♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 9, 2015

" တဲအိမ်သာသာ ရှိသည့်အိမ်ကို ဒေါ်လာ (၂) သန်းဖြင့် ရောင်းချမည်"

အိမ်ခြံမြေဈေးသည် အံအားသင့်ဖွယ် ကောင်းလောက်အောင် မြင့်တက်လျက်ရှိသည်။ အမေရိကန် ပြည်ထောင်စုတွင် တဲအိမ်သာသာ ရှိသည့် နေအိမ်တစ်လုံးကို ဒေါ်လာနှစ်သန်းခန့်ဖြင့် ရောင်းချရန် စီစဉ်ထားသောကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ ယင်းအိမ်ကို အမေရိကန်တွင် ဈေးအကြီးဆုံးအဖြစ် သတ်မှတ်ရမည် ဖြစ်သည်။ အိမ်၏အကျယ်ကလည်း စတုရန်းပေ (၁၈၀) သာရှိပြီး၊ ရေချိုးခန်း တစ်ခန်းနှင့် အိပ်ခန်းတစ်ခန်းသာပါကာ နောက်ဖေး မီးဖိုချောင် မပါရှိကြောင်း သိရသည်။ ယင်းအိမ်ကို  ၁၉၃၀ ကတည်းက တည်ဆောက်ထားပြီး တဲသာသာ ဖြစ်သောကြောင့် ၀ယ်ယူသူအနေဖြင့် အိမ်သစ်ပြန်ဆောက်ရမည် ဖြစ်သည်။
      ယင်းအိမ်မှာ မည်သည့်အတွက်ကြောင့် ဈေးကြီးနေရသည်ကို သိချင်ပါလိမ့်မည်။ ယင်းအိမ်သည် အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ်တွင် တည်ရှိပြီး ဆဲလ်ဖို့ဒ် တက္ကသိုလ်၊ Facebook ရုံးချုပ်တို့နှင့်

" မိန်းကလေးဆိုပေမယ့် အထင်မသေးနှင့် အသက် (၁၈)နှစ်နှင့် လူဆိုးဂိုဏ်း ခေါင်းဆောင်ဖြစ်နိုင်တယ်..ဟီဟိ "

 Gabriela Iparraguirre Porras was wanted for murder, drug trafficking and extortion
ပီရူးနိုင်ငံရှိ ရဲတပ်ဖွဲ့သည် အလိုချင်ဆုံး ရာဇ၀တ်ဂိုဏ်း ခေါင်းဆောင်တစ်ဦးကို ဖမ်းဆီးနိုင်ခဲ့ရာ အသက်(၁၈) နှစ်အရွယ် မိန်းကလေးတစ်ဦး ဖြစ်နေသောကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့သည်။ အဆိုပါ မိန်းကလေးသည် မူးယစ်ဆေး ရောင်းဝယ်ခြင်း၊ လူသတ်ခြင်း၊ ငွေညှစ်ခြင်း စသည့်ရာဇဝတ်မှုပေါင်းစုံကို ကျူးလွန်ခဲ့သောကြောင့် ရဲတပ်ဖွဲ့၏ အလိုချင်ဆုံးစာရင်းတွင် ထည့်သွင်းထားခြင်း ဖြစ်သည်။  သူ့ကိုယ်သူ အမျိုးသမီး ၀ံပုလွေဟု အမည်ပေးထားသည်။ ပေါ်ရက်စ်သည် ချစ်သူဖြစ်သူ ဟာရဲရား၊ နောက်ထပ် အဖွဲ့ဝင်ဖြစ်သည့် အယ်လ်ဘာတိုတို့နှင့်အတူ ပူးပေါင်းပြီး ဘွန်ကာနီဂရာ မြေခွေးဂိုဏ်း အမည်ဖြင့် ရာဇ၀တ်မှုများ ကျူးလွန်ခဲ့သည်။ ယင်းဂိုဏ်းတွင် Ms Porras မစ္စ
ပေါ်ရက်စ်သည် ထိပ်ပိုင်း ခေါင်းဆောင် နေရာတွင် ပါဝင်ခဲ့သည်။ မစ္စ ပေါ်ရက်စ်သည် ဆောက်လုပ်ရေး စီးပွားရေး လုပ်ငန်းရှင်တစ်ဦးကို ဖမ်းဆီးပြီး ငွေညှစ်ဖို့ ကြိုးစားနေစဉ်အတွင်း ရဲတပ်ဖွဲ့က လက်ဦးမှုရယူကာ ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်သည်။ စစ်ဆေးမှုများအရ ပေါ်ရက်စ်သည် ရာဇ၀တ်ဂိုဏ်းများနှင့် ဆက်စပ်ပြီး အလုပ်များစွာ လုပ်ခဲ့ကြောင်း၊ လက်နက်ရောင်းခြင်း၊

November 8, 2015

"ကိုယ်စိတ်ဝင်စားနေတဲ့ မိန်းကလေးတစ်ယောက်နဲ့ စကားပြောရမှာ ရှောင်ကြဉ်ရမယ့် အမှား (၇) မျိုး "

 
ကိုယ်စိတ်ဝင်စားနေတဲ့ မိန်းကလေးတစ်ယောက်ကို ချဉ်းကပ်ရာမှာ ပထမဆုံး သတိပြုရမှာက စကားအပြောအဆိုပါပဲ။ ဒါဟာ တော်တော်လေး အရေးပါသလို ကိုယ်ပြောဆိုတတ်ရင် တတ်သလောက် တစ်ဖက်လူကို ကြွေသွားစေမှာပဲ မဟုတ်လား။ ဒီတော့ ဘယ်လိုအချက်မျိုးတွေ ရှောင်ပြီး ဘယ်အရာကို အလေးပေးသင့်သလဲဆိုတာ ပြောပြချင်ပါတယ်၊

၁။ တစ်ဖက်လူ ပြောတဲ့စကားကို သေချာနားထောင်ပေးပါ။ သူမ ပြောနေတာကို နားမထောင်ချင်သလိုလို၊ စိတ်မ၀င်စားသလိုလို မလုပ်မိပါစေနဲ့။ ဘာအကြောင်းအရာမျိုးကို ပြောနေတာလဲဆိုတာ သင်စိတ်ဝင်တစား နားထောင်နေလား၊ ဟန်ဆောင်ခေါင်းညိမ့်နေတာလား ဆိုတာ တစ်ဖက်လူက သိရှိခံစားမိတယ်ဆိုတာ မယုံရှိပါနဲ့။ ဒီတော့ သူမပြောပြီးသွားတဲ့အခါ သင့်ဘက်ကလည်း စိတ်ဝင်စားစရာကောင်းတဲ့ မေးခွန်းတွေ ပြန်မေးတာမျိုး၊ သူမပြောတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ဆက်ပြောတာမျိုးတွေ လုပ်ပေးလိုက်ပါ။

 ၂။ တစ်ဖက်လူကို စိတ်ရှုပ်အောင် မလုပ်လိုက်ပါနဲ့။ ကိုယ်စိတ်ဝင်စားနေရတဲ့သူ ကိုယ့်ဘက်ပါလာအောင် ဆွဲဆောင်ရာမှာ တစ်ဖက်လူ စိတ်ရှုပ်စေမယ့် မေးခွန်းတွေ အတင်းမေးတာမျိုးတွေ၊ မသင့်လျော်တဲ့ အကြောင်းအရာတွေ ပြောတာမျိုးတွေ ရှောင်သင့်ပါတယ်။ တစ်ခါစိတ်ရှုပ်သွားတာနဲ့ တစ်သက်လုံး အာရုံနောက်ရမယ် အမှတ်နဲ့ သင့်ကို ထည့်စဉ်းစားမှာ မဟုတ်တော့ပါဘူး။

 ၃။စကားပြောတဲ့အခါ ရှင်းရှင်းလင်းလင်း ပြောပါ။ မိန်းကလေးတွေနဲ့ စကားပြောတဲ့အခါ သိပ်အဆင်ပြေတတ်တာမျိုး၊ မပြောတတ်တာမျိုးတွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ သူတွေ အများကြီးပါ။ ခုလည်း ကိုယ်စိတ်ဝင်စားနေတဲ့ ကောင်မလေးနဲ့ စကားပြောနေရတာမို့ စိတ်လှုပ်ရှားတာ၊ ရင်ခုန်တာမျိုး တွေရှိနေနိုင်ပါတယ်။ ဒါပေမယ့် စကားပြောတဲ့အခါမှာတော့ အသံကိုတိုးတိုးလေး ပြောတာမျိုးတွေ၊ မြန်မြန်ပြောတာမျိုးတွေ မလုပ်မိပါစေနဲ့။ လေသံကို ချိန်ဆပြီး ရှင်းရှင်းလင်းလင်း ပြောပါ။

 ၄။ကိုယ်ချည်းပဲ မရပ်မနား စကားပြောနေတာမျိုး မလုပ်မိပါစေနဲ့။ စတွေ့ကတည်းက ကိုယ်ချည်းပဲ ဆက်တိုက်ဆိုသလို စကားတွေ ပြောနေမိတယ်။ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေချည်း သူ့ကို ပြောခွင့်မပေးပဲ ဆက်တိုက်ပြောနေမယ်ဆိုရင် တစ်ဖက်လူလည်း စိတ်ညစ်လာမှာ အမှန်ပါပဲ။ မိန်းကလေးတွေဟာ သူတို့စကားပြောတဲ့အခါ ဂရုတစိုက်နားထောင်တတ်တဲ့ သူတွေကို သဘောကျတတ်ကြတယ်ဆိုတာ မမေ့ပါနဲ့။

၅။ငြင်းခုန်ပြောဆိုတာမျိုး မလုပ်မိပါစေနဲ့။ သူနဲ့ကိုယ်ခုမှ ချစ်သူတွေတောင် မဖြစ်သေးပဲ စကားလေးတစ်ခွန်းပြောလိုက်တာနဲ့ ကိုယ်ကလိုက်ငြင်းပြောဆိုနေမယ်ဆိုရင်တော့ ဒီတစ်ခါဆုံပြီး နောက်တစ်ခါ သင့်ကို လာတွေ့ဖို့ သူမငြင်းဆန်နိုင်တဲ့

"သံပုရာသီးတစ်လုံးရဲ့ တန်ဖိုး "


 

လူတွေ နေ့စဉ် နဲ့အမျ အသုံးပြုနေတဲ့ အသီးအနှံတွေမှာ ကျန်းမာရေးအကျိုးကျေးဇူးပြုမှုတွေ များစွာ ရှိပါတယ်။ သံပုရာသီးဆိုရင် လူတိုင်းနဲ့ ရင်းနှီးတဲ့အသီးဖြစ်ပါတယ်။ လူတိုင်းနှစ်သက်စွာ အသုံးပြုကြတဲ့ အသီးတစ်မျိုးဆိုရင်လည်း မမှားပါဘူး။ သံပုရာသီးကို နည်းအမျိုးမျိုး နဲ့အသုံးပြုကြပြီး တစ်ချို့ဆိုရင် ဓလေ့ရိုးရာ အယူအဆအနေနဲ့ သံပုရာသီးကို ဘေးအန္တာရာယ် ကင်းစေဖို့အဆောင်အဖြစ်အသုံးပြုကြပါတယ်။ ဟင်းလျှာတွေ မှာ အနံ့အရသာမွှေးပျံ့စေဖို့၊ ချဉ်ချဉ်မွှေးမွှေးလေး စားနိုင်ဖို့သံပုရာသီးကိုအဓိကအသုံးပြုကြတာများပါတယ်။ ဒီလို လူတွေ နေ့စဉ်အသုံးပြုနေတဲ့ သံပုရာသီးမှာ ကျန်းမာရေးအကျိုးအာနိသင်တွေကလည်း များလှပါတယ်။

အသားအရေကိုကောင်းစေခြင်း

သံပုရာသီး ရဲ့သဘာဝအဆီတွေဟာ အသားအရေအတွက်များစွာ အကျိုးပြုပါတယ်။ သံပုရာရည်ကို နှစ်သက်သူများအနေနဲ့ သံပုရာရည်ကိုသောက်သုံးခြင်းကြောင့် အသားအရေကိုတောက်ပဝင်းလက်စေခြင်း၊ ၊ အရည်ပြားကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင်ခြင်း၊ ကိုယ်သင်းရနံ့ပြင်းသူများအနေနဲ့ အနံ့အသက်ကိုလျော့ချနိုင်ခြင်းအစရှိတဲ့ကောင်းကျိုးတရားတွေကို ရရှိစေပါတယ်။သံပုရာသီးရဲ့ သဘာဝအဆီအနှစ်တွေကို အရေပြားတွေမှာ ပွတ်တိုက်ပေးတဲ့အခါ သူ့မှာပါဝင်တဲ့အက်ဆစ်ဓာတ်တွေဟာ အရေပြားမှာရှိနေတဲ့ဆဲလ်အသေတွေကိုဖယ်ရှားသွားခြင်း၊ ဗောက် တွေ၊ဒက်တွေကို ကုသပေးနိုင်ခြင်း၊ အဖုအပိန့်ထွက်တာကိုသက်သာစေခြင်း၊ကိုယ်ပေါ်အနာတရဒဏ်ရာတွေကို သက်သာစေခြင်းအစရှိတဲ့ အာနိသင်တွေရှိပါတယ်။တကယ်လို့ ရေချိုးတဲ့အခါ ရေထဲမှာသံပုရာအဆီ၊ ဒါမှမဟုတ် သံပုရာရည်တွေကို ထည့်ပြီး ရေချိုးခြင်းခြင့် အသားအရေကြည်လင်လန်းဆန်းမှုကိုရရှိစေနိုင်မှာဖြစ်ပါတယ်။

အရေပြားရောဂါတွေအတွက် အထောက်အကူပြုခြင်း

သံပုရာသီး ဟာ အရေပြားမှာ ဖြစ်ပွားတဲ့ အနာအစက်တွေကို ကုသရာမှာ အထောက်အကူပြုတဲ့အသီးတစ်လုံးဖြစ်ပါတယ်။အဓိကအားဖြင့် အသီးအရွက်စားသုံးမှုနည်းခြင်းကြောင့်ဖြစ်ပွားတဲ့ ဗီတာမင် C ချို့တဲ့ရောဂါများကို ကုသရာမှာ သံပုရာသီးဟာ အသုံးဝင်လှပါတယ်။နှာခမ်းအနားတစ်ဝိုက်တွေမှာ၊ လျှာတွေမှာ အနီစက်တွေပေါက်နေရင်ဒါဟာ ဗီတာမင် စီ ချို့တဲ့ခြင်းရဲ့လက္ခဏာတစ်ရပ်ဖြစ်ပြီး သံပုရာသီးရဲ့ဓာတ်သဘာဝအကူအညီကိုရယူခြင်းဖြင့် သက်သာပျောက်ကင်းစေကြောင်းလေ့လာပြောဆိုထားကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သံပုရာသီးမှာ ဗီတာမင် စီ ပြည့်ဝစွာပါနေတာကြောင့်အခုလို ဗီတာမင် စီ ချို့တဲ့ တဲ့ရောဂါတွေမှာ အကျိုးပြုနိုင်ခြင်းဘဲဖြစ်ပါတယ်။

အစာကြေမှုအားကောင်းခြင်း

သံပုရာသီးဟာ အစာကြေဖျက်မှုကို အားကောင်းစေတဲ့အသီးဖြစ်တာကြောင့် အစာကြေဖျက်မှုအားနည်းသူတွေအနေနဲ့ သံပုရာသီးကိုဆောင်ထားခြင်းဖြင့် အမှားမတွေ့နိုင်ပါဘူး။ ဒါကြောင့် အစာကြေဖျက်မှုအားနည်းသူတွေဟာ နေ့လည်စာဖြစ်စေ၊

"ထီပေါက်ဂဏန်းဟောကိန်းများ မှန်ကန်လွန်းသည့် ထိုင်းနတ်ဝင်သည် အသတ်ခံရ"

 
ပေါက်ဂဏန်းကို အတိအကျဟောနိုင်သည်ဟု နာမည်ကြီးနေသော ၄၁နှစ်အရွယ် နတ်ဝင်သည်တစ်ယောက်မှာ နိုဝင်ဘာလ ၄ရက်နေ့က နတ်ခွန် ဆိုင် သန်မာရတ်ရှိ ၄င်း၏ နတ်ကွန်းအနီးတွင် သေနတ်နှင့် ပစ်သတ်ခံခဲ့ရရာ ဒေါသထွက်နေသည့် မြေအောက်ထီဒိုင်များက လုပ်ကြံသတ်ဖြတ်ခဲ့သည်ဟု ရဲက သံသယရှိနေသည်။

ချိုင်ယွတ် ဖတ်စရီငန်ကို ဘန်နောင်စလင်ဘန် သန်းဆန်းလမ်းမပေါ်ရှိ ချောင်မဲ ဆုန်သန်နတ်ကွန်းတွင် သေနတ်ဒဏ်ရာပေါင်းများစွာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်ဟု သန်းဆောင်း ခရိုင်အတွင်းရှိ ခါးပန်းရဲစခန်းမှ တာဝန်ကျအရာရှိ ရဲတပ်ဖွဲ့ ဒုဗိုလ်မှူးကြီး ပါချွန် နီအမ်အင်က ပြောကြားခဲ့သည်။

ချိုင်ယွတ် (၄၁နှစ်)မှာ ၀မ်းဗိုက်၊ လည်ပင်း၊ ကျောကုန်းနှင့် လက်မောင်းနှစ်ဖက်တွင် သေနတ်ဖြင့် ခြောက်ချက်အပစ်ခံခဲ့ရပြီး သတ်ဖြတ်သူများက အနီးပစ်သေနတ်များကို အသုံးပြုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ချိုင်ယွတ်မှာ ယခင်က လက်ဝှေ့သမားဟောင်းတစ်ယောက်ဖြစ်ပြီး ဆမ်လီယမ် ဆင်းမနီးအမည်ဖြင့် လက်ဝှေ့ထိုးသတ်ခဲ့သည်ဟု သူ၏ အစ်ကိုဖြစ်သူ ချမ်နန် ပတ်ဆရီငန် (၄၄နှစ်)က ရဲတပ်ဖွဲ့သို့ ပြောကြားခဲ့သည်။

ချိုင်ယွတ်မှာ လုံပနီနှင့် ရတ်ချဒမ်နိုအန် လက်ဝှေ့ရုံကြီးများတွင် ပွဲပေါင်းများစွာ ထိုးသတ်အနိုင်ရခဲ့ပြီး နောက်ပိုင်းတွင် ခါးပတ်သုံးခုအနိုင်ရခဲ့ကာ တောင်ပိုင်း၏ လက်ဝှေ့ချံပီယံတစ်ယောက်ဖြစ်လာ ခဲ့သည်ဟု ဆိုသည်။

ထို့နောက် လက်ဝှေ့လောကမှ အနားယူကာ ၀ိပဿနာဘက်သိုပ ခြေဦးလှည့်လာခဲ့သည်ဟု ဆိုသည်။ လက်ဝှေ့သမားဟောင်းနှင့် သူ၏ဆွေမျိုးများက တစ်နှစ်အလွန်က သူ့မြေတစ်ချို့တစ်ဝက် အပေါ်တွင် ချောင်မဲ ဆုန်သမ်ဘုရားကျောင်းကို ဆောက်လုပ်ခဲ့ကြသည်ဟု ဆိုသည်။

ထို့နောက် ချိုင်ယွတ်မှာ ဂွန်ယူနတ်ဘုရား၏ နတ်ဝင်သည်တစ်ယောက်အနေနှင့် နာမည်ကျော်ကြားလာခဲ့ပြီး ထီပေါက်ဂဏန်းများကိုပင်လျှင် အတိအကျ ဟောကိန်းထုတ်လာနိုင်သည်ဟု အစ်ကိုဖြစ် သူက ပြောသည်။ အနယ်နယ်အရပ်ရပ်မှ လူများမှာ နတ်ဝင်သည်ထံမှ ထီပေါက်ဂဏန်းများ ရရှိရန်အတွက် ဘုရားကျောင်းသို့

"အင်္ဂလိပ်စာနှင့် ပတ်သက်၍ အများစုမသိကြသောအချက်များ "

 
၁။ လူသန်းပေါင်း ၁ ထောင်ကအင်္ဂလိပ်လိုပြောပါတယ်။ ဒါဟာ ကမ္ဘာပေါ်က လူ ၇ ယောက်ကို ၁ ယောက်နှုန်းရှိပါတယ်။

၂။ ကွန်ပျူတွေအကုန်လုံးမှာသိမ်းထားတဲ့ ၈၀ ရာခိုင်နှုန်းသောအချက်အလက်တွေဟာအင်္ဂလိပ်လိုပါပဲ။

၃။ ‘I’, ‘We’, ‘Two’, ‘Three’ စတဲ့အင်္ဂလိပ်စာလုံးတွေဟာ လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းများစွာကနေရှိခဲ့တာဖြစ်ပြီး ရှေးအကျဆုံးဖြစ်ပါတယ်။

၎။ သရမပါတဲ့အရှည်ဆုံးအင်္ဂလိပ်စာကလုံးက ‘Rhythms’ ဖြစ်ပါတယ်။

၅။ ၉၈ မိနစ်တိုင်းမှာ အင်္ဂလိပ်ဘာသာနဲ့စကားလုံးအသစ်တစ်လုံးကိုတီထွင်ကြပါတယ်။

၆။ သတို့သမီး ‘Bride’ ဆိုတဲ့စကားလုံးဟာ ပရိုတိုဂျာမန်စကားလုံးဟောင်းတစ်လုံးကနေဆင်းသက်လာတာဖြစ်ပြီး ချက်ပြုတ်ရန် ဆိုတဲ့အဓိပ္ပါယ်ရပါတယ်။

၇။ အပေါင်စာချုပ် ‘Mortgage’
ဆိုတဲ့စကားလုံးဟာ ပြင်သစ်စကားလုံးကနေဆင်းသက်လာတာဖြစ်ပြီး သေခြင်းစာချုပ်လို့အဓိပ္ပါယ်ရတယ်
လို့ဆိုပါတယ်။
၈။ အင်္ဂလိပ်စာကိုရေးသိမျှရဲ့ ၉၀ % ဟာ စာလုံး ၁၀၀၀ ကိုသာအသုံးပြုထားတာဖြစ်တယ်ဆိုပါတယ်။

၉။ အချိန် Time ဆိုတဲ့စကားလုံးဟာမကြာခဏအသုံးအများဆုံးစာလုံးဖြစ်ပါတယ်တဲ့။

၁၀။ အခြားစကားလုံးများထက် s နှင့် စသောစကားလုံးများမှာအများဆုံးဖြစ်သည်။

၁၁။ Nigeria တွင် UK ထက်အင်္ဂလိပ်စကားပြောတဲ့သူပိုများပါတယ်။

၁၂။ တစ်သံထွက်သောအရှည်ဆုံးအင်္ဂလိပ်စကားလုံးမှာ screeched ဖြစ်ပါတယ်။

၁၃။ ၁၉ ရာစုမတိုင်ခင်က သရုပ်ဆောင်များ Actors ဆိုသည့်စကားလုံးမဟုတ်ဘဲ သူတော်ကောင်းယောင်ဆောင်သူများ

"Pepsi Max ၈ လီတာသောက်ပြီး ကဖိန်းဓာတ်လွန်ကဲမှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံး "

 
အမျိုးသမီးတစ်ဦးဟာ Pepsi Max ရှစ်လီတာသောက်သုံးပြီးနောက် Pepsi Max မှာပါဝင်တဲ့ ကဖီးဓာတ်နဲ့  ဆရာဝန်ညွှန်ကြားချက်အရ သူမသောက်နေရတဲ့ဆေးတို့ ဓာတ်မတည့်မှုဖြစ်ပွားကာ သေဆုံးသွားခဲ့ပါတယ်။

အသက် ၃၈ နှစ်အရွယ်၊ Victoria Lane ဆိုသူဟာ သူမသောက်နေရတဲ့ဆေးဝါးတွေကနေရတဲ့ အကျိုးဆက် ဖြစ်တဲ့ အာခြောက်တာကို ပြေပျောက်ဖို့ အတွက် တစ်နေ့ ကို Pepsi Max အချိုရည် ၂ လီတာဘူး လေးဘူးအထိ သောက်သုံးနေခဲ့ပါတယ်။

Ms.Lane ဟာ အသက် ၁၆ နှစ်အရွယ်တုန်းက ဆိုးရွားတဲ့ကားတိုက်မှုတစ်ခုကို ခံစားခဲ့ရပြီးနောက် မိမိကို တစ်ယောက်ယောက်ရန်မူမှာကို စိုးကြောက်နေတဲ့ စိုးရိမ်မှုလွန်ကဲတဲ့ရောဂါတစ်မျိုးနဲ့ နပန်းလုံးခဲ့ရပါတယ်။ ဒီစိုးရိမ်မှုလွန်ကဲတဲ့ရောဂါပြဿနာကြောင့် Ms Lane ဟာ တစ်နေ့ ကို ဗော့ဒ်ကာ တစ်လီတာအထိ သောက်သုံးနေခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့် အခုသေဆုံးမှုကတော့ ဆရာဝန်ညွှန်ကြားတဲ့ ဆေးတွေနဲ့  ကိုလာထဲမှာ ပါတဲ့ ကဖီးဓာတ်တို့ ဓာတ်မတည့်မှုဖြစ်ပွားကာ သေဆုံးခဲ့ရတာဖြစ်တယ်လို့  သေမှုသေခင်းစုံစမ်းရေးအရာရှိက မှတ်ချက်ချခဲ့ပါတယ်။

Ms Lane ရဲ့ အသက်မဲ့ခန္ဓာကိုယ်ကို တစ်ဦးတည်းသောသားဖြစ်သူ ၁၉ နှစ်သား Reese က စတင်တွေ့ ရှိခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ဧပြီလက Reese ဟာ ညဘက်ထွက်လည်ပြီး အပြန်မှာ သူ့ အမေ အိပ်ပျော်နေတာကို တွေ့ ခဲ့ရပြီး နောက်တစ်နေ့ မနက်မှာတော့ သူ့ အမေဟာ အသက်မရှိတော့ဘူးလို့ Reese
Subscribe

လာလည်သူများ

free counters