♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 4, 2014

ကိုဓါတ်ဗူးနှင့် မယ်တိန်ညင်


   “ကိုဓါတ်ဗူး နှင့် မယ်တိန်ညင်”
ကိုဓါတ်ဘူးက......သူ့မိန်းမ..မယ်တိန်ညင်ကို.......တော်တော်ကြောက်ကဒယ်ဒဲ့.. ဘာပြုလို့လဲဆိုဒေါ့
သူ့မိန်းမကသူ့ထက်.......အသက်ငါးနှစ်လောက်လဲကြီးဒယ်.....ပြောရရင်.....ငယ်ချစ်လဲဖြစ်သလို.....
ငယ်နိုင်လဲဖြစ်နေပြန်တယ်..........
တနေ့ .......သူ့မိန်းမဂသူ့ဂို.......အိုးဆေးဖို့မှာသွားဒယ်......ကိုဓါတ်ဗူးရေ.......ကျုပ်စပါးအကြွေးပေး
ထားတာ.......သွားကောက်လိုက်ဦးမယ်.....ရှင်အိုးတွေဆေးထားလိုက်....ကျုပ်ပြန်လာလို့မပြီးသေးရင်
ကျုပ်လက်နှင့်တွေ့မယ်........လို့ပြောပြီး....ကြောက်စရာ...မျက်စောင်းဂြီး..တချက်ထိုးသွားလိုက်တယ်. တယ်......သူဟာအိုးဆေးဖို့နေနေသာသာ.....သူ့မိန်းမလျှော်ခိုင်းထားတဲ့အဝတ်တွေကို.....လျှော်နေတာ
တောင်မပြီးပြတ်သေးပါဘူး.....နောက်ထပ်လုပ်စရာတွေက....ထပ်ပေါ်လာလို့အတော်စိတ်မကောင်းဖြစ်
နေမိတယ်တဲ့...အဲ့ဒိလိုနှင့်အဝတ်ဆက်လျှော်ရင်း................စိတ်ထဲမှာတွေးမိတာက....ငါနွားဖြစ်မိရင်
အကောင်းသားဟု.......စဉ်းစားလိုက်ပြီး..ဟင်းဒါလဲမကောင်းဘူး......သူများခိုင်ဘတ်ဖြစ်နေလိမ်းဦးမယ်.
အင်းခွေဖြစ်ရင်လဲအကောင်းသားဟု..........စဉ်းစားလိုက်ပြီး.......အင်းဒါလဲမကောင်းဘူး.....သူ့အလုပ်
လုပ်ပေးရပြီး.........အစာအဝမကျွေးရင်...နောက်ဖေးတွေစားပြီး......အသက်ရှင်အောင်လုပ်ရဦးမယ်.
အခန့်မသင့်ရင်.....ဝမ်းပျက်နေဒဲ့သူ....သွားထားဒဲ့ဟာဂို....စားမိရင်သေရချေရဲ့......ကိုယ်နေမကောင်း
လို့ အမြီးမနှံ့ပြနိုင်ရင်......အကန်ပါခံရလိမ့်မယ်...ဒါဆိုရင်…..…..ငါကြက်ဖြစ်ရင်ကောင်းမှာပဲ..ကြက်မ
တွေအများကြီးနှင့်......ငါပျော်ရလိမ့်မည်......ကြက်မလေးတွေ..ပျိုပျို...စိုစို....အိုအိုပါမကျန်...ငါ့နား
ကပ်နေရမှာ.....ငါဆိတ်သလို...သူတို့ တွေခံရပြီး.....ငါမိန့် တာကို....သူတိုတွေနာခံကြရမှာ....အဟီး
ဟန်ကျသကွာ....ငါဟဲ့....ကြက်ဖ...လာကြစမ်းနော်....အင်းးး ကြက်ဖကြီး...ဖြစ်ရတာတော့ ကောင်း
ပေမယ်လို့...........အိမ်ကိုဧည့်သည်ထူးရောက်လာရင်.........ဥဥတဲ့ကြက်မတွေအစား....ငါ့ဘက်ကို
အိမ်ရှင်စုတ်က.......မျက်စောင်းထိုးလာလိမ့်မည်......ငါဟာသူများစားဖို့ဟင်းဖြစ်ရချေလရဲ့...ငါ့အသွေး
ငါ့အသား...တွေကိုစား....အရိုးကိုကိုက်......အဆီကိုစုပ်....အရေကိုမျို.....အနံ့ကိုရှူ....အမွေးကို..ဖုန်
သုတ်တံလုပ်....ငါ့ခန္ဓာတခုလုံး....အသုံးချခံရပြီး.....သူတပါး အငတ်ပါးစပ်နှင့်..နာနာအဝါးခံရပြီး....သူ
များမလွယ်ပေါက်ကနေ......အညစ်အကြေးအဖြစ်..ပြန်ထွက်ခံရတော့မှာဘဲ......အမလေး...ဒါလည်းမ
ကောင်းဘူး......ဒါဆိုရင်......ငါဟာ..လူယောက်ျားရင့်မကြီး........ဖြစ်ရင်ကောင်းမှာ....အိုးငါကိုယ်တိုင်
ယောက်ျားရင့်မကြီးဖြစ်နေပါလျက်.........ငါ့မိန်းမသြဇာငါခံနေရတာတောင်......မမှတ်မိပါလား..အဟီး ဟီး..ဟီးဟီး.......ဒါဆိုရင်ငါဟာ........လှည်းဖြစ်တာပဲကောင်းတယ်ကွာ......ဟုစဉ်းစာလိုက်ပြန်တယ်
အင်းးးလှည်းဖြစ်တာကတော့.......ကောင်းပါရဲ့ဒါပေမဲ့..........ငါ့ပေါ်ကိုမတန်တဆ......ဝန်တွေတင်ရင်
ငါ့ဝင်ရိုးကျိုးရချေရဲ့......မတော်လို့....သူများ...တောထိုင်သွားတဲ့......လက်ဖျံလုံးလောက်ရှိတဲ့..ကျစ်လုံး
ကြီးပေါ်.....ငါကနင်းမိရင်....တလမ်းလုံး.......အနံ့ဆိုးကြီးကပ်လာတော့မှာဘဲ.......လှည်းသမားဆိုတာ
လှည်းဘီးနှင့်.....ဘာတွေဘဲနင်းမိနင်းမိ.....သူတို့က လှည်းဘီးကိုဆေးပေးတာ.....မဟုတ်ဘူး...သူတို့ရဲ့
ခြေထောက်တို့...ဘိနပ်တို့နှင့်....နင်းမိမှ.....မဆေးချင်...ဆေးချင်နှင့်....ဆေးကြောတာ......အင်းးးးးးးး
ဒါဆိုရင်......ကုတင်ဖြစ်တာပဲကောင်းပါတယ်ကွာဟု.......စဉ်းစားလိုက်ပြန်တယ်....အင်းကုတင်ဖြစ်တာ
တော့ကောင်းပါရဲ့........ဒါပေမဲ့ကုတင်ပေါ်တက်ခုန်ရင်ငါကျိုးရချေရဲ့...ကလေးတွေက...လူကြီးတွေကွယ်
တော်တော်လေး.....ကမြင်းကြောထတတ်တာ...ကုတင်မြင်ရင်...တက်ခုန်တော့တာဘဲ........ပဲလှော်သ
မားနှင့်တွေရင်......ငါ့ကိုယ်ပေါ်မှာ......အချိန်ပြည့်.....လေထိုးနေမှာ.....ကလေးအိပ်တဲ့ကုတင်.......ဆို
ရင်တော့........သေးအိုကွဲနှင့်တွေ့ရင်........ဘူတာရုံအနံ့....ထွက်ရချေသေးရဲ့....ဒါလည်း...မဖြစ်ချေဘူး
ဒါဆိုရင်ငါဟာ.............ဖိနပ်ဖြစ်တာပဲကောင်းတယ်.........အင်းဒါလဲမကောင်းဘူး..........ဝဒဲ့လူဂ စီး
လိုက်ရင်...သူ့ကိုယ်အလေးဂြီးဂို......ငါကထမ်းထားရမှာ.....လူဆိုဒါဂ........အဆိုးသား......အိမ်သာထဲ
သွားရင်တောင်......ဘိနပ်စီးသွားလေတော့......သူများစွန့်ထားတဲ့........အညစ်အကြေးတွေက....ဖိတ်
စဉ်ထားတဲ့ယာဒွေဂို....မုချနင်းမိမှာဘဲ......ရွှံ့တို့...ဗွက်တို့....အိုးးးးးးးစုံလို့ပါဘဲ.........အဲဒါတွေကို..နင်း
မှာပါဘဲ.......ဘိနပ်ပျက်ပြီဆိုရင်....ပြင်ကြည့်လိမ့်မယ်....ပြင်လို့မရဒဲ့အဆုံး..........အမှိုက်ပုံးထဲပို့လိုက်
တာဘဲ......ဟင်းးးးးးးး ဒါလဲမဖြစ်ချေဘူးးးးး........သူများဖိနင်းတာပဲခံရပြီး............နင်းဘတ်ကြီးဘဝဂ
တက်မှာ မဟုတ်ဘူး........ဒါဆိုရင်ငါဟာ......... အိမ်တိုင်ကြီးဖြစ်သွားရင်ကောင်းမှာဘဲ.......လို့စဉ်းစား
မိပြန်တယ်..အင်းးးးးး……..ဒါလဲမကောင်းပြန်ဘူး........ကြမ်းပြင်ဂြီး တခုလုံးသာမက...........သူ့အပေါ်
မှာရှိဒဲ့......ပစ္စည်းဟူသမျှရဲ့......ဝန်ကိုလည်း......ထမ်းနေရဦးမယ်......ဒီဂြားဒဲ.....ဟိုဟာချိတ်ဖို့......ဒီ
ဟာချိတ်ဖို့ဆိုပြီး......သံချောင်း....တဖုံဖုံနှက်တာဂို...ခံရပေဦးမယ်.....ဒီဂြားဒဲ.........လက်အငြိမ်မနေဒဲ့
သူနှင့်တွေ့ရင်.....အိမ်တိုင်ကို.....ဒါးနှင့်ဟိုခြစ်...ဒီခြစ်လုပ်မဲ့အပြင်.....ဟိုရက်စွဲမှတ်..........ဒီရက်စွဲမှတ်
လုပ်တာဂို.......ခေါင်းဆင်းပြီးခံရဦးမယ်...........တခါ....သူဒို့အဝတ်လှန်းဘို့...........ကြိုးတန်းတန်းရင်
သံနှင့် အနှက်ခံရမဲ့ အပြင်.....အဝတ်ရဲ့ ဝန်ကိုပါပြန်ထမ်းနေရဦးမယ်.......ဒီဂြားဒဲ...........နှာဆေးနေတဲ့
လက်ကမျင်း...အပျင်းဂြီးနှင့်တွေ့ရင်.......နှပ်တွေညစ်ပြီး.....တိုင်ဂိုသုတ်မှာ.....သေချာဒယ်....ဒါဆိုရင်ငါ
ဟာ......ပုဆိုးဖြစ်တာဘဲ......ကောင်းလိမ့်မယ်လို့.........စဉ်းစားပြန်ပေတယ်.ဒါမှငါ့ကိုတယုတယဝတ်မှာ
အင်းဒါလဲမဖြစ်ချေဘူး...ပဲစားထားလိုအီးတဘွတ်ဘွတ်......ပေါက်နေရင်ငါပဲအနံခံရမှာ.....ဒီဂြားဒဲ....ဆီး
မထိန်းနိုင်ဒဲ့သူနှင့်.......တွေ့ရင်....ငါဘဲ သေးအရွှဲခံရမည့်အပြင်...သေးဇော်နံဒါ...ခံရမှာဘဲ.....အင်းးး..ဒါ
ထက်ပိုပြီး......ဓါတ်မခိုင်ဒဲ့လူနှင့်......တွေ့ရင်......အိုးးးး..မစဉ်းဇားဝံ့ဇရာဘဲ.....ဒီဂြားဒဲ...ပေရေကုန်ရင်
ဆပ်ပြာရည်အိုးထဲ......ထည့်ပြုတ်.....လက်ရိုက်ဒုတ်နှင့်....နာနာနှက်......ပြီးတော့...လက်နှင့်..သေလု
မတတ်ညစ်......ပြီးဒေါ့.....တနေကုန်..နေပူလှန်း.......ဒါတင်မကသေးဘူး.....မီးရဲရဲထည့်ထားဒဲ့...မီးပူ
နှင့်....တောင့်ဆင်းနေအောင်...အပူပေးတိုက်ပြန်ဦးမယ်.....

August 28, 2014

တာတေ ဂူဖောက်သူ

တာတေ ဂူဖောက်သူအကြောင်းဖြစ်ပါတယ်ဗျာ သူငယ်ချင်းတို့ကြိုက်မယ်လို့ထင်ပါတယ်ဗျာ
ကျေးဇူးပြုပြီး ကြော်ငြာကလစ်နှိပ်ပေးနော်

https://www.dropbox.com/s/8t9lmfptxbw66bg/t.1.pdf?dl=0

https://www.dropbox.com/s/lrpkkkkn9gtlsbc/t.2.pdf?dl=0

mgsoemin1995@gmail.com

09250370904 ဖြစ်ပါတယ်

ဓါတ်ဆရာ ကိုဖော့စို့ ၏ တနေ့တာဘဝ

               ဓါတ်ဆရာ ကိုဖော့စို့ ၏ တနေ့တာဘဝ

ကျွန်တော့် နာမည်ကဒေါ့ ကိုဖော့ဇို့ပါ……နာမည်ကဒေါ့ ဆန်းနေသလိုဖြစ်နေမှာပါဘဲ…ဒီလိုထားရတာ
ဂလဲ…..ကျွန်တော်ငယ်ငယ်ဂ သိပ်အငိုကြီးဒါဒဲ့…..အဲ့လိုသိပ်ငိုနေရင်…..ပုလင်းဖော့ဇို့တခုသာ…လက်
ထဲထဲ့ပေးထားလိုက်ရင်….အငိုတိတ်သွားလေဒေါ့….အမေက…ကျွန်တော့်ဂို မောင်ဖော့ဇို့လို…အမည်
မှည့်ပေးလိုက်တာပါဘဲ…….
ကဲ……..ကျွန်တော့်ရဲ့ တနေ့တာ ဘဝအကြောင်းလေးကို…..ဖောက်ချပြဂျင်ပါဒယ်…….
မနက်ဖြန် အပြင်ထွက်စရာကလည်းမရှိ….မယားဖြစ်သူ…မကဇွန်းပန်းကလဲ အိမ်မှာမရှိဘူးဆိုဒေါ့အား
မနေပါဘူး……. ခုတလော ဓါတ်က သိပ်ပုံမမှန်တော့………………ဓါတ်ပျော့ဆေး…နှစ်တောင့်ကို ရေ
နှင့်မျိုချပြီး….အိပ်ယာဝင်လိုက်ပါဒယ်….. မနက်ခပ်စောစောထဂျင်ဒေါ့….အိပ်ယာဘေးဂ…ဓါတ်နာရီဂို
နိုးဇက်ချထားလိုက်ပါဒယ်…. မိုးမသောက်မှီမှာဘဲ….ဓါတ်နာရီက…ဓါတ်ခေါင်းလောင်းမြည်သံကို ကြား
ပြီး…အိပ်ယာထဲက ထဘို့ကြိုးဇားလိုက်ပါဒယ်….. မထဂျင်ထဂျင်နှင့်ထပြီး…...ဓါတ်စွန့် ခန်းထဲလှမ်းဝင်
လိုက်ပါတယ်…မျက်နှာကျက်က ဓါတ်မီးချောင်းကိုထွန်းပြီး…..ဓါတ်ယိုခုံပေါ်ထိုင်ချလိုက်ပါတယ်...ဓါတ်
သွားပြီး…..ဆေးကြောသန့်ဇင်ပြီး…..ဓါတ်စွန့်ခန်းက ပြန်မထွက်မှီမှာဘဲ….နောက်ထပ်တခါ..ဓါတ်သွား
ရပြန်ပါဒယ်…ဒီလို…ဒီလိုနှင့် ရှစ်ခေါက်လောက်….ဓါတ်သွားပြီး….ကျွန်တော်လဲ…ပျော့ခွေသွားဒေါ့ဒယ်.
ဒါကြောင့်….မီးဖိုဂျောင်ထဲဂ….ဓါတ်ဆားရည်ဂို ဖျော်သောက်ပြီး….တော်တော်လေးကြာဒေါ့….ဗိုက်စာ
သလိုဖြစ်လာတော့ဒယ်…..မီးဖိုဂျောင်ဒဲဝင်ပြီး……...ဓါတ်ကရားထဲ ရေဖြည့်ပြီး….ရေနွေးတယ်လိုက်ပါ
ဒယ်….လက်ဘက်ရည်ဖျော်ပြီး…ဓါတ်ဖိုထဲမှာ…ပေါင်မုန့်ကင်ပြီး စားလိုက်ပါတယ်………. ရေနွေးနဲနဲဂို
ဓါတ်ဘူးထဲ ထည့်ထားလိုက်ပါဒယ်……အချိန်မရွေး ပူပူလေး ယူသောက်နိုင်အောင်ပေါ့….
စားသောက်ပြီးဒါနှင့်….
စာကြည့်ဂန်းထဲဝင်ပြီး…. ဓါတ်ဖုန်းကိုယူကြည့်လိုက်ပါဒယ်……whatsapp ဓါတ်ကြေးနန်း နှစ်ခုနှင့်..
Viber ဓါတ်ကြေးနန်း နှစ်ခု ရောက်နေဒါနှင့် ဖွင့်ဖတ်ဘို့……ဓါတ်ဖုန်းရဲ့ ကြေးမှုံပြင်ကိုပွတ်ပြီး ဖွင့်လိုက်ပါ
တယ်…အရေးထဲ….ဖုန်းထဲဂ….pen ဓါတ်ကလောင်ဂ ထွက်ကျလာသေးဒယ်….ဂမန်းဂဒန်းဖုန်းထဲပြန်
ထည့်ပြီး….ဓါတ်ကြေးနန်းကိုဖတ်လိုက်ပါဒယ်….. မကဇွန်းပန်းပို့ထားဒဲ့…ဓါတ်ကြေးနန်းပေါ့….သူဂဘာ
ရေးထားသလဲ ဆိုဒေါ့…check the mail ဓါတ်ပေလွှာကိုဖွင့်ကြည့်ပါဒဲ့…….ဒါနှင့်…...ဖွင့်ကြည့်ဖို့လုပ်
တော့…ဓါတ်အားကုန်ခါနီးဖြစ်နေဒေါ့ …ဓါတ်အားသွင်းလိုက်တယ်…ဓါတ်အားသွင်းရင်း..ဖုန်းကို ဖွင့်ရင်
မိုးပေါ်ကလျှပ်စီးလက်ရင်…ဓါတ်လိုက်သေဒတ်တယ်လို့….သဒင်းထဲမှာ..ဖတ်ဖူးဒေါ့….ဖုန်းဂိုမဖွင်ဒေါ့ဘဲ
စဗွဲဗေါ်ဂ laptop ပေါင်တင်ဓါတ်စက်ကိုဖွင့်ဘို့…..လုပ်ပါဒယ်…ဒါဗေမဲ့…အဲဒီပေါင်တင် ဓါတ်စက်ကလဲ
လေးနေဒေါ့….မကိုင်ဂျင်ဒါနှင့်…ipad ပဉ္စလက်ပြားကိုဘဲ…..ဖွင့်ပြီး…ကြည့်လိုက်ပါဒယ်….ဓါတ်ပေလွှာ
(email) ထဲမှာ…
ကိုစို့…..
ရှင်..ဓါတ်နုတ်ထားဒယ်ဆိုဒါ….ဓါတ်သက်ကဲ့လား….. ကျမလဲ…တော့်အတွက်စိတ်ပူမိပါဒယ်…. နို့နေပါ
ဦး…မနက်စာ စားဘို့…ထမင်းဂျော် နှင့် အမဲဂျောက်ဖုတ်ဆီစမ်းထားဒါ..…ရေခဲသစ်တာဒဲ ထည့်ပေးထား
ဒယ်….တွေ့ရဲ့လား…..ကျမ အမေဒို့ဆီမှာ ဒီနှစ်ရက်လုံးနေရေလိမ့်မယ်…တော်လဲ…..တော် သက်သာရင်
ခဝါစက် (washing machine) ထဲ အဝတ်အပေတွေထည့်လျှော်လိုက်ပါ……

August 25, 2014

ရောသမဘောလုံးနှင့် ချစ်ခြင်းရယ်တဲ့ ရင်ခုန်သံ

     “ရောသမ ဘောလုံး နှင့် ချစ်ခြင်းရယ်တဲ့ ရင်ခုံသံ”
တနင်္ဂနွေ နံနက်ပိုင်းက ကစားခဲ့သော ဂါနာ အသင်းနှင့် ဂျာမနီ အသင်းတို့၏ ကမ္ဘာ့ဖလား အုပ်စု ဒုတိယ ပွဲစဉ်၌ တစ်ဂိုး သွင်းယူ နိုင်ခဲ့သော ဂျာမနီ ၀ါရင့် တိုက်စစ်မှူး ကလိုဆေးသည် ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် သွင်းဂိုး ၁၅ ဂိုးထိ ရှိလာ ခဲ့ပြီး ဘရာဇီး တိုက်စစ်မှူးဟောင်း ရိုနယ်ဒိုနှင့် အတူ ဂိုးသွင်း အများဆုံး ကစားသမား ဖြစ်လာခဲ့သည်။ ဘာပဲပြောပြော ဘောလုံးသမား တစ်
ယောက်ဖြစ်ပြီး ကိုယ်ရင်ခုန်တတ်စအရွယ်ကတော့ ကဗျာတွေစာတွေရေးရင်း စိတ်ကူးယဉ်မိတဲ့အချစ်တွေ ရှိခဲ့ဖူးတာပေါ့။ ဒါကို ကိုယ့်လက်တွေ့ဘ၀ထဲ ဆွဲသွင်းခံစားဖို့ရာမှာတော့ သိပ်ကို စွန့်စားရမယ့် အဖြစ်လို့ တွေးကြောက်နေခဲ့မိ တာလေ။ အချစ်ဆိုတာ အပြန်အလှန်ထပ်တူညီစွာ ခံစားရမှသာ ပိုင်ဆိုင်ခွင့်ရသူအတွက် ကြည်နူးဖွယ် အားတက်ဖွယ်ဖြစ်မယ်လို့လည်း ကိုယ်ကမှတ်ချက် ပြုထားတာကိုး။ ကလိုဆေးသည် ထိုသွင်းဂိုး များကို ကမ္ဘာ့ဖလား ပြိုင်ပွဲ လေးကြိမ်အတွင်း ရရှိခဲ့ခြင်း ဖြစ်ပြီး ထိုကမ္ဘာ့ဖလား ပြိုင်ပွဲ လေးကြိမ်၌ နာမည်ကြီး အင်္ဂလန် အသင်း သွင်းယူခဲ့သည့် သွင်းဂိုး စုစုပေါင်းမှာ ၁၇ ဂိုးသာ ရှိခဲ့သည့်အတွက် အင်္ဂလန် အသင်း ပရိသတ်များ အတွက် စိတ်ပျက်စရာ ဂိုးသွင်းနှုန်း ဖြစ်သည်ဟု Sky Sport သတင်းဌာနက ဖော်ပြခဲ့သည်။
ယခုနှစ် ပြိုင်ပွဲတွင်လည်း အင်္ဂလန် အသင်းသည် အုပ်စုအဆင့်မှ ထွက်ခွာခဲ့ ရပြီဖြစ်ကာ အုပ်စုပွဲ နှစ်ပွဲ ကစားခဲ့ရာ၌ သွင်းဂိုး နှစ်ဂိုးသာ ရရှိထားသည်။ အင်္ဂလန် အသင်းသည် ကွာတား ဖိုင်နယ် အဆင့်ထိ တက်ရောက် နိုင်ခဲ့သည့် ၂၀၀၂ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် သွင်းဂိုး ၆ ဂိုးအထိ ရရှိခဲ့ပြီး ၂၀၀၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ၌လည်း ကွာတားဖိုင်နယ် အဆင့်အထိ ရောက်ရှိ ခဲ့ရာတွင် ဒီလိုနဲ့ ကိုယ်တစစ ကြီးပြင်းရင်း ဘ၀လမ်းပေါ် လှမ်းလျှောက်ရင်းနဲ့ ဖြူစင်တဲ့ဘ၀ကို ဂုဏ်သိက္ခာ ရှိရှိ ဖြတ်သန်းမိတဲ့နောက် ကိုယ့်ဘ၀ရဲ့ ငွေရတု သက်တမ်းကို ကျော်လွန်တဲ့နေ့တစ်နေ့မှာ သူ ဆိုတဲ့ ကိုယ့်ဘ၀အတွက် လက်တွဲဖော်ကို အမှတ်မထင်ဘဲ ဆုံစည်းခဲ့ရတဲ့အခါ… ကိုယ်ဟာ အချစ်ဆိုတဲ့အရာအပေါ် အခုလို အဓိပ္ပါယ်ဖွင့်ဆိုမိ
ရင်း သွင်းဂိုး ၆ ဂိုးရရှိခဲ့သည်။ ၁၆ သင်း ရှုံးထွက် အဆင့်ထိသာ တက် ရောက်နိုင် ခဲ့သည့် ၂၀၁၀ ကမ္ဘာ့ဖလား ပြိုင်ပွဲတွင်မူ အင်္ဂလန်အသင်း ၃ ဂိုးသာ သွင်းယူနိုင် ခဲ့ပြီး ရှုံးထွက် အဆင့်တွင် တစ်ဂိုးနှင့် အုပ်စု အဆင့်တွင် ၂ ဂိုး သွင်းယူနိုင် ခဲ့ခြင်းဖြစ်သည်။ အင်္ဂလန်အသင်း အနေဖြင့် ယင်းပြိုင်ပွဲ လေးကြိမ် အတွင်း၌ ရွန်နီ၊ မိုက်ကယ်အိုဝင်၊ ဒီဖိုး၊ ဘက်ခမ်း၊ လမ်းပတ် အစရှိသည့် နာမည်ကျော်များ ပါဝင်ခဲ့ သော်လည်း တိုက်စစ် စွမ်းရည် ကျဆင်းခဲ့ကာ သွင်းဂိုးနည်းခဲ့ သကဲ့သို့ အောင်မြင်မှုဟာ ဘယ်အချစ်ဖြစ်ဖြစ် “အချစ်ဆိုတာ သိမ်မွေ့ နူးညံ့တဲ့ အရာတစ်ခု” အဖြစ် ကိုယ်ကိုယ်တိုင် သတ်မှတ်မိ လိုက်တဲ့ အချိန်မှာတော့ ကိုယ်ဟာ သက်တမ်းသုံးနှစ်ရ အိမ်ထောင်ရှင်မတစ်ယောက်ဘ၀ကို ပိုင်ဆိုင်နေခဲ့ပြီဆိုတာ ကြည်နူးစွာ ခံစားမိပြီးသား ဖြစ်နေပြီလေ။
ဒီလိုကာလလေးကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ ကိုယ့်အတွက် အတိတ်ဆိုတာ အမြဲတမ်းစိမ်းလန်းလျက်ပါပဲ။ သူနဲ့ပတ်သက်တဲ့ အမှတ်တရများစွာကိုလည်း ရင်ထဲ ဦးနှောက်ထဲမှာ နွေးထွေးခိုင်မြဲတဲ့ မှတ်တမ်းအဖြစ် ကိုယ်အမြဲအမှတ်ရနေတာပါ။ အတိတ်ဆိုးဆိုးတွေကင်းခဲ့တဲ့ သူနဲ့ကျွန်မရဲ့ချစ်ခြင်းမှာအင်္ဂလန် အသင်းအတွက် ဂိုးအများဆုံး သွင်းယူခဲ့ကြ သူများမှာ မိုက်ကယ် အိုဝင်နှင့် ဒေးဗစ် ဘက်ခမ်းတို့ ဖြစ် ပြီး ၂ ဂိုးစီ သွင်းယူနိုင်ခဲ့ ကြကာ နာမည်ကျော် တိုက်စစ်မှူး ရွန်နီမှာ ယခုနှစ် တွင်မှ တစ်ဂိုး သွင်းယူနိုင် ထားခြင်းဖြစ်သည်။ တိုက်ဆိုင်တဲ့ခံစားချက်တွေ အပြန်အလှန်နှစ် သိမ့်နွေးထွေးမှုတွေကပဲ နေရာယူနေတာ ပစ္စုပ္ပန်ကာလထိတိုင်ပါပဲ။ ကိုယ့်အချစ်ဟာ သူ့အ တွက် ထာဝရ လိုအပ်နေသလို သူ့အချစ်ဟာလည်း ကိုယ့်အတွက် ထာဝရလိုအပ်နေတာ ကိုယ်တို့နှစ်ယောက်ရဲ့ ထပ်တူကျမှုထဲက အရေးကြီးဆုံးတစ်ခုလို့ ကိုယ်ခံစားမိတယ်လေ။
အမြဲတမ်း ဖန်တီးမှုအသစ်အသစ်တွေအတွက် ဦးနှောက်စားနေရတဲ့သူ့အနားမှာ တွတ်တီးတွတ်တာနဲ့ ရှုပ်ယှက်ခတ်နေတတ်တဲ့ ကိုယ့်ကို သူ ဘယ်တုန်းကမှ ငြိုငြင်ဟန်မပြခဲ့ပါဘူး။ အထူးသဖြင့် သူဖန်တီးနေတဲ့ အနုပညာလက်ရာတိုင်းကို ကိုယ်က အဦးဆုံးခံစားခွင့်ရတတ်တာကိုလည်း ကိုယ်က ကြည်နူးနေရတာပါ။ သူဟာ အနုပညာသမားပီပီ အချိန်တိုင်း ဖန်တီးမှုတွေအတွက် ရင်ထဲဦးနှောက်ထဲမှာ အမြဲတမ်းလှုပ်ရှားနေရတတ်တာမို့ သူ့ဘေးမှာ ကိုယ်ရှိနေတာကို တစ်ခါတစ်ခါ မေ့လျော့နေတယ်လို့ ကိုယ်က အလိုမကျစွာ ခံစားမိတတ်တဲ့အခါ တိုင်း အခုလို ကိုယ်က စကားတွတ်ထိုးတတ်ပါတယ်။

August 21, 2014

JJ ခရီးသည်တင်ယာဉ် လမ်းချော် တိမ်းမှောက်

ဂျေဂျေ ခရီးသည်တင်ယာဉ် လမ်းချော် တိမ်းမှောက်၍ ခရီးသည်အချို့ ဒဏ်ရာရ

 နေပြည်တော် သြဂုတ် ၂၀

 ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်၂၂၁ အလွန်တွင် ယနေ့မွန်းလွဲပိုင်းက ဂျေဂျေ ခရီးသည်တင်မှန်လုံ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားရာ နိုင်ငံခြားသားသုံးဦး အပါအဝင် ခရီးသည် အချို့ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဥတ္တရသီရိမြို့နယ် ပန်းတင် အမြန်လမ်း ရဲစခန်းအပိုင် ရန်ကုန်- မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် (၂၂၁/ ၁) နှင့် (၂၂၁/၂) အကြားတွင် ယနေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်က နေပြည်တော်မှ မန္တလေးသို့ ယာဉ်မောင်း တင်လင်းအောင် (၃၅ နှစ်) မောင်းနှင်လာသည့် ဂျေဂျေ ခရီးသည်တင် မှန်လုံယာဉ်သည် မိုးရွာသွန်းမှုကြောင့် လမ်းချော်ပြီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်း ဘာရီယာတုံးများကို တိုက်ကာ တစ်ဖက် ယာဉ်ကြောသို့ ရောက်ရှိ တိမ်းမှောက်ခဲ့သဖြင့် ယာဉ်ပေါ်ပါရှိသူ အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၁၁ ဦး စုစုပေါင်း ၂၉ ဦးအနက် အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ငါးဦး စုစုပေါင်း၁၇ ဦး ဒဏ်ရာရရှိ (အားလုံး မစိုးရိမ်ရ) ခဲ့သည်။ ဒဏ်ရာ ရရှိသူများထဲတွင် တရုတ်နိုင်ငံသား နှစ်ဦး၊ ဩစတြေးလျ နိုင်ငံသား တစ်ဦး ပါဝင်သည်။

August 19, 2014

"ဥ ဥတဲ့ သဘောင်္သီး"

 “ဥ ဥတဲ့ သင်္ဘောသီး”
ဒီနေ့ ရုံးရောက်တော့ အလုပ်ကလည်းများ…..ခေါင်းစားတဲ့လူကလည်းပေါ….ရာသီဥတုကလည်း ပူလိုက်အေးလိုက်
နှင့်ဆိုတော့..ကိုယ်ခန္ဓာကြီးက ပွလိုက် ကျုံ့လိုက်ဖြစ်နေသရောင်ပါဘဲ….….အလုပ်များပြီး…ဘာလုပ်လို့ ဘာကိုင်ရ
မယ်…ဘယ်က ဘာစလုပ်ရမယ်ဆိုတာကို…ချီတုန်ချတုန်..တုံတုံယင်ယင်ဖြစ်နေတုန်း…...အစ်ကိုဖြစ်သူ ရောသမ
အစ်ကိုကြီးဆီကနေ….whatsapp message တစ်ခုဝင်လာတော့တာဘဲ…......အမလေး လေးလေး!!! ယောင်
ပြီးသွားဖြေမိရင်တော့….အလုပ်ဘဲလုပ်ရမလား……ဒင်းကိုဘဲဖြေနေရမလားးးဘဲ…... သူက တခါတခါ အလိုက်ကို
မသိတတ်ဘူး….မရမက အတင်းချတ်တော့တာဘဲ…..…မက်ဆစ်ဂ်ျဝင်သံတွေကြားရင် မှန်နေဂျောင်ဂြီးဂ…မျက်မှန်
ဂိုင်မဲဂြီးဂို ပင့်ကျော်ကျော်ပြီး လှမ်းလှမ်းကြည့်နေဒတ်တယ်……သတိပေးဒဲ့ သဘောပေါ့….ညည်းကောင်းဂေါင်းနေ.
အလုပ်ဆက်လုပ်ပါ…ဆိုဒဲ့သဘောပေါ့….. ကျမလည်း….မှန်နေဂျောင်ဂြီးဂို ကျေးဇူးတင်ရမလိုဖြစ်နေပြီပေါ့….သူက
ဂျောင်ထဲကနေ မှန်လိုထိုင်ကြည့်နေတတ်တော့…….မှန်နေဂျောင်ကြီးပေါ့…... ဒီနေတော့ မှန်နေဂျောင်ဂြီး မရှိတော့
အစ်ကိုကြီး ကိုပြန်ဖြေလိုက်မိတယ်…….တော်တော်ကြာကြာ မလွတ်တမ်း…..မနားတမ်း သူရွှီးနေတာတွေကို ပြုံးစိ
စိနှင့် ဖတ်ရင်း…..အိမ်ပြန်ဘို့အချိန်တန်တော့…အစ်မဖြစ်သူနှင့် ပေးချတ်ထားပြီး.…ဖိုင်တွေကို သိမ်းလိုက်ရပါတော့
တယ်……
           အိမ်ပြန်ရောက်တော့…အနားယူပြီး…စားစရာတစ်ခုခု ချက်ဖို့ မီးဖိုချောင်ထဲကို ရောက်သွားတယ်….ဗိုက်
ကလည်းစာနေတော့…လက်လှမ်းမှီရာ ဟိုနဲနဲ ဒီနဲနဲ ယူပြီး ပါးစပ်ထဲ ကောက်ထည့်ဝါးရင်းးး သံဇလုံထဲထည့်ထားတဲ့
သင်္ဘောသီး အစိမ်းခပ်ဝဝဂြီးကို တွေ့လိုက်ရပါတယ်…….ဒါနှင့် ဟန်ကျဒါဘဲ…ငါသင်္ဘောသီးသုပ် သုပ်စားဦးမှ ဆိုပြီး
အံဆွဲထဲ ထည့်ထားတဲ့ ဓါးကိုယူပြီး စဉ်းနှီးတုံးပေါ်တင်ထားလိုက်တယ်…..သင်္ဘောသီးဂြီးဂီုမတော့ တော်တော်လေး
လေးဒါဘဲ……မနိုင့်တနိုင်မပြီး သင်္ဘောသီးရဲ့ ဂေါင်းဗိုင်း( အညာရှိဒဲ့ဘက်) ကို ဒါးနှင့် အားယူပြီးဖြတ်လိုက်ပါတယ်..
အဲ့လိုဖြတ်လိုက်တော့…..အတွင်းဘက်က အစေ့တွေ ထွက်မလာဘဲ အခေါင်းလေးဖြစ်နေတယ်..အခေါင်းပေါက်ကို
ချဲ့လိုက်တော့……..အမလေးးးးးလေးလေးးးးး ကျမရဲ့ဦးခေါင်းဟာ အိုးထိန်းဇက်ဂြီး လည်သလို လည်ပတ်သွားတော့
ဒါဘဲ…..အသက်ရှူတာရပ်လုမတတ်ပါဘဲ…ခြေဖျား လက်ဖျားတွေ အေးစက်ကုန်တာပါဘဲ...…ဒီကြားထဲ မျက်ခုံး
တွေလှုပ်ကုန်သလားဘဲ…တော်တော်ကြာကြာမှင်သေသေဖြစ်သွားမိပါတယ်…...သင်္ဘောသီးအစိမ်းဂြီးထဲက ကြက်
ဥအရွယ်လောက်ကြီးဒဲ့ “ဥဂြီး”ဒွေ ကိုတွေ့လိုက်ရပါတော့ဒယ်…..

August 17, 2014

နွားကျောင်းသားနှင့်ညားတဲ့ နွားမပျို

    လူဖြစ်သွားတဲ့ နွားမပျို
အားလုံးဘဲ မင်္ဂလာပါဗျာ။ ကျွန်တော် မောင်စိုး ပုံပြင်လေး တစ်ပုဒ် ရေးသားတင်ဆက်ထားပါတယ်။ ပုံပြင်လေး ဖြစ်လာ
ဘို့အတွက် ဇာတ်အိမ်လေးကို ရောသမ အစ်ကိုကြီးကပေးထားပါတယ်။ မောင်စိုး တစ်ယောက် ဇာတ်အိမ်ထဲက ဇာတ်
လှေကားလေးပေါ်တက်ပြီး ဇာတ်အပေါ်ထပ်ကိုရောက်သွားပါတယ်။ ဇာတ်အပေါ်ထပ်က ဇာတ်အခန်းကြီးထဲဝင်ပြီးတော့
ဇာတ်တံခါးလေးကို ဖွင့်ပါတယ်၊ ပြီးတော့ ဇာတ်ဝရန်ဒါဘက်ထွက်ပြီး ဇာတ်ကလထိုင် ပေါ်အသာလေး ဟန်ပါပါထိုင်ပြီး
ဇာတ်ပရိသတ်ကြီးကို ဇာတ်ကြောင်းလေး တင်ဆက်ပါရစေ……..ဇာတ်အကြောင်း ပဏာမချီရတာကိုက….ဟူးးးးးးးးးး
မောလိုက်တာ ….အဟွတ် အဟွတ်…ဖွတ်…အဟီးဟီဟီး… စောရီးပါ… မတော် လေချော် ချစ်ပရိတ်ဖော်တို့ရေ…….
ဟိုးးးးးးး လွန်လေပြီးသော…..ဟိုးးးးးးး ကုန်လွန်ပြီးသော မနေ့ကပေါ့… ဟိုးးးးးနိုင်ငံဂြီး တစ်နိုင်ငံမှာ တောဂြီး တစ်ဒေါရှိ
ဒယ်ဒဲ့….အဲဒိတောဂြီးဂို တောဂြီး မြက်မဲလို့ ခေါ်ပါသဒဲ့……အဲ့ဒီတောဂြီးရဲ့ အနီးအနားမှာ ဟိုဒင်းရွာဂြီးဆိုတာ ရှိပါသဒဲ့
အဲဒိ ဟိုဒင်းရွာမှာ…..ကိုဟဝှါဆိုတဲ့ နွားကျောင်းသား တစ်ယောက်ရှိသဒဲ့….. သူဂ နွားတွေကို တောနားက ဇဂျက်မြေ
မှာ သွားကျောင်းပါဒယ်ဒဲ့…. သူ့ရဲ့ နွားတွေထဲမှာ… သိပ်လှတဲ့ နွားမဒန်းလေး တစ်ကောင်လည်းရှိသဒဲ့… နွားသိုးဂြီးဒွေဂ
အဲ့ဒိနွားမဒန်းမလေးကို မြင်ပြီး ပါးစပ်မှာ အမြှုပ်တစီစီထအောင် ငန်းငန်းတက်မတ စိတ်ဝင်စားကြပါသဒဲ့….ဒါပေမဲ့ နွားမ
လေးက သူ့အနားဂို နွားသိုးဇော်နံနေတဲ့ ဘယ်နွားဂိုမှ အကပ်မခံဘူးဒဲ့…..သူက သိပ်အသန့်ကြိုက်တာဒဲ့….ဒါကြောင့်သူ့
အမည်ဂို…. “ဖွေးလက်ဖြူစင်” လို့ မည့်ခေါ်သဒဲ့…… အဲ….အင်းးး…အဲဒါနှင့်…. မနေ့က အစာစားဖို့ ဇဂျက်မှာ လွတ်
ထားတဲ့အခါမှာ….ဖွေးလက်က ပြေးထွက်ပြီး တောထဲဝင်သွားသဒဲ့…..နွားကျောင်းသားကိုဟဝှါက…ဖွေးလက်ကိုလှမ်း
ကြည့်နေတယ်ဒဲ့….ပျောက်သွားမှာစိုးလို့ပေါ့……အဲ့ဒါနှင့် ……ရုတ်တရက် မြက်စားနေတဲ့ ဖွေးလက်ဟာ…နွားအသွင်
ကနေ…ရုတ်ချည်း လူ့အသွင်ပြောင်းသွားပါသဒဲ့…ဘာအပင်ကိုစားမိလိုက်တယ် ဆိုဒါမသိလိုက်ပါဘူးဒဲ့..ကိုဟဝှါလည်း
အန်….အင်…..အိုးးးးးးးးးး……အဲ…အဲ……ဟာာာာာ..…ဆိုဖြစ်နေပြီး.သူ့ရဲ့ ပါးစပ်ဂြီးဟာ..အဟောင်းသားဖြစ်ပြီး..ပါး
စပ်ထဲ ဝါးနေတဲ့ ဖရဲသီးစေ့ တစေ့ဟာလည်း မြေဗြင်ဗေါ်ဂို အသံကျယ်လောင်ဇွာနှင့် ကျသွားသဒဲ့…. အဲ့ဒိဖရဲဇေ့ကျသံ
ကိုကြားပြီး…မြက်ဖုတ်ပေါ်မှာ နွားတွေသန့်စင်ခန်းဝင်ပြီး….ချသွားဒဲ့ ဟိုဒင်းအပုံ….မြေသြဇာပုံပေါ်မှာ နားနေတဲ့ ယင်
တစ်အုပ်လည်း..အရေးပေါ် အခြေအနေ ကျေညာပြီး ထွက်ပြေးသွားဂြသဒဲ့… အလုပ်ပိတ်ရက်မှာ တောဇပ်ထိုင်ဗြီး ခွါ
သဲဆိုးဆေး ဆိုးနေတဲ့ ဆင်မဂြီး တစ်ဂေါင်ဟာလည်း…. လန့်ဖြန့်ပြီး အနီးမှာရှိတဲ့ ချုံထဲမှာ ဝင်အောင်းနေပါသဒဲ့...အဲ့ဒါ
နှင့် ဇဂါးဂို ရှေ့ပြန်ဆက်ရရင်ဒေါ့….ဖွေးလက်ဟာ ပေးရက်စရာမရှိအောင် လှပလွန်းသဒဲ့….သူဟာ နျူးဇီလန်က နို့ဇားနွား
မျိုးဖြစ်တဲ့ အတွက် အသားအရည်…ကိုယ်လုံးကိုယ်ဗောက် ကစပြောဇရာမရှိအောင်လှပတဲ့ နွားမဒန်းလေးဆိုဒေါ့…လူ့အ
သွင်ပြောင်းလာတဲ့အခါ…အသားက ပန်းရောင်..ဇဗင်က ညိုမှောင်မှောင်…ခြေဒံက ဖြောင့်ဖြောင့်..လည်ဒိုင်ဂ ကျော့ရှင်း
မျက်လုံးဂ ဝိုင်းကျယ်ကျယ်…အကြည့်ဂ ရွှန်းရွှန်း…..အထိက နုနှောင်း…လက်တံက…သွယ်သွယ်..နှာဒံက ဖြောင့်စင်း..
အသံဂ စွဲနစ်…အရှေ့ကြည့်လည်း..ဖြီးဖြီး…အနောက်ကြည့်လည်းဖြီးဖြီးဂြီး…ဆိုဒေါ့….ကိုဟဝှါ့ခမျာ…နွားဗြာဂြီးအောက်
သွားမရှိသလိုဖြစ်သွားသဒဲ့….သူဘယ်လိုဖြစ်သွားမယ်ဆိုဒါဂို…စာရှုသူ ညီအကို မောင်နှမများ....သိရှိခံဇားနားလည်နိုင်
မယ်လို့ ထင်ပါဒယ်……(Nose box လို့လည်း မထင်လိုက်ပါနှင့်လို့…..အနုပညာမြောက်အောင် ရေးပြရတာပါခင်ဗျာ)..
ဖွေးလက်လည်း တွေးရက်စရာမိရှိအောင်….ပြောင်းလဲသွားခြင်းခံရဒေါ့….တွေးရှက်စရာဖြစ်လာတာနှင့်….အနီးမှာရှိတဲ့
ပိန်းရွက်တွေဂို….အမြန်ချိုးပြီး…ကိုယ်ပတ်လည်မှာ..သီပတ်ထားလိုက်ရတယ်ဒဲ့….
    အဲဒါနှင့်….ကိုယ်ဟဝှါလည်း ….ဖွေးလက်ဆီသွားပြီး..သူ့ခေါင်းမှာပေါင်းထားတဲ့…ပုဆိုးကိုလက်နောက်ပြန်ထားပြီး
ခြုံပေးလိုက်သဒဲ့….သူ့အင်္ကျီကို ချွတ်ပြီး…ဖွေးလက်ကို..ပေးလိုက်သဒဲ့…ဖွေးလက်က..ကျေးဇူးကမ္ဘာ ကိုဟဝှါလို့ ပြော
လိုက်တော့…သြော်…မင်းဂ ဇဂါးလဲ ပြောဒတ်သဂိုး ဆိုပြီး….ခေါင်းတငြိမ်ငြိမ့်နှင့် သဘောကျနေပါသဒဲ့…ဒါနှင့် သူဒို့နှစ်
ယောက်လည်း….ဇဂါးလက်ဆုံကျသွားတယ်ဒဲ့….အိမ်ပြန်ချိန်ရောက်တော့….
ဇာတ်လမ်းကစတာဘဲ…..ဖွေးလက်နေဘို့…အတွက် နွားတင်းဂုပ်မှာ..နေလို့မှ မရတော့ဒါ…သမံတလင်းပေါ် ကောက်
ရိုးခင်းပြီး နွားအိပ်ယာပေါ် စက်တော်ဘယ်လိုခေါ်နိုင့်ပါ့မလည်း…. ဒါကြောင့် ဖွေးလက်က…...ကျွန်မ…နွားတင်းဂုပ်မှာ
နွားဒဂါဒွေနေသလို နေလို့မရတော့ဘူးရှင့်….သေးဇော်က..ဟောင်…ဝမ်းဇော်ဂ…ဆိုး….ခြင်ဂေါင်ကနှက်…ဂျဗိုးကထိုး
အဲသလိုနေရာမျိုးမှာ….မနေရဲဗေါင်တော်ဟု..ပြောသဒဲ့…..အဲ့ဒိဒေါ့ ရှင်ဆီမှာဘဲ..…ကျွန်မဂို..ထားခွင့်ပြုရမယ်လို့ ပြော
ပါသဒဲ့…
အလိုပါဒဲ့…ကိုဟဝှါလည်း..အပျိုကညာရဲ့..ဇဂါးတွေကို..ပီတိသောမနဿပွားဗြီး..ဟုတ်ကဲ့ဗါ..ဟုတ်..ဟုတ်..ဆိုပြီး တ
ဟုတ်ထဲ ဟုတ်နေပါသဒဲ့…..အဲ့လိုနှင့်….တမိုးအောက်မှာအတူနေဂြဗါသဒဲ့…….ဘလူးစည်း…လူ့စည်းခွဲဗြီး...သစ္စာရှိဇွာနေပါသဒဲ့..
အနေကြာဒေါ့လည်း…အဖြေရှာဇရာဒွေဂလည်းများလာတတ်လေတော့…..သံယောဇဉ်ဆိုဒဲ့..ပဟေဠိဂြီးကို..အဖြေထုတ်
ဖို့ နှစ်ဦးသား တိုင်ပင်ဆွေးနွေးဂြသဒဲ့….အဲဒါနှင့်…မခူးဂင်ဂ..ညွတ်….မဆွတ်ခင်ဂ..ကွေး…မလှမ်းခင်ဂ ကမ်း… မတောင်း
ခင်ဂ…ပေး.. မမေးခင်က..ခေါင်းငြိမ့်….မခေါ်မှီက..အိမ်ပေါ်ရောက်…မကျွေးမှီဂ…ပါးစပ်ပြင်……မတိုက်မှီဂ..သောက်ရန်
ပြင်..အစရှိသော …အကျင့်ဂေါင်းလေများနှင့် ပြည့်ဝနေတဲ့….ကိုဟဝှါက …အိမ်ဒေါင်ပြုရန်…ကမ်းလှမ်းလိုက်ပါသဒဲ့…….
နွားဘဝက ကိုဟဝှါ နှက်လို့ ထိပ်ကွက်မှာ ထင်နေတဲ့အမာရွတ်ကိုတွေ့တိုင်း…စိတ်တိုနေတဲ့..ဖွေးလက်ဟာ..ဒါဟာ ငါ့အ
တွက်အကွက်ကောင်းဘဲ… ဒီလူက အနှက်ကြမ်းတယ်..သူ့ဂို..ချစ်ပေမယ်လို့..လက်စားဒေါ့ ချေဂျင်သေးဒယ်…လို့တွေးပါ
သဒဲ့…. ကိုဟဝှါက ဖွေးလက်ရဲ့ ဘာဆန္ဒကိုမဆို..ဖြည့်ပေးဘို့ အသင့်ရှိပါတယ်လို့ဆိုဒေါ့….ဖွေးလက်က….ရှင်တလတိတိ
ကျွန်မရိုက်တာကို ခံရမယ်…နေ့ဒိုင်း ဆယ်ဂျက် အရိုက်ခံရမယ်…အဲ့လိုခံနိုင်မယ်ဆိုရင်..ရှင့်ဂို လက်ထပ်မယ်လို့..ပြောသ
ဒဲ့….မောင်ဟဝှါက…ဘာကြောင့်ရိုက်ချင်ရတာလည်း..စနေဒါလားလို့မေးဒေါ့ …ကျွန်မရှင့်ဂိုစနေတာ မဟုတ်ဘူး…ရှင်နှက်
လို့..ကျွန်မ ငယ်ထိပ်ပေါက်သွားတာ မှတ်မိလား…အဲ့ဒါအတွက် ကျွန်မလက်စားချေမယ်လို့.. ကျိန်ဆိုထားလို့ပါ..လို့ဆို
သဒဲ့….ကိုဟဝှါလည်း…လက်သင့်ခံလိုက်တယ်….ပထမရက်တွေတော့..တော်တော်နာနာရိုက်တာပေါ့….နောက်တော့
လည်း…..ကျမ်းကျေဝတ်ကုန်….ဆိုသလို တို့ရုံတင်တို့တော့တာပေါ့…..အသေမနှက်တော့ဘူး..…ဒါနှင့်သူတို့နှစ်ယောက်
လည်း လက်ထပ်ပြီး….အတူပျော်ရွှင်စွာနေထိုင်ဂြသဒဲ့…… ဖွေးလက်က…နွားဝသီပါနေလေဒေါ့..မြက်ပင်နုနုလေးတွေကို
ဟင်းချိုချက်သောက်သဒဲ့…..ပါးစပ်ကလည်း စမြုံ့ပြန်သလိုတခုခုဝါးနေရမှ…ကျေနပ်သဒဲ့…ဒါကြောင့်သူ့ဂို နွယ်ချို တောင့်
လေးတွေ ပေးဝါးထားရသဒဲ့……သူဒိုနှစ်ဦးလည်း..သိပ်ကိုပျော်နေဂြသဒဲ့….
သူဒို့နှစ်ယောက်ကို မနာလို သဝန်တိုနေဒဲ့….မြက်ရိတ်သမ… မဟိုဒင်း ဆိုဒါရှိပြန်သဒဲ့…..အဲဒိမဟိုဒင်းဂ…သိပ်ဆိုးသဒဲ့..
တနေ့ကြဒေါ့…မဟိုဒင်းဂ…ကိုဟဝှါတို့လင်မယားကို….သတ်ဖို့ကြံနေသဒဲ့…..ဒါနှင့် မြက်ရိတ်ထွက်သွားတဲ့ မဟိုဒင်းဟာ
ဘာမြက်ပင်ဂို ကိုင်မိဒယ်မသိဘူး…နွားမကြီးအသွင်ကို ပြောင်းလဲသွားသဒဲ့…..ရွာသားတွေလည်း သူတို့မျက်စိရှေ့မှာ အဲ့
ဂလိုဖြစ်သွားဒါ တွေ့ရဒေါ့ အံ့လည်းသြ..ကြောက်လည်းကြောက်ကြဒါပေါ့…. အတိုဂျုပ်ပြောရရင်…အဲ့ဒိ မဟိုဒင်းဂ လူ့
ဝသီပါနေလေဒေါ့ …..မြက်ဆိုလုံးဝမစားဘူးဒဲ့…..တင်းကုပ်မှာ..လုံးဝမအိပ်ဘူးဒဲ့….အိပ်ယာနှင့်..စောင်နှင့်..အိပ်သဒဲ့….
သူလည်း…ဒီနွားဘဝနှင့် ဒုက္ခကို တော်တော်ခံစားရလေဒေါ့..သူ့အပြစ်ကိုသူ..သိပြီးနောင်ဒရ..ယူကြုံးမရ ဖြစ်ကတယ်ဒဲ့..
ဖွေးလက်တို့ လင်မယားရှေ့မှာ မျက်ရေ စီးကြနေတဲ့ နွားမဂြီးဂို ကြည့်ပြီး..ဖွေးလက်က သနားသွားဒယ်ဒဲ့…မဟိုဒင်း တ
ယောက် နောင်ဒရကာ ကိုယ့်အမှား ကိုယ်သိသွားပြီ ဆိုဒါဂို ဖွေးလက်က ပြေးတွက်စရာမလိုဘဲ သိလေဒေါ့ သူစားခဲ့တဲ့
မြက်ပင်ဂို….နွားမဂြီး ဗဇပ်ထဲ ထည့်ပေးလိုက်ပြီးဝါးစားဘို့ပြောဒေါ့ …မဟိုဒင်းဂ ဝါးစားလိုက်တာ တမဟုတ်ချင်း လူပြန်
ဖြစ်သွားတယ်ဒဲ့…..မဟိုဒင်းလည်း သိပ်ဝမ်းသာပြီး ကျေားဇူးလည်းတင်…စိတ်မှား ထားမိတာဂိုလည်းတောင်ပန်တာပေါ့..
နောက်တော့ အကုန်အဆင်ပြေသွားဂြသဒဲ့….အတူပျော်ရွှင်ဇွာနေဂြသဒဲ့….
တရက်မှာတော့…ကိုဟဝှါရဲ့ …..ညီမဖြစ်သူဂ…ကိုဟဝှါဒို့ လင်မယားအတွက် လက်ပ်တော့ တစ်ခု လက်ဆောင်ပေးလိုက်
သဒဲ့…..သူဒို့လင်မယားလည်း…လက်ပ်တော့ပ်ကိုဖွင့်ပြီး ကြည့်ဂြသဒဲ့….ဖွေးလက်က နျူးဇီလန် အနွယ်ဆိုဒေါ့ အင်္ဂလိပ်လို
ကျွမ်းကျင်ဒယ်ဒဲ့….ကိုဟဝှါနားမလည်တာကို သင်ပြပေးသဒဲ့…. အဲဒိလိုနှင့် အလုပ်ပြီးလို့ အစာစားပြီး အနားယူကြသဒဲ့.
လက်ပ်တော့ပ်ကို ဖွင့်ပြီး “ရောရောသမမွှေ” ဆိုဒဲ့ ဘလော့ဂ်ကို ဝင်ကြည့်ကြသဒဲ့….သူဒို့ လင်မယားက ဘာကိုစိတ်ဝင်
ဒဇားဖတ်နေလည်းဆိုဒေါ့……ရူးဂြောင်မူးဂြောင် နိုင်လွန်းလှတဲ့ ရောရောသမ အစ်ကိုကြီး တင်ဆက်ထားတဲ့..
 “ ယုံချင်ယုံ မယုံချင်နေ ကဏ္ဍ” ထဲက
ကြွက်တွင်းထဲ ငါးမန်းများ
ကိုဖတ်ကြည့်နေကြပါသဒဲ့.....သူဒို့ကြည့်နေဒါ
လေးဂို အထက်က လင့်လေးနှိပ်ပြီး ကြည့်လိုက်ပါလား..... သူဒို့နှစ်ဦးနှင့် အတူ ခံစာမှုလေးဒွေ မျှဝေ ခံဇားကြည့်ဂြဒါပေါ့.
ဟုတ်ဖူးလား......
ရောသမအစ်ကိုကြီးက တင်ဆက်ထားတာပါဗျာ
ဖြစ်နိုင်မယ်ဆိုရင် ကြော်ငြာတွေကို ကလစ်တစ်ချက်လောက်နှိပ်ပေးပါနော် မောင်စိုး
Subscribe

လာလည်သူများ

free counters