♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 28, 2013

စာအုပ်စာပေ လူမိတ်ဆွေ

-->
-       လောက၌ အရေးပါသောပညာကို စာအုပ်များထဲမှ ရနိုင်ပုံ

-       အတ္ဃုပ္ပတ္တိစာပေများ ဖတ်ခြင်းအကျိုး

-       ၀တ္ထု၊ ကဗျာစသော ရသစာပေများ ဖတ်ခြင်းအကျိုး

-       စာအုပ်များသည်စိတ်ဓာတ်ကို ဖြည့်ဆည်းပေးသည် မိတ်ဆွေကောင်းများဖြစ်ပုံ
                                                   စာအုပ်စာပေ လူမိတ်ဆွေ
“လောက၌ ပညာနှင့်တူသော မိတ်ဆွေမရှိ“ ပာူသော စကားရှိပါသည်။လောက၌ အသိပညာ၊အတက်ပညာအမျိုးမျိုးတို့၏ စုဆည်းရာမှာ စာအုပ်များဖြစ်ပါသည်။ သို့ဖြစ်၍ စာအုပ်များသည်လည်း လူသားတို့၏ မိတ်ဆွေအရင်းအချာများပာုဆိုရပါမည်။
“မိတ်ဆွေ“ပာု ဆိုရာ၌ မိတ်ဆွေကောင်းကို ဆိုလိုပါသည်။ မိတ်ဆွေကောင်းသည် သာ မိမိ၌ အခက်အခဲကြုံလျှင် အကြံကောင်းဥာဏ်ကောင်း ပေးတတ်ပါသည်။ လှိုက်လှိုက်လှဲလှဲ ကိုယ်ရောစိတ်ပါ ကူညီတတ်ကြပါသည်။ မိတ်ဆွေအတုယောင်တို့မှာမူ သာလျှင်ပေါင်းပြီး ဒုက္ခတွေ့လျှင် ရှောင်သွားတတ်ကြပါ
သည်။စာအုပ်စာပေမှာမူ မိတ်ဆွေအဆိုးအကောင်းပာူ၍ မရှိပါ။ စာအုပ်မှန်သမျှသည် ဖတ်ရှုသူအား တစ်နည်းနည်းနှင့်အကျိုးပြူကြမြဲဖြစ်ပါသည်။ အပျော်ဖတ်ဝတ္တုစာအုပ် တစ်အုပ်သည်ပင် စိတ်၏ပျော်ရွှင်မူကို
ပေးနိုင်ပါသည်။
လောက၌ အကြောင်းနှင့်အကျိုးသည် ဆက်စပ်နေမြဲဖြစ်ပါသည်။မိတ်ဆွေကောင်းရရန် မိမိကလည်း မိတ်ဆွေ
ကောင်းရှာရပါသည်။စာအုပ်ဆိုသည်မိတ်ဆွေကောင်းရရန် စာအုပ်များကို ရှာဖွေရပါသည်။ စာဖတ်ဝါသနာကို
ပျိုးထောင်ရပါသည်။ စာအုပ်များ သိုမှီစုဆောင်းရာ စာကြည်တိုက်များ၌ မွေ့လျော်ကြရပါသည်။အပျော်ဖတ်
စာအုပ်များသည်စိတ်ညစ်ညူးနေသောအခါဖတ်လျှင် တဒင်္ဂစိတ်သောကများကို ပြေပျောက်စေနိုင်သည်။
အတ္ထုပ္ပတ္တိစာပေများကို ဖတ်ခြင်းဖြင့် ကမ္ဘာကျော်ပုဂ္ဂိုလ်ကြီးများနှင့် ရင်းနှီးခွင့်ရပါသည်။ အမေရိကန်ပြည်ထောင်စု၏ သမ္မတကြီး အေဗရာပာင်လင်ကွန်းအကြောင်းဖတ်ရလျှင် ဆင်းရဲသောဘ၀မှ ရိုးသားကြိုးစားခဲ့သော အစွမ်းသတ္တိများကို အတုယူစရာအဖြစ်တွေရမည်။လင်ကွန်း၏ဘ၀နှင့်ပတ်သက်လျှင်
အနိုင်မခံ အရှုံးမပေးသည်စိတ်ဓာတ်၊ဖြောင့်မတ်တည်ကြည်မူ၊ လူသားအချင်းချင်းအပေါ် စာနာထောက်ထားမှု
စသည့် ကောင်းမြတ်သော စိတ်ဓာတ်အရည်အသွေးများသည် စာဖတ်သူစိတ်ထဲသို့ စိမ့်ဝင်လာနိုင်ပါသည်။
အမေရိကန်ပြည်ထောင်စု၏ သန်းကြွယ်သူဌေးကြီး ဂျွန်ရော့ကဲဖဲလား၏အတ္ထုပ္ပတိကိုဖတ်ရလျှင်လည်း အလွန်ဆင်းရဲသော အားလူစိုက်ခင်းအလုပ်သမားလေးဘ၀မှ သန်းကြွယ်သူဌေးတစ်ဦးဖြစ်လာသည်အထိ ကြိုးစားခဲ့သော ဇွဲလုံ့လနှင့် အောင်မြင်မှုရအောင် ကြိုးပမ်းသည်နည်းစနစ်များကို သိခွင့်ရပါသည်။ သန်းကြွယ်
သူဌေးကြီးဖြစ်လာသောအခါတွင် မိမိဘ၀တွင် ပညာသင်ကြားနိုင်ရန် ပညာရေးဌာနများ၊ တက္ကသိုလ်များသို့
သန်းပေါင်းများစွာ လှူဒါန်းခဲ့သည်စိတ်ထားမှာ အတုယူလေးစားလောက်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း
အကြောင်း ရေးသားထားသော စာအုပ်များကြောင့် ဗိုလ်ချူပ်၏ တိုင်းချစ် ပြည်ချစ်စိတ်နှင့် ရိုးသားဖြောင့်မတ်
မှုများအတွက် ဂုဏ်ယူစိတ်များ ဖြစ်ပေါ်လာမြဲဖြစ်ပါသည်။ အတ္ထုပ္ပတိစာပေများကိုဖတ်ခြင်းကြောင့် ကမ္ဘာကျော်
ပုဂ္ဂိုလ်ကြီးများ၏ အရည်အချင်းနှင့်မြင့်မြတ်သော စိတ်ထားတို့သည် စာဖတ်သူတို့ထဲသို့ကူးစက်ရောက်ရှိလာစေ
ပါသည်။ဘ၀အားမာန်များ၊ဇာတိမာန်များနှင့် စိတ်ကောင်း စိတ်မြတ်များ ကိန်းအောင်းလာစေပါသည်။ စာအုပ်များသည် မိမိစိတ်ထားကို ပြုပြင်ပေးသော မိတ်ဆွေကောင်းများ ဖြစ်လာပါသည်။ ဘ၀၏ အောင်မြင်မှုအတွက်အကြံပေးသော မိတ်ဆွေကောင်းများ ဖြစ်လာပါသည်။
ဝတ္တု၊ပြဇာတ်၊ကဗျာ၊ ရသ စာတမ်းကဲ့သိုသော ရသစာပေများ ကလည်း၊ စိတ်ခံစားမှုမှ တစ်ဆင့် ဘ၀အသိကိုရရှိ
စေသည် မိတ်ဆွေကောင်းများပင်ဖြစ်ပါသည်။ အမျိုးသားပညာဝန် ဦးဖိုးကျား၏ ၀တ္တုများသည် လူငယ်တို့၏
စိတ်ကို ပြုပြင်ပေးနိုင်စွမ်းရှိပါသည်။ မင်းကတော် ၀တ္တုကို ဖတ်ခြင်းဖြင့် ရင်နင့်ခံစားကြရပါသည်။ သမီးဖြစ်သူ၏
ဘ၀ကြီးမြင့်ရေးအတွက် အကြော်ရောင်းရသော ညွန့်မေ၏မိခင်ဖြင့် မိဘ၏မေတ္တာကို ခံစားသိမြင်စေခဲ့ပါသည်။
သမီ၏ ဂုဏ်သိက္ခာကို ထိခိုက်မည်စိုး၍ အခြားတစ်နေရာသို့ထွက်သွားပြီး သမီးဖြစ်သူ၏ မင်းကတော်ဖြစ်မည်ပာူ
သော ဇာတာလေးကို ရင်ဘတ်ပေါ်တင်၍ သေဆုံးသွားခဲ့ရသည်။ ဦးဖိုကျားသည် မိခင်၏ဖြစ်ရပ်ကို ကြေကွဲဖွယ်
ဇာတ်ကွက်ဆင်၍ ရေးသားတင်ပြခြင်းဖြင့် စိတ်ထိခိုက်ကြေကွဲမှုမှတစ်ဆင့် မိဘကျေးဇူးကို သိသင့်သည်ပာူ
သောအသိတရားကို ပေးခဲ့ပါသည်။ စာအုပ်များသည် စိတ်ရိုင်းများကို ယဉ်စေနိုင်စွမ်းရှိသည် မိတ်ဆွေကောင်းများဖြစ်ပါသည်။
ဆရာကြီးမင်းသုဝဏ်၏ စာပေများသည် မြန်မာ့ကျေးလက်၏ အငွေ့အသက်၊မြန်မာတို့၏  ယဉ်ကျေးမှုဓလေ့
ထုံးစံများကို ချစ်ခင်မြတ်နိုးလာစေပါသည်။ဆရာဇော်ဂျီ၏ ဗေဒါလမ်းကဗျာများတွင် စုန်ချည်ဆန်ချည် သွား
လာလှုပ်ရှားရှင်သန်ရသော ဘ၀ခရီးလမ်းအကြောင်းကို ဗေဒါ၏ ရေစုန်ရေဆန်လမ်းဖြင့် တင်စားရေးဖွဲ့ထား
သည်။ ဘ၀၏သုခ၊ ဒုက္ခအမျိုးမျိုးကို သိမြင်နားလည်လာစေသည်။ ဗေဒါလမ်းတွင် ဗေဒါသည် အုန်းလက်ကြွေ
လှိုင်းလုံးကြီးများ၊ဘဲအုပ်များ၏ အန္တရာယ်ကိုကြုံခဲ့ရသည်။သို့ရာတွင် ဗေဒါသည် အားမာန်မပျက် စုန်ဆဲဆန်ဆဲ
ဖြစ်ကြောင်းကို ကဗျာစာဆိုက“ဗေဒါပျံ၊အံကိုခဲ၊ပန်းပန်လျက်ပဲ“ပာု ရေးဖွဲ့တင်ပြခဲ့သည်။ဗေဒါ၏ ဘ၀အားမာန်
သည် ကဗျာဖတ်သူတို့အား အလိုလိုအားမာန်တတ်လာစေပါသည်။ ဆရာဇော်ဂျီ၏”လှိုင်းကလေးသင်”ကဗျာ
တွင်လှိုင်းကလေးသည် ပင်လယ်ကမ်းခြေဆီလာရင်း လှိုင်းဒဏ်ကြောင့် ပင်ပန်းရရှာသော ဇင်ရော်ငှက်ကလေး
ကို ကျောပေါ်၌ ဖောင်သဖွယ်တင်ဆောင်၍လာခဲ့သည်ပာု ရေးဖွဲ့ထားသည်။ လမ်းကြုံသူအား လျစ်လျူမရှုဘဲ
ကူညီဖေးမခဲ့သော လှိုင်းကလေး၏ စိတ်ထားကို စာဆိုက ၀မ်းမြောက်ဂုဏ်ယူကြောင်း ရေးဖွဲ့တင်ပြခြင်းဖြင့်
အများအကျိုးဆောင်တက်သည် စိတ်ကောင်းစိတ်မြတ်ကို လမ်းပြပေးခဲ့ပါသည်။
သုတ၊ ရသစာပေအပါအ၀င်စာအုပ်များသည် လူသားတို့အား အသိဥာဏ်ဗပာုသုတတိုးပွားစေသော မိတ်ဆွေ
ကောင်းများဖြစ်ပါသည်။အိမ်နီးချင်းကောင်းလျှင် ပာင်းကောင်းတစ်ခွက်ရမြဲဖြစ်သကဲ့သို့ စာအုပ်ကောင်းများက
လည်း စိတ်အပာာရအတွက် ပာင်းကောင်းများကို ပေးမြဲဖြစ်ပါသည်။ ၀တ္ထု၊ကဗျာ စသော ရသစာပေများသည်
စာဖတ်သူ၏စိတ်ကို နှစ်သက်ခံစားစေပါသည်။ ထိုမှတစ်ဆင့် ဘ၀အတွက် တန်ဖိုးမဖြတ်နိုင်သော စိတ်ကောင်း
စိတ်မြတ်များ ဘ၀အားမာန် ပြည့်ဝစေသော စိတ်ဓာတ်အင်အားများကို ပေးစွမ်းသည် မိတ်ဆွေမိတ်ကောင်းများ
ဖြစ်ပါသည်။ စိတ်ဓာတ်ကို ပြည့်ဖြိုးစေသည့် အားဖြည့်အချိုရည်နှင့်တူသော မိတ်ဆွေကောင်းများပာုလည်း ဆိုနိုင်ပါသည်။ စာအုပ်စာပေများသည် လူသားတို့အနေနှင့် ထာဝရလက်တွဲသင့်သော မိတ်ဆွေကောင်းများ
အမှန်ပင်ဖြစ်ပါတော့သည်။ မှတ်ချက်(စာစီစာကုံးစာအုပ်တစ်ခုထဲက ကူးယူဖော်ပြလိုက်ပါ)
စာရေးသူကတော့ မောင်စိုးဖြစ်ပြီးတော့ ပိုစ့်တင်ပေးသူကတော့ မောင်စိုးသူငယ်ချင်း မောင်သူရပါ
မောင်စိုးက အခုရက်ပိုင်းအလုပ်များနေလို.ပါဗျာ။ကျွန်တော်တို့ကိုဆက်သွယ်ဆိုရင်တော့
mgsoemin1995@gmail.com    ဆက်သွယ်နိုင်ပါတယ်ဗျာ……

September 12, 2013

ှုIP ကိုတွက်ရအောင်



အားလုံးပဲမင်္ဂလာပါဗျာ ကျွန်တော်လဲပာိုပြေးဒီပြေးနဲ့ပိုစ့်တွေတောင်မရေးဖြစ်ကြာသွားပြီး အခုပိုစ့်တစ်ခုရေးလိုက်ပြီးဗျာ IP တွက်ချက်တာလေပါ ကျွန်တော်ကကြိုက်သွားတယ်ဗျာ ကောင်းတယ်
အသုံးပြုရတာလွယ်တယ်ဗျာ…. IP ကိုအလွယ်တကူနဲ့လျင်လျင်မြန်မြန်တွက်ချက်လိုရတဲ့ဝက်ဘ်ဆိုက်တစ်ခု
ပါ။Networking ဆရာတွေနဲ့ Network ကို အခုမှာစလေ့လာနေသူတွေအတွက်အသုံးဝင်မယ်လို.ထင်ပါတယ်။


အဆင်ပြေပါစေဗျာ၊
ကျွန်တော်မောင်စိုးကိုဆက်သွယ်မယ်ဆိုရင်တော့ mgsoemin1995@gmail.com ကိုဆက်သွယ်နိုင်ပါတယ်…
ကျွန်တော်မောင်စိုးက ရောသမ ဆိုဒ်လေကိုလာလည်ပေးလို.ကျေးဇူးတင်ပါတယ်ဗျာ….mgsoe

နေ့စဉ်ထုတ်သတင်းစာများကို Mobile Phone များတွင်ကြည်ရှုနိုင်



အားလုံးပဲမင်္ဂလာပါဗျာ ကျွန်တော်ပိုစ့်မရေးဖြစ်တာအရမ်းကြာသွားပြီးဗျာ တောင်းပန်းပါတယ်ဗျာ စာဖတ်သူအားလုံးကိုပါ..။သတင်းစာမှာတွေလိုက်လို.ဗျာ နိုင်ငံခြားကမိတ်ဆွေ၊သူငယ်ချင်းတွေကြိုက်
မယ်လို.ထင်ပါတယ်ဗျာ..ပိုစ့်အမည်ကတော့ နေ့စဉ်ထုတ်သတင်းစာများကို Mobile Phone များတွင်
ကြည်ရှုနိုင် ပြီတဲ့ဗျာ။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်းလုပ်ငန်းမှ နေ့စဉ်ထုတ်ဝေလျက်ရှိသည့် မြန်မာ့အလင်း၊ကြေးမုံနှင့် The New Light of Myanmar နေ့စဉ်ထုတ်သတင်း
စာများကို အွန်လိုင်း အင်တာနက်မှတစ်ဆင့် မိမိတို့၏ ကွန်ပျူတာ၊Tablet နှင့် Mobile Phone များမှ တစ်ဆင့်
ကြည်ရှုနိုင်ပြီဖြစ်ပါသည်။ကွန်ပျူတာမှတစ်ဆင့်ဖတ်ရှုလိုသူများနှင့် ဒေါင်းလော့လ်ချပြီး သိမ်းဆည်းထားလိုသူများအတွက်
www.moi.gov.mm/npe/mal  www.moi.gov.mm/npe/km
www.moi.gov.mm/npe/nlm Website လိပ်စာများမှတစ်ဆင့် ဖတ်ရှုသိမ်းဆည်းထားနိုင်ပါသည်။
Android Mobile Phone များနှင့် Tablet များမှတစ်ဆင့် ဖတ်ရှုလိုသူများအတွက် m.moi.gov.mm/npe/mal m.moi.gov.mm/npe/km ၊ m.moi.gov.mm/npe/nlm Website လိပ်စာများမှတစ်ဆင့် ဖတ်ရှုနိုင်ပြီး မိမိ၏
Android Mobile Phone များနှင့် Tablet များမှ အလွယ်တကူတိုက်ရိုက်ဖတ်ရှုနိုင်ရန် apk အတွက် google
play store Categories တွင် news and magazines  ကိုရွေးချယ်၍ မြန်မာ့အလင်း၊ကြေးမုံနှင့် The New light of Myanmar စာသားအမှတ်တံဆိပ်ပါ Application Icon များကိုနှိပ်၍ အင်းစတော့လ် လုပ်ယူကာ
မိမိ  Mobile Phone များနှင့် Tablet များ ပေါ်တွင် တိုက်ရိုက်ဖတ်ရှုခြင်းနှင့် ဒေါင်းလော့လ် ချ၍ ဖတ်ရှုခြင်းများ
ပြုလုပ်နိုင်ပါသည်။ ဒေါင်းလော့လ် ချ၍ ဖတ်ရှုရန်အတွက် မိမိ Mobile Phone များနှင့် Tablet များ ပေါ်တွင်
Acrobat Reader Version ကို ဦးစွာ အင်းစတော့လ် လုပ်ထားရန်လိုအပ်ပါသည်။
Ipad  နှင့် Iphone များအတွက် The Apple Store တွင် Mobile app ကို free Download ချ၍ ဖတ်ရှုနိုင်ရန်
ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။  မှတ်ချက်-(ကြေးမုံသတင်းစာထဲကနေကူးယူဖေါ်ပြလိုက်ပါတယ်.)
ကျွန်တော်မောင်စိုးကိုဆက်သွယ်မယ်ဆိုရင်တော့ mgsoemin1995@gmail.com ကိုဆက်သွယ်နိုင်ပါတယ်…
  mgsoemin1995@gmail.com

August 27, 2013

ရန်ကုန်…နေပြည်တော်…မန္တလေးလမ်းမကြီးအကြောင်းလေးပါ



အားလုံးမင်္ဂလာပါဗျာ ကျွန်တော်လဲအားရင်အားသလို.ပိုစ့်တွေကိုရေးထားပါတယ်ဗျာ အခုတင်မယ်ပိုစ့်လေးကအရေးကြီးတယ်ဗျာ…..ရန်ကုန်…နေပြည်တော်…မန္တလေးလမ်းမကြီး
အကြောင်းလေးပါ….အဲဒီလမ်းကနေခရီးသွားမယ်ဆို သတိထားပါ မိုးရာသီအချိန်ဖြစ်လို.ပါ..
ပြောမှာတောင်ဘယ်ရောက်နေလဲမသိဘူးအခုပြောတော့မယ်နော်
ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတစ်လျှောက် ယာဉ်တိမ်းမှောက်မှုနှင့်ယာဉ်မတော်တဆမှုများ မကြာခဏဖြစ်ပွားလေ့ရှိသဖြင့် ယာဉ်မောင်းသူများ သတိထားမောင်းနှင်နိုင်စေရန် အန္တရာယ်ဖြစ်စေနိုင်
သည် လမ်းမိုင်တိုင်နေရာများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ထုတ်ပြန်ထားကြောင်းသိရသည်။
  အဆိုပါယာဉ်အန္တရာယ်ဖြစ်စေနိုင်သည့် နေရာများမှာ ရန်ကုန်-မန္တလေး အမြန်လမ်းမြို့ချောင်း၊ အမြန်လမ်း
ရဲစခန်းအနီး မိုင်တိုင်အမှတ်(၇၅/၆)ကြားနေရာ၊ မိုင်တိုင်အမှတ်(၉၀-၆/၇)ကြားနေရာ မိုင်တိုင်အမှတ်(၁၀၃-၃/၄)ကြားနေရာ၊ဗောဓိကုန်းအမြန်လမ်းရဲစခန်းအနီး မိုင်တိုင်အမှတ်(၁၅၀-၃/၄)ကြားနေရာ၊မိုင်တိုင်အမှတ်
(၁၂၅-၃/၄)ကြားနေရာ၊သာဂရအမြန်လမ်းရဲစခန်းအနီး မိုင်တိုင်အမှတ် (၁၆၈-၀/၁)ကြားနေရာ၊မိုင်တိုင်အမှတ်(၁၇၀-၁/၂)ကြားနေရာတို့အား
အန္တရာယ်ဖြစ်စေနိုင်သည် နေရာများအဖြစ်သတိထားမောင်းနှင်ရန် ထုတ်ပြန်ထားသည်။  
    အမြန်လမ်းမကြီးတွင် ယာဉ်အန္တရာယ်ဖြစ်စေနိုင်သည် ရေ၀ပ်သည့် လမ်းနေရာများဖြစ်သော မိုင်တိုင်
အမှတ်(၁၇၀-၁/၂)ကြားနေရာရှိ ဂုံမင်းကွင်းတံတားအနီး လမ်းကွေ့မှာလည်း ရေ၀ပ်တက်သည့်အတွက် ယာဉ်မောင်းနှင်သူများအနေဖြင့် သတ်မှတ်မိုင်နှုန်းအတိုင်းသာ သတိထားမောင်းနှင်ရန်လိုအပ်ကြောင်း
သိရသည်။ မှတ်ချက်-----(ကြေးမုံသတင်းစာထဲကနေကူးယူဖော်ပြတာပါ)
ကျွန်တော်မောင်စိုးပြောချင်တာကတော့ သတိထားတာကတော့အကောင်းဆုံးပါပဲဗျာ.ရေ၀ပ်နေအချိန်မှာ
ရေအိုင်ထဲကိုဖြတ်မယ်ဆိုရင် စီယာတိုင်ကို မြဲမြဲကိုင်ထားပါ။ကျွန်တော်ပြန်လာတဲ့နေ့ဆိုရင် ကားတစ်စီး
တိုက်တာကိုတွေလိုက်ရတယ်ဗျာ…စိတ်မကောင်းဖြစ်မိတယ်။တစ်ခုပြောချင်ပါတယ် ဒါကတော့ တစ်ယောက်နဲ့တစ်ယောက်မတူဘူးလေ ကားမမောင်းခင်မှာရေချိုးတာအကောင်းဆုံးပါပဲဗျာ လန်းဆန်းစေတယ်။မအိပ်ငိုက်ဘူး ကျွန်တော်ကတော့ရေချိုးလိုက်ရင် လုံးဝမငိုက်တော့ဘူး ခရီးသည်တွေ
အားလုံးအိပ်စက်အနားယူနေကြတယ်။ကျွန်တော်မောင်စိုးနဲ့ယာဉ်မောင်းကိုရဲကတော့ ခရီးဆက်နေရတာ
ပေါ့။ဒီလောက်ပါပဲဗျာ မိတ်ဆွေ၊သူငယ်ချင်းတို့ခရီးသွားနေတဲ့အခါကြရင် အဆင်ပြေပါစေ၊ပျော်ရွှင်ပါစေလို
ဆုတောင်းပေးလိုက်တယ်ဗျာ။။။

ကျွန်တော်မောင်စိုးကို ဆက်သွယ်မယ်ဆိုရင်တော့
mgsoemin1995@gmail.com ကို ဆက်သွယ်နိုင်ပါတယ်လို့ပြောချင်ပါတယ်ဗျာ။ဆိုဒ်ကိုလာလည်သူအားလုံးကိုကျေးဇူးတင်လျှက်

                                         

August 26, 2013

အွန်လိုင်းပေါ်ကနေဂိမ်းအသေးလေးတွေကိုသွားဆော့ရအောင်နော်



အားလုံးမင်္ဂလာပါဗျာ ကျွန်တော်ပိုစ့်တွေရေးဖြစ်လိုက်မရေးဖြစ်လိုက်နဲ. အလုပ်ပေါ်လာလို.ခရီးသွားတာနဲ့ စာဖတ်သူမိတ်ဆွေ၊သူငယ်ချင်းတို.ကို
တောင်းပန်းပါတယ်ဗျာ။အခုတော့ပြန်ရေးတော့မယ်….အခုတင်ဆက်မယ်ခေါင်းစဉ်ကတော့( အွန်လိုင်းဂိမ်းသေးသေးလေးတွေကို ဆော့ကစားရအောင်ဗျာ)

အင်တာနက်ပေါ်က ဂိမ်းအသေးလေးတွေကို ဆော့ကစားချင်သူများအတွက် အဆင်ပြေပါတယ်…မိတ်ဆွေ၊သူငယ်ချင်းတွေကြိုက်မယ်လို.
ကျွန်တော်ထင်ပါတယ်…




ကျွန်တော်မောင်စိုးကိုဆက်သွယ်ရင်တော့ mgsoemin1995@gmail.com ဆက်သွယ်နိုင်ပါတယ်….
လာရောက်ကြည်ရှုသူအားလုံးကိုကျေးဇူးတင်ပါတယ်ဗျာ မိတ်ဆွေ၊သူငယ်ချင်းတို.အချိန်ရရင် လာလည်ဖို.ဖိတ်ခေါ်အပ်တယ်ဗျာ။

August 23, 2013

လူငယ်နှင့် အားကစား



လူငယ်နှင့် အားကစား

  • ·         ရခဲသော လူ့ဘ၀တွင် ဗလငါးတန်နှင့်ပြည်ဝရန်လိုပုံ

  • ·         ကျန်းမာရေးအတွက် အားကစားလိုက်စားသင့်ပုံ

  • ·         အားကစားနည်းအမျိုးမျိုး

"ရခဲပေစွ လူ့ဘ၀" ပာု မြတ်စွာဘုရား ပောာကြားတော်မူခဲ့သည်အတိုင်း လူအဖြစ်လူ့ဘ၀သည် ရဖို့မလွယ်ပါ။ ရခဲ့ပြန်လျှင်လည်း ကျန်းမာကြံ့ခိုင်သောခန္ဓာ၊ထက်မြက်သော ဆင်ခြင်တုံတရားတို့နှင့် ပြည်စုံမှသာလျှင် ရရှိရကျိုးနပ်ပေမည်။ ကာယဗလ၊ဉာဏဗလ၊မိတ္တဗလ၊ စာရိတ္တဗလနှင့် ဘောဂဗလ စသော ဗလငါးတန်ပြည့်ဝ
ရန်အရေးကြီးလှသည်။ ဗလငါးတန်ပြည်ဝရန် လူငယ်ဘ၀မှာပင် အားကစားလိုက်စားသင့်ပါသည်။
လူငယ်တို့ဘ၀တွင် အမျိုးအစားနှစ်မျိုး အကြမ်းသတ်မှတ်ကြည့်မည်ဆိုလျှင် လူမိုက်နှင့်လူလိမ္မာပာူ၍ လွယ်လွယ်ဆိုရပါမည်။ လူမိုက်ပာူသည်ကား ကျောင်းသားဘ၀ကပင် စာမကြိုးစားဘဲ ကျောင်းပြေး၊ စည်းမဲ့
ကမ်းမဲ့နေကြသူများဖြစ်၏။ လူလိမ္မာကား ရိုးရိုးသားသား ကြိုးကြိုးစားစားနှင့် အပတ်တကုတ်လေ့လာကျက်မှတ်
သူများ ဖြစ်သည်။ သို့သော် စာကိုချည်းဖိကြိုးစား၍ ကျက်မှတ်နေသူများသည် ကျန်းမာရေးချိုတဲ့တက်ပါသည်။
ကျန်းမာရေးချိုတဲ့လျှင် ပညာဉာဏ်မည်မျှပင် တော်နေကောင်းပါစေ ခါးတစ်ပိုင်းကျိုးသောမြွေ ကဲ့သို ခရီးဆက်
ရန်ခက်ပေလိမ့်မည်။

Subscribe

လာလည်သူများ

free counters