♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 17, 2016

" ချစ်ရင် ကိုက်တတ်တဲ့ မိန်းကလေးတွေအတွက် "

 
တချို့မိန်းကလေးတွေမှာ ချစ်ရင် လုပ်တတ်တဲ့ အကျင့်တခုရှိတယ် အဲဒါက ကိုက်တာ အားတိုင်းယားတိုင်း ကိုက်တာ
သူတို့ပြောတာက ချစ်လို့ကိုက်တာပါတဲ့

မညှာမတာကို ကိုက်တာသူတို့ပြောရင်တော့ ဖွဖွလေးကိုက်တာပေါ့ကျုပ် အဲ့လိုမိန်းကလေးတယောက်နဲ့ ကြုံဖူးတယ်
လူလစ်ပီဆို ကိုက်ပီရုပ်ရှင်ရုံထဲမှာလဲ ကိုက်တယ် ပန်း ခြံ ထဲ ချိန်းတွေ့ရင်လဲ ကိုက်တယ် အလကားနေရင်းကို သွား
ယားနေတာပီး လက်မောင်းတွေချည်း ရွေးကိုက်တာ နဲနဲ အနာ သက်သာအောင်

"ခြေသလုံးလေး ဘာလေး ပြောင်းကိုက်ပါလား သဲရယ်"
ဆိုတော့
"ဟဲ့ … ငါက ခွေးမှမဟုတ်တာ" တာ ဆိုပီးကောက်ကော
ကျုပ်မှာ ပြန်ချော့ပီး ကြည်ကြည်ဖြူဖြူ အကိုက်ခံရတယ်ခဲနဲ့ထုလွှတ်လို့လဲမရသူကိုက်သလို ပြန်ကိုက်လို့လဲ မကောင်းတခါတလေများဆို ငုံပီးမှေးတောင် မှေးနေသေးတယ်ကျုပ်မှာ နာတာတောင် အသံမထွက်ရဲဘူး
သူ့ပြန်ဟောင်ပါတယ် ဆိုပီးထပ်ကောက်မှာ စိုးလို့ အဲ့သည် အချိန်လေးတော့ ကျုပ်နားညည်းသက်သာတာပေါ့လေ

ဒင်း ပါးစပ်မှ မအားဘဲ
ဒါပေမဲ့ အိမ်ရောက်တော့ ပြဿနာတက်ကော ကျုပ်အမေက ကျုပ် လိုင်းကားပေါ်ကနေ
ပွေးတွေကူးလာပီမှတ်ပီး ပွေးဆေးဖမ်းလူးတာကိုက်ထားတဲ့အရာတွေကလဲ အကွင်းလိုက်ကိုး
ကျုပ်အမေက ပွေးဆေးဖမ်းလူးကျုပ်အဖေက အပ်တချောင်းကိုင်ပီး ဟိုထိုး ဒီထိုးနဲ့
အနာကြီးရောဂါ ဟုတ်မဟုတ်စမ်းသပ်တာတဲ့နာတယ်မအော်မချင်း လှိမ့်ပိတ်ထိုးတာ
ကျုပ်မှာ မဟုတ်ပါဘူး ပြောလဲမရ

အမှန်အတိုင်း ပြောပြဖို့ကလဲ ခက်

တော်တော်ဂွကျတာဗျ

လက်ဖက်ရည်ဆိုင် ထိုင်တော့လဲ ဝိုင်းမေးကြတယ်

"ဘာဖြစ်တာလဲ ပွေးတွေလား" တဲ့

ခွေးကိုက်တာလို့ လိမ်ပြောရအောင်လဲကျုပ်မှာ ခွေးမှ မရှိဘဲနောက်ပီး ဒီကောင်တွေက မိန်းမဆိုရင်
ကေတီဗီတို့မာဆတ်တို့မှာလောက်ဘဲတို့ဖူးထိဖူးတာလေရည်းစားတယောက်တောင်
 ဖြစ်ဖြစ်မြောက်မြောက်တွဲဖူးတာ မဟုတ်တော့အမှန်အတိုင်းပြောရင် ယုံကြမှာလဲ မဟုတ်ဘူး
အိမ်ကပေးစားတဲ့ မိန်းမကိုယူမဲ့ကောင်တွေအဲ့သည်အခါကျမှ ချစ်လို့ပန်းတာပါ ဆိုပီး
စောစောစီးစီး ကုတင်ပေါ်တက် မျက်နှာကိုရှူးတက်ပန်းမှ မျက်ခွက်လေးတကွက် ကွက်ကွက်ကလေး

" စိတ်ဓာတ်ကျ၊ ၀မ်းနည်းကြေကွဲနေသူတွေကို နှစ်သိမ့်ပြောဆိုရာမှာ မသုံးသင့်တဲ့ စကားများ "

 
သင့်ဆီမှာ မိသားစုကြောင့်ဖြစ်ဖြစ်၊ ချစ်သူရည်းစားနဲ့ ပြတ်သွားတာကြောင့် ဖြစ်ဖြစ်၊ အလုပ်ကိစ္စတွေ အဆင်မပြေ
တာကြောင့်ပဲဖြစ်ဖြစ် စိတ်ဓာတ်ကျနေတဲ့ သူငယ်ချင်း၊ မိတ်ဆွေ တစ်ယောက်ယောက်များ ရှိနေပါသလား။ သူတို့နဲ့ ဆုံ
တဲ့အခါ သူတို့ခံစားနေရတာတွေ လျော့နည်းသွားအောင် လုပ်ပေးချင်ပေမယ့်ဘာပြောလို့ ပြောရမှန်းမသိဖြစ်နေတတ်ပါ
တယ်။ ဒီလိုအချိန်မှာ သင့်အနေနဲ့ တစ်ဖက်လူအတွက် အားပေးရာမရောက်ပဲ ပိုစိတ်ဆင်းရဲသွားစေတတ်တဲ့ စကား
မျိုးတွေ မပြောဖြစ်အောင်တော့ ရှောင်သင့်ပါတယ်။ အဲ့ဒီစကားတွေက............................

၁။ ဒါနဲ့ပတ်သက်ပြီး စိတ်ဓာတ်ကျစရာ ဘာမှမရှိပါဘူး။

တစ်ဖက်လူခံစားနေရတာတွေကို ကိုယ်ချင်းစာမပေးနိုင်သလို ဖြစ်နေတဲ့ စကားမျိုးမို့ ဒါလိုစကားမျိုး မပြောသင့်ပါဘူး။

၂။ ဒီလိုခံစားနေတာမျိုးက ဘာများ အကျိုးရှိလို့လဲ။

မှန်ပါတယ်။ ခုလို စိတ်ဓာတ်ကျနေတာမျိုးက ဘာမှအသုံးမ၀င် အကျိုးလည်း မရှိပါဘူး။ ဒါက ဘာနဲ့တူသလဲဆိုတော့ ကင်ဆာရောဂါဖြစ်နေတဲ့သူကို ဒီရောဂါဖြစ်လို့ ဘာအကျိုးမှမရှိဘူးလို့ ပြောနေသလိုပါပဲ။

၃။ အားလုံး အဆင်ပြေသွားမှာပါ။

ဒီစကားက ကြားနေကျစကားတွေထဲမှာ အဆိုးဆုံးဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

၎။ ဒါ ၀မ်းနည်းစရာ ဘာကောင်းလို့လဲ။

လူတစ်ယောက် ကြုံလာရတဲ့ အရာကို ပိုမိုပြင်းထန်အောင် သူ့ရဲ့အတိတ်ဖြစ်ရပ်တွေက ပံ့ပိုးလိုက်သလို ရှိတတ်ပါတယ်။ သူ့နောက်ကြောင်းဘာတွေရှိမှန်းမသိပဲ ဒါဘာများ ၀မ်းနည်းစရာကောင်းလို့ ခံစားနေရသလဲတော့ မမေးသင့်ပါဘူး။

၅။ အပြင်လေးဘာလေးသွားပြီး ပျော်စရာကောင်းအောင် နေကြည့်ပါလား။

ဒါလည်း မဖြစ်နိုင်တဲ့အရာကို အကြံပေးနေသလိုပါပဲ။ အပြင်ထွက်သည့်တိုင်အောင် အပျော်တော့ မရှာချင်တတ်ကြပါဘူး။ အထူးသဖြင့် အပြင်းအထန် စိတ်ဓာတ်ကျနေချိန်မှာပေါ့။

၆။ မငိုပါနဲ့။

အမှန်တော့ စိတ်ဖိစီး နာကျင်မှုတွေ စိတ်ထဲမထားပဲ ငိုချလိုက်ခြင်းဟာ သင့်အတွက် ကောင်းကျိုးတွေ အများကြီးယူဆောင်လာပေးနိုင်ပါတယ်။ မျက်ရည်ကျတာဟာ ရှက်စရာမဟုတ်ပါဘူး။ သက်သာသွားဖို့သာ

" ချစ်ချင်သူတွေအတွက်အချစ်နည်းလေးတွေပါ...ကဲ ချစ်ကြည့်ရအောင်နော် "

 
ချစ်ချင်သူတွေအတွက်အချစ်နည်းလေးတွေပါ
အချစ်ကြောင့် ကမ္ဘာကြီးဟာ လည်ပတ်နေတယ်လို့ အဆိုရှိပါတယ် ၊ နေရာတိုင်းမှာကြည့်ပါ ၊ အချစ်နဲ့ ဆက်နွယ်နေတဲ့
အရာ တစ်ခုမဟုတ်တစ်ခုတော့ တွေ့ရမယ်တဲ့ ၊ အချစ်ဆိုတာ ကျနော်တို့ ရင်ထဲမှာ ရှိနေတဲ့ နက်ရှိုင်းတဲ့ ခံစားမှုတစ်
ခုပေါ့ ၊ ဒါပေမယ့် တခါတရံမှာ ဘယ်လိုဘယ်ပုံ ဆိုတာ ဖေါ်ပြရ ခက်နေတတ်ပါတယ်၊ အဲဒီလိုပါပဲ တချို့သူတွေမှာတော့
ကိုယ်က ချစ်နေပေမယ့် သိအောင်ပြဖို့ ၊ တစ်နည်းပြောရရင် အချစ်ကို ကောင်းမွန်စွာ ပေးဖို့ ဘာတွေလိုမယ်ဆိုတာ မသိပဲ
ဖြစ်နေတတ်ပြန်ပါသေးတယ် ၊ ကျနော့် သူငယ်ချင်း တစ်ယောက် ရှိတယ် သူကတော့ချစ်တယ် ပြောနေတာပဲ ၊ဒါပေမယ့်
သူချစ်တဲ့ သူက ဘာကို ကြည့်ပြီး သူချစ်တယ်ဆိုတာကို နားလည်ရမလဲ မသိဘူး ၊ သူချစ်တာကို လည်း မခံစား ရဘူး ၊
အဲဒီလိုတော့ မဖြစ်စေချင်ပါဘူး ။ ကိုယ့်စိတ်ထဲမှာပဲကိုယ် ကြိတ်ပြီး ချစ်နေရင်တော့ ကိုယ့်ရဲ့ ခံစားမှု သီးသန့် အတွက်ပါပဲ၊
ကိုယ့်ချစ်သူကို ဒါမှမဟုတ် ကိုယ်ချစ်ရတဲ့သူကို အချစ်တွေ ပေးချင်လာပြီဆိုရင်တော့ အချစ်ရဲ့ ဘာသာစကားတွေကို လေ့လာ
ထားသင့်ပါတယ် ၊ ကိုယ့်ရဲ့ ချစ်သူကလည်း အချစ်ကို ရရှိနားလည် နိုင်စေမယ့် နည်းလေးတွေပေါ့ ၊ ဆန်းစစ်ကြည့်တဲ့
အခါမှာတော့ တကယ်ပဲ ချစ်သူနှစ်သက်စေမယ့် အချက်တွေဆိုတာ တွေ့ရတဲ့ အတွက် ချစ်လိုသူသူငယ်ချင်းများ အတွက်
ပြန်လည် ဝေငှပေးလိုက်ပါတယ် ။ အချစ်ရဲ့ဘာသာစကားတွေကတော့

၁. Give time .. အချိန်ပေးပါ
ကိုယ်ချစ်တဲ့သူကို ကိုယ့်ရဲ့ အချိန်တွေထဲက မျှပေးဖို့ပါပဲ ၊ အတူရှိနေနိုင်ရင်လဲ ရှိနေပေါ့ ၊ ရှိမနေနိုင်ရင်လည်း ဘယ်အချိန်မှာ လိုအပ်မလဲ၊ သူလိုအပ်တဲ့ အချိန်မှာ ကိုယ်က အချိန်လေးပေးနိုင်ဖို့ ကြိုးစားသင့်ပါတယ် ။ ချစ်သူတွေရဲ့ ကြားမှာ အချိန်မပေး
 နိုင်ခြင်းဟာလဲ ပြဿနာတစ်ခုပါ ၊ ဒါကြောင့် အချစ်ကို ပေးဖို့ ဆိုရင် အချိန်ကိုလဲ ပေးသင့်တယ်ဆိုတဲ့ အချက်ကိုသိထားသင့်
ပါတယ် ။

၂. Give caring … ဂရုစိုက်မှုပေးပါ
ကိုယ့်ချစ်သူကို ဂရုတစိုက် ရှိရမှာ ဖြစ်ပါတယ် ၊ ကိုယ်ချစ်တဲ့သူကဂရုတစိုက် ရှိနေစေချင်တာ သဘာဝပါပဲ ၊ ဒါပေမယ့် လက်တွေ့မှာတော့ အမှတ်တမဲ့ ဖာသိဖာသာ ဖြစ်နေတတ်ပါတယ် ၊ အထူးသဖြင့် သူရဲ့ ခံစားချက်တွေကိုဂရုစိုက်ပြီး
နားလည်ပေးဖို့ပါပဲ ။

၃. Give help … အကူအညီပေးပါ
ကိုယ့်ချစ်သူကို ကိုယ်ပေးနိုင်တဲ့ အကူအညီလေးတွေ ပေးဖို့ပါ ၊ အသေးအမွှားလေးတွေပဲ ဖြစ်ဖြစ်ပေါ့ ၊ စိတ်ခံစားမှု ပိုင်းဆိုင်ရာမှာတော့ ထိရောက်ပါတယ် ၊ ကြင်နာမှု ကို ပြရာရောက်သလိုပဲ သူ့အတွက် ကြည်နူးပီတိဖြစ်ရပါတယ် ။

၎. Give understanding and be happy နားလည်မှု ပေးပြီး ပျော်ရွှင်ပါစေ
ကိုယ်ချစ်သူကို နားလည်မှု ပေးပြီး ချစ်ပါ ၊ ချစ်တဲ့ နေရာမှာ ကိုယ့်ချစ်သူဟာ လွပ်လပ်မှု ရှိစေဖို့ ဘောင်တွေ ကန့်သတ်
ချက်တွေကိုကျယ်ကျယ်လေးထားပေးပါ ၊ စည်းမျဉ်း ကန့်သတ်ချက်တွေက သိပ်ပြီး ကျဉ်းကျပ်နေရင် အချစ်ခံရတဲ့သူ
ဟာ လွပ်လပ်မှု မရှိတဲ့ အတွက် အပြည့်အ၀ပျော်ရွှင်နိုင်မှာ မဟုတ်သလို တခါတရံ မှာ စိတ်တောင် ညစ်သွားစေပါ
လိမ့်မယ် ။

၅. Give respect လေးစားမှု ပေးပါ
ကိုယ့်ချစ်သူဟာ ဘယ်လိုအခြေအနေ အဆင့်အတန်း မှာ ဖြစ်စေ ကိုယ်က ချစ်ပြီဆိုရင်တော့ လေးစားမှုလေး ပေးပါ ၊ ကိုယ်က အရမ်း လွှမ်းမိုးနေတာမျိုး မလုပ်ပဲ နဲ့ သူတည်ရှိနေမှုနဲ့ သူ့ရဲ့ အနေအထားလေးကို လည်း အသိအမှတ် ပြု
ပေးပါ ၊

၆. Give attention ( Pay attention to details ) … အာရုံစူးစိုက်မှုပေးပါ
ကိုယ်ချစ်သူဟာ ဘာကို နှစ်သက်တယ် ဘာကို မနှစ်သက်ဘူး စတဲ့ အသေးစိတ်အချက်အလက် လေးတွေက စပြီး သိထား

" သတိ! သတိ! သတိ! အမြန်လမ်းသို့ မော်တော်ယာဉ် မောင်းနေသော မိတ်ဆွေများခင်ဗျာ"


အမြန်လမ်းမပေါ်မှာ ဘာအသီးတွေ့တွေ့ ၊ ဘာဘူးတွေ့တွေ့မိမိမောင်းနှင်သော
ကားကြီး၊ ကားလတ်၊ ကားသေးတို့ဖြင့် တက်ကြိတ်ပြီး မောင်းနှင်ခြင်းမပြုကြ
ပါရန် အသိပေးနှိုးဆော်အပ်ပါတယ်။ အသီးထဲတွင် သံဆူးများထည့် ထားကာ
မော်တော်ယာဉ်များ ဘီးပေါက်ကာ တိမ်းမှောက်အောင် ပြုလုပ်နေတာကို သိရှိထားပါတယ်။  အမြန်လမ်းတွင် ယာဉ်မောင်းနေသော မိတ်ဆွေတွေအားလုံးကို 
ဘုရားသခင်ကောင်းချီးပေးပါစေ။
 
Credit " Harris Min Tun

" ဒီတနင်္ဂနွေ ရုံးပိတ်ရက်မှာ ပုသိမ်ဟာလဝါ လုပ်စားကြရအောင်လား "

ဟာလဝါ
ဟိုတလောကအိမ်က မိသားစုတွေ ချောင်းသာသွားတယ်ဆိုကတည်းက ဒီလန်ဒန်မှာကိုယ်က ဂနာတယ်မငြိမ်ချင်တော့ဘူး။ ကျန်ခဲ့ရတာက တမျိုး ပုသိမ်ဟာလဝါ၊ ဂဏန်း၊ ပုဇွန် စားချင်တာက တမျိုးနဲ့ တယောက်တည်းတော်တော်ခံစားလိုက်ရ
ပါတယ်။အမေက ပြန်လာဆိုတော့လဲ ပူလွန်းတဲ့ရာသီမို့ ကလေးတွေဂျီမှာကြောက်လို့ မသွားရဲ။ ဘယ်သူ့အပြစ် ပြောရမှန်း
မသိနဲ့ တအိမ်လုံးလိုက်မဲမိပါတယ်။ နောက်ဆုံးကလေးတွေနဲ့အတူနေပေးတဲ့အမက ညီမလေးလုပ်တတ်နေတာပဲ လုပ်စားပေါ့
တဲ့ ၊ ဟာလဝါထိုးရမှာလဲ ခပ်ကြောက်ကြောက်ပါ။ တော်တော်လက်ညောင်းအောင်ထိုးရလွန်းလို့ပါ။ ဒီတခါတာ့အလွယ်နည်းနဲနဲသုံးပါတယ်။ အိသက်က ရွှေမြင်းပျံကိုပဲအရမ်းကြိုက်လို့ အဲဒီပုံစံ အရသာမရမခြင်း ကျင့်ထားတာ
ပါ။ အဲဒါနဲ့ ဒီဟာလဝါဆိုတာက ကျန်းမာရေးနဲ့တော်တော်မညီတာပါ။ အဆီအအိမ့်မျိုးစုံပါ ပါတယ်။ ဒါပေမဲ့လဲ ဦးရယ် လူဆို
တာဟာ ခက်တယ်ဆိုသလိုပေါ့နော် ကြိုက်လွန်းလို့ စားမှာပဲ စားမှာပဲ ငါ့ကိုလာမတားနဲ့ဖြစ်သွားတာပေါ့ :) (ပုံမှန်က ကောက်
ညင်းပဲသုံးပါတယ်။ သူငယ်ချင်း မနိုင်ရဲ့အကြံပေးချက်အရ ဆန်မှုန့်ရောကြည့်တာအရင်ကထက် ပိုအဆင်ပြေတာတွေ့
ရပါတယ်)

ပါဝင်ပစ္စည်းများ
-ကောက်ညင်းဆန်မှုန့်၃ခွက်(ဆန်ချိန်ခွက်)
-ဆန်မှုန့်၁ခွက်
-အုန်းနို့၂ဗူး
-ကြံသကာ ၃၀ ဂရမ် (ဂရမ်မသိရင် ကြံသကာရည်ကျဲဖျော်ဟင်းချက်ဇွန်း၃ဇွန်း)
-သကြား ၄ဇွန်း(ဟင်းချက်ဇွန်း)
-ထောပတ် ၃ဇွန်း(ဟင်းချက်ဇွန်း)
-ဆီ၂ ဇွန်း(ဟင်းချက်ဇွန်း)
-ဆား ၁ဇွန်း(စားပွဲတင်)
-ဘိန်းစေ့
ကောက်ညင်းနဲ့ဆန်မှုန့်ကိုရောကာရေဖျော်လိုက်ပါ။ ပြီရင် ဆားရောပါ။

" ထမင်းစားပြီးလျှင် ရှောင်ကြဉ်သင့်သည့် အချက်များ "


မြန်မာ လူမျိုးတို့၏ အဓိက အစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ်စားနေကြသည် ဖြစ်ရာ ထမင်းစားပြီး ရှောင်ကြဉ် သင့်သော အချက်(၇)ချက်ကို ကျန်းမာရေး အသိရှိစေရန် ဖော်ပြလိုက်ရပါတယ်။

(၁) ဆေးလိပ်မသောက်ပါနှင့်။

ကျွမ်းကျင်သူများ၏ လေ့လာ သုတေသန ပြုချက်များ အရ ထမင်းစားပြီး စီးကရက် တစ်လိပ် သောက်ခြင်းသည် စီးကရက် ဆယ်လိပ် သောက်ခြင်းနဲ့ ညီမျှပြီး ကင်ဆာ ရောဂါ ဖြစ်ပွားရန် အခွင့်လမ်း အများဆုံး ဖြစ်ကြောင်း သိရှိရသည်။

(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။

ထမင်းစားပြီး သစ်သီးများကို ချက်ချင်း စားခြင်းသည် အစာအိမ် လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည် ဆိုပါက ထမင်းစားပြီး တစ်နာရီ(သို့) နှစ်နာရီ အကြာနှင့် ထမင်း မစားမီ တစ်နာရီ အလိုတွင်သာ စားသုံးသင့်သည်။

(၃)လက်ဖက်ရည် မသောက်ပါနှင့်။

လက်ဖက် ရွက်တွင် အက်ဆစ် ပါဝင်မှုနှုန်း မြင့်မားပြီး ၄င်းသည် ကျွန်ုပ်တို့ စားသုံးလိုက်သော အစာအိမ်ရှိ ပရိုတိန်း ဓာတ်များကို မာကျောစေသည့် အတွတ် အစာချေရန် အခက်အခဲ ဖြစ်စေသည်။

(၄) သင်၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်။

ထမင်းစားပြီး ခါးပတ်ကို ဖြည်လိုက်ခြင်း(တစ်နည်း အနည်းငယ် လျှော့လိုက်ခြင်း)သည် ၀မ်းအတွင်းရှိ အူကို ခေါက်စေသည်။

(၅) ရေမချိုးပါနှင့်။

ထမင်းစားပြီး ရေချိုးခြင်းသည် လက်များ၊ ခြေထောက်များနှင့် ခန္ဒာကိုယ်များသို့ သွားသော သွေးပမာဏကို တိုးပွားစေပြီး အစာအိမ် တစ်ဝိုက်တွင်မှု သွေးပမာဏ လျော့ကျ သွားသည့် အတွက် ကျွန်တော်တို့ အစာအိမ်ရှိ အစာချေ စနစ်ကို အားနည်း သွားစေသည်။

(၆) လမ်းမလျှောက်ပါနှင့်။

လူအများက ပြောနေကြသည်မှာ ထမင်းစားပြီး လမ်းလျှောက် ခြင်းသည် ခြေလမ်းပေါင်း တစ်ရာ လမ်းလျှောက်ခြင်းနှင့် ညီမျှပြီး အသက်(၉၉) နှစ်အထိ အသက် ရှည်ရှည် နေရ မည် ဖြစ်ကြောင်း ပြောဆိုကြသည်ကို ကြားဖူးပါသည်။
တစ်ကယ်တော့ ထိုသို့ ပြုလုပ်ခြင်းကြောင့် အစာချေ စနစ်သည် ကျွန်ုပ်တို့ စားသုံးလိုက်သော အစာအာဟာရများကို စုပ်ယူရန်
Subscribe

လာလည်သူများ

free counters