လုပ်ငန်းရှင်များအသင်းက အတွင်းရေးမှူး ဦးဝင်းမြင့် က ပြောပါတယ်။
“ရေတိုကာလ အနေနဲ့ကတော့ အကျဘက်ပဲ ဦးတည်နေပါတယ်။ ရှေ့လာမယ့် အပတ်မှာတော့ လက်ရှိ ဈေးထက် ကျဆင်းသွားမယ်လို့ မှန်းပါတယ်” လို့ ဦးဝင်းမြင့်က ပြောပါတယ်။
လက်ရှိမှာတော့ မြန်မာ့ ရွှေဈေးဟာ နိုင်ငံတကာ ပေါက်ဈေးထက် ကျပ်ငွေ ၁ သောင်းကျော်မြင့်နေပြီး အောက်တိုဘာ ၆ ရက်နေ့မှာတော့ အကယ်ဒမီ အခေါက်ရွှေ တကျပ်သားကို ၆ သိန်း ၃ သောင်း ၆ထောင်နဲ့ ဈေးပိတ်ခဲ့ပါတယ်။
နိုင်ငံတကာမှာ ဒေါ်လာဈေးတွေ တက်နေပြီး ရွှေဈေးတွေ ကျဆင်းနေပါတယ်။ ဒီနှစ်မှာ ၁ အောင်စကို ဒေါ်လာ ၁၁၀၀ လောက်အထိ ကျဆင်းနိုင်သလို ၂၀၁၅ မှာတော့ ဒေါ်လာ ၈၀၀ အထိ ကျဆင်းသွားနိုင်တယ်လို့ ဈေးကွက်လေ့လာရေး ကုမ္ပဏီတွေက ခန့်မှန်းနေပါတယ်။
အောက်တိုဘာ ၆ ရက်နေ့က ၁ အောင်စကို ဒေါ်လာ ၁၁၃၇.၉၄ သာရှိတဲ့ ရွှေချောင်းဈေးဟာ ၂၀၁၀ ဧပြီလ နောက်ပိုင်း အနိမ့်ဆုံးကို ရောက်ရှိခဲ့တယ်လို့ သတင်းတွေက ရေးပါတယ်။
ရွှေဈေးနဲ့ ပတ်သက်ပြီး ဆန်းစစ်လေ့လာသူ ဂျော့ခ်ျဘိုလာကတော့ ကျလာတဲ့ ဓားကို ဖမ်းဖို့မကြိုးစားဖို့ သတိပေးထားပါတယ်။
စင်ကာပူမှာတော့ ၁ အောင်စကို ဒေါ်လာ ၁၁၄၆.၁၅ အထိ ကျဆင်းသွားခဲ့ပြီး ဒီနှစ် ၄.၆ ရာခိုင်နှုန်း ဈေးကျခဲ့ပါတယ်။
DVB NEWS.
No comments:
Post a Comment