♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 30, 2013

ဖြစ်မှဖြစ်ရလေနော်..



ဖြစ်မှဖြစ်ရလေနော်..
ငရဲပြည်မှာ လူနှစ်ယောက်ဆုံကြပြီး မိတ်ဆက်ရင်းပြောဆိုကြတဲ့အကြောင်
း လေးပါ
''
သယ်ရင်း မင်းရောက်တာကြာပြီလားးးး''
''
မကြာသေးဘူး.....မင်းရောဘယ်တုန်းကရောက်လာလဲ''
''
ငါလဲ ရောက်တာမကြာသေးပါဘူးးးးး''..... '' ဒါနဲ့ မင်းက ဘာရောဂါနဲ့ ဒီကိုရောက်လာတာလဲ''
''
အအေးမိပြီး သေလို့ ဒီကိုရောက်လာတာ''
''
အော်.....အအေးမိတာလားးးးးး'' ....... ''မင်းကရော ဘာရောဂါနဲ့လဲ''
''
အင်းးးးးးငါက အံ့သြပြီးသေခဲ့ရတာ''
''
ဘာာာာာ.....အံ့သြပြီးသေခဲ့ရတယ်''......''ရှင်းပြပါဦးးးးးး''
''
အင်းးးးးး.....တနေ့ငါအပြင်ကပြန်လာတော့.....အိမ်ထဲမှာ ငါ့မိန်းမက လူစိမ်းတယောက်နဲ့
ရယ်မောပြောဆိုနေတဲ့အသံကို ကြားရတယ်....တခါးဖွင့်ခိုင်းတာလဲ မဖွင့်မေးဘူးးးးးးး''
''
အင်းးးးးးဆက်ပြောပါဦးးးးးစိတ်ဝင်စားလာပြီ.....''
''
ဒါနဲ့ ငါလဲ တခါးကိုရိုက်ဖျက်ပြီး အိမ်ထဲဝင် လိုက်တယ်...အိမ်ထဲမှာလိုက်ရှာတော့လဲမတွေဘူး''
''
မိန်းမကိုလဲမေးတယ်...ငါအသံကြားတယ်...ဘူလဲ မေးပေမဲ့ ဘာမှပြန်မပြောဘဲ ရယ်နေတယ်''
''
အိပ်ခန်းထဲ လိုက်ရှာလဲမတွေ့ဘူးးးးး ငါလုံးဝမကြေနပ်ဘူးးးးအသံသေသေချာချာ ကြားရဲ့သားနဲ့
ရှာမတွေ့တော့....ငါ့မိန်းမကို ထပ်မေးတယ်....ဟေ့...ငါစကားပြောသံသေသေချာချာကြားတယ်
ဘယ်ကကောင်လဲ...မေးအပြီးမှာ....မိန်းမကဘာမှပြန်မပြောတော့...အံ့သြပြီးသေခဲ့ရတာပါ'' လို့
သူအံ့သြပြီးသေခဲ့ရပုံကိုပြောပြတယ်.. အဲဒီမှာ...အအေးမိပြီးသေခဲ့တဲ့သူက အလျင်စလိုထပြီးပြောတယ်......
''
မင်းကွာ..ရေခဲသေတ္တာထဲဘဲဖွင့်ကြည့်လိုက်ပါတော့...အဲ့ဒါဆို မင်းလဲ အံ့သြပြီးမသေရတော့ဘူးးးးးး
ငါလဲ အအေးမိပြီး မသေရတော့ဘူးးးးးး'' တဲ့
 ရောသမမောင်စိုးရှိကို နယ်ကသူငယ်ချင်းတစ်ယောက်ပို.လိုက်တာပါ

April 29, 2013

Flock


အာလုံးပဲမင်္ဂလာပါဗျာ ကျွန်တော်လဲပိုစ်မရေးဖြစ်ကြာသွားပြီဗျာ အခုတော့ရေးလိုက်ပြီးဗျာ သူငယ်ချင်းတို.ကိုမိတ်ဆက်ပေးစရာလေရှိတယ်ဗျာ…အမည်ကတော့ flock ဖြစ်ပါတယ်ဗျာ
မြေးခွေးမီးတောက်လို.ပါပဲဗျာ သုံးရတာအဆင်ပြေတယ်ဗျာ သူငယ်ချင်းတို.ကြိုက်မယ်လို.မျှော်လင့်ပါတယ်
ဗျာ..သုံးရတာအဆင်ပြေပါစေဗျာ
ရောသမမောင်စိုးကိုဆက်သွယ်မယ်ဆိုရင်တော့ mgsoemin1995@gmail.com ဆက်သွယ်နိုင်ပါတယ်ဗျာ

ကျွန်တော်ဘလော့လ်လေးကိုလာလည်သူအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ….

Skype.apk



အားလုံးပမင်္ဂလာပါဗျာ ကျွန်တော်အမည်က ရောသမမောင်ကျော်မင်းသူပါဗျာ  ကျွန်တော် ဖုန်းဆော့ဖ်ဝဲလ်လေးတစ်ခု
ရလို.တင်ပေးလိုက်တယ် သူငယ်ချင်းတို.သိပြီးသာလဲဖြစ်မှာပါ သုံးရတာကတော့ အရမ်းကောင်းပါတယ်…
အမည်ကတော့ Skype လို.အမည်ရပါတယ် သုံးရတာအရမ်းအဆင်ပြေတယ် ဖုန်းပြောရင်အင်တာနက်လိုင်းကောင်း
ကောင်းမကောင်းကောင်း ပြောရတာအဆင်ပြေတယ် သူငယ်ချင်း၊မိတ်ဆွေတို.ကြိုက်မယ်လို့ထင်ပါတယ်ဗျာ….


အဆင်ပြေပါစေဗျာ

ကျွန်တော်ရောသမမောင်ကျော်ကို ဆက်သွယ်ဆိုရင်တော့ kyawminthu.minthu1993@gmail.com ဆက်သွယ်နိုင်ပါတယ်…
ကျွန်တော်တို.ဘလော့လ်လေကိုလာလည်ပေးလို.ကျေးဇူးတင်ပါတယ်ဗျာ။ဆက်လက်ကြိုးစားနေပါတယ်..

April 18, 2013

ခရမ်းလွန်ရောင်ခြည် အကြောင်းလေးပါ



 အားလုံးအမင်္ဂလာပါလို.နှုတ်ဆက်လိုက်ပါတယ်ဗျာ…ကျန်းမာရေးသတင်လေးပါဗျာ အရေးကြီးပါတယ်
ကျွန်တော်တို.မြန်မာနိုင်ငံမှာ အခုဆိုရင် ခရမ်းလွန်ရောင်ခြည်အန္တရာယ်ဖြစ်ပေါ်နေတယ်ဗျာ…
ကျွန်တော်လဲ သတင်းစာတွေလိုက်ရတယ် အရေးပြားအထူးကုဆရာဝန်ကြီး ဒေါက်တာကျော်ကျော်နဲ.တွေဆုံ
တာကို အခုတော့တင်ပေးလိုက်ပြီးဗျာ (မှတ်ချက်)ကြေးမုံသတင်းစာကနေကူးယူဖော်ပြလိုက်တာပါ…

 
                         ခရမ်းလွန်ရောင်ခြည်အန္တရာယ် သတိပေးနှိုးဆော်ချက်
ခရမ်းလွန်ခြည် အညွှန်းကိန်းမြင့်မားစွာရှိနေသော ယခုအချိန်တွင် ခရမ်းလွန်ရောင်ခြည် အန္တရာယ်ပိုမို.ကျ
ရောက်နိုင်ပါသည်။ခရမ်းလွန်ရောင်ခြည်သည် လတ်တလောထိတွေမှုကြောင့် နေလောင်ခြင်း၊အသားအရောင်
ညိုလာခြင်းတို.ဖြစ်ပြီး ထိတွေ့မှုကာလကြာသောအခါ မျက်စိတိမ်စွဲခြင်း၊အရေးပြားများ အိုမင်းရင့်ရော်ခြင်း၊
ခုခံအားကျဆင်းခြင်း၊အရေးပြားကင်ဆာဖြစ်ခြင်း စသည်.ရောဂါများ ဖြစ်ပွားနိုင်ပါသည်။
သို.ပါ၍ ပူပြင်းသော နေရောင်ခြည် ကျရောက်နိုင်သည် နံန်၏က် ၁၀ နာရီမှ ညနေ ၄ နာရီခန်.အချိန်အတွင်း
အလုပ်လုပ်ကိုင်သူများ နေရောင်ခြည်အောက်တွင် သွားလာလှုပ်ရှားသူများ၊သင်္ကြန်ရေကစားသူများ၊ကလေး
ငယ်များအား အောက်ပါအတိုင်း သတိပြုကာကွယ်ကြရန် နှိုးဆော်အပ်ပါသည်။
၁။ ပူပြင်းသော နေရောင်ခြည်အောက်တွင် အလုပ်လုပ်ပါက မိမိ၏အသားကို နေရောင်ခြည်နှင့် တိုက်ရိုက်မထိ
တွေ့အောင် ကာကွယ်ပါ။
၂။ နေရောင်ခြည်အောက်တွင် သွားလာလှုပ်ရှားရန်လိုအပ်ပါက မျက်နှာ၊လည်ပင်၊ပခုံးတို့ပါ လုံခြုံသောဦးထုပ်၊
  
ထီး စသည်တို့ဆောင်းသွားပါ။
၃။ အ၀တ်လွတ်ကင်းနေသော လက်၊လည်ပင်းနှင့် ပခုံး စသည့်နေရာများကို သနပ်ခါးထူထူ(သို့)SPF15+ပါဝင်
သော နေရောင်ခံလိမ်းဆေးကို နေရောင်ခြည်ထဲမထွက်မီ ၁၅ မိနစ်ခန့် ကြိုလိမ်းရန်နှင့် နေရောင်ခံ လိမ်းဆေး
တစ်ခါလိမ်းပြီး နှစ်နာရီကြာပြီးတိုင်း နောက်တစ်ခါထပ်လိမ်းပါ။
၎။ ခရမ်းလွန်ရောင်ခြည်ကိုကာကွယ်ရန် ခရမ်းလွန်ရောင်ခြည်အလွယ်တကူမဖောက်နိုင်သော အရောင်ရင့်
သော အ၀တ်ထည်များ၊ ထူသောအ၀တ်အထည်များကိုဝတ်ပါ။
၅။ အရမ်းလွန်ရောင်ခြည်ကြောင့် မျက်စိထိခိုက်နိုင်ပါသဖြင့် အလှအပသက်သက်ထုတ်လုပ်ထားသော နေကာ
မျက်မှန်များထက် ၉၉ ရာခိုင်းနှုန်း ကာကွယ်ပေးနိုင်သည် နေကာမျက်မှန် ကို ရွေးချယ်အသုံးပြုပါ။
၆။ ကလေးငယ်များသည် လူကြီးများထက် ခရမ်းလွန်ရောင်ခြည်ကြောင့် ထိခိုက်မှုအန္တရာယ်ကို ပိုမို ခံစားရသောကြောင့်  လူကြီးမိဘများအနေနှင့် -
အသက်တစ်နှစ်အောက်ငယ်သော ကလေးငယ်များကို နေပူထဲသို. ခေါ်ဆောင်ခြင်းမပြုပါနှင့်။
ကလေးများကို အရိပ်ထဲတွင်သာ ကစားပါစေ။
အပြင်ထွက်ရန်လိုအပ်ပါက သနပ်ခါးထူထူ(သို.) နေရောင်ခံလိမ်းဆေးကို မျက်နှာ၊လည်ပင်း၊ပခုံး၊နောက်ကြော၊
ခြေထောက်နှင့် ခြေဖမိုးပေါ်သို. လိမ်းပေးပါ။ ခရမ်းလွန်ရောင်ခြည်မဖောက်နိုင်သောအ၀တ် ၀တ်ပေးပါ။
နေကာမျက်မှန်တပ်ပါ။ဦးထုပ်၊ထီး ဆောင်းပေးပါ။
                                                                             ကျန်းမာရေးဝန်ကြီးဌာန



ကျန်းမာပြီးပျော်ရွှင်တယ်ဘ၀ကိုပိုင်ဆိုင်နိုင်ပါစေလို.ဆုတောင်းပေးလိုက်ပါတယ်ဗျာ
ကျွန်တော်ရောသမမောင်စိုးကို ဆက်သွယ်ဆိုရင်တော့ mgsoemin1995@gmail.com ဆက်သွယ်နိုင်ပါတယ်ဗျာ
Subscribe

လာလည်သူများ

free counters