ရွံထှာဟယ်.. အာပုပ်ရည်တွေ လောင်တော့မှာပဲ ..အံ့ရော ညစ်ပတ်ချက်က ..
ဒါပေမယ့် မျက်လုံးနဲ့ ပတ်သက်ပြီး ထူးဆန်းတဲ့ ရေပန်းစားမှု တစ်ခုကို ပါဝင်လုပ်ဆောင်ကြည့်ပါဆိုရင် သင်လည်း လက်တွန့်သွားမိမှာပါ။ အဲဒီရေပန်းစားမှုကတော့ မျက်လုံးကို လျှာနဲ့ ယက်တဲ့ ယဉ်ကျေးမှုပါပဲ။ ဟုတ်ပါတယ် ။ ဂျပန်နိုင်ငံက ဆယ်ကျော်သက်တွေဟာ သူတို့ရဲ့  ချစ်ခြင်းမေတ္တာကို ဖော်ပြဖို့အတွက် ကိုယ့်ချစ်သူရဲ့ မျက်လုံးကို လျှာနဲ့ယက် ပြကြပါတယ်။ သင်ရောဘ၀မှာ ဒါမျိုးလုပ်ကြည့်ဖူးပါသလား?
ဒီလို မျက်လုံးကို လျှာနဲ့ ယက်ပြတဲ့ အကြင်နာပေးနည်းကို "Oculolinctus" ၊ "worming" စသဖြင့် ခေါ်ဝေါ်ကြပါတယ်။ ပြောရမယ်ဆိုရင်တော့ အဲဒီ အကြင်နာပေးနည်းဟာ လျှာနဲ့ယက်တဲ့ လူအတွက် ကြင်နာခြင်းကို ဆောင်ပေမယ့် မျက်လုံးပိုင်ရှင်အတွက်တော့ နာကြင်ခြင်း တွေသာ ဖြစ်လာမှာ သေချာပါတယ်။
Huffington Post သတင်းဌာနနဲ့ အင်တာဗျူးတစ်ခုမှာတော့ ဆန်ဒီယေဂို မြို့ က မျက်စိ အထူးကုဆရာဝန် ဒေါက်တာ ဒေးဗစ်ဂရာနတ် က မျက်လုံးကို လျှာနဲ့ ယက်ခြင်းနဲ့ ပတ်သက်ပြီး အထူးသတိပေးထားပါတယ်။
"ဒီနည်းလမ်းက ကောင်းကျိုးတစ်ခုမှ မပေးပါဘူး။ လျှာပေါ်မှာရှိတဲ့ မညီညာမှုတွေဟာ မျက်ကြည်လွှာကို ပွန်းပဲ့ ဒဏ်ရာရမှုတွေဖြစ်ပေါ်စေပါတယ်။ အကယ်၍ လူတစ်ယေက်ဟာ သူ့ပါးစပ်ကိုသူဆေးကြော သန့်စင်ခြင်း မရှိဘူးဆိုရင်
အစပ်နဲ့ အရည်ရွှမ်းအသီးတွေကနေ ရထားတဲ့ အက်ဆစ်တွေကို မျက်လုံးထဲ ထည့်ပေးလိုက်သလို ဖြစ်သွားပါတယ်။ ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေကတော့ မျက်စိနာခြင်း ၊ ရေယုန်ပေါက်ခြင်း နဲ့ အမြင်အာရုံကွယ်ပျောက်သွားခြင်းတို့ ထိ ဖြစ်စေနိုင်ပါတယ်" လို့ ဒေါက်တာဒေးဗစ်ဂရာနတ်က ပြောပြခဲ့ပါတယ်။
တစ်ကယ်တော့ ချစ်ခြင်းမေတ္တာကို ဖော်ပြဖို့အတွက် အခြားနည်းလမ်းတွေရှိနေပါသေးတယ်။ သတင်းကောင်းတစ်ခုကတော့ ဒါဟာ ရေပန်းစားမှုတစ်ခုထက် ပေါက်ကရ တစ်ခု ဖြစ်နေနိုင်တာပါ။
Credit : http://www.trend.com.mm/2016/01/13/lifestyle-8573
No comments:
Post a Comment