♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 10, 2015

" စ​နေ​မောင်​​မောင်​နှင့်​ ​မြေလျှိုးမိုးပျံဂိုဏ်း (မင်းသိင်္ခ) "


စ​နေ​မောင်​​မောင်​ စာအုပ်​ တင်​​ပေးပါဆိုလို ​လော​လောဆယ် ဒါ​လေးအရင်​ တင်​​ပေးလိုက်​ပါတယ်
စ​နေ​မောင်​​မောင်​စာအုပ်​​တွေက များကြီးကိုး ဆက်​ပြီးကြုံရင်​ကြုံသလိုတင်​​ပေးပါဦးမယ်​။
ဒီမှာ download ပါ

August 9, 2015

" ဂမ္ဘိရစိတ်ဝင်စားတဲ့ စာဖက်သူတွေ ​မှော်​ဆရာမှတ်​တမ်း အပိုင်း (၁) နှင့် (၂) ကိုဒေါင်းပြီး ဖတ်နိုင်ပါတယ် "








လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၀ လောက်က နံမည်ကြီးခဲ့တဲ့ ဆရာမကြီးဒဂုန်ခင်ခင်လေး ဆိုတဲ့ ကလောင်နံမည်ကိုသိကြမှာပါ နောက်ထက် ကလောင်ကွဲနဲ့ရေးထားတာတော့သိသူ နည်းပါလိပ်မယ် အဲ့ဒါက မှော်ဆရာမှတ်တမ်းကို ရေးဖွဲ့ခဲ့တဲ့(ကိုကိုလေး)ကလောင်ခွဲက ဆရာမကြီးရဲ့ ကလောင်ခွဲပါ



အခုဆရာကြီးရဲ့ (မှော်ဆရာမှတ်တမ်း)ကို စဖွင့်လိုက်ပါပီးးး 

(မှော်ဆရာမှတ်တမ်း-၁)

" ချစ်စိတ်ကူးကောင်းတယ်လို့ အမျိုးသားတွေ ထင်ပေမဲ့ အမျိုးသမီးတွေဘက်က ဒီလိုမထင်တဲ့ အချက်လေးတွေ "

 
တစ်ခါတလေမှာ အမျိုးသားတွေဘက်က ချစ်စိတ်ကူးကောင်းတယ်လို့ ထင်ပြီး လုပ်ပေးမိပေမဲ့ အမျိုးသမီးတွေဘက်က အယူအဆမတူတဲ့ အချက်လေးတွေရှိပါတယ်။ အမျိုးသားတွေနဲ့ အမျိုးသမီးတွေကို အင်တာဗျူးပြီး ရလာတဲ့ ရလဒ်တချို့ကို လေ့လာကြည့်လိုက်ရအောင်ပါ။

၁။ ပထမဆုံးအကြိမ် ချိန်းတွေ့ပြီးတဲ့နောက် ချစ်စဖွယ်စာသားတွေနဲ့အတူ ပန်းတွေပေးပို့ခြင်း
သူ : ပထမဆုံးအကြိမ်ချိန်းတွေ့ပြီးတဲ့နောက် အခိုက်အတန့်ကောင်းလေးတစ်ခု ဖြစ်ခဲ့တယ်ဆိုတာကို ပြဖို့အတွက် နည်းလမ်းတစ်ခုပေါ့။
သူမ : တစ်ဖက်ကကြည့်မယ်ဆိုရင် ဒါချစ်စဖွယ် အကြံကောင်းတစ်ရပ်ပါ။ လူတွေက ပန်းကိုအမြဲတမ်း မပို့တတ်ကြပါဘူး။ ကျွန်မစိတ်နဲ့သာဆိုရင်၊ နေ့တိုင်းတောင်ရချင်သေးတယ်။ ပန်းပို့ခံရတာကို မယုံကြည်နိုင်လောက်အောင် ဖြစ်သွားတယ်ထားဦး။ မနေ့က သူနဲ့တွေ့တာ အရမ်းအကောင်းကြီးလို့ ဘယ်သူကသိမှာလဲ။ သူ EDM တွေကြိုက်တဲ့အကြောင်းတွေပြောပြခဲ့တဲ့ သူတစ်ယောက်က ကျွန်မကို ပန်းတွေပို့တယ်။ ဒါကို ချိန်းတွေ့ခဲ့တာ အခိုက်အတန့်ကောင်းပါလို့ သူကထင်တာလား။ အခြေအနေက မသေချာ မရေရာလွန်းပါဘူး။

၂။ မိန်းကလေးရဲ့ စကားလုံးအသံထွက်ပုံကို စခြင်း
သူ : တတိယတန်းမှာ အလုပ်ဖြစ်ခဲ့တယ်။ အခုလည်းအလုပ်ဖြစ်ပါတယ်။ သူမကို ဒီလိုပျော်ပျော် စလိုက်တာက

" ယနေ့ခေတ်မှာ မုတ်ဆိတ်မွေး နှုတ်ခမ်းမွေးတွေ ပေါက်နေကြတဲ့ မမတွေ ဘာပြုလို့ မျက်နှာပေါ်က အမွေးတွေ ရိတ်ကြရသလဲဆိုတော့ "


ကမ္ဘာကျော်မင်းသမီး Marilyn Monroe ဟာ မျက်နှာပေါ်ကအမွေးတွေကိုရိတ်ပစ်တတ်တယ်လို့ အရင်က သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။ ဒါဟာ ကောလာဟလလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အမျိုးသားတွေလို အမျိုးသမီးတွေဟာ နိုင်ငံတကာမှာ ဘာ့ကြောင့် ခုလို မျက်နှာပေါ်ကအမွေးအမျှင်တွေကို တစ်ပတ်တစ်ခါ ဖယ်ရှားလာကြရပါသလဲဆိုပြီး မေးခွန်းထုတ်ခံခဲ့ကြရပါတယ်။ ကောင်းကျိုးမရှိပဲနဲ့တော့ YouTube မှာ tutorial တွေ ထွက်လာတဲ့အထိ ဘယ်လိုရိတ်ရမယ်ဆိုတဲ့ နည်းတွေ ပြန့်လာတဲ့အထိ ဖြစ်လာမှာ မဟုတ်ပါဘူး။

အရင်တုန်းကတော့ ဘလိတ်ဓားကို အသုံးပြုပြီးမျက်နှာကို သေချာသတိထား ရိတ်ကြရပေမယ့် ခုနောက်ပိုင်း နည်းစနစ်တွေမြင့်မားလာတာကြောင့် မျက်နှာအမွေးရိတ်ကိရိယာမျိုးစုံ ထွက်ရှိလာခဲ့ပါတယ်။ ခုလို မျက်နှာပေါ်က အမွေးအမျှင်တွေ ရိတ်ခြင်းအားဖြင့် သင်ဟာ အသားရေပိုမိုချောမွေ့တာကို ခံစားရမှာဖြစ်သလို အရေပြားက ဆဲလ်အသေတွေကိုတောင် ဖယ်ရှားပြီးသား ဖြစ်လိမ့်မယ်လို့ ဆိုထားကြပါတယ်။

အနုပညာရှင်တွေ ခုလို ရိတ်ကြရတာကတော့ မျက်နှာအနီးကပ် ဓာတ်ပုံရိုက်ချက်တွေအတွက်

" မြန်မာ့ ရိုးရာ ပဟေဠိများ "

 

၁။ သူ့အပင်က တစ်ရုံကြီး၊ သူ့အသီးက တစ်လုံးသီး။ (ဆံပင်နှင့် ဆံထုံး)

၂။ အစာကို နှစ်ယောက်ကမြင်၊ ငါးယောက်က ယူ၊ သုံးဆယ်က ၀ါး၊ ကောင်းစားတော့ တစ်ယောက်တည်း။ (မျက်စိ၊ လက်ချောင်း၊ သွားနှင့် လျှာ)

 ၃။ ကြည့်လေဝေးလေ၊ ဝေးလေကြည့်လေ။ (မျက်စိနှင့် နား)

 ၄။ ခေါင်းကြီးလို့ လည်သိမ်၊ ဖင်ပိန်တဲ့ ယောကျာ်း၊ မိုးပေါ်ပျံကာသွား၊ သိကြားလား နတ်လား။ (ပုစဉ်း)

 ၅။ တက်လေးစင်းနှင့် အပြင်းလှော်၊ မယ်တော်ရှင်မ ပေါင်းထဲက။ (လိပ်)

 ၆။ သွားတော့ ကွေ့ကောက်၊ မြင့်ရာက နိမ့်ရာရောက်။ (မြစ်ချောင်း)

 ၇။ နွားနို့တစ်မြူ၊ ပြည်လုံးဖြူ။ (လ)

 ၈။ နတ်သမီး တံတွေးပေါက် ကြက်မကောက်နိုင်။ (ထရံပေါက်မှကျရောက်လာသော နေပြောက် အကွက်)

" အစာအိမ်ဝေဒနာ ခံစားနေရချိန်မှာ ဒီအစားအစာ (၉)မျိုးကို ရှောင်ပါ

သင်ဟာ ဗိုက်မကြာခဏအောင့်ပြီး အစာအိမ်ဝေဒနာခံစားနေရတဲ့ လက္ခဏာများ ရှိနေပြီလား။ တကယ်လို့များ ဘာအကြောင်းကြောင့်ပဲဖြစ်ဖြစ် အစာအိမ်ဝေဒနာခံစားနေရ တယ်ဆိုရင် မဖြစ်မနေ ရှောင်သင့်တဲ့ အစားအသောက် (၉)မျိုးရှိပါတယ်။ အဲ့ဒါတွေကတော့

(၁)   ငရုတ်သီးနဲ့ စပ်တဲ့အစားအစာတွေရှောင်ပါ။
 အစပ်တွေဟာ အက်ဆစ်ဓါတ်ထုတ်လွှတ်မှု ပမာဏလျော့နည်းလာနေတဲ့ အစာအိမ်တွေအတွက် မသင့်တော်ပါဘူး။ ဒါတွေကအစာအိမ်ကို တရားလွန်နှိုးဆွ ပေးတဲ့အတွက် ဒီလိုအနံ့စူးတဲ့ အစပ်တွေကို ရှောင်ကျဉ် သင့်ပါတယ်။ အစာအိမ်ကို ပြည်တည်စေတာမျိုးတော့ မဖြစ်နိုင်ပေမယ့် ပြည်တည်ထားပြီးသားဆိုရင်တော့ ဒါကိုပိုဆိုးစေပါတယ်။

(၂)  နွားနို့မသောက်ပါနဲ့။
အစာခြေဖျက်နိုင်စွမ်းနည်းတဲ့ သူတွေဟာ နွားနို့နဲ့မတည့်ပါဘူး။ နွားနို့ တစ်ဖန်ခွက်သောက်ပြီးချိန်မှာ အစာအိမ်မှာ

" အာရှတိုက်အနှံ့ ရေကြီးရေလျှံမှုကြောင့် လူပေါင်းသန်းကျော် အိုးအိမ်စွန့် ခွာခဲ့ရပြီး သေဆုံးသူအရေအတွက် များပြား မြင့်တက်လာ"

ဆိုင်ကလုန်းကိုမန် ၀င်ရောက်ပြီးနောက် မုတ်သုန်ုမိုးအကြီးအကျယ် ရွာသွန်းမှုကြောင့် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့ အရှေ့ တောင်အာရှနိုင်ငံတွေမှာ ရေကြီး၊မြေပြိုမှုတွေ ဆက်လက်ဖြစ်ပေါ်လျက်ရှိပါတယ်။ လူရာပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရပြီး လူ သန်းပေါင်းများစွာ အိုးအိမ်တွေ စွန့် ခွာခဲ့ရတယ်လို့ CNN သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ အိန္ဒိယတစ်နိုင်ငံတည်းမှာတင် ရေဘေးသင့်ပြည်သူ ၁၀ သန်း ခန့် ရှိတယ်လို့ သိရပါတယ်။
အိန္ဒိယမှာ မိုးသည်းထန်စွာရွာသွန်းမှု ၊ ယင်းနဲ့ ဆက်စပ်တဲ့ မတော်တဆမှုတွေက အနည်းဆုံး လူ ၁၇၈ ယောက် သေဆုံးပြီးဖြစ်တယ်လို့ အစိုးရတာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။ လွန်ခဲ့တဲ့ အင်္ဂါနေ့ က Madhya Pradesh ပြည်နယ်မှာ တံတားပေါ် ရေလျှံမှုကြောင့် ရထားနှစ်စီးတစ်ပြိုင်တည်း လမ်းချော်မှောက်ခဲ့ပြီး ရထားနှစ်စီးပေါ်ပါလာသူ အယောက် ၁၆၀၀ လောက်ထဲက  အနည်းဆုံး ၂၇ ယောက် သေဆုံးခဲ့ရပါတယ်။
အိန္ဒိယနိုင်ငံ
အနောက်ဘင်္ဂလားပြည်နယ်က ကယ်ဆယ်ရေးစခန်းတွေဆီသို့ လူ တစ်သန်းကျော် ပြောင်းရွှေ့ ခိုလှုံခဲ့ရပြီး လူ ၂၀၀ ကျော် သေဆုံးပြီးဖြစ်ပါတယ်။ လမ်းတွေ၊ ဆည်တွေနဲ့ မြစ်တွေမှာ ရေလျှံနေပြီး၊ မြို့ နယ် ကျေးရွာတွေထဲ ရေတွေ ၀င်ရောက်ခဲ့ကာ ဒေသခံများစွာ
Subscribe

လာလည်သူများ

free counters