♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 10, 2015

"ဧရာဝတီတိုင်း မဲရလဒ် ထုတ်ပြန်မှု နောက်ကျမယ် "


ဧရာဝတီတိုင်း၊ ဟင်္သာတ ခရိုင်မှာ ကြံ့ခိုင်ရေး ပါတီက နေရာ အားလုံးနီးပါး ရှုံးတယ်လို့ ဆို။ 
 ရွေးကောက်ပွဲ မဲရလဒ်တွေကို ဒီကနေ့ နိုဝင်ဘာ ၉ ရက်က စပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ကြေညာပေး နေပေမယ့် ဧရာဝတီတိုင်း အတွက် မဲရလဒ်တွေကိုတော့ နောက်ထပ် ၂ ရက်လောက် အကြာ နိုဝင်ဘာလ ၁၁ ရက်နေ့မှသာ ထုတ်ပြန် နိုင်လိမ့်မယ်လို့ တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ ဦးအောင်မြင့်က ပြောပါတယ်။

လမ်းပမ်း ဆက်သွယ်ရေး ခက်ခဲလို့ ထုတ်ပြန်တာ နောက်ကျ နိုင်တာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ဧရာဝတီတိုင်း ဟင်္သာတ ခရိုင်ထဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက အားလုံးနီးပါး ရှုံးတယ်လို့ ပါတီ ပူးတွဲ ဥက္ကဋ္ဌ ဦးဌေးဦးက ဝန်ခံ

" ရွေးကောက်ပွဲ တရားဝင်ရလဒ် NLD အများစု အနိုင်ရ "


 ဒီကနေ့ည ၉ နာရီမှာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ရွေးကောက်ပွဲအနိုင်ရ ရလဒ်တွေကို ကြေညာထုတ်ပြန်တာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က အများစု အနိုင်ရရှိထားပါတယ်။

ပဲခူးတိုင်း ရွှေတောင်မြို့နယ် NLD ပါတီ ကိုယ်စားလှယ် ဒေါ်မြခွာညိုဦး၊ မန္တလေးတိုင်း အမရပူရမြို့နယ်က ဦးစိုးမြင့် (ခ) ဦးအောင်ဇော်မြင့်-NLD ပါတီ၊ မတ္တရာမြို့နယ်အတွက် ဦးဇော်မင်းလွင် NLD ပါတီ၊ စဥ့်ကူးမြို့နယ် ဒေါက်တာဇော်ဝင်းမြင့် NLD ပါတီ၊ ကျောက်ဆည်မြို့နယ် ဒေါက်တာတင်အောင် NLD ပါတီ၊

ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်တဲ့ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း။ (ဓာတ်ပုံ-ဗွီအိုအေ-မြန်မာပိုင်း)
မိတ္ထီလာမြို့နယ် ဒေါက်တာမောင်သင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီ၊ မလှိုင်မြို့နယ် ဦးလှထွန်းအောင် NLD ပါတီ၊ မင်္ဂလာဒုံမြို့နယ် ဦးအောင်လှိုင်ဝင်း NLD ပါတီ၊ သုံးခွမြို့နယ် ဒေါ်စုစုလွင် NLD ပါတီ၊ ဒလမြို့နယ် ဒေါက်တာ စိန်လှအေး NLD ပါတီ၊ ကျောက်တံတားမြို့နယ် ဦးနေမျိုးထက် NLD ပါတီ၊ ကြည့်မြင်တိုင်မြို့နယ် ဦးဇော်ဝင်း NLD ပါတီ၊ လှိုင်မြို့နယ် ဦးအောင်ကျော်ကျော်ဦး NLD ပါတီ၊ ရှမ်းပြည်နယ် ဟိုပန်မြို့နယ် ဦးကျင်ဝမ်း- ဝ ဒီမိုကရက်တစ်ပါတီ၊ မိုင်းယန်းမြို့နယ် ဦးစိုင်းဆမ် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ၊ ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် ဦးအုန်းလွင် NLD ပါတီတို့ အနိုင်ရခဲ့တယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ည ၉ နာရီမှာ

" ရွေးကောက်ပွဲ ကော်မရှင်က မကြေညာသေးပေမယ့် နောက်ထပ် သိရှိရတဲ့ နေရာတွေနဲ့ ပြည်နယ် တချို့က ရလဒ်တွေကတော့ "


 အကြိတ်အနယ် နေရာတစ်ခု ဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ဇာတိ ကျောက်ဆည်မှာ နောက်ဆုံးရလဒ်အရ NLD ပါတီကပဲ အနိုင်ရသွားတယ်လို့ မဲရုံ စောင့်ကြည့်လေ့လာသူ ဦးခင်မောင်မြင့်က ဘီဘီစီကို ပြောပါတယ်။
---------------------
ချင်းပြည်နယ် အမျိုးသား လွှတ်တော်အတွက် အမတ်နေရာအား အားလုံးမှာ NLD က အနိုင်ရတယ်လို့ ချင်းဝေါလ် သတင်းထောက်ချုပ် ဆလိုင်း ကျော်မိုးက ပြောပါတယ်။
---------------------
ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက လောလောဆယ် အနိုင်ရနေတဲ့ နေရာတွေလည်း ရှိနေတာ သိရပါတယ်။

မွန်ပြည်နယ် မုဒုံ မြောက်ပိုင်း မဲဆန္ဒနယ်မှာ ကြံ့ခိုင်ရေး ပါတီက ဦးအုန်းမြင့်က NLD ကိုယ်စားလှယ် ဒေါ်မြသင်္ဂီကို မဲအသာစီးနဲ့ ဦးဆောင်နေပါတယ်။ မဲတွေ အားလုံးတော့ ရေတွက်လို့ မပြီးသေးဘူးလို့ မုဒုံက အငြိမ်းစား ကျောင်းဆရာ တစ်ယောက်က ပြောပါတယ်။
---------------------
ကရင်ပြည်နယ် ဖာပွန်မြို့မှာလည်း လွှတ်တော် ၃ ရပ်စလုံးအတွက် ကြံ့ခိုင်ရေး ပါတီက အနိုင်ရရှိသွားတယ်လို့ သိရပါတယ်။
---------------------
ကော့ကရိတ်မှာပြိုင်တဲ့ ကြံ့ခိုင်ရေးပါတီက ဗိုလ်မှူးကြီးဟောင်း ဦးသူရိန်ဇော်ကတော့ ရှုံးနေတယ်လို့ သိရပါတယ်။

November 9, 2015

"သျှမ်းပြည်နယ်တဝှမ်းလုံး၌ SNLD နှင့် NLD အပြတ်အသတ် အနိုင်ရဖွယ်ရှိ "



 နိုဝင်ဘာ ၉ ရက် ၂၀၁၅ ၊ နံနက် ၀၁ ၀၀ နာရီ

 နိုဝင်ဘာ ၈ ရက် ၂၀၁၅ ပြန်ထောင်စု မြန်မာနိုင်ငံတဝှမ်းလုံး၌ကျင်းပသော ပါတီစုံ ဒီမို ကရေစီ အထွေထွေရွေးကောက်ပွဲ တွင် သျှမ်းပြည်နယ်၌ ကျင်းပ သည့် မြို့နယ် ၄၀ ကျော် အနက် အတိုက်အခံပါတီများဖြစ်သည့် ခွန်ထွန်းဦး ဦးဆောင်သည့် ကျားခေါင်းပါတီ SNLD နှင့် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင် သည့် NLD က အပြတ်အသတ် အနိုင်ရဖွယ်ရှိသည်ဟု သိရသည်။

သျှမ်းပြည်မြောက်ပိုင်း မူစယ်၊ သိန္နီ၊ လားရှိုး၊ မိုင်းရယ်၊ နမ့်တူ၊ သီပေါ၊ ကျောက်မဲ၊ သျှမ်းပြည်တောင်ပိုင်း တွင် မိုင်းကိုင်၊ လဲချား၊ နမ့်စန်၊ ကွန်ဟိန်း၊ မိုးနဲ၊ လင်းခေးတို့တွင် သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ခေါ် ကျားခေါင်း ပါတီက အနိုင်ရဖွယ်ရှိကြောင်း တက်ကြွလှုပ်ရှားသူပါတီဝင်လူငယ်များကပြောသည်။

“သေခြာတာကတော့ မြောက်ပိုင်း ၅ မြို့နယ်၊ တောင်ပိုင်း ၅ မြို့နယ် ပေါ့။ တခြားတော့ ကြိုတင်မဲ ကြောင့် စိုးရိမ်မှုတွေ ရှိနေသေးတယ်။ တချို့ဆိုလဲ ဖုန်းခေါ်တာ လုံးဝ မရသေးတော့ ဘာမှ မပြောနိုင်သေးဘူး” - ဟု ကျားခေါင်းပါတီ ပြောရေးဆိုခွင့်ရှိသူ စိုင်းလိတ် က ပြောသည်။

နမ့်ခမ်းမြို့နယ် မှလွဲပြီး ကျားဖြူပါတီ အနိုင်ရမည့်သတင်းကိုမူ ယခုသတင်းရေးသားချိန်အထိမကြားရသေးပေ။

တောင်ကြီးခရိုင် မြို့နယ်အများအပြား၊ တာချီလိတ်ခရိုင် မြို့နယ် အများ အပြား၊ ကျိုင်းတုံခရိုင်မြို့နယ် အများအပြား နှင့် မိုင်းဆတ်ခရိုင်မြို့နယ် အချို့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က အနိုင်ရ ဖွယ်ရှိပြီး၊ ထိုအထဲမှ မြို့နယ်တချို့က အစိုးရ ပါတီဖြစ်သည့် ပြည်ခိုင်ဖြိုးပါတီက အနိုင်ရဖွယ်ရှိနေပါသည်။

“ကျနော့်မြို့မှာ မြို့တွင်းဆို သေခြာတယ်။ ဒါပေမယ့် ၀ တပ်ဖွဲ့ ထိန်းချုပ်နယ် ထဲတော့ မပြောတတ်ဘူး။ ကြားထားတာတော့ NLD ကို ပဲ အားလုံးထည့်ပေး တယ်ပြောတယ်” - ဟု ကျားခေါင်းပါတီ ၏ မိုင်းတုံမြို့ နယ် ပြည်နယ် လွှတ်ေ တာ် အမှတ် ၂ အမတ်လည်းဖြစ် ပြိုင်ပွဲဝင် အမတ်လောင်းလဲ ဖြစ်သည့် စိုင်းဝင်းမြတ်ဦး ကပြောသည်။

သျှမ်းပြည်နယ်အတွင်းတွင် မြို့နယ် ၅၅ မြို့နယ် အနက် ၀ ကိုယ်ပိုင်အုပ် ချုပ်ခွင့် ရဒေသ ၅ မြို့နယ် နှင့် မိုင်းလားမြို့နယ်၊ လက်ရှိတိုက်ပွဲဖြစ် ပွားေ နသည့် ကျေးသီး၊ မိုင်းရှူးမြို့နယ် တို့တွင် ရွေးကောက်ပွဲ ကျင်းပ ခွင့်မရခဲ့ပေ။

ထို့အပြင် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၂ မြို့နယ်၊ ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ၂ မြို့နယ်၊

"ကြိုတင်မဲ ယူရာမှာ မသမာမှုတွေ ရှိနေတယ်လို့ NLD ပြော"

 
တရားဝင် မဲရလဒ် မထွက်သေးပေမယ့် နေရာ အတော်များများမှာ NLD အနိုင်ရထား ၂၀၁၅ ရွေးကောက်ပွဲဟာ ယေဘူယျ အားဖြင့် အေးအေးချမ်းချမ်း ပြီးဆုံးသွားခဲ့ပါပြီ။

ဒါပေမယ့် ၂၀၁၅ရွေးကောက်ပွဲ ကြိုတင်မဲ ယူရာမှာ ဥပဒေနဲ့ မညီတဲ့ လုပ်ရပ်တွေ ပေါ်ပေါက်နေတယ်လို့ ကြားသိရတဲ့အတွက် ဒီလုပ်ရပ်တွေအပေါ် ဥပဒေအရ အရေးယူ ဆောင်ရွက် သွားမယ်လို့ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ရွေးကောက်ပွဲနေ့မှာပဲ အရေးပေါ် ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ပုသိမ်မြို့နယ် ကျေးရွာတခုမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ က အိမ်တိုင်းစေ့ ငွေတသိန်း ချေးပေးနေပြီး သူတို့ ပါတီ နိုင်ရင် ပြန်ဆပ်စရာ မလိုဘူးလို့ ပြောခဲ့တယ် ဆိုတဲ့ သတင်းကို ရနေကြောင်း၊ ဒီကိစ္စကို NLD က စုံစမ်း စစ်ဆေးနေပြီး ဒီသတင်းမှန်ပါက ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမယ်လို့ အဲဒီ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းမှာလည်း တိုင်းရင်းသား လက်နက်ကိုင်တွေ ရှိတဲ့ ဒေသတွေမှာ လက်နက်ကိုင်တွေက သူတို့ နှစ်သက်တဲ့ ပါတီကိုပဲ မဲပေးကြဖို့ ဒေသခံတွေကို ဖိအားပေးတာတွေ ရှိတယ်လို့ ဒေသခံတချို့က ဘီဘီစီကို ပြောပြပါတယ်။

ရှမ်းပြည်နယ်က မြို့နယ် အတော်များများမှာ အမျိုးသား လွှတ်တော်မှာ ထည့်ရမယ့် မဲစာရွက်တွေကို တိုင်းရင်းသား ရေးရာ ဝန်ကြီး မဲပုံးမှာ မှားထည့်တာမျိုးလို အမှားအယွင်းတွေ တော်တော်များများ ရှိခဲ့တယ်လို့ လည်း ပြောပါတယ်။

မန္တလေးမြို့ မဟာအောင်မြေ အပိုင်း၁ မဲရုံနံပတ် ၅မှာလည်း လိုက်ထရပ်ကား ၆စီးနဲ့ မြို့ဝင် မြို့ထွက်ဂိတ် ဝန်ထမ်း တရာလောက် အုပ်စုလိုက် မဲလာပေးတာကို ရွေးကောက်ပွဲ စောင့်ကြည့်သူတွေနဲ့ ပြည်သူတွေက မသင်္ကာလို့ တားဆီးခဲ့ရာကနေ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့အပြီးမှာ လူ ၆၀လောက်ကို မဲပေးခွင့် ရုတ်သိမ်းခဲ့ပါတယ်။

" မိမိချစ်သူ မိမိအပေါ် သစ္စာမဖောက်အောင် "

 
အသားလေးနှစ်ခု ရှာပါ။ အဆောင်လုပ်မှာဆိုတော့ သေးသေးလေးဆိုရပါတယ်။ အရှည်ကတော့ (2)လက်မလောက်ဆိုရင် ရပါပြီ။ အသားကတော့ ကိုယ်ရဲ့ နေ့နံအသားက တစ်ခုပေါ့။ ကိုယ်စီရင်မယ့် သူရဲ့ နေ့နံအသားက တစ်ခု။ ပြီးရင် အဲဒီ အသားလေးနှစ်ခုကို ကန့်လန်လုပ်လိုက်။ ပြီးရင် ကန့်လန့်နေရာမှာ ကြိုးအမဲနဲ့ ခေါက်ဆွဲတုတ်ချဉ်သလို ပတ်ချဉ်ရမယ်။ ပုံထဲမှာတော့ ကြိုးအစိမ်းဖြစ်နေပါတယ်။ နမူနာ လုပ်ပြထားတာမို့ပါ) အသားလေးတွေ အပေါ်မှာတော့ ဓာတ်မိသွားအောင် ကိုယ့်အသားပေါ်မှာ ကိုယ့်ပုံ ကပ်ပါ။ သူ၏ အသားပေါ်တွင် သူ၏ ဓာတ်ပုံကပ်ပါ။ ပြီးရင် အင်္ကျီအနီလေး ၀တ်ပေးပြီး ဒီလိုပြောရမယ်။ ငါကလွဲရင် ဘယ်သူ့ကိုမှ မချစ်နဲ့။ ငါတစ်ယောက်တည်းကိုပဲ ချစ်ရမယ်။ ငါ့ကိုပဲ စွဲစွဲမြဲမြဲ ချစ်ရမယ်။ အဲဒီလို ပြောရမယ်။ ပြီးရင် ထုံးစံအတိုင်း အိပ်ယာပေါ် ကိုယ့်ခေါင်းအုန်းဘေးမှာ ထားသိပ်ပေါ့။ နေ့နံအသားတွေကတော့ အထူး ပြောနေစရာ မလိုတော့ပါဘူး။ ဒီလောက်ဆိုရင် အဆင်ပြေလောက်ပါပြီ။ အကယ်၍ ဒီအစီအရင်အား

" ကြက်နှင့် ပတ်သက်ပြီး အိုဘားမားနဲ့ တောင်အာဖရိက ဖိုက်တင်ဖြစ်"

 
အမေရိကန်က တင်ပို့သည့် ကြက်နှင့်ကြက်ဥဆိုင်ရာ ပို့ကုန်များကို ကြက်ငှက်တုပ်ကွေး သံသယဖြင့် တောင်အာဖရိက တားမြစ်ထားခြင်းကို ရက်ပေါင်း (၆၀)အတွင်း မပယ်ဖျက်ပေးပါက တန်ပြန် စီးပွားပိတ်ဆို့ အရေးယူရလိမ့်မည်ဟု အမေရိကန်သမ္မတ ဘားရတ် အိုဘားမားက တောင်အာဖရိက အစိုးရကို သတိပေးလိုက်ကြောင်း သိရသည်။
      အမေရိကန်မြေတွင် ကြက်ငှက်တုပ်ကွေး ဖြစ်ပွားသော ပြီးခဲ့သည့် ဒီဇင်ဘာကတည်းက တောင်အာဖရိကသည် အမေရိကန် ကြက်ပို့ကုန်များကို ပိတ်ထားခြင်း ဖြစ်သည်။ ရက် (၆၀)အတွင်း ဖွင့်မပေးပါက တောင်အာဖရိကက အမေရိကန်သို့ တင်ပို့နေသော လိမ္မော်သီး၊ သစ်စေ့နှင့် ၀ိုင်များကို တန်ပြန်ပိတ်ဖို့ဖွယ် ရှိနေသည်။ တောင်အာဖရိကသည် တစ်နှစ်လျှင် ခြံထွက်ပစ္စည်း ဒေါ်လာ သန်း(၂၅၀)ဖိုးခန့် အမေရိကန်သို့ တင်ပို့လျက်ရှိသည်။
      အိုဘားမားက အမေရိကန် လွှတ်တော်သို့ ပေးပို့သော အကြောင်းကြားစာတွင် တောင်အာဖရိကသည် အမေရိကန်
Subscribe

လာလည်သူများ

free counters