♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 16, 2014

ရန်ကုန်မြို့ ပန်းဘဲတန်း မြို့နယ် - ၃၂ လမ်း၌မြေကျွံကျမှုဖြစ်ပေါ်

ပန်းဘဲတန်းမြို့နယ်၊ (၃၂)လမ်း၌ မြေကျွံကျမှုဖြစ်


ရန်ကုန်၊ အောက်တိုဘာ ၁၆

၁၆.၁၀.၂၀၁၄ ရက်နေ့ ၁၆၁၀ အချိန်ခန့်တွင် ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၁၀) ရပ်ကွက်၊ အနော်ရထာ လမ်းနှင့် ၃၂ လမ်းထောင့်ရှိ အမှတ်(၁၅၈/၁၆၀)၊ နိုင်ဂရု ဆောက်လုပ်ရေးမှ တာဝန်ယူ ဆောက်လုပ် လျက်ရှိသော မြေနေရာ၏ အနောက်ဘက် ၃၂ လမ်း ပလက်ဖောင်းနှင့် ရေမြောင်း ကပ်လျက်နေရာတွင် မြေကျွံမှုဖြစ်ပွားခဲ့ကာ အလျား(၈)ပေ၊ အနံ(၅)ပေ၊ အနက်(၁၂)ပေခန့်ရှိ ကျင်း(၁)ခု ဖြစ်ပွားခဲ့ကြောင်းနှင့် လူ၊ ပစ္စည်း ထိခိုက်ဆုံးရှုံးမှု မရှိကြောင်း သိရှိရပါသည်။

အဆိုပါ မြေကျွံမှုဖြစ်ပွားရာနေရာသို့ ရန်ကုန်မြို့တော်စည်ပင်၊ လမ်းတံတား ဌာနစုမှူးနှင့်အဖွဲ့မှ ၁၆၅၀ အချိန်တွင် ရောက်ရှိပြုပြင်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice



mgsoemin1995@gmail.com

No comments:

Subscribe

လာလည်သူများ

free counters