| တူရကီတွေက ညဘက်မှ ပီကေဝါးတာကို ရှောင်ကြဉ်ကြပါတယ် |
ဘယ်လောက်ပဲ နည်းပညာအသစ် အသစ်တွေ တိုးတက်လာတဲ့ ကမ္ဘာကြီး
ဖြစ်ပါစေ။ ရှေးတုန်းကတည်းက လက်ခံလာတဲ့ အယူသည်းမှုတွေကို
မစွန့်လွှတ်နိုင်သေးတဲ့ လူတွေ အများကြီးရှိပါတယ်။ တချို့ အယူအဆတွေက ခေတ်နဲ့
မလျော်ညီတာ၊ရယ်စရာကောင်းသလို ဖြစ်နေပေမဲ့ ယုံကြည်သူတွေရှိနေသရွေ့
ဆက်လက်တည်ရှိနေဦးမှာပဲ ဖြစ်ပါတယ်။ ဒီထဲက စိတ်ဝင်စားဖွယ်
အယူသည်းမှုလေးတွေကို သိရှိနိုင်အောင် မျှဝေပေးချင်ပါတယ်။
အီဂျစ်
ကတ်ကြေးကို မညှပ်ဘဲ ဖွင့်လိုက် ပိတ်လိုက်လုပ်နေရင် ကံဆိုးတတ်တယ်လို့ ယုံကြည်ကြတယ်။
အီဂျစ်
ဇီးကွက်ကို ပထမဆုံးမြင်တဲ့သူနဲ့ အသံကြားတဲ့သူတွေက ကံဆိုးတတ်ပါတယ်တဲ့။
တရုတ်
တရုတ်တွေအတွက် ၄ ဂဏန်းက အမင်္ဂလာ ဂဏန်းဖြစ်ပါတယ်။ သူ့ရဲ့ အသံထွက်က သေခြင်းဆိုတဲ့ အသံထွက်နဲ့ တူနေလို့ ဖြစ်ပါတယ်တဲ့။
ပြင်သစ်
ခွေးချေးပုံပေါ်ကို ဘယ်ခြေထောက်နဲ့ တက်နင်းမိရင် ကံကောင်းပြီဲး ညာခြေထောက်နဲ့ တက်နင်းမိရင် ကံဆိုးပါတယ်တဲ့။
လစ်သူအန်းနီးယား
အိမ်ထဲမှာ လေချွန်ရင် မကောင်းဆိုးဝါးတွေကို ဖိတ်ခေါ်သလို ဖြစ်ပါတယ်တဲ့။
ဂျပန်
လူတစ်ယောက် အုတ်ဂူတစ်ခုကို ဖြတ်လျှောက်သွားရတယ်ဆိုရင် လက်မကို ဝှက်ပြီးလျှောက်မှ ကိုယ့်မိဘတွေ သေဆုံးခြင်းကို ကာကွယ်နိုင်ပါမယ်တဲ့။
ဂျပန်
ထမင်းပန်းကန်ထဲမှာ တူကို ဒေါင်လိုက်ထောင်ထားတာက ကံဆိုးမှုတွေ ရောက်ရှိစေတယ်လို့ ဆိုပါတယ်။
တူရကီ
တူရကီတွေက
ညဘက်မှ ပီကေဝါးတာကို ရှောင်ကြဉ်ကြပါတယ်။ မှောင်သွားတဲ့အချိန်မှ ပီကေက
လူသေတွေရဲ့ အသားတွေအဖြစ်ပြောင်းသွားတယ်လို့ ယုံကြည်ထားကြလို့ပဲ ဖြစ်ပါတယ်။
ရုရှား
ကိုယ့်အပေါ်ကို ငှက်ချေးပါချရင် စီးပွားတက်မယ်လို့ ယုံကြည်ပါတယ်။
စပိန်
အခန်းတစ်ခန်းထဲကို ဘယ်ဘက်ခြေထောက်နဲ့ စဝင်ရင် ကံဆိုးစေပါတယ်တဲ့။
ရဝမ်ဒါ
ရဝမ်ဒါ အမျိုးသမီးတွေက ဆိတ်သားမစားကြပါဘူး။ ဆိတ်သားစားရင် မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွေးတွေ ပေါက်လာမှာ စိုးလို့ ဖြစ်ပါတယ်တဲ့။
ဂျာမနီ
ရေခွက်ကို မြှောက်ပြီးဂုဏ်ပြုတာက ကိုယ်နဲ့ အတူသောက်နေတဲ့သူတွေကို သေစေလိုတယ်ဆိုတဲ့ အဓိပ္ပါယ်


