♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 19, 2014

ရန်ကုန် - မန္တလေး အမြန်လမ်း ပေါ်က မိုးရာသီအကြောင်း

အားလုံးမင်္ဂလာပါဗျာ ကျွန်တော်မောင်စိုးလဲပျောက်လိုက်ပေါ်လိုက်ဖြစ်နေတယ် အလုပ်တွေကများလို့ ပါ စာဖတ်သူတို့ ခွင့်လွှတ်ပေးပါနော် ကျွန်တော်အနေနဲ့စာဖတ်သူအားလုံးကို တောင်းပန်ပါတယ်ဗျာ အခုတင်ပေးချင်တဲ့ post အမည်ကတော့ (ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်က မိုးရာသီအကြောင်း) လို့အမည်ရပါတယ်။ မောင်စိုးရဲ့အတွေအကြုံလဲပါတယ်ဗျာ အခု လပိုင်းတွေက မိုးရာသီဖြစ်ပါတယ် လမ်းသစ်မှာက မိုးကရွာရင် ရွာတာမရပ်တော့ဘူးလေ နောက်ပြီး လမ်းမှာက ရေ၀ပ်နေတာကိုလဲတွေရပါတယ်ဗျာ ကျွန်တော်တို့ကတော့အမြဲကြုံနေရတာပေါ့ ကျွန်တော်ကလဲ ကားအလုပ်ဆို အရမ်းဝါသနာပါတာဗျာ။ ပညာတွေလိုက်သင်တယ် ကားမောင်းတာ ကားစက်ပြင်တာ နောက်ပြီး တောင်ပေါ်လမ်းမှာမောင်းတာ ဂီယာကြီးတွေတက်တာတွေကို ကျွန်တော် သိလောက်ထားသလောက်ပြန်လဲမျှဝေပေးပါမယ်ဗျာ။ အမြန်လမ်းက မိုးရာသီအကြောင်းကတော့ အရင်တုံးတင်ပေးခဲ့ဖူးပါတယ်ဗျာ။အခုကတော့ တောင်ပေါ်လမ်းအကြောင်းတင်ပြပေးချင်ပါတယ်ဗျာ ရှမ်းပြည်နယ်ဆိုရင် တောင်ပိုင်းနဲ့ မြောက်ပိုင်း က လမ်းတွေတောင်မတူတော့ဘူးလေ။ ေ
တာင်ကြီး လမ်းပိုင်း ၊ လားရှိုးလမ်းပိုင်းတောင် မတူဘူးလေ အခုကတော့ တောင်ကြီးလမ်းပိုင်း ကောင်းသွားတာ ကိုတွေရတယ်လေ ကားကြီးတွေဆိုရင် ငိုပြီးတော့ တောင်ပေါ်ကိုတက်ရတာလေ ။ ဂီယာကြီးနဲ့တက်ရ တာလေ အဆင်းဆိုလဲ ဂီယာကြီးနဲ့ဆင်းရတာလေ။ နောက်ပြီးကားတာယာတွေရေပတ်ပေးရတယ် အရမ်းပူလို့လေ၊ဘရိတ်တွေကိုဖျန်းပေးရတယ်။ ယနေ့အထိကျင့်သုံးနေတာက အတက်ကားကိုဦးစား ပေးတာပဲဖြစ်ပါတယ် တောင်ပေါ်လမ်းမှာက ပွာန်းနဲ့စကားပြောချင်ဖြစ်ပါတယ် ဆိုလိုတာက အတက်ကားကပွာန်းတီရင်“ငါတက်လာပြီ ငါကားသည် ကားကြီးဖြစ်သည်”လမ်းကွေ့တွေရောက်တိုင် ပွာန်းတီးရပါတယ်ဗျာ။ဘာကြောင့်လဲဆိုတော့ လမ်းသာရင် ကြိုတင်ပြီးရပ်ထားပေးဖို့ မေတ္တာရပ်ခံတာ ပါ အတက်ကားက အဆင်းကားကိုပြောတာပါ။ ညဘက်ဆိုရင်တော့ မီးနဲ့စကားပြောပါတယ်။ မီးအကြီး၊မီးသေးနဲ့လေ နောက်နှင်းခွဲမီးနဲ့လေ။ တစ်ချို့ယာဉ်မောင်းတွေကြောက်တဲ့မီးအလင်းကတော့ အဖြူရောင်ဖြစ်ပါတယ်။ မီးလုံးအဖြူရဲ့စွမ်းအားက မျက်လုံးပွင့်ရက်နဲ့ မျက်လုံးမမြင်ရတဲ့ အခြေအနေကို ရောက်သွားတာပါဗျာ။ ညဘက်ကျတော့ လမ်းမှာမီးကြီး မီးအသေး ဆော့တာက တစ်ဖက်နဲ့တစ်ဖက် နားလည်မှုထားတာပါ တစ်ချို့ယာဉ်မောင်းတွေကျတော့ အကျင့်ယုတ်တာလေ မီးကြီးကို မချပေးဘူး လေ အဲလိုမျိုးဆိုလို့ကတော့ ကိုယ်ကလဲ မီးကြီးကို မချပေးနဲ့ နှင်းခွဲမီးပါရင် ထွန်းပေးထားလိုက်ပါ ကျွန်တော်မောင်စိုးလိုက်တဲ့ Express ကားကြီးကတော့ မီးလဲစုံတယ် ပွာန်းကလဲ airhornဆိုတော့ လန်းတာပေါ့။ဒါနဲ့ အခုဆိုရင် ကားလေးမောင်းတဲ့ယာဉ်မောင်းတွေက နားလည်မှုမထားတော့ဘူးလေ နောက်ပြီး ပျော်ဘွယ် - တောင်ကြီးလမ်း မိတ္ထီလာ-တောင်ကြီးလမ်းတွေဆိုရင် ဆီတင်တဲ့ဘောက်ဆာ ကားတွေကို အထူးရှောင်ပါဗျာ ဘာဖြစ်လို့လဲဆိုတော့ တအားရုပ်မာလို့ပါဗျာ လမ်းကိုအရမ်းစားတယ် လမ်းစားတယ်ဆိုတာက လမ်းကိုအပြည့်ယူထားပြီး ကိုယ့်လမ်းဘက်ကိုပါ ခွထားတာပါဗျာ… ကျွန်တော်တစ်ခါတစ်လေ ကားလေးနယ်ဘက်ကိုသွားပို့ရင် လမ်းစားတဲ့ဘောက်ဆာကားနဲ့တွေ့ရင် ခေါင်းတည့်ပေးထားလိုက် တိုက်ရဲရင်တိုက်ဆိုပြီးတော့ အနီးကပ်ပြီးဆိုရင် ခေါင်းရှောင်တာတန်နေတာဘဲဗျာ ဒါကတစ်ခါတစ်လေမှာပါ “သင့်ကောင်းလျှင် ကျွန်ုပ်ကောင်းသည် ဆို စာဆိုလို့ဘဲဗျာ “ ကားကြီးနဲ့ကားလေးဆိုတာက ဦးလေးနဲ့တူ လောက်ရှိမယ်လေ အင်ဂျင်ချင်းကမတူဘူးလေ နောက်တွဲပါတဲ့ကားကြီးနဲ့ ကျွန်တော်တို့ express ကားကြီးမတူဘူးလေ တွဲခေါင်းထဲမှာဆို ကျွန်တော်ကြိုင်တာကလေ SCANIA ဖြစ်ပါတယ်ဗျာ။ ကျွန်တော်က express ကား ကြီးတွေနဲ့ တွဲကားကြီးတွေကို အရမ်းသဘောကျတာဗျာ ကျွန်တော်ကလေးဘ၀ထဲက အရမ်းဝါသနာ ပါတာ ကျွန်တော်ဆရာက ကျွန်တော်မောင်စိုးအဖေဖြစ်ပါတယ် နောက်ထပ်ဆရာတွေလဲရှိပါတယ် သေးတယ်.. ကျွန်တော်အဖေကလဲ တစ်ချိန်က ယာဉ်မောင်းတစ်ယောက်ပါ အဖေပြောတာတွေကို ကျွန်တော်အသေမှတ်ထားတယ် ကျွန်တော်အဖေက ကျွန်တော်ကိုကားလောကထဲကို မ၀င်စေချင်ဘူး ကျွန်တော်အရမ်းတက်ချင်တဲ့ပညာတစ်ခုဖြစ်နေတယ်ဗျာ။ ကျွန်တော်နောက်ပိုင်း express carကြီးတွေ တွဲကားတွေကိုမောင်းမယ်လို့ဆုံဖြတ်ထားတယ်။ သူငယ်ချင်းတို့လိုက်စီးမယ်မလား ကျွန်တော်သူငယ်ချင်းတွေကို အမြဲတမ်းဖိတ်ခေါ်နေပါတယ်ဗျာ
ကျွန်တော်မောင်စိုးဆက်သွယ်ချင်ရင်တော့ mgsoemin1995@gmail.com ဆက်သွယ်နိုင်ပါတယ်။ ဖုန်းနဲ့ဆက်သွယ်ချင်ရင်တော့ 09250370904 ကိုဆက်သွယ်နိုင်ပါတယ်ဗျာ။

No comments:

Subscribe

လာလည်သူများ

free counters