♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 19, 2014

သိပ်တော်တဲ့စာပွဲထိုး ( မရီရရင် ပါးရိုက်သွားးး)

လူတစ်ယောက် စားသောက်ဆိုင်တစ်ဆိုင်မှာ အစားသွားစားတယ်။ အစားစားနေချိန်မှာ မတော်တဆ ဇွန်းပြုတ်ကျသွားတယ်။ ဘေးမှာရပ်နေတဲ့ စားပွဲထိုးက ချက်ချင်းပဲ ဘောင်းဘီအိတ်ထဲကနေ ဇွန်းတစ်ချောင်းထုတ်ပေးတယ်။ ဒါကို သူကတအံ့တသြနဲ့ စားပွဲထိုးကို မေးတယ်။

"ဘာဖြစ်လို့ ဇွန်းကို ဘောင်းဘီအိတ်ထဲ ထည့်ထားရတာလဲ?"
စားပွဲထိုး.......

"ကျွန်တော်တို့အထက်က အကြံပေးလူကြီးတွေက ကျွန်တော်တို့ရဲ့အလုပ်ကို ပိုတိုးတက်ကောင်းမွန်အောင်ဆိုပြီး အပြောင်းအလဲ လုပ်လိုက်တယ်။ စားသုံးသူတွေ မတော်တဆ ဇွန်းပြုတ်ကျသွားရင် ကျွန်တော်တို့ ကိုယ်ပေါ်ကနေ ချက်ချင်းထုတ်ပေးနိုင်အောင် စီစဉ်ထားတယ်။ ဒီလိုပြောင်းလဲလိုက်တာနဲ့ အလုပ်ရဲ့တိုးတက်နှုန်းက ၃၁% ရှိသွားပါတယ်။ ဒါဟာ မီးဖိုထဲထိ ဇွန်းသွားယူမယ့် အသွားအလာချိန်ကို သက်သာစေပါတယ်"

သရဲကိုတကယ်မြင်ချင်သလား???










ခွေးမျက်ချည်းသုတ်ပြီးကြည့်ရင်သရဲတွေ့သတဲ့..

ကိုယ်တွေ့ပါကွယ်.. ၇နှစ်သမီးတုန်းကပေါ့.. အဲ့တုန်းကတာမွေမေတ္တာညွှန့်ထဲမှာနေတာပေါ့အဘိုးရဲ့မွေးနေ့ဆို အိမ်မှာလူဆုံတတ်ပါတယ်.. အဘွားကသားသမီး၁၁ ယောက်(အခုတော့၇ ယောက်ပဲရှိပါတော့တယ်) မွေးထားတာဆိုတော့
 မြေးဖြစ်တဲ့မေဗေစ့်တို့လဲမောင်နှမအုပ်စုတောင့်ပါတယ်.. အားလုံးပေါင်း မြေးကြီးကနေ မြေးအငယ်အထိ

"စားသုံးရန်မသင့် အမှတ်တံဆိပ် ၁၉ မျိုး ကြေညာ"

အများပြည်သူ စားသုံးဖို့ မသင့်တဲ့ အစားအသောက် အမှတ်တံဆိပ် ၁၉ မျိုးကို ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဈေးနဲ့ ကျောင်းတွေ မှာ ရောင်းချနေတဲ့ အစားအသောက်တွေကို ၀ယ်ယူစစ်ဆေးရာမှာ သုံးစွဲဖို့မသင့်တဲ့ ဆိုးဆေးတွေပါဝင်တာ တွေ့ရလို့ အခုလို တားမြစ်ချက် ထုတ်တာလို့ ဆိုပါတယ်။
စားသုံးဖို့ မသင့်တဲ့ အစားအသောက်တွေကတော့ အမှတ်တံဆိပ် မပါတဲ့ ဝေဖာချောင်း၊ ၀င်းသန်းက ထုတ်လုပ်တဲ့ ငါးပိ၊ ၀မ်းဝမ်းက ထုတ်လုပ်တဲ့ ချိုချဉ်ပြားအမျိုးမျိုးအပါအ၀င် ဘုရင်တံဆိပ် ငရုတ်သီးအရောင်တင်မှုန့် စတာတွေအပါအ၀င် ၁၉ မျိုး ဖြစ်ပါတယ်။

"မြေကျွံကျမှုသည်ဆောက်လုပ်ရေး လုပ်ငန်းခွင်ကြောင့် ဖြစ်သည်ဟုပြော၍မရ"

ရန်ကုန် အောက်တိုဘာ ၁၈

ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် (၁ဝ)ရပ်ကွက် အနော်ရထာလမ်း နှင့် ၃၂လမ်း(အလယ်ဘလောက်) တွင် ယခုလ ၁၆ရက်က ဖြစ်ပွားခဲ့ သော လမ်းမြေကျွံမှုသည် ဘေးရှိ ဆောင်ရွက်နေသော NAING GROUP ဆောက်လုပ်ရေးလုပ်ငန်း ခွင်ကြောင့်ဖြစ်သည်ဟု ပြော၍မရ ကြောင်း ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီမှသိရသည်။

ရန်ကုန်မြို့၏အနေအထားအရ ရန်ကုန်တည်ထားခြင်းမှာသက်တမ်း ကြာမြင့်နေပြီဖြစ်သော နုန်းမြေများ ကြောင့်မြေသားပျော့ကာ လမ်းမြေ ကျွံခြင်းများဖြစ်ပေါ်တတ်ကြောင်း သိရသည်။

October 17, 2014

" သေမင်းတမန် ကင်းတပ်ဖွဲ့ဝင်များ"



နိုင်ငံတိုင်းနိုင်ငံတိုင်းမှာ ရပ်ရွာအေးချမ်းသာယာဘို့ မြူနီစပါယ်ဧရိယာအတွင်းမှာ ရာဇဝတ်မှုတွေ ကျဆင်းဘို့အတွက် သက်ဆိုင်ရာအစိုးရတွေ တာဝန်ရှိသူတွေက ကင်းအဖွဲ့တွေ ဖွဲ့စည်းပြီး ပတ္တရောင်လှည့် ကာကင်းလှည့်ကြသကဲ့သို့ မိမိတို့ ရပ်ရွာတွေအတွင်း ရပ်ကွက်အတွင်းရှိသူများဖွဲ့စည်းထားသော ကင်းစောင့်အဖွဲ့များလည်း ရှိတတ်သည်။

တယ်လီနော Sim card သည်ရန်ကုန်၌ ရောင်းချရန် ၂ ပတ်ခန့်ကြာအုံးမည်

တယ်လီနောဆင်းမ်ကတ်များ ရန်ကုန်၌ ရောင်းချရန် ၂ ပတ်ခန့်ကြာမြင့်ဦးမည် ဟုဆို

(ကွန်ရက်ပြည့်စုံမှုရှိစေရန် လုပ်ဆောင်နေခြင်းကြောင့် နောက်ကျခြင်းဖြစ်)

မန္တလေး၊ နေပြည်တော်မြို့များ၌ စတင် ဖြန့်ဖြူးပေးခဲ့သည့် တယ်လီနော ဆင်းမ်ကတ်များအား ရန်ကုန်၌ ရောင်းချရန် ၂ ပတ်ခန့် ကြာမြင့်ဦးမည် ဖြစ်ကြောင်း၊ ကွန်ရက်ပြည့်စုံရန် လုပ်ဆောင်နေခြင်းကြောင့် နောက်ကျရခြင်းဖြစ်ပြီး မန္တလေး၊ နေပြည်တော်မြို့များ၌ စတင်ဖြန့်ဖြူးခဲ့စဉ်က သင်ခန်းစာများ ရရှိခဲ့သည့် အတွက် ရန်ကုန်၌ လည်း ကွန်ရက်ကျပ်တည်းမှု၊ အဆင်မပြေမှုများ ဖြစ်မည်ကို စိုးရိမ်သည့်အတွက် ဂရုတစိုက်ထားလုပ်ဆောင်နေခြင်း ဖြစ်ကြောင်း တယ်လီနောမြန်မာ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr.Petter Furberg မှပြောသည်။

‘မန္တလေးမှာ စဖြန့်တော့ မျှော်မှန်းထားတာထက် အောင်မြင်မှုရပါတယ်။ သင်ခန်းစာ ၂ ခုတော့ ရလိုက်တယ်။ ကွန်ရက် နဲ့ ဆင်းမ်ကတ်ရောင်းချမှုမှာပေါ့။ စရောင်းတဲ့နေ့မှာ ဆိုင်ပေါင်း ၁၅၀၀ လောက်ရောင်းချပေးမယ်ဆိုပေမယ့်လည်း ၉၀၀လောက်မှာပဲ ရောင်းချပေးခဲ့နိုင်တယ်။ ကွန်ရက်ဖြန့်ကျက်မှုအတွက်လည်း တာဝါတိုင် ၇၀ ကနေ အခုထိ ၈၄ ခုလောက်ဆောက်ပြီးသွားပါပြီ။ မန္တလေးမှာ 2G သုံးတဲ့သူတွေများတယ်။3Gကလည်းသုံးစွဲသူတွေများတဲ့အတွက်အရည်အသွေးကျနိုင်ပါတယ်။အင်တာနက်နှေးနိုင်ပါတယ်။အဲဒါတွေမဖြစ်ရအောင်တာဝါတိုင်တွေကိုဆက်လက်တိုးချဲ့တည်ဆောက်သွားမှာပါ။နေပြည်တော်မှာဆိုလည်းတာဝါတိုင်ပေါင်း၉၀နဲ့စခဲ့တယ်ဆိုပေမယ့်တစ်ချို့နေရာတွေမှာလိုင်းကျပ်တည်းမှုရှိနိုင်ပါတယ်။ဆင်းမ်ကတ်ရောင်းချမှုမှာလည်းမန္တလေးဈေးကွက်ရဲ့အတွေ့အကြုံကိုယူပြီးတော့မှောင်ခိုဈေးကွက်မဖြစ်ပေါ်ဖို့အတွက်တိကျအောင်လုပ်ဆောင်ပေးခဲ့ပါတယ်။အခုရန်ကုန်မှာလည်း အဲဒီ့ အတွေ့အကြုံကို ယူပြီးတော့ ကောင်းမွန်တဲ့ ကွန်ရက်ရရှိအောင်လုပ်ဆောင်ပြီးမှ စတင်ဖြန့်ဖြူးသွားမှာဖြစ်ပါတယ်။တာဝါတိုင်ကတော့ ရန်ကုန်မှာ ၃၀၅ တိုင်ရှိပါတယ်။2G ကတော့ ကောင်းမယ်။3G ကတော့ တစ်ချို့နေရာတွေမှာ ပြတ်တောက်မှုရှိနိုင်မှာပါ။လာမယ့် ၂ ပတ်အတွင်းမှာ စတင်ရောင်းချပေးသွားမှာပါ ’’ဟုပြောသည်။

အဆိုပါတယ်လီနောဆင်းမ်ကတ်များအားစောင့်မျှော်နေကြသည့်လက်လီအရောင်းဆိုင်များ၊လက်ကားဖြန့်ဖြူးရောင်းချမည့်ဆိုင်ကြီးများအနေဖြင့်လည်းသုံးစွဲလိုသူများ၏လာရောက်မေးမြန်းမှုများရှိနေပြီးသတ်မှတ်ရက်ကိုမူတိကျစွာမသိရှိသေးကြောင်း အဆိုပါ ကိုယ်စားလှယ်များ၊ဆိုင်များထံမှသိရသည်။တယ်လီနောအနေဖြင့် အဆိုပါ ဆင်းမ်ကတ်များအား ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်ပေါင်း ၄၄ မြို့နယ်ရှိ ဆိုင်ငယ်ပေါင်း ၆၀၀၀,ဆိုင်ကြီးပေါင်း ၂၂ ဆိုင်မှ တစ်ပြိုင်နက်ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

TechSpace Journal
https://www.facebook.com/techspaceJournal
 

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် ထောင်ဒဏ် ၁၃နှစ် ချမှတ်ခံ

သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့် ထောင်ဒဏ် ၁၃နှစ် ချမှတ်ခံရ

ယနေ့(အောက်တိုဘာ ၁၇ရက်) နံနက်ပိုင်းက နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးက သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်အား ယုံကြည်အပ်နှံရေးဖောက်ဖျက်မှု ပုဒ်မ ၄၀၉ အတွက် ထောင်ဒဏ် ၃နှစ် နှင့် အစိုးရကို အကြည်အငြိုပျက်စေမှု ပုဒ်မ ၁၂၄(က) အတွက် ထောင်ဒဏ် ၁၀နှစ်နှင့် ငွေဒဏ် ၁သိန်း သီးခြားစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

ပုဒ်မ ၁၂၄(က)အတွက် ချမှတ်သည့် ငွေဒဏ် ၁သိန်းအား မထမ်းဆောင်ပါက ထောင်ဒဏ် ၁နှစ် ထပ်တိုး ချမှတ်ခံရမည်ဖြစ်ကြောင်းလည်း သတင်းရရှိသည်။

လွန်ခဲ့သော ဇွန်လ ၁၉ ရက်က သာသနာရေးဝန်ကြီးဟောင်းဦးဆန်းဆင့်အား ငွေကျပ်သိန်း ၁၀၀ အလွဲသုံးစားမှုဖြင့် (စ.စ.စ)က အမှုဖွင့်အရေးယူခဲ့ပြီး ယနေ့ပြုလုပ်သည့် ၂၇ကြိမ်မြောက် ရုံချိန်း၌ ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal?fref=nf

mgsoemin1995@gmail.com
Subscribe

လာလည်သူများ

free counters