♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 16, 2014

" တခါ ဝယ်လျှင် ဗူးနှစ်ဗူး အိမ်သယ်လာရသော နို့ဆီ"

လောကမှာ ကြုံတွေ့ရသည့် ဖြစ်ရပ်များကတော့ ပြောမဆုံးပေါင်တောသုံးထောင် ကျော်လိမ့်မည်။ ထိုအထဲမှာ ကျွန်တော်ကြိုက်နှစ်သက်သော နို့ဆီလည်း တစ်မျိုးအပါအဝင်ဖြစ်သည်။    ကျွန်တော်နို့
ဆီကို အလွန်နှစ်သက်ပါသည်။  ငယ်ငယ်နို့ဆီဆိုလျှင် အလွန်ရှားပါးသော ပစ္စည်းတမျိုးဖြစ်ခဲ့ပါသည်။

ယင်တအုံအုံ ချက်နို့ဆီ ချဉ်ဖောက်ဖောက်ကို အလွန် လွယ်ကူစွာဖြင့် ဝယ်ယူလို့ရနိုင်သော်လည်း ဗူး
နို့ဆီ ကိုကား သမဝါယမက ခွဲတမ်းဖြင့် ကံကောင်းလျှင်ရတတ်ပါသည်။    ကျွန်တော် ဆိုသည့် ကျွန်
တော်ဆိုသည်ကား ညနေဘက် နို့ဆီစမ်းပြီး ထမင်းစားမှ အစာဝင်သည်။    အိမ်မှာ နို့ဆီမရှိလျှင် လူ
ကြီးများက နို့ကိုပျစ်နေအောင်တည်ကာ ထမင်းထဲထည့်စမ်းပေးကာ ကြံသကာအမှုန့်ထောင်းပြီး ဤ
လူဆိုးကို ကျွေးမွေခဲ့ကြသည်။ တရက် သမဝါယမကနေ နို့ဆီနှင့် တခြားပစ္စည်းများကို အိမ်ကလူကြီး
တွေ ထုတ်ခဲ့ကြသည်။ နို့ဆီဗူးကို အိမ်ထရံပေါ်မှာရှိသည့် တန်းပေါ်မှာ တင်ထားကြပြီး ကာလအတန်
ကြာသည့်အထိ မည်သူကမျှ ဂရုမစိုက်ဘဲ ထားထားသည်။ ကျွန်တော်လည်း ချက်နို့ဆီနှင့် နှစ်ပါးသွား
နေရသည်။ တရက်ဗူးနို့ဆီကို အလွန်သောက်ချင်သည့် စိတ်ဆန္ဒက ပြင်းပြလာသည့်အတွက် လူကြီး
တွေမသိအောာင် ဘယ်လိုလုပ်ရမလဲဟု စဉ်းစားနေရာမှ အကြံဝင်လာခဲ့သည်။ အိမ်ထဲဝင်ပြီး အပ်တ
ချောင်းကို ယူပြီး နို့ဆီဗူးရဲ့ နှုတ်ခမ်းနှင့် ကပ်လျက် အပ်ထောက်ကာ ဓါးဖျားနှင့် ဖောက်လိုက်ရာ အ
ထဲမှ နို့ဆီများ ပေါ်ကိုထိုးတက်လာပါသည်။ ဘေးတချက်စီကြည့်ကာ တုံတုံယင်ယင်နှင့် အမြန်စုပ်ပြီး
မော့လိုက်ပါတယ်။ လူမိသွားမစိုးလို့ အမြန်စုပ်ပြီးသောက်သော်လည်း အတွင်းက နို့ဆီအပေါ်တက်
လာသည်ကမရပ်သေး သဖြင့် ဆက်ကာဆက်ကာ သောက်လိုက်မှ အထွက်ရပ်သွားသည်။ အပေါက်
ကိုလူသိမှာစိုးတဲ့ အတွက် ထမင်းစေ့နှင့်ပြန်ပိတ်ပြီး ထားလိုက်ပါတယ်။ ဒီလိုဒီလိုနှင့် သောက်လိုက်
ပိတ်လိုက်နှင့် ထားထားရာ တရက် အိမ်မှာ မုန့်လုပ်ဖို့အတွက် အဒေါ်ဖြစ်သူကနို့ဆီဗူးကို လှမ်းယူ
လိုက်သည့်အခါ လက်ထဲ့ အပေါ့အပါးကြီးပါလာသည့်အတွက် သူ့လက်ထဲတမျိုးကြီးခံစားမိလိုက်
သည်တဲ့။ သူလည်းအလွန်အံ့သြနေပြီး အပေါက်လဲမရှိ နို့ဆီကလည်းအထဲမှာ မရှိ ဖြစ်နေတော့အ
လွန်ဘဲ အံ့သြနေပြီးသေချာကြည့်လိုက်တဲ့အခါ အပေါက်သေးသေးလေးကိုတွေ့သွားပြီး ကျွန်တော့်
လက်ချက်မှန်းသိသွားတော့ အဆူခံထိရပါတော့တယ်။
အခုလည်းတခါ နိုင်ငံခြားရောက်တော့ နို့ဆီစားချင်တာနှင့် လမ်းထိတ်က corner shop မှာ" နို့  ဆီ"
သွားဝယ်ပါသည်။    သူ့ဆိုင်မှာ ဘယ်အခါမဆို သွားဝယ်လိုက်တိုင်း ဆိုင်ရှင်က ကျွန်တော့်ကို ဗူးနှစ်
ဗူးအိတ်ကြီးထဲ ထည့်ပေးလိုက်ပါသည်။        ကျွန်တော်က တစ်ဗူးထဲ အလိုရှိပေမင့် သူက နှစ်ဗူးကြီး
တောင် ထည့်ထည့် ပေးသည် အိမ်ရောက်လို့ အိတ်ဖွင်ကြည့်သည့် အခါ ကျွန်တော်ကြိုက်သော နို့
ဆီမဟုတ်ဘဲ တခြားနို့ဆီတွေသာ ဖြစ်နေတတ်ပါတယ်။ အဲဒါဘာဖြစ်လို့လည်းမသိပါဘူး။     ကျွန်
တော် လိုချင်တာက တစ်ဗူးထဲပါ....သူကဘာပြုလို့ တခြားနို့ဆီ နှစ်ဗူးကြီးများတောင်ပေးလိုက်တာ
လည်းမသိတော့ပါ။ စိတ်ပျက်တာသာလျှင် အဖတ်တင်သည်။ မတ်ဆွေတို့ရေ သူထည့်ထည့်ပေးနေ
တဲ့ နို့ဆီဗူးကြီးနှစ်ဗူးကိုတော့ 
စိတ်ပျက် စွာဖြင့်.......

No comments:

Subscribe

လာလည်သူများ

free counters