဖြစ်ပါသည်။

ဆရာကြီးမင်းသုဝဏ်၏
စာပေများသည် မြန်မာ့ကျေးလက်၏ အငွေ့အသက်၊မြန်မာတို့၏ ယဉ်ကျေးမှုဓလေ့
ထုံးစံများကို ချစ်ခင်မြတ်နိုးလာစေပါသည်။ဆရာဇော်ဂျီ၏ ဗေဒါလမ်းကဗျာများတွင် စုန်ချည်ဆန်ချည် သွား
လာလှုပ်ရှားရှင်သန်ရသော ဘ၀ခရီးလမ်းအကြောင်းကို ဗေဒါ၏ ရေစုန်ရေဆန်လမ်းဖြင့် တင်စားရေးဖွဲ့ထား
သည်။ ဘ၀၏သုခ၊ ဒုက္ခအမျိုးမျိုးကို သိမြင်နားလည်လာစေသည်။ ဗေဒါလမ်းတွင် ဗေဒါသည် အုန်းလက်ကြွေ
လှိုင်းလုံးကြီးများ၊ဘဲအုပ်များ၏ အန္တရာယ်ကိုကြုံခဲ့ရသည်။သို့ရာတွင် ဗေဒါသည် အားမာန်မပျက် စုန်ဆဲဆန်ဆဲ
ဖြစ်ကြောင်းကို ကဗျာစာဆိုက“ဗေဒါပျံ၊အံကိုခဲ၊ပန်းပန်လျက်ပဲ“ပာု ရေးဖွဲ့တင်ပြခဲ့သည်။ဗေဒါ၏ ဘ၀အားမာန်
သည် ကဗျာဖတ်သူတို့အား အလိုလိုအားမာန်တတ်လာစေပါသည်။ ဆရာဇော်ဂျီ၏”လှိုင်းကလေးသင်”ကဗျာ
တွင်လှိုင်းကလေးသည် ပင်လယ်ကမ်းခြေဆီလာရင်း လှိုင်းဒဏ်ကြောင့် ပင်ပန်းရရှာသော ဇင်ရော်ငှက်ကလေး
ကို ကျောပေါ်၌ ဖောင်သဖွယ်တင်ဆောင်၍လာခဲ့သည်ပာု ရေးဖွဲ့ထားသည်။ လမ်းကြုံသူအား လျစ်လျူမရှုဘဲ
ကူညီဖေးမခဲ့သော လှိုင်းကလေး၏ စိတ်ထားကို စာဆိုက ၀မ်းမြောက်ဂုဏ်ယူကြောင်း ရေးဖွဲ့တင်ပြခြင်းဖြင့်
အများအကျိုးဆောင်တက်သည် စိတ်ကောင်းစိတ်မြတ်ကို လမ်းပြပေးခဲ့ပါသည်။

သုတ၊ ရသစာပေအပါအ၀င်စာအုပ်များသည်
လူသားတို့အား အသိဥာဏ်ဗပာုသုတတိုးပွားစေသော မိတ်ဆွေ
ကောင်းများဖြစ်ပါသည်။အိမ်နီးချင်းကောင်းလျှင် ပာင်းကောင်းတစ်ခွက်ရမြဲဖြစ်သကဲ့သို့ စာအုပ်ကောင်းများက
လည်း စိတ်အပာာရအတွက် ပာင်းကောင်းများကို ပေးမြဲဖြစ်ပါသည်။ ၀တ္ထု၊ကဗျာ စသော ရသစာပေများသည်
စာဖတ်သူ၏စိတ်ကို နှစ်သက်ခံစားစေပါသည်။ ထိုမှတစ်ဆင့် ဘ၀အတွက် တန်ဖိုးမဖြတ်နိုင်သော စိတ်ကောင်း
စိတ်မြတ်များ ဘ၀အားမာန် ပြည့်ဝစေသော စိတ်ဓာတ်အင်အားများကို ပေးစွမ်းသည် မိတ်ဆွေမိတ်ကောင်းများ
ဖြစ်ပါသည်။ စိတ်ဓာတ်ကို ပြည့်ဖြိုးစေသည့် အားဖြည့်အချိုရည်နှင့်တူသော မိတ်ဆွေကောင်းများပာုလည်း ဆိုနိုင်ပါသည်။ စာအုပ်စာပေများသည် လူသားတို့အနေနှင့် ထာဝရလက်တွဲသင့်သော မိတ်ဆွေကောင်းများ
အမှန်ပင်ဖြစ်ပါတော့သည်။ မှတ်ချက်(စာစီစာကုံးစာအုပ်တစ်ခုထဲက ကူးယူဖော်ပြလိုက်ပါ)

စာရေးသူကတော့
မောင်စိုးဖြစ်ပြီးတော့ ပိုစ့်တင်ပေးသူကတော့ မောင်စိုးသူငယ်ချင်း မောင်သူရပါ
မောင်စိုးက အခုရက်ပိုင်းအလုပ်များနေလို.ပါဗျာ။ကျွန်တော်တို့ကိုဆက်သွယ်ဆိုရင်တော့
mgsoemin1995@gmail.com ဆက်သွယ်နိုင်ပါတယ်ဗျာ……

No comments:
Post a Comment