
စပိန်ဟာကမ္ဘာပေါ်မှာ ဖောက်ပြန်မှုအများဆုံးနိုင်ငံလို့ကိန်းဂဏန်းများကဖော်ပြနေခဲ့တာကြောင့် သူဟာ
ဒီအိပ်ရာကိုတီထွင်ဖို့အကြံရခဲ့တာပါ။
ဒီ အိပ်ရာ ဟာ မိမိအလုပ်သွားနေချိန်မှာ မိမိအိမ်ထောင်ဖက်က အခြားတစ်ယောက်နဲ့ ဖောက်ပြန်နေရင် မိမိဆီကိုဖုန်း Applicationကတစ်ဆင့် Messageလှမ်းပို့ပေးမှာဖြစ်ပါတယ်။ ဒီအိပ်၇ာကို Smartress လို့
နာမည်ပေးထားပါတယ်။
အိပ်ရာ အလုပ်လုပ်ပုံ
ဒီ အိပ်ရာ မှာ အာရုံခံစနစ်၂၄နေရာပါဝင်ပြီး အိပ်ရာပေါ်မှာဘယ်သူတွေရှိနေကြောင်း၊ ဘယ်နေရာမှာ
လှုပ်နေကြောင်း၊ဘယ်လောက်ဖိအားများနေကြောင်းကိုအာရုံခံပြိး 3Dပုံရိပ်ထုတ်လုပ်ပေးပါတယ်။ အိပ်ရာကိုတီထွင်တဲ့Company ရဲ့ ပြောရေးဆိုခွင့်ရှိသူ Jose Antonio Muinosက “ဒိကုတင်ကိုထုတ်ရတာ
အိမ်ထောင်ရှင်တွေကို သစ္စာရှိအောင်ပါ။ ညဘက်တွင်သာမဟုတ်ပဲ နေ့ဘက်တွေအလုပ်သွားချိန်မှာလည်း
စိတ်ချလက်ချသွားနိုင်မှာ ဖြစ်ပါတယ်။ ဒီအိပ်ရာဟာ နိုင်ငံတကာမှာပါ အောင်မြင်မယ်လို့ကျွန်တော်တို့
ယုံကြည်ပါတယ်။”လို့ဆိုခဲ့ပါတယ်။


Source:mirror
http://www.shwemom.com/hi-tech-mattress-that-can-detect-infidelity/
Credit : http://themeltingpot4u.blogspot.co.uk/2016/04/blog-post_33.html
No comments:
Post a Comment