♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 16, 2014

" အလှအပ ကြိုက်တဲ့ လက်သမား ကိုကိုတွေ အတွက် စော်ပုံ အလန်းလေးတွေ"

ဒီနေ့တော့ အလှအပကြိုက်ပြီး ပြု ပြု ပြင်ပြင် လှလှပပလေး နေတတ်ကြကာ ဘာမဆို အလန်းလေး
မှ ကြိုက်တတ်လွန်းတဲ့ ကိုကိုတို့အတွက် "စော်ပုံ" အလန်းစားလေးတွေ တင်ပေးလိုက်ပါတယ်။

Bi မွန်းတည့်နေဂျာနယ်မှ သတင်းသမား ၅ဦး ထောင်ဒဏ် ၂နှစ်စီ ချမှတ်ခံ


Bi မွန်းတည့်နေဂျာနယ်မှ သတင်းသမား ၅ဦး ထောင်ဒဏ် ၂နှစ်စီ ချမှတ်ခံရ

Bi မွန်းတည့်နေဂျာနယ်မှ တရားစွဲခံထားရသော သတင်းသမား ၅ဦးအား ယနေ့(အောက်တိုဘာ ၁၆ရက်) နံနက်ပိုင်းတွင် ပန်းပဲတန်းမြို့နယ် တရားရုံးက ထောင်ဒဏ် ၂နှစ်စီ ချမှတ်ခဲ့သည်။

ထောင်ဒဏ်ချမှတ်ခံခဲ့ရသူ ၅ဦးမှာ ဦးကျော်မင်းခိုင်(ထုတ်ဝေသူ)၊ ဦးယဉ်မင်းထွန်း(ထုတ်ဝေသူ)၊ ကျော်ဇောဟိန်း(ခ)မင်းဝဿန်(သတင်းထောက်)၊ ဦးဝင်းတင်(အမှုဆောင်အယ်ဒီတာ)၊ ဦးသူရအောင်(တာဝန်ခံအယ်ဒီတာ) တို့ဖြစ်သည်။

“များတယ်ဗျာ၊ အရမ်းများလွန်တယ်၊ ကျနော်တို့ နိုင်ငံရေးလုပ်တာမဟုတ်ပါဘူး၊ အများပြည်သူအတွက် သတင်းရေးသားဖော်ပြနေတဲ့ မီဒီယာသမားတွေကို အမြင့်ဆုံးပြစ်ဒဏ် ထောင်ဒဏ်ချမှတ်ခံရတဲ့အတွက် မတရားဘူးလို့ ယူဆတယ်၊ အဲဒီအတွက် အယူခံဝင်သွားမယ်”ဟု ပြစ်ဒဏ်ချမှတ်ခံရသူတဦးဖြစ်သည် သတင်းထောက် ကိုမင်းဝဿန် က ပြောသည်။

ယင်းတို့ ၅ ဦးအား “ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားဒီမိုကရေစီအင်အားစုများကို ကြားဖြတ်အစိုးရအဖြစ် ပြည်သူများက တင်မြှောက်ကြောင်း MCDF ထုတ်ပြန်”ဆိုသော သတင်းရေးသားမှုကြောင့် ဇူလိုင်လ ၁၁ရက်နေ့က ဖမ်းဆီးခဲ့၍ ပုဒ်မ ၅၀၅(ခ)ဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ အမိန့်ချမှတ်ခံရပြီးနောက် ပြည်တွင်းသတင်းဌာနမှ သတင်းသမား ၃ဦးက “မီဒီယာဖိနှိပ်မှုရပ်”ဟု ရေးသားထားသော စာရွက်များ ကိုင်ဆောင်၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

သူရမင်းဇော်

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=nf



ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အနီးရှိ Season Hotal၌ မီးလောင်မှုဖြစ်သွား

Season Hotal ဟိုတယ်တွင် မီးလောင်မှုဖြစ်

ရန်ကုန်၊ အောက်တိုဘာ ၁၆

၁၆.၁၀.၂၀၁၄ရက်နေ့ ၁၆၄၅အချိန် မင်္ဂလာဒုံမြို့နယ်၊ အနန်းပင်ရပ်ကွက်၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှေ့ရှိ Season Hotal အခန်းအမှတ် ၂၂၈တွင် မီးလောင်မှု ဖြစ်ပွားကြောင်း သိရှိရပါသည်။

မီးလောင်ရာသို့ မီးသတ်ယာဉ်(၁၀)စီး၊ အုပ်ချုပ်မှုယာဉ် (၂)စီးတို့ မီးငြှိမ်းသတ်ခဲ့ရာ ၁၆၅၅အချိန်တွင် မီးငြိမ်းသွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းနှင့် တာဝန်ရှိ သူများ ရောက်ရှိ စစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice


mgsoemin1995@gmail.com
09250370904

ရန်ကုန်မြို့ ပန်းဘဲတန်း မြို့နယ် - ၃၂ လမ်း၌မြေကျွံကျမှုဖြစ်ပေါ်

ပန်းဘဲတန်းမြို့နယ်၊ (၃၂)လမ်း၌ မြေကျွံကျမှုဖြစ်


ရန်ကုန်၊ အောက်တိုဘာ ၁၆

၁၆.၁၀.၂၀၁၄ ရက်နေ့ ၁၆၁၀ အချိန်ခန့်တွင် ပန်းဘဲတန်းမြို့နယ်၊ အမှတ်(၁၀) ရပ်ကွက်၊ အနော်ရထာ လမ်းနှင့် ၃၂ လမ်းထောင့်ရှိ အမှတ်(၁၅၈/၁၆၀)၊ နိုင်ဂရု ဆောက်လုပ်ရေးမှ တာဝန်ယူ ဆောက်လုပ် လျက်ရှိသော မြေနေရာ၏ အနောက်ဘက် ၃၂ လမ်း ပလက်ဖောင်းနှင့် ရေမြောင်း ကပ်လျက်နေရာတွင် မြေကျွံမှုဖြစ်ပွားခဲ့ကာ အလျား(၈)ပေ၊ အနံ(၅)ပေ၊ အနက်(၁၂)ပေခန့်ရှိ ကျင်း(၁)ခု ဖြစ်ပွားခဲ့ကြောင်းနှင့် လူ၊ ပစ္စည်း ထိခိုက်ဆုံးရှုံးမှု မရှိကြောင်း သိရှိရပါသည်။

အဆိုပါ မြေကျွံမှုဖြစ်ပွားရာနေရာသို့ ရန်ကုန်မြို့တော်စည်ပင်၊ လမ်းတံတား ဌာနစုမှူးနှင့်အဖွဲ့မှ ၁၆၅၀ အချိန်တွင် ရောက်ရှိပြုပြင်လျက်ရှိကြောင်း သတင်း ရရှိပါသည်။

Yangon Police
https://www.facebook.com/yangonpolice



mgsoemin1995@gmail.com

" တခါ ဝယ်လျှင် ဗူးနှစ်ဗူး အိမ်သယ်လာရသော နို့ဆီ"

လောကမှာ ကြုံတွေ့ရသည့် ဖြစ်ရပ်များကတော့ ပြောမဆုံးပေါင်တောသုံးထောင် ကျော်လိမ့်မည်။ ထိုအထဲမှာ ကျွန်တော်ကြိုက်နှစ်သက်သော နို့ဆီလည်း တစ်မျိုးအပါအဝင်ဖြစ်သည်။    ကျွန်တော်နို့
ဆီကို အလွန်နှစ်သက်ပါသည်။  ငယ်ငယ်နို့ဆီဆိုလျှင် အလွန်ရှားပါးသော ပစ္စည်းတမျိုးဖြစ်ခဲ့ပါသည်။

"နီပေါလ်စတိုင် ဆိတ်ခြေထောက် စွပ်ပြုတ်"

ဟင်းချက်တယ်ဆိုတာ အိမ်ရှင်မတွေအတွက် နေ့စဉ် လုပ်ရိုးလုပ်စဉ် အလုပ်တခု ဖြစ်လို့ ဘာမှ မထူးခြားပါဘူးလို့ ထင်နိုင်ပေမယ့် တကယ့်ကို ဟင်းချက်ဝါသနာ ပါသူတွေ အတွက်ကတော့ ဟင်းချက်ခြင်းဟာ အနုပညာတခုလိုပါပဲ။ ကပြက်ကချော် ချက်လိုက်တဲ့ ဟင်းတခွက်၊ အစပ်အဟပ် မတည့်တဲ့ ဟင်းတခွက်ကြောင့် ထမင်းပွဲမှာ စိတ်ညစ်ညူးရသလို၊ စနစ်တကျနဲ့ အနုပညာဆန်ဆန် ချက်ပြုတ်လိုက်တဲ့ ဟင်းတခွက်ကြောင့်လည်း တသက်လုံးစွဲအောင် ပြောမဆုံး ဖြစ်ရတတ်ပါတယ်။

"ရန်ကုန်မြို့လယ် သမ္မတရုံရှေ့တွင် အုပ်စုဖွဲ့ရန်ဖြစ်မှု ရဲတပ်ဖွဲ့မသိဟု ဆို"

ရန်ကုန်မြို့လယ်ခေါင်၊ သမ္မတ ရုပ်ရှင်ရုံအနီးတွင် အောက်တိုဘာလ ၁၄ ရက်နေ့ ညနေပိုင်းက လူအုပ်စု ၂ ခုအကြား အုပ်စုဖွဲ့ ခိုက်ရန်ဖြစ်ပွားမှု တခုဖြစ်ပွားခဲ့ပြီး ယင်းခိုက်ရန်ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က သေချာစွာ သိရှိထားခြင်း မရှိသေးဘဲ စုံစမ်းနေဆဲအဆင့်တွင်သာရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
Subscribe

လာလည်သူများ

free counters