♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 24, 2015

" မြန်မာမင်းများ လက်ထက်က စုန်းမရေချအစီအရင် "

 
မြန်မာမင်းလက်ထက် ရက်စက်ကြမ်းကြုတ်တဲ့ စုန်းမတွေကို စုန်းမပါလို့ မင်းမိန့်နဲ့ ဖမ်းပီး ရေချစီရင်ရတယ်။ စုန်းမရေချခံရတာထဲမှာ အဓိကတော့ ဇော်ဂနီစုန်းတွေပဲ ။ ဇော်ဂနီစုန်းဆိုတာလေး နည်းနည်းရှင်းပြရအုန်းမှာပေါ့။ မှတ်ထားဖို့ တစ်ခုကတော့ ဇော်ဂနီက စုန်းပဲ။ အဆင့်မြင့်စုန်းပေါ့။ အိန်းတလိမ့်စုန်း (၃၇)မင်းနတ်တွေကို စေပါး ခိုင်းစား ဖမ်းစားနိုင်တဲ့ အဆင့်ရှိတယ်။ အဲ့ဒါကြောင့် ဇော်ဂနီလို့ ခေါ်တာပေါ့။ ကာကနီကတော့ စုန်းမဟုတ်ဘူး။ နဖူးမှာ နဖူးစီး ၊ မှန်ကူကပါတဲ့ နတ်စိမ်းမျိုးကို ကာကနီလို့ ခေါ်တာပေါ့။ မင်းညီနောင်တို့ ကိုကြီးကျော်တို့ ရေငန်ပိုင်ဦးရှင်ကြီးတို့ စတဲ့ နတ်စိမ်းတွေကို ကာကနီလို့ အများအားဖြင့် ခေါ်ကြတယ်။ စောစောက စကားကို ပြန်ဆက်တာပေါ့။ မင်းမိန့်နဲ့ ဖမ်းစီးတယ်ဆိရင် စုန်းကဝေ မပြောနဲ့ အဆင့်မြင့်တဲ ကာကနီ ဇော်ဂနီနတ်တွေတောင် မလွန်ဆန်ဝံ့ကြဘူး။ နာခံရတယ်။ မင်းမိန့်ပြန်ရင် နတ်စိမ်းကအစ နာခံရတယ်လေ။ စုန်းမရေချတာကိုလည်း အရင်မင်းတွေက တော်ရုံတန်ရုံမလုပ်ပါဘူး။ အရမ်းဆိုးတဲ့ စုန်းကဝေကိုပဲ လုပ်ကြတာများပါတယ်။
ပထမဦးစွာ ဇော်ဂနီစုန်းမတွေကို ရေချစီရင်ဖို့ လုပ်ရတဲ့ အစီအရင်မှာ စုန်းမကို ရေချမယ်ဆိုရင် မြစ်ထဲမှာ ရေချရတယ်။ ဘယ်လိုရေချဖို့ စီရင်ရသလဲဆိုတော့ သတ္တဝေဠုတဲ့။
တံရူးဝါး (တံစူးဝါး)ကို ခွဲပီး ခုနစ်ချောင်းရအောင် စိတ်ခြမ်းရတယ်။ အဲ့ဒီ ၀ါး (၇)ခြမ်း ကပ်အောက်မှာ ဆီးသားကို လက်ကိုင်သားနှစ်ချောင်းခံပြီး တုပ်ချည်ထားရတယ်။ ပြီးရင် ရေလုံအိုးကြီးထဲမှာ အိမ်(၇)အိမ်သားတို့ရဲ့ ကျင်ကြီးကျင်ငယ်ရေတွေ စုထည့်ပီး အဲ့ဒီ (၇)အိမ်က ရက်ဆက်ပုန်းရည်တွေ လောင်းထည့်ရတယ်။ စောစောက တံစူးဝါးနဲ့ လေးတစ်စင်းလုပ် ၊ တံစူးဝါးနဲ့ပဲ မြား (၇)စင်းလုပ် ၊ အဲ့ဒီ မြား (၇)စင်းရဲ့ မြားရွက်ကို လင်းတအတောင် တပ်ရတယ်။ သည်တော့ လင်းတအတောင် မြားရွက်တပ် တံစူးလေး နဲ့ မြားကြီး (၇)စင်းလည်း ရပီ။ တစ်ခါ မြားငယ် (၇)စင်း ထပ်လုပ်။ နောက်ပီးရင် ပန်း (၇)မျိုး။ ဆူးက (၇)မျိုး စု။ လင်းတအကောင် (၇)ခုစု။ ဒီနောက် မြားကြီးတစ်စင်း။ ပန်းတစ်ပွင့် ။ အဲ့ဒီနောက် ဆူးတစ်ဆူးစီပုံ ။ ခုနှစ်မျိုး ခုနှစ်ပုံ ရအောင်ပုံရတာပေါ့။
အဲ့ဒါတွေ ပီးရင် လက်ရဖမ်းဆီးထားတဲ့ စုန်းမကို ထဘီအဖြူ ၀တ်ပေးရတယ်။
ဆံပင်ကိုလည်း ဆံထုံး (၇)ထုံး ထုံးရတယ်။ ထုံးပီးရင် မြားငယ် (၇)ချောင်းကို ဆံထုံးခုနစ်ထုံးထဲမှာ တစ်ခုစီ ထိုးစိုက်ထည့်ရတယ်။ အဲ့လို လုပ်ပီးတာနဲ့ စုန်းမရဲ့လက်မ နှစ်ခုကိုပူး။ ကြိုးနဲ့ချည် ခြေမနှစ်ခုပူး ကြိုးနဲ့ ချည်ရတယ်။ ပြီးနောက် ဇော်ဂနီစုန်းမရဲ့ခါးကို သမန်းကြိုးနဲ့ ချည်ရတယ်။ စုန်းမရဲ့လည်ပင်းမှာတော့ (၇)တောင်ရှည်တဲ့ သမန်းကြိုးကို

"အရောင်စွမ်းအင်ကို အသုံးချ၍ အချစ်ကိုအရယူနည်း "

အချစ်ကိုရယူနည်းပေါင်းများစွာရှိတဲ့နေရာမှာ ဒီတစ်ခေါက်တော့ အရောင်စွမ်းအင်အသုံးချနည်းလမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ လိုအပ်တဲ့ပစ္စည်းတွေကတော့ -
(၁) ပန်းနုရောင်ကတ်ထူပြား
(၂) အဖြူရောင်ကတ်ထူပြား
(၃) အနက်ရောင်ကတ်ထူပြား
(၄) ဖယောင်းတိုင်တစ်ချောင်း
(၅) သော်ကပန်းများ

         လိုအပ်မှာဖြစ်ပါတယ်။
          ပထမဆုံး မိမိကြိတ်ချစ်နေရသူရဲ့ချွေးတစ်စက်ကို အဖြူရောင်ကတ်ထူပြားပေါ်မှာတင်ပါ။ ထို့နောက် မိမိကြိတ်ချစ်နေသူ၏နဖူးပြင်ကိုနမ်းနေသည်ဟု အာရုံပြုကာ ပန်းနုရောင်ကတ်ထူပြားကို နူးညံ့ညင်သာစွာနမ်းရှိုက်လိုက်ပြီးနောက် အဖြူရောင်ကတ်ပြားကိုအခြေမှာထားကာ အနက်ရောင်ကတ်ပြားကို အလယ်မှာထားပြီး ပန်းနုရောင်ကတ်ပြားကို အပေါ်ဆုံးမှာထားကာ သော်ကပန်းကို ပတ်ပတ်လည်ခြံရံကာ ဖယောင်းတိုင်ကို ကတ်ထူပြားသုံးခုထပ်ထားသည့်အပေါ်တွင် တင်ထွန်းကာ ဖယောင်းတိုင်ကို မျက်တောင်မခတ်ဘဲ စေ့စေ့ကြည့်ပြီး မိမိနှလုံးသားကိုဆုပ်ကိုင်ကာ "အော်ကာဆုခွဲဘီးလိယိတ်" ဟု (၇)ခေါက်ရွတ်ဆိုပေးရမှာဖြစ်ပြီး ဖယောင်းတိုင်ငြိမ်းသည်အထိ ဖယောင်းတိုင်အနီးမှာ မိမိချစ်ရသူကို အာရုံပြုထားရမှာပဲဖြစ်ပါတယ်။
         ဒီနည်းရဲ့ထူးခြားချက်ကတော့ ယောက်ျားလေးမှမိန်းကလေး၊ မိန်းကလေးမှယောက်ျားလေး၊ ယောက်ျားလေးမှယောက်ျားလေး၊ မိန်းကလေးမှမိန်းကလေးချင်းချစ်သူများ

"ကြက်သွန်နီ၏ ထူးခြားသော ဆေးဖက်ဝင်အာနိသင်များ Medicinal benefits of onions"

စာရေးသူငယ်စဉ်က ပြေးလွှားဆော့ကစားရင်း မိမိ အိမ်နီးချင်းအိမ်မှ မွေးထားသော ခွေးတစ်ကောင်က မျက်စိနောက်ပြီးလိုက်ကိုက်ရာ ခြေသလုံး တွင် သွေးများယိုစီးကျပြီး အပေါက် ငယ်နှစ်ပေါက်ဖြစ် သွားပါသည်။ အိမ်ရှင် အဒေါ်ကြီးက အငို တိတ်အောင်ချော့မော့ပြီး ခွေးကိုက်နာ ကိုရေဖြင့် လောင်း ပြီး သေချာဆေးကြောပေးပါသည်။ ထို့နောက် သူ့အိမ်မီးဖိုချောင်မှ ကြက်သွန်နီဥကြီး တစ်ဥကိုယူ၍ ဓားဖြင့်ပြားအောင် ရိုက်ပြီး ခွေးကိုက် သည့်အပေါက် အစွယ်ရာပေါ်တွင်ဖိအုပ်ပြီး ပုဆိုးဟောင်းတစ်ထည်ကို ဆုတ်ဖြဲပြီး ပတ်တီး စည်းပေးပါသည်။ စည်းထားသောနေရာမှ တစစ်စစ် ကိုက်နေပြီး တစ်နာရီခန့် ကြာသောအခါ သက်သာ သွား ပါသည်။ နောက် တစ်နာရီခန့်ကြာသောအခါ ပတ်တီးကို ဖြည်ပေးသည်။ ကြက်သွန်နီဥမှာ သွေး များနှင့်အဆိပ်များကို စုပ်ယူသွားပြီး မဲနက်သွားသည် ကို ကိုယ်တွေ့ တွေ့ရဖူးပါသည်။ ပြီးမှ အနာ ကို ဆေးဝါရည် အနာကျက်ဆေးကို ပေးပါသည်။ ခွေးမှာလည်း အိမ်မွေးခွေး ဖြစ် သဖြင့် စိတ်ချရပါသည်။ အနာလည်းမရင်းဘဲ နောက်နှစ်ရက်တွင် ပျောက်ကင်းသွားပါသည်။ ကြက်သွန်နီ၏ အစွမ်းကို ငယ်စဉ်က ကြုံရခြင်းဖြစ်ပါသည်။ ကြက်သွန်နီသည် အိမ်ရှင်မများ ဟင်းချက်ရာတွင် နေ့စဉ်မပါမပြီး၊ မရှိမဖြစ်သော မီးဖိုချောင်သုံး အမယ်တစ်မျိုးဖြစ်သည်။ အာဟာရအနေ နှင့်လည်း ရေငွေ့ဓာတ်နှင့်ကစီဓာတ်များစွာပါဝင်သည်။ ဆီးရွှင် စေသော ဓာတ်လည်း ပါဝင်သည်။ အသားဟင်းများချက်လျှင်လည်း ကြက်သွန်နီဥ ထည့်ချက်လျှင်လည်း လျင်မြန်စွာနူးစေနိုင်သည်။ မကောင်းသောအနံ့ အသက်များကိုလည်း စုပ်ယူနိုင်စွမ်းရှိသည်။
ကြက်သွန်နီနှင့်ချက်သောဟင်း များသည် အစာကြေနိုင်စွမ်းရှိသည်။ ရှေးဟောင်းမြန်မာဆေးကျမ်းတစ်စောင်ဖြစ်သော {{ရှူတော် မူဆေး အဘိဓာန်ကျမ်း}} ကြီးတွင် . . .ကြက်သွန်နီသည် လေ၊ သလိပ်၊ သည်းခြေ၊ ရတ္တပိတ်နာ (သွေးကြောပိတ်ရောဂါ)၊ အဖျား ချောင်းဆိုး၊ ကုတ်ဟီးနာတို့ကို နိုင်၏။ ဆီးကိုရွင်စေတတ်၏။ သုတ်ကိုပွားစေတတ်၏ဟု ဆိုထားသည်ကို တွေ့ရသည်။ စာရေးသူ၏ဖခင် အသက်ရှစ်ဆယ်ကျော်အဖိုးသည် ကြက်သွန်နီကို ပါးပါးလှီး၊ သံပုရာရည်၊ ရှောက်ရည်ဆမ်းပြီး ထမင်းစားတိုင်းတွဲဖက်စားလေ့ ရှိသည်။ သူသည် နယ်သတင်းထောက်တစ်ဦးဖြစ်ပြီး ယခုအခါ သက်ကြီးကန် တော့ ခံသတင်းစာ ပညာရှင်ဖြစ်သည်။ သူ့တွင် လူကြီးများဖြစ်လေ့ရှိသည့် ဆီးကျိတ်ရောင် ရောဂါမဖြစ်ခြင်းမှာ ကြက်သွန်နီကိုနေ့စဉ် မှန်မှန်စား သုံးခဲ့ ခြင်းကြောင့် ဖြစ်ကြောင်းပြောပါသည်။ ကြက်သွန်နီမှာ ဆီးကောင်းသည်မှာ အမှန်ပင်ဖြစ်ပါသည်။ လွန်ခဲ့သော ရက်အနည်း ငယ်က မိုးများစွာရွာပြီး လမ်းများရေမြုပ်သဖြင့် ဖိနပ်ရေစိုဖြင့် ကျောင်းသွားရသော သမီးငယ်တစ်ဦးမှာ ဆီးအောင့်ပြီး အပေါ့သွားေ သာအခါ များများမသွား၊ တစ်စက်ချင်းသွားနေသဖြင့် ဒုက္ခရောက်သည်။ ထိုသို့ဖြစ်နေ သူကို ကြက်သွန်နီဥကြီး ကို ထောင်းပြီး ပိတ်စဖြင့်ထုပ်၍ အရည်ညှစ်ယူပြီး သကြားတစ်ဇွန်းနှင့် စပ်တိုက်သည်။ မကြာမီပင် ဆီးများသွားပြီး ဆီးအောင့်ဝေဒနာမှာ သက်သာသွားကြောင်းတွေ့ရသည်။ နားကို ဆံပင်ညှပ်သည့် ကလစ်ဖြင့် နားချေးကလော်မိရာမှ ရောင်ပြီး နားကိုက်နေသူ တစ်ဦးမျာ ဆေးရုံဆေးခန်းနှင့် ဝေးသည့် နေရာတွင်ဖြစ်သဖြင့် ဒုက္ခရောက်နေရာ တိုင်းရင်းဆေးမြီးတို သိနားလည် သူ တစ်ဦးက ကြက်သွန်နီဥကို မီးကင်၍ အရည်ညှစ်ပြီး နားအတွင်းသို့ထည့်ပေးရာ နားကိုက်သက်သာသွား သည်ဟု ကိုယ်တွေ့ကြုံသူ တစ်ဦးက ပြောပြပါသည်။ ဆရာဝန်နှင့်ဝေးသည့်အရပ်တွင် အသုံးဝင်သော ဆေးမြီးတို၊ ဆေးနည်းတိုဖြစ်ပါသည်။ ဦးခေါင်း အရေပြား ဗောက်ထခြင်း၊ ယားယံခြင်းဖြစ်ပါက တန်ဖိုးကြီး ခေါင်းလျှော်ရည် များ မသုံးစွဲနိုင်လျှင် မီးဖိုချောင်သုံး ကြက်သွန် နီဖြင့် ပျောက် ကင်းနိုင်ပါသည်။ ကြက်သွန်နီဥကို ထက်ခြမ်းခြမ်း ပြီး ဦးခေါင်းအရေပြားအတွင်း စိမ့်ဝင်အောင် ပွတ်ပြီး ခေါင်းလျှော်ပေးပါ၊ နေ့စဉ်မှန်မှန်ပြုလုပ်လျှင် ဗောက်များ ပျောက်သွားပါလိမ့်မည်။ အချို့က ကြက်သွန်နီဥအရည်၊ ရှောက်ရည်၊ ပျားရည် ၃ မျိုးရောစပ်ပြီး လိမ်းလျှင်လည်း ဦးခေါင်းမှ ဗောက်များအချပ်လိုက်ကွာကျ ပျောက်ကင်းသည်ဟုဆိုပါသည်။ ကြက်သွန်နီ ၏ဆေးဘက်ဝင်အသုံး များမှာ-
ကြက်သွန်နီ၏ဆေးဘက်ဝင်အသုံးများမှာ
၁။ ကြက်သွန်နီကို အစိမ်းစားခြင်းဖြင့် ဆီးကောင်းစေသည်။
၂။ ကြက်သွန်နီဥကို မီးဖုတ်၍စားခြင်းဖြင့် လေသက်စေနိုင်သည်။
၃။ ထိပ်ပြောင်သောနေရာတွင် ကြက်သွန်နီဥကိုထက်ပိုင်းဖြတ်၍ ပွတ်ပေးလျှင်ဆံပင်ပြန်ပေါက်စေ နိုင်သည်။
၎။ ဆံပင်ဖြူလျှင် ကြက်သွန်နီဥမှညှစ်၍ရသောအရည်ကို နေ့စဉ် ဦးခေါင်းတွင်ပွတ်ပေးလျှင် ဆံပင်ပြန်နက်စေနိုင်သည်။
၅။ ကင်းကိုက်၊ ပျားတုပ်၊ ပုရွက်ဆိတ်ကိုက်သည့် အနာများတွင် ကြက်သွန်နီဥကိုထက်ပိုင်း ဖြတ်၍ပွတ်ပေးခြင်းဖြင့် သက်သာစေ နိုင်သည်။
၆။ အကျိတ်နှင့် သက်တန့်ရောင်နာများတွင် ကြက်သွန်နီကို မီးအုံး ၍ခပ်နွေးနွေးအုံပေးလျှင် ပျောက်ကင်းသည်။
၇။ ညအိပ်မပျော်လျှင် ကြက်သွန်နီဥကြီးကို ပြုတ်၍လည်းကောင်း၊ ရေနွေးငွေ့ဖြင့်ပေါင်း၍လည်းကောင်း

November 23, 2015

"မအင်္ဂါထဲ သေနတ်ဖွက်ထားတဲ့ အမျိုးသမီးကို ထောင် ၃နှစ်ချ " ဒါ.. ဆော့စရာလားဟင်..ထပေါက်ရင် ဘယ့်နှင့်လုပ်မလဲ..

 
အမျိုးသမီးတစ်ယောက်ဟာ သူ့ရဲ့ ယောနိထဲကို ကျည်ဆံအပြည့်ဖြည့်ထားတဲ့ သေနတ်ဖွက်ထားခဲ့တာကြောင့် ထောင်သုံးနှစ်
ချမှတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သူ့နာမည်ကတော့ Dallas Archer ပါ။ အမေရိကန်ပြည်ထောင်စု၊ တန်နက်စ်စီပြည်နယ်၊ ကင်းစပေါ့မြို့မှာ ယာဉ်စီးကမ်းချိုးဖောက်ရာကနေ တရားမဝင်လက်နက်သယ်ဆောင်မှုနဲ့ တရားစွဲဆိုခံခဲ့ရတာပါ။

အသက် ၂၁နှစ်ရှိပြီဖြစ်တဲ့သူ့ကို လိုင်စင် သံသယမှုနဲ့ ကားရပ်ခိုင်းခဲ့ပြီး စစ်ဆေးခဲ့ရာ သူ့ရဲ့ပေါင်ကြားမှာ အမျိုးအမည်မသိ ပစ္စည်းတစ်ခုကို ရဲတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ အမျိုးသမီး ရဲအရာရှိဟာ သူ့ကို အိမ်သာထဲခေါ်သွားပြီး စစ်ဆေးရာမှ သူ့ရဲ့ ပစ္စည်းထဲမှာဖွက်ထားတဲ့ .22 ပစ္စတိုတစ်လက်ကို ရှာဖွေတွေ့ရှိခဲ့တာပဲဖြစ်ပါတယ်။

ဒီသေနတ်ကို ကားအရောင်းသမားဟောင်း အသက် ၇၀အရွယ်ရှိ John Souther ရဲ့ကားထဲကနေ ခိုးယူခဲ့တာဖြစ်ကြောင်း

"အကောင်း မမှတ်နဲ့ "

 
ရုံးတစ်ရုံးမှာ မိတ္တူကူးစက်ပျက်လို့ Service Center ကို လှမ်းခေါ်တော့ စက်ပြင်ဆရာရောက်လာတယ်။ တောင်ကြည့်မြောက်ကြည့်လုပ်ပြီးတော့ သူကပြောတယ်……

“ဖုံနည်းနည်းဝင်သွားလို့ ဂျမ်းဖြစ်သွားတာပါ၊ ဒီအဖုံးလေးကို ဆွဲဖြုတ်ပြီး အတွင်းက ဖုန်တွေကို ကိုယ့်ဘာသာကိုယ် သုတ်လိုက်ရင် ကောင်းသွားပါလိမ့်မယ်၊ ကျနော်တို့လုပ်ပေးရင် ဒေါ်လာ ၅၀ ယူပါတယ်” 
“အိုကေလေ… ဒါဆို ကိုယ်ဘာသာကိုယ်ပဲ လုပ်လိုက်ပါမယ်”

“ဟုတ်ကဲ့… သွားပြီနော၊ နောက်လိုတာရှိရင် ခေါ်လိုက်” 
“ဒါနဲ့ နေပါအုံးဗျ၊ ခင်ဗျား အဲလိုအကြံပေးလိုက်လို့ ကျနော်တို့ ကိုယ့်ဟာကိုယ် လုပ်လိုက်တော့ ခင်ဗျားတို့ ကုမ္မဏီက ပြင်ဆင်ခ မရတော့ဘူးပေါ့၊ ကုမ္မဏီသူဌေးသိရင်တော့ ခင်ဗျားကို ဆူတော့မှာပဲ”
 “မဆူပါဘူး၊ ဒါမျိုးပြောဖို့ သူက ခိုင်းထားတာပါ”
“ဟင်… ဟုတ်လား၊ ဘာလို့လဲဗျ” “အဲလို ဘာမသိညာမသိနဲ့ ကိုယ်တိုင်လျှောက်လုပ်တော့မှ စက်က

"ဘယ်မိန်းကလေးမဆို တမ်းတမ်းစွဲဖြစ်သွားစေနိုင်သည့် နည်းလမ်း(၈)ခု"



သင့်အနေနဲ့ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်ချင်ပါသလား။ ဘယ်မိန်းကလေးတွေကမဆို ကြွေသွားစေနိုင် လောက်တဲ့ အမျိုးသားတစ်ယောက်ဖြစ်ဖို့ စိတ်ထားမြင့်မြတ်တာကနေစပြီး ပျော်ရွှင်တတ်တာအထိ လိုက်နာ စရာတွေအများကြီးရှိပါတယ်။ အဲဒီအထဲကမှ မိန်းကလေးတိုင်း သင့်ကိုတမ်းတမ်းစွဲဖြစ်နေစေဖို့ အရေးကြီးတဲ့ အချက်(၈)ခုကို ဖော်ပြလိုက်ပါတယ်။

၁။ သူမနဲ့တစ်ခါလောက် သေချာချိန်းတွေ့ပြီး လျှောက်လည်ပါ။ ဒီလိုချိန်းတွေ့နေချိန်မှာ သူမကိုအမှန်တကယ် မြတ်နိုးချစ်ခင်ကြောင်း ပေါ်လွင်ပါစေ။ ပြီးရင် ရက်အနည်းငယ်ကြာအောင် သူမကို ရှောင်နေလိုက်ပါ။ သူမက သင့်ကို မျှော်နေပါစေ။

၂။ သင့်ရဲ့ဘ၀က ပြီးပြည့်စုံနေတယ်ဆိုတာကို သူမ သိပါစေ။ သင်က ဘ၀ကို ပျော်ရွှင်စွာဖြတ်သန်းနေတယ် ဆိုတာကို သူမ သိဖို့ လိုအပ်ပါတယ်။ သင့်ဘ၀ဟာ သူမအတွက် စိတ်လှုပ်ရှားစရာဖြစ်လေလေ၊ သူမအနေနဲ့ တစိတ်တပိုင်းအဖြစ် ပါဝင်ချင်လာလေလေပဲဖြစ်ပါတယ်။

၃။ လျို့ဝှက်ဆန်ဆန်ဖြစ်ဖို့လည်း လိုပါတယ်။ သင့်နဲ့ပတ်သက်ပြီး အားလုံးကို သူမသိတယ်ဆိုတာမျိုး မဖြစ်ပါစေနဲ့။ သင့်မှာဖုံးကွယ်လျို့ဝှက်ထားတာတွေရှိတာနဲ့အမျှ သူမကပိုပြီး အာရုံစိုက်သိချင်နေမှာ ဖြစ်ပါတယ်။ သင့်ဘ၀နဲ့ပတ်သက်လို့ မသိမသာလေးဆိုရုံပဲ ဖော်ထုတ်ပြသပြီး သူမရဲ့စိတ်ဝင်စားမှုကို ရယူထားခြင်းအားဖြင့် သင့်နဲ့အတူအချိန်ဖြုန်းဖို့ကို သူမစိတ်အားထက်သန်လာပါလိမ့်မယ်။

၎။ ပွဲတိုးတဲ့သူလည်း ဖြစ်ပါစေ။ အ၀တ်အစား ၀တ်စားဆင်ယင်မှုနဲ့ ဖက်ရှင်ကို ဂရုစိုက်ဖို့ကို ဆိုလိုတာပါ။ ကောင်းကောင်းမွန်မွန် ၀တ်စားထားရမယ်ဆိုတိုင်းလည်း ၀တ်စုံပြည့်အကျအနချည်းပဲ ၀တ်နေဖို့မဟုတ်ပါဘူး။ သက်တောင့်သက်သာရှိတဲ့ အ၀တ်အစားတွေနဲ့လည်း လန်းနေဖို့လိုပါတယ်။ မိန်းကလေးတစ်ယောက်က သင့်ကို ကြည့်လိုက်တိုင်းမှာ လန်းတယ်လို့ မြင်သွားစေဖို့ပဲဖြစ်ပါတယ်။

၅။ အမျိုးသမီးတွေနဲ့ ရင်းနှီးကျွမ်းဝင်ဖို့ လိုပါတယ်။ အမျိုးသမီးတွေအကြားမှာ ထင်ရှားပြီး လူချစ် လူခင်များ တာမျိုးကို ဆိုလိုတာပါ။ ဒီလို အမျိုးသမီးတွေရဲ့ ရင်းနှီးခင်မင်မှုကို ရရှိထားတတ်တဲ့ အမျိုးသားတွေကို မိန်းကလေးတွေက သူမတို့ရဲ့သက်ဆိုင်သူအဖြစ် ရှိစေလိုတတ်ကြပါတယ်။

၆။ ရိုးရှင်းလွန်းလို့ မရပါဘူး။ သင့်အနေနဲ့ စိတ်ဝင်စားစရာကောင်းသူ တစ်ယောက်ဖြစ်ဖို့ လိုပါတယ်။ မိန်းကလေးတွေက

"ကိုလူဆိုးများ မြာစွံရသည့် အကြောင်းအရင်းကို တွေ့ရှိ"

 
ကိုလူကောင်းကြီးများကို မိန်းမလှများက ခေါက်ထားပြီး ကိုလူဆိုးကြီးများနောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားတတ်ကြပုံကို လူများမြင်ဖူးကြုံဖူးကြမည် ဖြစ်သည်။ လူဆိုးကြီးများ မြာစွံရပုံ အကြောင်းအရင်းကို ပညာရှင်များက သိရှိလိုသောကြောင့် လေ့လာခဲ့ရာ ယခုတော့ အကြောင်းအရင်း တချို့ကို တွေ့ရှိခဲ့ပြီ ဖြစ်သည်။

          ဘာစီလိုနာ ဆေးရုံကြီးမှ ပညာရှင် တစ်စုသည် စွဲလမ်းလွန်စိတ်၊ ယုံမှားလွန်စိတ် ရှိသူများ အပါအ၀င် စိတ်ပိုင်းဆိုင်ရာ အစွန်းရောက်သူ အမျိုးသားနှင့် အမျိုးသမီး(၁၀၀၀) ခန့်ကို လေ့လာမှုများ ပြုလုပ်ခဲ့သည်။ တချို့သော  ကိုယ်ရည် ကိုယ်သွေး တချို့သည် ချစ်မှုရေးရာတွင် အောင်မြင်စေတတ်ကြောင်း လေ့လာမှုအရ သိရှိခဲ့ရသည်။ အလေ့လာခံများ ချစ်သူ မည်မျှထားရှိခဲ့သည်၊ သားသမီး မည်မျှရရှိသည်၊ ရာထူးရာခံနှင့် ၀င်ငွေအဆင့်တို့ကို  လေ့လာကြည့်ခဲ့ကြောင်း ဆေးရုံကြီးမှ ဖာနန်ဒို ဂူတီရက်ဇ်က ပြောဆိုခဲ့သည်။

          အစွန်းရောက်တတ်သူများသည် ချစ်သူများများရ၊ သားသမီးများများ ရတတ်ကြောင်း ဂူတီရက်ဇ်က ပြောသည်။ သို့သော် ကျားမနှစ်မျိုးစလုံး ရလဒ်တူသည်တော့ မဟုတ်ပါ။ စွဲလမ်းလွန်စိတ်များသည့် အမျိုးသားများသည် အမျိုးသမီးများထက် ကာလရှည် လက်တွဲမည့် ချစ်သူကို ရှာဖွေရာတွင် ပိုမိုအောင်မြင်တတ်ကြောင်း လေ့လာမှုတွင် ဖော်ပြထားသည်။

          ချစ်သူ ပိုမိုရရှိစေသော အမူအကျင့်များမှာ ရှေးဘိုးဘေးများထံမှ အမွေဆက်ခံ ရရှိသော အမူအကျင့်များနှင့် သက်ဆိုင်ကြောင်း လေ့လာမှုကို ဦးဆောင်ခဲ့သည့် ဖာနန်ဒို ဂူတီရက်ဇ်က ပြောဆိုခဲ့သည်။ အစွန်းရောက်လောက်အောင်  ရဲရင့်ခြင်းကြောင့် လူသားမျိုးနွယ်သည် ဆက်လက် တည်မြဲနေခြင်း ဖြစ်ကြောင်း သူကဆိုသည်။

          ယင်း ကိုယ်ရည် ကိုယ်သွေးသည် ဆင့်ကဲပြောင်းလဲမှု ဖြစ်စဉ်အရ အကျိုးအမြတ် ရရှိခြင်းဖြစ်ကြောင်း လေ့လာမှု
Subscribe

လာလည်သူများ

free counters