
တရုတ်နိုင်ငံ စီချွမ်ပြည်နယ်၊ ချန်ဒူးမှာဖွင့်လှစ်ထားတဲ့ Sichuan Vocational and Technical College of Communications ဗိုလ် လောင်းလေ့ကျင့်ရေး သင်တန်းကျောင်းက သင်တန်းတက်ရောက် မည့်ဗိုလ်လောင်း သင်တန်းသားသစ်တွေအတွက် စစ်ရေးလေ့ကျင့် မှုအပြင် စည်းကမ်းတင်းကြပ်တဲ့ နေထိုင်မှုဆိုင်ရာသင်တန်းများကို အတင်းအကြပ်ခိုင်းစေ သင်တန်းပို့ချပါတယ်။
တပ်ကြပ်ကြီး စီပန်ရဲ့ သူ့ရဲ့တပ်သားသစ် ဗိုလ်လောင်းတွေအတွက် ပြင်းထန်တဲ့ အမိန့်စည်းကမ်းတွေကို ထုတ်ထားပါတယ်။ စစ် ဘက် ရေးရာ သင်တန်းများအပြင် တစ်ကိုယ်ရည်တစ်ကာယစွမ်းဆောင် ရည်အတွက်လည်း သင်တန်းပို့ချနေပါတယ်။

အိပ်ခန်းဆောင်များရှင်းလင်းခြင်း၊ ထမင်းစာခန်းများ၊ ကြမ်းခင်းပြင် များစင် ကြယ်စွာဆေးကြော သန့်ရှင်းရေးလုပ်ခြင်းတို့အပြင် အဆိုး ဆုံး အိမ်သာရေကမုတ်ကြွေပြားကိုတောင် လျှာနဲ့လျှက်ခိုင်းကာအ တင်းအကြပ်ခိုင်းစေတာပဲဖြစ်ပါတယ်။
ထိုသို့ လိုက်နာမှုမရှိပါက အခြားပြင်းထန်တဲ့ အပြစ်မျိုးကိုခံယူရမှာ ဖြစ်တာကြောင့် ဗိုလ်လောင်းတပ်သားတို့မှာ တာဝန်ကျေပွန်စွာထမ်း ဆောင်ရတယ်လို့ သိရပါတယ်။ ဗိုလ်လောင်းသစ် ဟိုက တပ်ကြပ် ကြီး စီပန်ရဲ့ အမိန့်ပေးခိုင်းစေချက်များအပေါ် ပြန်လည်မေးခွန်း ထုတ်ဖူးခဲ့သမျှကို ပြောပြပါတယ်။
“ကျွန်တော် သူ့ကို ပြန်ပြီးမေး ခွန်းထုတ် ကလန်လိုက်တော့ သူက ဒီ့ထပ်ပြင်းထန်မယ့် လေ့ကျင့် ခန်းတွေ ထပ်လုပ်ရမယ်။ အပြစ်တွေလည်း ခံယူရမယ့်လို့ အမိန့်ပေး တယ်။ နောက် ဒီအိမ်သာရေကမုတ်ကိုလည်း ထမင်း၊ အစားအစာ ထည့်စားလို့ရအောင်ကို ဖြစ်စေချင်တယ်လို့လည်း ပြောတယ်လေ” လို့ ဆိုပါတယ်။
Credit: ဖိုးသူတော် (www.phothutaw.com)
Credit : ဖိုးသူတော် Team မှ ဘာသာပြန်သည်။
No comments:
Post a Comment