![]() |
| မူးတဲ့အရာကို အမြင့်တက်သောက်တော့ မဖြစ်သင့်တာတွေဖြစ်ကြရတော့တာပဲ.. |
နေပြည်တော်၊ ဧပြီ ၁၇
၂၀၁၆ ခုနှစ်၊ ဧပြီလ ၁၆ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန် မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ်၊ ပါးပြင်းကျေးရွာအုပ်ချုပ်ရေးမှူးမှ လူတစ်ဦးထန်းပင်ပေါ်က ပြုတ်ကျသဖြင့် သေဆုံးသွားကြောင်း အကြောင်းကြားချက်အရ ထီးလင်းမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက သက်သေ များနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။ စစ်ဆေးချက်အရ ပါးပြင်းကျေးရွာနေ ဦးကျော်ဝင်း(ခ) ငဝင်း(၄၇)နှစ်သည် နေအိမ်ဝန်းအတွင်း အမြင့်(၂၅)ပေခန့် ထန်းပင်ပေါ်ရှိ ငြမ်းစင်ပေါ်တက်၍ ထန်းရည်သောက်ရာက ငြမ်းစင်ယာဘက်တွင်ချည်ထားသော ဝါးနှီးကြိုးပျက်ကျသဖြင့် ငြမ်းစင် စောင်းသွားစဉ် ပြုတ်ကျသေဆုံးခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးသိရှိရသဖြင့်


