
2013 မှာ Miss People ပြိုင်ပြီးအနုပညာလောကထဲဝင်လာပါတယ်။ ငယ်ငယ်ထဲကလူအရမ်းကြောက်ခဲ့တယ်။ အဲ့ဒီ စိတ်ကိုသဘောမကျခဲ့လို့ကိုယ်ကိုကိုယ် Confidence ရှိအောင်ပြိုင်ပွဲတွေဝင်ပြိုင်ခဲ့ပြီးအနုပညာလောက ထဲကိုစတင်ဝင်ရောက်ခဲ့ပါတယ်။ လက်ရှိအနုပညာအလုပ်တွေကိုနည်းနည်းပဲလက်ခံထားပါတယ်။

လက်ရှိတော့ Miss Universe 2015 ပွဲကလဲနီးနေပြီဆိုတော့ အဲဒီ့ဘက်ကိုပဲ အာရုံစိုက်ဖြစ်ပါတယ်။

ကိုယ်အဆင်မပြေတာတွေရှိရင် ကိုယ်အတွက်အဆင်ပြေမှုတွေလာတော့မယ်လို့စဉ်းစားလိုက်ပါတယ်။ ဘယ်အရာမှအမြဲတမ်းကံမဆိုးနေသလို အမြဲတမ်းကံလဲမကောင်းနေပါဘူးလေ။

အလုပ်အားနေတဲ့ အချန်တွေမှာ တော့ အိမ်မှာပဲ အေးဆေးနေဖြစ်တယ်။ TV ကြည့်တယ်။ တခါတလေ ခရီးထွက်ဖြစ်ပါတယ်။

ကျန်းမာရေးအတွက်က GYM ကိုနေစဉ်သွားတယ်။ အစားအသောက်တွေကိုဂရုစိုက်ပြီးစားဖြစ်ပါတယ်.

ဘဝမှာ အလေးစားဆုံးလူကတော့ အမေပါ။ ကိုယ်အတွက်အရာရာကိုသင်ကြားပြသပေးသလို ကျွန်မရဲ့အားနည်းချက်တွေကိုလဲ ကျွန်မထက်မြင်တယ်။ အမေက ကျွန်မရဲ့ အားနည်းချက်တွေ ကို ပြုပြင်ပြောင်းလဲဖို့ အမြဲ လမ်းပြပေး အားပေးနေလို့ အခုလို ရပ်တည်နိုင်တာပါ။

အပြင်သွားရင် မရှိမဖြစ် ပါရမယ့် ပစ္စည်းတွေက တော့ ဖုန်း နဲ့ မျက်မှန်ပါ။

သဘောကျတဲ့ ယောကျာ်း မျိုးက . . .
ပြင်ပသွင်ပြင်.စိတ်ဆိုတာက အပြင်ပိုင်းကိုကြည့်တာနဲ့မသိနိုင်ဘူးလေ။ နားလည်မှု၊ကိုယ်ကျင့်တရား ကောင်းမွန်ပြီး ချစ်တတ်တဲ့နှလုံးသား ရှိပြီး ကိုယ်အပေါ်ဦးဆောင်နိုင်တဲ့သူ မျိုး ကို သဘောကျပါတယ်။

ယောက်ျားတစ်ယောက်က တစ်ကိုယ်ကောင်းဆန်တယ် . ညှာတာမှုမရှိ. သစ္စာမရှိဘူး ဆိုရင် တော့ ယောကျာ်း ကောင်းလုံး ဝမပီသတော့ပါဘူး။

အားပေးတဲ့ ပရိတ်သတ်များ အတွက် . . .
အမြဲတမ်း Facebook တော့သုံးပါတယ်။ MayBarani Thaw နာမည် နဲ့ ရှာကြည့်လို့ ရပါတယ်။

Fan တွေကို လည်း အားပေးတဲ့ အတွက်အများကြီးကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ ပြိုင်ပွဲနီးလာတော့ အနုပညာအလုပ်တွေသိပ်မလုပ်ဖြစ်တာ Sorry ပါ။ ဆက်ပြီးအားပေးပါဦးနော်။
No comments:
Post a Comment