ကျွန်တော်မောင်စိုးတက္ကသိုလ်ဝင်တန်းဖြေတုံးကအရမ်းကြိုက်တဲ့ စကားပြေတစ်ပုဒ်ပါ။
“ခွန်အားရှိသောစာ”
ခွန်အားရှိသော
ဆောင်းပါးကို ဆရာကြီးရွှေဥဒေါင်းမှ ရေးသားပြီး တစ်သက်တာမှတ်တမ်း
မှ ကောက်နုတ်ထားပါသည်။ စကားပြေရေးသားနည်းဆိုင်ရာများကို လမ်းညွှန်ပြသထား
သော ဆောင်းပါးကောင်းတစ်ပုဒ်ဖြစ်ကြောင်းကို ရည်ရွယ်ပြသထားပါသည်။ ခွန်အားရှိသော
စာမျိုးရေးတတ်ရန် အကြောင်းရင်း(၃)ချက်ရှိပါသည်။
၎င်းတို့မှာ
(၁) ရေးလိုသည် အကြောင်းအရာကို ကောင်းစွာနားလည်ခြင်း။
(၂) အချက်ကျကျ ရေးတက်ခြင်း။
(၃) ကြံ့ခိုင်ကျစ်လစ်သော ၀ါကျမျိုးတည်ဆောက်ခြင်းတို့ဖြစ်ပါသည်။
အချို့လူများသည် အကြောင်းအရင်းတစ်ခုကို ကောင်းစွာနားမလည်ပါဘဲ ကိုယ့်ပာာကိုနားလည်
ပြီး အထင်နှင့် ရေးချင်ပြောချင်တက်ကြသည်။ မိမိတို့ကိုယ်၌က “၀ိုးတိုးဝါးတား” ဖြစ်နေသေး
သော အသိမျိုးကိုပင် အပာုတ်သိထင်ပြီး မပိုင်ဘဲလျှက်နှင့်ပိုင်နိုင်လေပာန် ရေးတတ်ပာတတ်
ကြ၏။ ထိုသူတို့သည် အမှုကြောင်းကို တကယ်သိသည်မပာုတ်ဘဲ ကြေးစားလိုက်သော သက်
သေအား ကျင်လည်သော ရှေ့နေက စစ်ကြောမေးမြန်းလိုက်သည့်အခါ ယောင်ချာချာနှင့်ဖရိုဖရဲ
ဖြစ်ကုန်တတ်သကဲ့သို့ စဉ်းစား တက်သော စာဖတ်ပရိသတ်မျိုးကို(သိပ်တော့မများလှ)ဥာဏ်ဖြင့်
မွှေနှောက်ဆင်ခြင်သည့်အခါ ဖြန်းသန်းရေးသားသော လူ၏စာသည်အလကားဖြစ်သွားတတ်
လေသည်။ ထိုစာသည် ခွန်အားရှိသောစာ မဖြစ်နိုင်ပေ။ သူ့နေရာနှင့်သူ တိကျမှန်ကန်သော

စကားလုံးရွေးချယ်သုံးနှုန်းတတ်ခြင်းသည် အချက်ကျအောင် ရေးတတ်ခြင်းပင်ဖြစ်၍
“ခွန်အားရှိသောစာ”မျိုးဖြစ်လာနိုင်၏။ အဘိဓာန်ကဲ့သို့ စကားလုံးတွေ တတ်ထားသော်လည်း အရွေးမတတ်လျှင် ခွန်အားရှိသောစာမျိုးရေးတတ်သေးသည်မပာုတ်ချေ။
အချို့သော ပုဂ္ဂိုလ်များမှာမူ စကားလုံးများများကြီး မတတ်ဘဲနှင့် တတ်သရွေ့စကားလုံးအနက်မှ
ထိရောက်ဆုံးသော အလုံးကို ရွေးချယ်သုံးနှုန်းတက်သည်ခွန်အားရှိသောစာကို ရေးခိုင်ပါသည်။

ကြံ့ခိုင်ကျစ်လျစ်သော
ဝါကျမျိုးတည်ဆောက်ခြင်းသည်လည်း ခွန်အားရှိသောစာမျိုး ဖြစ်လာနိုင်
ပါသည်။ ၀ါကျတည်ဆောက်ရာတွင် ပွစိစိချည့်နဲ့နဲ့ လျော့ရဲရဲနှင့် ခနော်ခနဲ့ဖြစ်နေသည်ဆိုလျှင်
စကားလုံး “ပြောင်း” ခြင်းကြောင့် “နား” ကို ထိခိုက်သော်လည်း စာဖတ်သူ၏ ဦးနှောက်နှင့်
နှလုံးသို့ မထိခိုက်ဘဲ ရှိနေတတ်သည်။
ထို့ကြောင့် စကားလုံးများကို သူ့နေရာနှင့်သူ အစီအစဉ်ပြုလုပ်ရခြင်းပင်ဖြစ်၏။
ဤသို့ဖြင့် ခွန်အားရှိသော စာမျိုးဖြစ်လာစေရန် သဘောတရားဖြင့် လမ်းညွှန်ထားသည့် ဗပာုသုတရရှိစေသော ဆောင်းပါးတစ်ပုဒ်ဖြစ်ပါသည်။

(မှတ်ချက်)
ကျူရှင်ကပေးတဲ့စာရွက်ထဲကနေ ရေးသားတင်ဆက်လိုက်ပါတယ်ဗျာ.......................
သူငယ်ချင်း
မိတ်ဆွေတို့ဖတ်ပြီး ပြန်မျှဝေပေးပါနော် တက္ကသိုလ်ဝင်တန်းကျောင်းသား /သူ တွေလဲ အဆင်ပြေမယ်လို့ထင်ပါတယ်ဗျာ။ အဆင်ပြေပါစေလို့ဆုတောင်းပေးပါတယ်…..
No comments:
Post a Comment