သင်ဟာ အပေါ်မှာ ပြောပြသွားသလို ဖုန်းကိုလက်ကမချတမ်း ခေါင်းတငုံ့ငုံ့နဲ့သုံးတတ်သူဆိုရင် မကြာခင်မှာ ကျောရိုးနဲ့ပတ်သက်တဲ့ ရောဂါဝေဒနာကို ခံစားလာရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သင်ဖုန်းသုံးတဲ့အခါ ခေါင်းကို ငုံ့ငုံ့ပြီး သုံးရလို့ပါပဲ။ ဆယ်ကျော်သက်တွေဆို ဒီဝေဒနာဖြစ်ဖို့ အခြေအနေပိုများပါတယ်။ ကျောရိုးအထူးကု Dr. Kenneth Hansraj ရဲ့အဆိုအရ ခုလေ့လာချက်အသစ်တွေမှာဆိုရင် ခုလို ကျောရိုးဝေဒနာခံစားရသူ ပိုတိုးလို့တောင်လာပါတယ်တဲ့။
"ဖုန်းသုံးတဲ့အခါ ခေါင်းကို ငိုက်ပြီး မသုံးရင်တော့ ငုံ့တော့ ငုံ့ထားရတဲ့အတွက် ကျောရိုးထိခိုက်မှုဟာ ရှိနေပါတယ်။ အမြဲလိုလို ဖုန်းကိုဆက်တိုက်သုံးနေသူတွေရဲ့ ကျောရိုးတွေဟာ ပုံမှန်လုံးဝမဟုတ်တော့ပါဘူး။ ဒါကို သတိမထားပဲ ဂရုမစိုက်ပဲ
ဆက်လုပ်သွားမယ်ဆိုရင် နောက်ဆုံး ခွဲစိတ်ရတဲ့အထိကို ဖြစ်တတ်ပါတယ်"လို့ သူက ပြောကြားသွားပါတယ်။
ခုလိုပြောလို့ ဖုန်းတွေလုံးဝမသုံးရတော့တာတော့ မဟုတ်ပါဘူး။ ဖုန်းတွေဟာ နေ့စဉ်ဘ၀တွေရဲ့ အရေးကြီးတဲ့ နေရာတစ်နေရာမှာ ပါဝင်လာတာမို့ ဖုန်းသုံးမယ်ဆို သတိလေးတော့ချပ်ပြီး သုံးသင့်ပါတယ်။ ဒီတော့ ဖုန်းသုံးမယ်ဆို ခေါင်းကို အတင်းငုံ့သုံးတာမျိုး မလုပ်တော့ပဲ သတိထားမယ်၊ ဖုန်းသုံးတဲ့ ခန္ဒာကိုယ်အနေအထားကို ဂရုစိုက်ပါ။ နောက်တစ်ချက်က ကိုယ်ဖုန်းအသုံးပြုတဲ့အချိန်က သိပ်များနေတယ်ဆို လျှော့ချသွားဖို့ လိုပါတယ်။
Ref:yourtango
Credit : http://www.trend.com.mm/2016/01/11/health-8549
No comments:
Post a Comment