အရင်ကတော့ တစ်ခါမှ မလုပ်ဖူးဘူးဗျ... တစ်ရက်လည်း ရောက်ကော အစ်ကို တစ်ယောက်က
ပြောတယ်ဗျ... သူ့ဖုန်းက Nokia N9 တယ့် ...မြန်မာစာ ထည့်လို့ရတယ် တဲ့... ဒါနဲ့ ကျွန်တော်လည်း နည်းနည်း ရှာကြံ ကြည့်ရင်းကနေ တွေ့တာဗျ... Nokia N9 ကို မြန်မာစာ ထည့်နည်းလေးပါ... Nokia က
လူသုံးလည်း နည်းသွားပြီဆိုတော့ Post တင်တယ့် သူကလည်း အနည်းသားဗျ... လိုအပ်တယ့် သူတွေ
ကျွန်တော့် Post ကို ဖတ်ရင်း အဆင်ပြေသွား ကြပါစေဗျာ... ကျွန်တော် တကယ်စမ်းကြည့်ပြီးပြီဗျ.. အဆင်ပြေလို့ တင်ပေးလိုက်တာ... ကျွန်တော် လုပ်ထားတာတွေကိုပဲ ပြောလိုက်မယ်ဗျာ...
(၁) အင်တာနက်ဖွင့်ထားရမယ်ဗျ... ဒါမှမဟုတ် အင်တာနက်လိုင်းရှိတယ့် Wifi နဲ့ ချိတ်ထားဖို့တော့
လိုတယ်
(၂) အခုကတော့ Nokia N9 မှာ တစ်ခါတည်း ပါလာတယ့် Store ဆိုတယ့် Application ကို ဖုန်းမှာပဲ
ဖွင့်လိုက်ပါ...
(၃)Font Manager For N9 ဆိုတယ့် Application ကို Search ဆိုတယ့် နေရာမှာ ရိုက်ရှာလိုက်ပါ...
ပြီးရင် Download လုပ်လိုက်ပါ.... ခဏစောင့်ပါ...
သူ့ရဲ့ ပုံကတော့ အောက်က ပုံလေးပါ.. ရှာရ လွယ်အောင် ထည့်ပေးလိုက်ပါတယ်...
သူ့ကို Download လုပ်လိုက်တာနဲ့ Install ပါ တစ်ခါတည်း လုပ်ပြီးသားဖြစ်သွားပါလိမ့်မယ်...
ပုံမှာ Launch ဆိုတာ ပေါ်လာရင် ရပါပြီ...
(၄)ပြီးရင်တော့ Search (မှန်ဘီလူး) ပုံလေးမှာ နှိပ်ပြီး mesinput ဆိုတာကို ရှာပါ...
သူ့ပုံကတော့ အောက်က အတိုင်းပါ..
ပြီးရင်တော့ အထက်က ပြုလုပ်ခဲ့တယ့် အတိုင်း ဆက်ပြီး Download လုပ်ပါ...
(၅)အခု Nokia N9 နဲ့ Computer ကို ချိတ်ဆက်လိုက်ပါ.... မြန်မာ Font ထည့်ဖို့ အတွက် ဒီ ဖိုင်ကို
Download လုပ်ပါ... ပြီးရင်တော့ WinRAR လို Software မျိုးနဲ့ Computer မှာ Extract လုပ်လိုက်ပါ
ZawgyiOne2008.ttf ဆိုတယ့် ဖိုင်လေး ရပါမယ်.... အဲ့ဒါကို Copy ကူးပါ... ပြီးရင် Nokia N9 ကို
Computer နဲ့ ချိတ်လိုက်လို့ ပေါ်လာတယ့် SD Card File ထဲက Document ဆိုတယ့် အထဲကို Paste
လုပ်ပြီး ထည့်လိုက်ပါ.... ပြီးရင် ဖုန်းကို ကွန်ပြူတာနဲ့ ချိတ်ဆက်ထားခြင်းမှာ ဖြုတ်လိုက်ပါ...
(၆)Install လုပ်ထားတယ့် Font Manager Application ကို ဖွင့်လိုက်ပါ.... SD Card ထဲက Document
Folder ထဲကိုသွားပြီး ZawgyiOne2008.ttf ကို Install လုပ်ပါ... ပြီးရင်တော့ Nokia N9 မှ မြန်မာစာ
ကို ဖတ်လို့ရသွားပါပြီ... ဒါပေမယ့် ရေးဖို့ အတွက်တော့ Keyboard လိုပါသေးတယ်...
(၇)Keyboard ကို Install လုပ်ဖို့ အရင်ဆုံး Install လုပ်ထာတယ့် MES Input Method ဆိုတယ့်
Application ကိုဖွင့်လိုက်ပါ... ပြီးရင် Keyboard ID မှာ 749029 လို့ ရိုက်ထည့်ပြီးတော့ ဖြစ်စေ...
ဒါမှ မဟုတ် Popular ဆိုတယ့် အထဲမှာ Zawgyi Keyboard ကို ရှာပြီးတော့ ဖြစ်စေ Install လုပ်လိုက်
ပါ... ပြီးရင်တော့ Browser တစ်ခုခုကို ဝင်လိုက်ပါ... English Keyboard ကို ဘေးကို လက်နဲ့
ဆွဲလိုက်ပါ.... မြန်မာ Keyboard ပေါ်နေတာကို တွေ့ရပါလိမ့်မယ်... တကယ်လို့ မပေါ်ခဲ့ဘူး လေး
ထောင့် အကွက်တွေပဲ မြင်နေရမယ် ဆိုရင်တော့ Language ထဲမှာ United Kingdom ဖြစ်နေတာကို
United State ပြောင်းပေးလိုက်ရင်ရပါပြီ... Keyboard လက်ကွက်က ကွန်ပြူတာ လက်ကွက်လိုတော့
မဟုတ်ဖူးဗျ.... အစဉ်လိုက်ကြီးတော့ ဖြစ်နေတယ်... ဒါပေမယ့် မပါတာနဲ့ စာရင် တော်သေးတာပေါ့ဗျာ
နော့... အဆင်ပြေကြပါစေဗျာ....
ဖတ်ကြတယ့် သူတွေ အားလုံးကိုလည်း ကျေးဇူး တင်ပါတယ် ဗျာ...
ကိုလင်းကို ဆိုဒ်ကူးယူလာတာပါဗျာ အားလုံးကျေးဇူးတင်ပါတယ်ဗျာ ရောသမမောင်စိုး (သရဲငို)
ကျွန်တော်မောင်စိုးကိုဆက်သွယ်မယ်ဆိုရင်တော့ mgsoemin1995@gmail.com
ကိုဆက်သွယ်နိုင်ပါတယ်။ မိတ်ဆွေ၊သူငယ်ချင်းတို့အားလုံးကို ကျွန်တော်မောင်စိုးက စောင့်မျှော်နေပါတယ်။ 0973147886 ကိုလဲဆက်သွယ်နိုင်ပါတယ် လေ့လာထားသလောက်ကို
ပြန်လည်ပြောကြားရမယ်ပါဗျာ၊ ကျွန်တော်ကတော့ ဆရာကြီးမပာုတ်ပါဘူး ပညာသင်ပဲရှိပါသေးတယ်။
No comments:
Post a Comment