September 28, 2014
လက်ကိုင်ဖုန်းရဲ့ သတိမထားမိသော အန္တရာယ်များ
မြိုင်မြို့နယ်မှာ မိုးရွာနေတုန်း လမ်းလျှောက် ဖုန်းပြောနေတဲ့သူတယောက် သူ့ဖုန်း "ပေါက်ကွဲ"တဲ့အတွက် ဒဏ်ရာရ သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားပါတယ်။
သူ ထီးဆောင်းထားသလား၊ မိုးရေစိုနေသလား ဆိုတာတွေကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါ။
ဒီသတင်းကြောင့် မိုးရွာထဲ လမ်းလျှောက်သူတွေ ဖုန်းအသုံးပြုမှု ဆင်ခြင်ကြမယ်လို့ ယူဆရပါတယ်။
ဖုန်းအားသွင်းနေတုန်း အသုံးပြုရင်လည်း ဒုက္ခရောက်တတ်ပါတယ်။
တရုတ်ပြည်မှာ iPhone 5 အားသွင်းထားတုန်း ဖုန်းသုံးသူ သေဆုံးသွားကြောင်း မနှစ်က နှစ်လယ်ပိုင်း သတင်းတပုဒ်မှာ ဖတ်လိုက်ရပါတယ်။
ဒီအမျိုးသမီးက ဖုန်းသံကြားလို့ ရေချိုးခန်းထဲကထွက်ပြီး ဖုန်းလာကိုင်တယ်လို့ ဆိုတယ်။ ရေချိုးရင်းတန်းလန်း ဆိုတော့ ရေစိုကောင်း စိုနေပါလိမ့်မယ်။
"ဗန်းမောက်ရှိ" ရွှေတွင်းကုမ္ပဏီ မှ ပေါက်ကွဲမှုဖြစ်ပွား၍ "တရုတ်နိုင်ငံသား နေရာတွင်သေဆုံးသွားခြင်း"
ဗန်းမောက် ၊ ၂၈-၉-၂၀၁၄
စစ်ကိုင်းတိုင်း ဒေသကြီး ကသာခရိုင် ဗန်းမောက် မြို့နယ် မင်းကုန်းကျေးရွာ အုပ်စု လိပ်စော ကျေးရွာအနီး ဝက်ခေါက် ရွှေမှော်တွင် စက်တင်ဘာ၂၄ ရက် မွန်းလွဲ ၂ နာရီခွဲက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး တရုတ် နိုင်ငံသား တစ်ဦး သေဆုံး ခဲ့သည်။
အဆိုပါ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အတွက် အောင်ပြည့်သာ ရွှေသတ္တု တူးဖော်ရေး ကုမ္ပဏီဝင်း အတွင်းရှိ အဆောက်အအုံ ငါးလုံး၊ ဘက်ဟိုး မြေတူးယာဉ် တစ်စီး၊ သုံးဘီးဆိုင်ကယ် တစ်စီး၊ ဝီတိုတာယာဉ် တစ်စီး တို့ ပျက်စီးခဲ့ ရသည်။
ထို့ပြင် အဆိုပါ ကုမ္ပဏီရှိ တရုတ် နိုင်ငံသား တစ်ဦးမှာ ယင်း ပေါက်ကွဲမှုကြောင့် အသက် သေဆုံး ခဲ့ရသည်။ သေဆုံးသူ တရုတ် နိုင်ငံသားမှာ Tangyinbo ဆိုသူဖြစ်သည်။ ၄င်း၏ နေရပ်လိပ်စာမှာ Shaanxi ( China ) ဖြစ်ကြောင်း သိရသည်။
"ပျောက်ဆုံး တောင်တက်အဖွဲ့ဝင် နှစ်ဦး သွားကယ်သော ရပာတ်ယာဉ်တစ်စီးပျောက်ဆုံး
"ပျောက်ဆုံး တောင်တက်အဖွဲ့ဝင် နှစ်ဦးကို ကြိုးပမ်းရှာဖွေစဉ် ကယ်ဆယ်ရေး အဖွဲ့သို့ ရိက္ခာပို့ ရဟတ်ယာဉ်တစ်စီး အခြေစိုက်စခန်းသို့ ပျံသန်းစဉ် အဆက်အသွယ် ပြတ်တောက်သွား"
ခါကာဘိုရာဇီတောင်သို့ တက်ရောက်ရင်း ပျောက်ဆုံးနေသော သဘာဝခေါ်သံ ဖောင်ဒေးရှင်း တောင်တက်အဖွဲ့ဝင် ၂ ဦးကို ရှာဖွေ ကယ်ဆယ်နေသော အဖွဲ့သို့ စက်တင်ဘာ (၂၇) ရက်နေ့တွင် ရိက္ခာပို့ သွားသည့် ထိုင်းနိုင်ငံမှ ရဟတ်ယာဉ်တစ်စီးသည် လမ်းခရီးတွင် အဆက်အသွယ် ပြတ်တောက်နေကြောင်း သတင်းရရှိပါသည်။
၎င်း ရဟတ်ယာဉ်မှာ ထိုင်းနိုင်ငံ Advance Aviation မှ B4 ရဟတ်ယာဉ် အမျိုးအစားဖြစ်ပြီး၊ ရှာဖွေကယ်ဆယ်ရေး ပြုလုပ်နေသော အဖွဲ့အခြေစိုက် စခန်းတည်ရာ တဟွန်ဒမ်း ကျေးရွာသို့ သွားရောက်ရိက္ခာပို့ရင်း အဆက်အသွယ် ပြတ်တောက်သွားခဲ့သည်။
ရဟတ်ယာဉ်ပေါ်တွင် ထိုင်းနိုင်ငံမှ ရဟတ်ယာဉ်မှူး Mr. Chat Chawal၊ မြန်မာလူမျိုးရဟတ်ယာဉ်မှူး ဦးအောင်မြတ်တိုးနှင့် ထူးဖောင်ဒေးရှင်းမှ နာယကကြီး ဦးတေဇ၏ ကိုယ်ရေးလက်ထောက်ဖြစ်ပြီး ကျွမ်းကျင်တောင်တက်သမား ဦးနမားဂျွန်ဆင်၏ တူဖြစ်သူ ဦးရွှေရင်တော်ကြီးတို့ ပါဝင်လိုက်ပါ သွားခဲ့ကြသည်။
ရိက္ခာပို့ဆောင်ရင်း အဆက်အသွယ်ပြတ်တောက်နေသော ရဟတ်ယာဉ်သည် ပူတာအိုလေဆိပ်မှ စက်တင်ဘာ (၂၇) ရက်၊ မွန်းလွဲ နေ့လည် ၂ နာရီ၊ ၂၀ မိနစ် တွင် ပျံသန်းထွက်ခွာသွားပြီး မိနစ် ၂၀ ခန့် အကြာတွင် အဆက်အသွယ်ပြတ်တောက်သွားခြင်းဖြစ်ပြီး ယခု အချိန်အထိ အဆက်အသွယ်ပြန်လည် ရရှိခဲ့ခြင်း မရှိသေးကြောင်း သတင်းရရှိသည်။
ထူးဖောင်ဒေးရှင်း နာယက ဦးတေဇနှင့် ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် အဆက်အသွယ် ပြတ်တောက်နေသော ရဟတ်ယာဉ်နှင့် ပြန်လည် အဆက်အသွယ်ရနိုင်စေရန် အချိန်နှင့် တပြေးညီ နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ယင်းသို့ ကယ်ဆယ်ရေးရဟတ်ယာဉ် အဆက်အသွယ် ပြတ်တောက်နေကြောင်းကိုလည်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်မှ တဆင့် ကာကွယ်ရေးဝန်ကြီးဌာနသို့ လည်းကောင်း၊ နိုင်ငံတော်သမ္မတရုံးနှင့် သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးသို့ လည်းကောင်း ဆက်သွယ်အကြောင်းကြားခဲ့ပါသည်။ ကယ်ဆယ်ရေးရဟတ်ယာဉ်နှင့်အတူ ကယ်ဆယ်ရေး ပစ္စည်းရိက္ခာများလည်း ပါသွားခဲ့ပါသည်။
ထပ်မံရရှိသော သတင်းများကိုလည်း အချိန်နှင့် တပြေးညီ ထုတ်ပြန်ကြေညာသွားမည်ဖြစ်သည်။
Htoo Foundation
https://www.facebook.com/HtooFoundation

September 23, 2014
အချစ်ဆိုတာ "စပျစ်လား"
ချစ်ဦး သက်လယ်
အချစ်...ကိုယ်ရင်နင့်အောင်
ချစ်ရတဲ့အချစ်......ဒီစာလေးနှင့် ချစ်ကို ကိုယ်နှုတ်ဆက်ခဲ့ပါရစေ....ချစ်ကိုရင်ဆိုင်ရဲတဲ့ စွမ်းအား
မရှိတော့ဘူး......ကိုယ့်ရဲ့
ရင်တွေမချိတော့ဘူး......တချိန်က အချစ်ရဲ့မျက်နှာလေးကို ......ပြူတင်းပေါက်က လှမ်းကြည့်ပြီးမှ
အိပ်ယာဝင်မှ အိပ်တတ်ခဲ့တဲ့သူ ...မနက်အစောထခဲ့ရင်လည်းဦးဦးဖျားဖျား အချစ်က အသံပေးမှပြူတင်းပေါက်ကနေ...အချစ်
မျက်နှာလေးကိုတွေ့မှ.......မျက်နှာသစ်တတ်တဲ့သူ... အစာစားရင်လည်း........ မေမေနှင့် ဖေဖေ မသိအောင်..အချစ်ခွံ့ကျွေး
တာကို........စားတတ်တဲ့သူ...နေမကောင်းလို့ ....... ဆေးမသောက်ခင်မှာ..... အချစ်အနမ်းပေးမှ..
ဆေးသောက်တတ်တဲ့
သူ .. ဘာမဆို အချစ်မပါရင်
ဘာမှ မလုပ်တတ်တဲ့သူဟာ
ဒီနေ့ တော့
အချစ်ကို ရင်နင့်စွာနှင့်..နှလုံးသား ကွဲအက်မှုတွေ
နှင့်....
နှလုံးသား ကွဲအက်မှုတွေ ပြွမ်းတီးစွာနှင့်..... ပျော်ရွှင်မှုတွေ.... ဆိတ်သုဉ်းပြီး.....
နှလုံးသားရဲ့ချစ်ဥယျာဉ်မှာ..သောက
မီးမုန်တိုင်းကြီး...ပတ်ချာဝိုင်းလို့  လောင်နေခဲ့ရပြီ.....ကိုယ်ဆက်လက်ပြီးခံစားနိုင်စွမ်း.....မရှိတော့ပါဘူး.....အသက်ဝိညာဉ်
ကင်းမဲ့တာနှင့် စာရင်......အချစ် ဝိညာဉ် ကင်းမဲ့တာဟာ....... ကြင်နာမှုရဲ့ ရသာသိုက်ကြီးထဲမှာ....... အမုန်းဘီလူးကြီး...

ဝင်စီးခံရသလို .....အနေရခက်လှတယ်အချစ်ရယ်…….ချစ်ကို
ကိုယ်မမြင်ရတာ ကြာလေ…..ကိုယ့်ရဲ့ ရောဂါက...ပိုဆိုးလေ ပိုဆိုးလေပါဘဲ ကိုယ်ဟာ......ရောသမမောင်စိုး
ကားတွေကို.... နှစ်သက်တာထက် .......ရောသမမောင်စိုး ကား မမြင်ရရင်
အိပ်မပျော်တဲ့ အဖြစ်ထက် အဆပေါင်းများစွာ ပိုပါတယ်.....ဒါတွေကိုချစ်လည်း.....သိပြီးသားပါ ကိုယ် ချစ်ကို
မခွဲနိုင်ဘူးကွာ
ဒါပေမဲ့ ဒီနေ့ မှာ...တော့ ကိုယ်ဟာ စိတ်ပိုင်းဖြတ်ချလိုက်ပြီ... ချစ်ကို
ချစ်ရဲ့ ဦးလေး......ဦးပေထူက စက်သူဌေးမင်း မောင်ဘ ကလေးနှင့် ငွေကို
မက်ပြီး.....ပေးစားဘို့လုပ်နေတော ကိုယ်မခံနိုင်ဘူး.........
နောက်အပတ်ထဲ စေ့စပ်ဖို့ လုပ်တော့မယ် ဆို
ဘဲ...ချစ်ဘက်ကလည်း........မိသားစု စားဝတ်နေရေး ....အတွက် နှုတ်ငြိမ်နေတာတွေ့တော့လေ......ကိုယ် အနေရ ခက်

တယ်...... ပြတ်သားမှုကို........မပြနိုင်သေးတဲ့ ချစ်ကြောင့်
ကိုယ်ရင်ကွဲရပြီ
ချစ်ရေ ဒီစာဟာ.....ကိုယ့်ရဲ့နောက်ဆုံးစာလို့ဘဲ
မှတ်ယူလိုက်ပါတော့....ချစ်သူနှင့် မပေါင်းသင်းရတော့မဲ့အတူတူ ကိုယ်လည်း .....ဒီလောကကြီးထဲမှာ......မနေလိုတော့ဘူး.

ကိုယ်နှင့် ချစ်တို့
ပထမဦးဆုံးစချစ်ခဲ့ကြတဲ့နေ့ က ထန်းပင်ကြီး
မပန်းအိုကို...တိုင်တည်ပြီး......မပန်းအိုရဲ့ ပင်စည်ကြီးကို နှစ်
ယောက်သားဖက်ပြီးသစ္စာ.....ဆိုခဲ့တဲ့
နေဝင်ရီရောအချိန်မှာ......ကိုယ်ဟာ.....မပန်းအိုအပင်ထက်ကို...တက်ပြီးတော့......
အောက်ကိုခုန်ချလို့ အချစ်သက်သေပြ...
September 22, 2014
စမ်းချောင်းမြို့မရဲစခန်း လူပျောက်မှုမှ မပာန်သာထွန်းအား ပြန်လည်တွေ့ပြီးတဲ့
စမ်းချောင်းမြို့မရဲစခန်း လူပျောက်မှုမှ မဟန်သာသွန်း အား ပြန်လည် တွေ့ရှိကြောင်း အသိပေး ဖော်ပြခြင်း
ရန်ကုန်၊ စက်တင်ဘာ ၂၁
၂၀.၉.၂၀၁၄ ရက်နေ့ ၁၇၀၀ အချိန်တွင် ပန်းဘဲတန်းမြို့နယ်နေ ဦးရန်နောင်တိုးနှင့် မိသားစုသည် ၎င်းပိုင်မော်တော်ယာဉ်ဖြင့် စမ်းချောင်းမြို့နယ်၊ ကျွန်းတော တောင်ရပ်ကွက်၊ ဗားကရာလမ်းပေါ်ရှိ Sprit market ၌ဈေးဝယ်နေစဉ် ယာဉ်ပေါ်၌ကျန်နေခဲ့သော သမီးဖြစ်သူ မဟန်သာသွန်း၊ (၁၄)နှစ်မှာ ပျောက်ဆုံးနေသဖြင့် ကူညီစုံစမ်းရှာဖွေပေးရန် စမ်းချောင်းမြို့မရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့၍ လူပျောက် အမှတ်စဉ် (၂၁/၂၀၁၄) ဖြင့်ရေးဖွင့်ပြီး စုံစမ်းဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ လူပျောက်မှုနှင့် ပတ်သက်၍ ပျောက်ဆုံးသူ မဟန်သာသွန်း၏ သတင်းတစ်စုံတစ်ရာ ရရှိပါက အမြန်ဆုံးတွေ့ရှိနိုင်ရေးအတွက် ဆက်သွယ်သတင်းပေးခြင်းဖြင့် ကူညီပေးစေလိုပါကြောင်း Yangon Police Facebook မှလည်း ၂၀.၉.၂၀၁၄ ရက်နေ့တွင် မေတ္တာရပ်ခံဖော်ပြခဲ့ပါသည်။
ပျောက်ဆုံးသူ မဟန်သာသွန်းအား စုံစမ်းရှာဖွေတွေ့ရှိနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး၏စီမံညွှန်ကြားမှုဖြင့် အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး ဦးစီး၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှတပ်ဖွဲ့ဝင်များ၊ ခရိုင်မှုခင်းနှိမ်နင်းရေးဌာနမှ တပ်ဖွဲ့ဝင်များ၊ စမ်းချောင်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့မှ စုံစမ်းရှာဖွေခဲ့ပါသည်။
ထိုသို့စုံစမ်းဆောင်ရွက်ခဲ့ရာ ပျောက်ဆုံးသူ မဟန်သာသွန်းနှင့် အတူပါရှိသွားသည့် ဖုန်းနံပါတ်မှ ယင်းနေ့ ၁၉၃၀ အချိန်ခန့်တွင် လသာမြို့နယ်၊ လသာလမ်း၌ ငွေကျပ်(၃)သိန်းဖြင့် လာရောက် ခေါ်ဆောင်ရန် ၎င်း၏မိခင်ဖြစ်သူ ဖုန်းနံပါတ်သို့ message ပေးပို့ခဲ့သည်ကိုသိရှိရသဖြင့် ရဲတပ်ဖွဲ့ဝင်များမှ စုံစမ်းရှာဖွေ ဆောင်ရွက်နေစဉ် ၂၁.၉.၂၀၁၄ ရက်နေ့ ၀၇၀၀ အချိန်တွင် မဟန်သာသွန်းမှာ ၎င်း၏နေအိမ်သို့ ပြန်လည်ရောက်ရှိလာကြောင်း မိဘများမှ ရဲတပ်ဖွဲ့သို့ ဆက်သွယ်အကြောင်းကြားခဲ့ပါသည်။
ယင်းသို့မဟန်သာသွန်း ပျောက်ဆုံးခဲ့မှုနှင့်ပတ်သက်၍ ဖြစ်စဉ်အမှန်အား သိရှိနိုင်ရေးအတွက်ရဲတပ်ဖွဲ့မှသွားရောက်တွေ့ဆုံပြီး မေးမြန်းစုံစမ်းမှုများဆောင်ရွက်ခဲ့ရာ ၎င်းသည် အဆိုပါနေ့က ကျူရှင်ပြီးဆုံး၍ မိဘများလာကြိုသော ကားဖြင့်လိုက်ပါ လာခဲ့ရာ စမ်းချောင်းမြို့နယ်၊ မြေနီကုန်းရှိ Sprit market ၌ မိဘများမှ ဈေးဝင်ဝယ်
နေစဉ် ၎င်းတစ်ဦးတည်းကျန်နေခဲ့ရာမှ ယာဉ်ပေါ်မှဆင်းကာ အနီးရှိ သီလရှင် ကျောင်းဝင်းအတွင်းသို့ဝင်၍ ပုန်းအောင်းနေခဲ့ခြင်းဖြစ်ကြောင်း၊ သီလရှင် ကျောင်းဝင်းအတွင်း ရှိ သိမ်ကျောင်းရှေ့တွင် တစ်ညလုံးနေခဲ့ခြင်းဖြစ်ကြောင်း၊ မိဘများလိုက်မရှာနိုင်စေရန်ရည်ရွယ်၍ ၎င်းအား ပြန်ပေးဆွဲခံထားရသကဲ့သို့ မိခင်ဖြစ်သူထံ ၎င်းကိုယ်တိုင် message ပေးပို့ခဲ့ခြင်းသာဖြစ်ကြောင်း၊ ၂၁.၉.၂၀၁၄ ရက်နေ့ ၀၇၀၀ အချိန်ခန့်တွင် မိခင်အားသတိရသည့်စိတ်ဖြင့် နေအိမ်သို့ အငှားယာဉ်ဖြင့် ပြန်လာခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
မဟန်သာသွန်းအနေဖြင့် ယင်းသို့ပြုလုပ်ခဲ့သည်မှာ အိမ်မှုကိစ္စများတွင် စည်းကမ်းမရှိကြောင်း မိခင်ဖြစ်သူမှ မကြာခဏဆူပူဆုံးမခြင်း၊ စက်တင်ဘာလပတ်စာမေးပွဲတွင် အဆင့်(၉)မှ (၁၄)သို့ ကျဆင်းသွားသဖြင့် မိခင်မှ ဆူပူမည်ကိုစိုးရိမ်ကာ၎င်းမှ report card တွင် အဆင့်(၁၀)ဟု ပြင်ဆင် ရေးသားခဲ့သည့်အတွက် အတန်းပိုင်ဆရာမနှင့်မိခင်ဖြစ်သူတို့ တွေ့ဆုံရမည့်ကိစ္စကို စိုးရိမ်စိတ်ဖြစ်ပွားခဲ့ခြင်းတို့ကြောင့် စိတ်ဖိစီးမှုများမှ စိတ်ထွက်ပေါက်ရရှိစေရန်ရည်ရွယ်၍ ပြုလုပ်ခဲ့ ခြင်းသာဖြစ်ကြောင်း သိရှိရပါသည်။
သို့ဖြစ်၍ မိဘပြည်သူများအနေဖြင့် ယခုဖြစ်စဉ်အပေါ်သင်ခန်းစာရယူကာ မိမိတို့၏ငယ်ရွယ်နုနယ်သော သား/သမီးငယ်များအား ဆုံးမသွန်သင်ရာတွင် ၎င်းတို့၏စိတ်နေစိတ်ထားနှင့် အခြေအနေအချိန်အခါပေါ်မူတည်၍ ဆုံးမ သွန်သင်သင့်ပါကြောင်းနှင့် သားသမီးများအနေဖြင့်လည်း မိဘများ၏ ဆိုဆုံးမမှုများမှာ အနာဂါတ်မျိုးဆက်ကောင်းမွန်စေလိုသော စိတ်ရင်းစေတနာဖြင့် သွန်သင် ဆုံးမခြင်းသာဖြစ်သည်ကို နားည်သဘော ပေါက်ကြစေရန် အကြံပြုအသိပေး ဖော်ပြအပ်ပါသည်။
Yangon Police
https://www.facebook.com/yangonpolice

September 20, 2014
ယခုလကုန်မတိုင်မီတယ်လီနောက ဆင်းမ်ကတ်များကို မိတ်ဆက်သွားမည်ဟုဆို
ရန်ကုန်၊ စက်တင်ဘာ ၁၉
ပြည်ပအော်ပရေတာတစ်ခုဖြစ် သော တယ်လီနောကုမ္ပဏီကတယ် လီနောဆင်းမ်ကတ်များကို ယခုလ ကုန်မတိုင်မီ မိတ်ဆက်သွားမည် ဖြစ်ကြောင်း တယ်လီနောမှ ပြန် ကြားရေးတာဝန်ခံကိုစိုးသူထွန်းက ပြည်ထောင်စုနေ့စဉ်သို့ ပြောသည်။
''ကျွန်တော်တို့ တယ်လီနော အနေနဲ့ ဘယ်နေ့မှာ စရောင်းမလဲ ဆိုတော့တရားဝင်ကြေညာခြင်းမရှိ သေးပါဘူး။ အခုနောက်ဆုံးအဆင့် အနေနဲ့ နက်ဝက်ခ်တွေကို စမ်းသပ် မှုတွေလုပ်နေပါတယ်။ အဲဒါတွေ ပြီးသွားလို့ရှိရင် ကျွန်တော်တို့ပေး ထားတဲ့ ကတိအတိုင်းအသံကြည် ကြည်နဲ့ အင်တာနက်မြန်မြန်သုံးနိုင် မယ့်နက်ဝက်ခ်အဆင်သင့်ဖြစ်ပြီဆို လို့ရှိရင်ကျွန်တော်တို့စပြီးမိတ်ဆက် သွားမှာပါ။ ဒါပေမယ့်ဒီလအတွင်း မှာတော့ မိတ်ဆက်သွားဖို့ သေချာ ပါတယ်''ဟု ၄င်းကဆိုသည်။
တယ်လီနောအနေဖြင့် ယခုလ ၁၅ ရက်တွင် ရောင်းချပေးသွား မည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး စောင့်မျှော်နေသည့်အတိုင်း ထွက် ပေါ်ခြင်းမရှိခဲ့၍ ယခုလ ၂၅ရက် ဝန်းကျင်ခန့်တွင်စတင်ရောင်းချပေး ရန်ဖုန်းအရောင်းဆိုင်များအနေဖြင့် ခန့်မှန်းထားကြောင်း ဖုန်းအရောင်း ဆိုင်များမှသိရသည်။
''ကျွန်တော်ထင်ပါတယ်။ ဒီ လမကုန်ခင်တော့ ထွက်လိမ့်မယ် ထင်တယ်။ ခန့်မှန်းခြေဆိုရင် ၂၅ ရက်ဒါမှမဟုတ် ၂၅ ရက်ကျော် လောက်ဆို စရောင်းချလောက်ပါ ပြီ''ဟု ဆိပ်ကမ်းသာလမ်းရှိ Matrix II ကွန်ပျူတာနှင့် မိုဘိုင်းလ် အရောင်းဆိုင်မန်နေဂျာ ကိုအောင် ကိုက ခန့်မှန်းပြောကြားသည်။
လင်းလင်း
The Union Daily
https://www.facebook.com/pages/The-Union-Daily/139677556201764?fref=nf

September 19, 2014
ရန်ကုန် - မန္တလေး အမြန်လမ်း ပေါ်က မိုးရာသီအကြောင်း
အားလုံးမင်္ဂလာပါဗျာ ကျွန်တော်မောင်စိုးလဲပျောက်လိုက်ပေါ်လိုက်ဖြစ်နေတယ် အလုပ်တွေကများလို့ ပါ စာဖတ်သူတို့ ခွင့်လွှတ်ပေးပါနော် ကျွန်တော်အနေနဲ့စာဖတ်သူအားလုံးကို တောင်းပန်ပါတယ်ဗျာ အခုတင်ပေးချင်တဲ့ post အမည်ကတော့ (ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်က မိုးရာသီအကြောင်း) လို့အမည်ရပါတယ်။ မောင်စိုးရဲ့အတွေအကြုံလဲပါတယ်ဗျာ အခု လပိုင်းတွေက မိုးရာသီဖြစ်ပါတယ် လမ်းသစ်မှာက မိုးကရွာရင် ရွာတာမရပ်တော့ဘူးလေ နောက်ပြီး လမ်းမှာက ရေ၀ပ်နေတာကိုလဲတွေရပါတယ်ဗျာ ကျွန်တော်တို့ကတော့အမြဲကြုံနေရတာပေါ့ ကျွန်တော်ကလဲ ကားအလုပ်ဆို အရမ်းဝါသနာပါတာဗျာ။ ပညာတွေလိုက်သင်တယ် ကားမောင်းတာ ကားစက်ပြင်တာ နောက်ပြီး တောင်ပေါ်လမ်းမှာမောင်းတာ ဂီယာကြီးတွေတက်တာတွေကို ကျွန်တော် သိလောက်ထားသလောက်ပြန်လဲမျှဝေပေးပါမယ်ဗျာ။ အမြန်လမ်းက မိုးရာသီအကြောင်းကတော့ အရင်တုံးတင်ပေးခဲ့ဖူးပါတယ်ဗျာ။အခုကတော့ တောင်ပေါ်လမ်းအကြောင်းတင်ပြပေးချင်ပါတယ်ဗျာ ရှမ်းပြည်နယ်ဆိုရင် တောင်ပိုင်းနဲ့ မြောက်ပိုင်း က လမ်းတွေတောင်မတူတော့ဘူးလေ။ ေ
Subscribe to:
Posts (Atom)