♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 13, 2014

(ရန်ကုန်- မန္တလေး အမြန်လမ်းမကြီး ယာဉ်မတော်တဆမှုလျော့ကျစေရေး နည်းပညာမိတ်ဆက် )


အားလုံးမင်္ဂလာပါဗျာ ကျွန်တော်မောင်စိုးလဲပျောက်နေတာ ပိုစ့်တွေမတင်ဖြစ်တာကြာသွားပြီဗျာ အဲဒီအတွက်စာဖတ်သူအားလုံးကို တောင်းပန်းပါတယ်ဗျာ နားလည်ပေးပါနော် ပိုစ့် အမည်ကတော့ (ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ယာဉ်မတော်တဆမှုလျော့ကျစေရေး နည်းပညာမိတ်ဆက်)
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးတစ်လျှောက်ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုများစုမှာ အရှိန်လွန် မောင်းနှင်မှုကြောင့် ဖြစ်ပွားရခြင်းဖြစ်သည်။ သတ်မှတ်နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်း၊ မော်တော်ယာဉ်၏လမ်းကြောင်း မြန်နှုန်းရပ်တန့်ခြင်း၊ ထွက်ခွာခြင်း၊ ယာဉ်မောင်းအခြေအနေများအထိ ထိန်းကျောင်းသတိပေး လမ်းညွှန်းမှုများပါဝင်သော ယာဉ်မတော်တဆမှုကြိုတင်ကာကွယ်ခြင်း အစီအမံနည်ပညာနှင့်ဆက်စပ်ပစ္စည်းများ မိတ်ဆက်ရှင်းလင်းပြသပွဲကို နေပြည်တော်ကောင်စီနယ်မြေ ပလွေးအမြန်လမ်း ရဲစခန်းတွင် ယနေ့ကျင်းပသည်။
B SMART Vehicle Safety Management System ၏လုပ်ဆောင်ချက်နှင့်ဝန်ဆောင်မှုများ၊ ဆက်စပ် ပစ္စည်းများနှင့် Operation Center မှ မောင်းနှင်နေသော ယာဉ်များ၏အခြေအနေကို သိရှိမှု၊ သတိပေး လမ်းညွှန်မှုပြုလုပ်နိုင်တို့ကို B SMART Co.,Ltd. မှ ဦးညီညီမော်က လက်တွေ့ရှင်းလင်းပြသခဲ့ပြီး ရန်ကုန်-မန္တလေး အမြန်လမ်း ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးနေ၀င်းက ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ယာဉ် မတော်တဆမှုများလျော့နည်းလာအောင် စစ်ဆေးပညာပေးအရေးယူမှုများ၊ ကာကွယ်စောင့်ရှောက်မူ များအား ရှင်းလင်းပြောကြားခဲ့သည်။
B SMART Vehicle Safety Management System ကို အာရှတိုက်မှ မလေးရှားနိုင်ငံအပါအ၀င်နိုင်ငံ များနှင့် DHL ကဲ့သို သယ်ယူပို့ဆောင်မှုလုပ်ငန်းကွန်ရက်များတွင် အသုံးပြုလျက်ရှိကြောင်း သိရသည် ယင်းနည်းပညာမှာ GPS Satellite နှင့် GSM/GPRS Network တို့ ပေါင်းစပ်၍ မော်တော်ယာဉ်အမြန် နှုန်းအချိန်နေရာ စသည့်အချက်လက်များကို Google Earth ဖြင့်တွဲ၍ တိကျစွာ သိရှိနိုင်ခြင်း၊ ယာဉ်မောင်းမှ သတ်မှတ်နှုန်းထက် ပိုမောင်ခြင်း၊ ကြမ်းတမ်းစွာမောင်းခြင်း၊ အရှိန်ဖြင့်ကွေ့ခြင်း၊ ကြမ်းတမ်းစွာဘရိတ်အုပ်ခြင်း၊ ရုတ်တရက် အရှိန်မြှင့်မောင်းနှင်းခြင်းကဲ့သို အပြစ်ကျူးလွန်မှုများကို အချိန်နေရာနှင့် ကျူးလွန်သည် အကြိမ်အရေအတွက်ကိုပါပြသပေးပြီး ယာဉ်မောင်းများ၏ စည်းကမ်း လိုက်နာမှုအားနည်းသော ယာဉ်မောင်းများအား ကြိုတင်သတိပေးအရေးယူနိုင်သဖြင့် မတော်တဆမှု များလျှော့ချနိုင်သကဲ့သို ယာဉ်မောင်းနှင့် ယာဉ်လိုင်းအား ထိရောက်စွာ အရေးယူအပြစ်ပေးနိုင်မည်။
ထို့အပြင် မော်တော်ယာဉ် ကြံ့ခိုင်ရေး၊ ပြုပြင်ထိန်းသိမ်းရန် အချိန်နှင့် အချက်အလက်များ တာဝန်ရှိ ယာဉ်မောင်းမှအပအခြားသူဝင်ရောက်မောင်းနှင်းခြင်း မပြုနိုင်ရန် လုံခြုံရေး အစီအမံများ ယာဉ်မောင်း နှင့်ယာဉ်၏ လိုင်စင်သက်တမ်းအာမခံသက်တမ်းဆိုင်ရာ သတိပေးဖော်ပြမှုများအပြင် ယာဉ်မတော်တ ဆမှုဖြစ်ပွားပုံအသေးစိတ်ပြန်လည်သုံးသပ်နိုင်မည် Black Box Analysis Report ပါရှိမည်ဖြစ်ပါသည်။

အမြန်လမ်းမကြီး ယာဉ်မတော်တဆမှု ဖြစ်ပွားလျော့နည်းပပျောက်စေရေးအတွက် အမြန်လမ်းရဲတပ်ဖွဲ့ မှကြိုးစားဆောင်ရွက်လျက်ရှိရာ ၂၀၁၄ ခု ဧပြီလတွင် မတော်တဆမှု ၆၀၊ သေဆုံး ၃၃၊ ဒဏ်ရာရ ၁၃၉ ရှိရာမှ မေလတွင် မတော်တဆမှု ၄၀၊ သေးဆုံး ၂၃၊ ဒဏ်ရာရ ၉၂ ရှိခဲ့ပြီး ဇွန် ၂၃ရက် အထိ မတော်တဆမှု ၁၉၊ သေဆုံး ၂ဦး၊ ဒဏ်ရာရ ၁၆ဦးရှိရာ ၃း၂း၁ အထိ လျှော့ချနိုင်ခဲ့ကြောင်း၊ မတော်တဆမှုဖြစ်စဉ်များ လျှော့ချရာမှ ပပျောက်သည်အထိဖြစ်စေလိုကြောင်း၊ သက်ဆိုင်ရာဌာန အသီးသီနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ရာ ယခုကဲ့သို နည်းပညာများ၊ယာဉ်လိုင်းများ၊ယာဉ်မောင်း များ ပူးပေါင်းမှုရှိလာပါက ပိုမိုထိရောက်အောင်မြင်မည်ဖြစ်ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့ ရဲမှူးကြီးနေ၀င်း ပြောကြားခဲ့သည်။
အဆိုပါ နည်းပညာအသုံးပြုမည်ဆိုပါက အမြန်လမ်းတစ်လျှောက် မိုဘိုင်းဆက်သွယ်ရေးလမ်းကြောင်း များ ပြတ်တောက်မှုမရှိ ကောင်းမွန်ရန် လိုအပ်ပေရာ ဆက်သွယ်ရေး သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနနှင့်ညှိနှိုင်းရမည်ဖြစ်ပြီါ် အဆိုပါ နည်းပညာ စတင်အသုံးပြူမည်ဆိုပါက ခရီးသည်တင်ယ်ာများတွင် စတင်တပ်ဆင်မည်ဖြစ်ကြောင်းနှင့် ယခုအချိန်တွင် B SMART ယာဉ်မတော်တဆမှုကာကွယ်ရေး အစီအမံ နည်းပညာကို အမြန်လမ်းရဲတပ်ဖွဲ့ မော်တော်ယာဉ်များနှင့် ဧရာဝတီခရီးသည်တင်ယာဉ်လိုင်းတို့တွင် တပ်ဆင် အသုံးပြုလျက်ရှိကြောင်း သိရသည်။ (သတင်းနှင့်ဓာတ်ပုံ-ကိုကိုနေ)
မောင်စိုးဆက်သွယ်ချင်တဲ့ဆိုရင်တော့ mgsoemin1995@gmail.com ကိုဆက်သွယ်နိုင်သလို့ မောင်စိုးဖုန်းနံပါတ်ကတော့ 09250370904 ဖြစ်ပါတယ်... ကျွန်တော်ဆရာမပာုတ်ပါဘူးဗျာ ပညာသင်တုံးပါ ကားအကြောင်းနဲ့ပတ်သက်ပြီးတော့ဗျာ


No comments:

Subscribe

လာလည်သူများ

free counters