♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 2, 2016

" ဖုန်းနှင့် ဗီဒီယို တည်းဖြတ်, ကာလာအိုကေ စာတန်းထိုး, ဓာတ်ပုံ စတိုက်ရိုး, တွေကို အလန်းဆုံး ဖန်တီးနိုင်မယ့် KineMaster Pro v3.2.0.7275 Apk "





Android OS နှင့် Tablet ကိုင်ဆောင်ထားသော  သူငယ်ချင်းတွေအတွက် ဖုန်းနှင့် ဗီဒီယို တည်းဖြတ်, ကာလာအိုကေ စာတန်းထိုး, ဓာတ်ပုံ စတိုက်ရိုး, တွေကို အလန်းဆုံး ဖန်တီးနိုင်မယ့်  နောက်ဆုံး ဗားရှင်းလေးကို  KineMaster Pro Apk  ဗားရှင်း အသစ်လေးကို တင်ပေးလိုက်ပါတယ်။
ဖုန်းနဲ့ Video Edit တာ ၀ါသနာ ပါတဲ့ သူငယ်ချင်းတွေ အတွက် တကယ်ကိုအသုံးဝင်စေပါတယ်။
ဖုန်းတိုင်းမှာအဆင်ပြေလို့ အသုံးပြုရတာလည်း လွယ်ကူးပြီ ၊ အခု ဒီဆော့ဝဲလ် တခုလေးနဲ့ တော်တော်စုံစုံလင်လင် Video တွေ ဖန်တီး နိုင်တာမို့ ဖုန်းနဲ့ Video Editor ပြုလုပ်တဲ့ လူတိုင်းဆောင်ထား သင့်ပါတယ်။ ဖုန်းနဲ့ အမိုက်စား Video Editor တွေကို ဖန်တီးချင်သူများ ဆောင်ထားကြနော်။
စမ်းသပ်အသုံးပြုချင်တယ်ဆိုရင်တော့ နမူနာအနေနဲ့အောက်မှာ Screen Shoot တွေရိုက်ပြထားပါတယ် ။
Android OS Version 2.3 နှင့်အထက်ရှိထားတဲ့ဖုန်းတွေပေါ်မှာ Installလုပ်၍အသုံးပြုနိုင်မှာဖြစ်ပါတယ်။
>> Screen Shoot <<

May 1, 2016

"ဒီတနင်္ဂနွေမှာ မက်ဆီကန်စတိုင် ကြက်သားအကြွပ်ကြော်လေး လုပ်စားကြရအောင်လား" ( ဝတ်ရည် )

IMG_0407a
မက်ဆီကန်စတိုင် ကြက်သားအကြွပ်ကြော်
ပါဝင်ပစ္စည်းများ
  • ကြက်တောင်ပံ – ရခု
  • ပါမုန့်ခြောက် – ၁၀၀ ဂရမ်
  • ဂျုံမှုန့် – ရ၀ ဂရမ်
  • ကြက်ဥ – ၂လုံး (ခလောက်ထားပါ)
နှပ်ထားရန် ပါဝင်ပစ္စည်းများ
  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • ငရုတ်သီး(အရောင်တင်မှုန့်) – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • နံနံစေ့မှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ဇီယာ – လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်းခွဲ
  • လိမ္မော်ဆိုဒါ – စားပွဲတင်ဇွန်း ၃ဇွန်း
ဆော့တွင် ပါဝင်ပစ္စည်းများ
  • ငရုတ်သီးဆော့ – ၁ခွက်ခွဲ
  • ရှာလကာရည် – စားပွဲတင်ဇွန်း ၁ဇွန်း
  • Worcestershire ဆော့ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
  • Tobasco ဆော့ – လက်ဖက်ရည်ဇွန်း၁ဇွန်းခွဲ
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
  • ငရုတ်သီးနီတောင့်ရှည် – ၁တောင့်
ချက်ပြုတ်နည်း
၁။ အရင်ဆုံး ကြက်တောင်ပံများကို နှပ်ထားရန် ပါဝင်ပစ္စည်းများဖြစ်သော (ဆား၊ ကြက်သားမှုန့်၊ ငရုတ်ကောင်းမှုန့်၊

" ချစ်သူနှစ်ဦးကြားက သံသယဟာ ချစ်ခြင်းကို ဖျက်စီးပစ်မယ့် နတ်ဆိုးသာဖြစ် "


အိမ်ထောင်သည် ဖြစ်စေ ၊ချစ်သူနှစ်ဦးပင်ဖြစ်စေ ငြိမ်းချမ်းပျော်ရွှင်တဲ့ အချစ်ရေးတည်ဆောက်ဖို့ အလိုအပ်ဆုံး ပါဝင်ပစ္စည်းက ယုံကြည်မှုပဲ ဖြစ်ပါတယ်။ အချစ်ရေးအားလုံးက ယုံကြည်မှုနဲ့ ချစ်ခြင်းမေတ္တာ အပေါ်မှာ အခြေတည်ထားတာ ဖြစ်ပါတယ်။ ချစ်ခြင်းက ဘဝကို သာယာပျော်ရွှင်စေဖို့နဲ့ အဓိပ္ပါယ်ရှိစေဖို့ တာဝန်ယူပါတယ်။ ယုံကြည်မှုကတော့ အဖိုးတန်ပြီး တည်ငြိမ်အေးချမ်းတဲ့ ဘဝတစ်ခုကို ဖြစ်စေမှာပါ။

အချစ်နဲ့ယုံကြည်မှု ဆိုတာ အချင်းချင်း အပြန်အလှန် ချိတ်ဆက်နေပါတယ်။ သူတို့နှစ်ခု မပြည့်စုံဘဲနဲ့ ဘဝတစ်ခုစတင်ဖန်တီးဖို့ မဖြစ်နိုင်သလို ရေရှည်တည်တံ့တဲ့ ဘဝခရီးကိုလည်း လျှောက်လှမ်းနိုင်မှာလည်း မဟုတ်ပါဘူး။ ချစ်တဲ့သူပေမဲ့ ကိုယ်မယုံကြည်နိုင်လောက်တဲ့သူမျိုးကို ဘယ်သူမှ တစ်ဘဝလုံးစာ လက်တွဲဖို့ မဆုံးဖြတ်ကြပါဘူး။ယုံကြည်မှုနဲ့ စတင်ခဲ့တဲ့ ဘဝတစ်ခုကို ခိုင်မြဲစေဖို့အတွက်ကလည်း ယုံကြည်မှုပဲလိုအပ်ပါတယ်။

ချစ်သူနှစ်ဦးကြား သံသယစပြီး ဝင်လာတာနဲ့ ပျက်စီးဖို့ လမ်းကြောင်းပေါ်ရောက်ပြီလို့ ဆိုနိုင်ပါတယ်။သံသယဆိုတာ အရမ်းကို ကြောက်စရာကောင်းတဲ့ ပူလောင်မှုတစ်ခုပါ။ သူ့ရဲ့အာနိသင်က သံသယအဝင်ခံရတဲ့သူသာ စိတ်ညစ်ရတာမဟုတ်ဘဲ သံသယဝင်တဲ့သူမှာလည်း ပူလောင်မှုတွေနဲ့ ပြည့်နှက်နေစေပါတယ်။ ဒါကြောင့် လူကြီးသူမတွေက သံသယဆိုတဲ့အရာ အိမ်ရှေ့တံခါးက ဝင်လာတာနဲ့ မိသားစုပျော်ရွှင်မှုက အိမ်နောက်ဖေးကနေထွက်သွားတတ်တယ်လို့ ဆိုခဲ့တာ ဖြစ်မှာပါ ။အရမ်းကို မှန်တဲ့စကားလေးပါ။ဘယ်လောက်ပဲ ချစ်ကြတဲ့သူတွေဖြစ်ပါစေ သံသယဝင်သွားပြီဆိုတာနဲ့ အမုန်းစိတ်က မကြာခင် ရောက်လာပြီး ဘာလုပ်လုပ် အကောင်းမမြင်တတ်တော့ပါဘူး။

ဒါကြောင့် သံသယ ဝင်လာတော့မယ်ဆိုရင် သံသယဆိုတာ ကိုယ့်ချစ်သူရဲ့ သိက္ခာ၊ရိုးသားမှုကို စော်ကားရာရောက်တယ်ဆိုတာကို အရင်ဆုံး စဉ်းစားပြီး ကိုယ်မသိနိုင်တဲ့ အခြားအကြောင်းရှိသေးလားဆိုတာ အရင်ရှာဖွေပါ။ နောက်ပြီး သံသယကို မွေးထားပြီး အရာရာကို သံသယမျက်လုံးနဲ့

" ဗီယက်နမ်သတို့သမီး ၁၄ ဦးကို ၀ယ်သူခဲ့သူ တရုတ်နိုင်ငံသားအား ဖမ်းဆီး "

 
တရုတ်နိုင်ငံ၊ အန်ဟွီးခရိုင်မှ အမျိုးသားတဦးဟာ ဗီယက်နမ်နိုင်ငံသူ အမျိုးသမီး ၁၄ ဦးကို သတို့သမီးအဖြစ် ၀ယ်ယူခဲ့ပြီးနောက်မှာ ၁၃ ဦးကို တခြားအမျိုးသားတွေဆီ ပြန်လည်ရောင်းချခဲ့တဲ့အတွက် ရဲတွေက ဖမ်းဆီးလိုက်ပါတယ်။

လက်ရှိမှာတော့ အဆိုပါအမျိုးသမီးတွေထဲမှ ၁၀ ဦးကို ရဲတွေက ထိန်းသိမ်းထားတယ်လို့ Ahscb.com သတင်းမှာ ဧပြီ ၂၈ ရက်က ဖော်ပြပါတယ်။

ဒါတွေအားလုံးရဲ့အစဟာ ၂၀၀၁ ခုနှစ်မှာ စတင်ခဲ့တာပါ။

ဇန်လို့အမည်ရတဲ့ အမျိုးသားဟာ မသန်စွမ်းတဦးဖြစ်ပြီး သူ့အနေနဲ့ အိမ်ထောင်မကျနိုင်တော့ဘူးလို့ စိတ်ဓာတ်ကျနေချိန်မှာ ယူနန်ခရိုင်မှ သူ့သူငယ်ချင်းတဦးက ဗီယက်နမ်မှ အမျိုးသမီးတွေကို သတို့သမီးအဖြစ် ၀ယ်လို့ရကြောင်း ပြောခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက်မှာတော့ ဇန်ဟာ ယူနန်ကို လိုက်သွားခဲ့ကာ ဗီယက်နမ်အမျိုးသမီးတဦးကို ၀ယ်ယူကာ လက်ထပ်ပေါင်းသင်းခဲ့တာပါ။

အဲဒီနောက်မှာတော့ သူ့ရဲ့မိတ်ဆွေတွေနဲ့ ဆွေမျိုးသားချင်းတွေက သူ့လို ဗီယက်နမ်ဇနီး ဘယ်လိုရနိုင်မလဲ မေးမြန်းခဲ့ချိန်မှာ သူတို့အတွက် ၀ယ်ယူကာ ပြန်ရောင်းဖို့ စတင်ခဲ့တယ်လို့ ဆိုပါတယ်။

ဇန်ဟာ သတို့သမီးတဦးအတွက် ယွမ်ငွေ ၆ သောင်း (အမေရိကန်ဒေါ်လာ ၉ ထောင်နီးပါး) နဲ့ ၀ယ်ယူခဲ့ရတာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဒါဆို စဉ်းစားစရာဖြစ်လာတာက ယူနန်ခရိုင်ထဲကို ဗီယက်နမ်အမျိုးသမီးတွေ ဘယ်လိုရောက်လာခဲ့ပါသလဲ။

စီအန်အန်သတင်းရဲ့ အဆိုအရ နှစ်စဉ် ဗီယက်နမ်နိုင်ငံသူ အမျိုးသမီးတွေဟာ လူကုန်ကူးခံရပြီး တရုတ်နိုင်ငံတွင်းကို ရောင်းချခံနေရတယ်လို့ ဖော်ပြပါတယ်။

အရွယ်ရောက်ပြီးသူတွေသာမက အသက် ၁၃ နှစ်လောက်အရွယ် မိန်းကလေးတွေအထိ ပါဝင်ကာ သူတို့ကို နယ်စပ်မှ လှေ၊ ကား၊ ဆိုင်ကယ်တွေနဲ့ မှောင်ခိုကူးခဲ့ရပြီး လိမ်လည်လှည့်ဖျားတာ၊ ဒါမှမဟုတ် မူးယစ်ဆေးဝါးသုံး ခေါ်ဆောင်လာတာမျိုးတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဇန်ရဲ့အမှုကိုတော့ ဒေသတွင်း ရဲဌာနကမှတဆင့် ခြေရာခံ ဖမ်းမိခဲ့တာဖြစ်ပြီး သက်ဆိုင်ရာ တာဝန်ရှိသူတွေဟာ ရဲအရာရှိ

" အပူချိန် အလွန်မြင့်မားခြင်းကြောင့် လေသင်တုန်းရောဂါဖြစ်နိုင် "

အပူချိန် 40 ဒီဂရီ စင်တီဂရိတ်ထက်ကျော်သော အပူချိန်သည် အပူလှိုင်းဖြတ်သည့် အပူချိန်ပမာဏ ဖြစ်နေသောကြောင့် သတိရှိကြရန် ရာသီဥတုဆိုင်ရာ ကျွမ်းကျင်သူများက ပြောကြားလိုက်သည်။ အပူချိန်လွန်ကဲခြင်းက အပူကြောင့်ဖြစ်သော လေသင်တုန်းရောဂါ ဖြစ်စေနိုင်ကြောင်း ပညာရှင်များက သတိပေးထားပါသည်။
အပူလွန်ကဲခြင်းကြောင့် ဖျားနာမှုများဖြစ်လာနိုင်ခြင်းကို ကာကွယ်ရန် ဆုံးရှုံးသွားသော ဆားဓာတ်များကို ပြန်လည်ဖြည့်တင်းနိုင်မည့် ဓာတ်ဆားဖျော်ရည်များကို သောက်သုံးသင့်ပါသည်။ နေပူထဲသို့ ထွက်ရမည့် အကြောင်းကိစ္စရှိလျှင် နေပူထဲ မထွက်မီ နှစ်နာရီခန့်အလိုတွင် ရေ 4 ခွက် (720 ml) ခန့်သောက်သုံး၍ နေပူထဲမှ ပြန်လာပြီးနောက်တွင် ရေ (250 ml) ခန့်သောက်သုံးရန် လိုအပ်ပါသည်ဟု ပညာရှင်များက အကြံပြုထားပါသည်။
နေရောင်အောက်တွင် အင်အားအသုံးပြု လုပ်ဆောင်နေရသူများအဖို့ ရေမဆာလျှင်ပင် မိနစ် 20 ခြားတစ်ခါ ရေ (250 ml) သောက်သုံးရန် လိုအပ်ပါသည်။ ဖြစ်နိုင်ပါက ပြင်ပတွင်လုပ်ရမည့် အလုပ်များကို နံနက်ခင်းပိုင်းနှင့် နေဝင်ပြီးအချိန်များသို့ ပြောင်းရွှေ့လို့ရနိုင်လျှင် ပြောင်းရွှေ့သင့်ပါသည်။
အပူချိန်အလွန်မြင့်တက်နေသော ဒေသများတွင် အရောင်ဖျော့သော အဝတ်အစားများ ဝတ်ဆင်သင့်ကြောင်း၊ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းအလွန်မြင့်မားနေသည့်အတွက် SPF 30 နှင့်အထက် နေရောင်ကာ လိုးရှင်းများကို

" မေလ ၁ ရက်နေ့မှာ သရုပ်ဆောင်နိုင်းနိုင်းနဲ့အက်ရှင်ကားကြီး စရိုက်တော့မယ့် အမွန်း "

အမွန်းရဲ့ Automatic စီဒီခွေထွက်ပြီး ၆လအကြာ ဧပြီ ၂၄ မှာထွက်ရှိခဲ့တဲ့ Automatic ဒီဗီဒီအခွေဟာဆိုရင် ပရိသတ်အများကြိုက်နှစ်သက်ကြတဲ့ အခွေတစ်ခွေဖြစ်နေပါတယ်။ တစ်ခွေလုံးကို စိတ်ကြိုက်ဖန်တီးရိုက်ကူးထားသလို မြန်မာပြည်မှာ ရိုက်ပြီးမြန်မာပြည်မှာ အဆုံးသတ်ခဲ့တဲ့ အခွေလေးကို အားပေးကြတဲ့ ပရိသတ်တွေကြောင့် ၀မ်းသာပီတိဖြစ်ရတယ်လို့အမွန်းက ဆိုလာပါတယ်။ ၂၉မှာလဲ  မန္တလေးကပရိသတ်တွေအတွက် ပရိုမိုးရှင်းပွဲလုပ်ပေးမှာဖြစ်ပြီး မေလ ၁ရက်နေ့မှာ ရုပ်ရှင်ကားကြီး စရိုက်တော့မဲ့ အမွန်းရဲ့ သရုပ်ဆောင်ပိုင်းလှုပ်ရှားမှုအချို့နဲ့ ရန်ကုန်ပရိုမိုးရှင်းပွဲအကြောင်းသိလိုသမျှကိုမေးမြန်းဖြစ်တဲ့အခါ

-၂၄ ရက်နေ့က ထွက်ရှိခဲ့ Automatic အခွေ ပရိုမိုးရှင်းပွဲအခြေအနေလေးကိုလဲသိချင်ပါတယ်။
ပရိသတ်တော်တော်များများလာကြတယ်။ ကြည့်ပြီးတဲ့သူတွေကလဲ ကွန်မန့်တွေပေးကြတယ်။ ကြိုက်တယ်လို့ပြောကြတယ်။ တချို့မြွေပါတဲ့ အပုဒ်တွေဆို သူတို့လန့်ပါတယ်ပေါ့။ အဲ့ဒီလိုလေးတွေသူတို့ပြောတယ်။ ဒီရက်ပိုင်းအတွင်းမှာပေါ့။ ထွက်တာလဲ သိပ်မကြာသေးတော့လေ။ ပရိသတ်ရဲ့ တုံ့ပြန်မှုတွေကိုတော့ နေ့နဲ့အမျှစောင့်မျှော်နေပါတယ်။

-စီဒီထွက်ပြီးသိပ်မကြာတဲ့အချိန်မှာ ဒီဗီဒီထွက်လာတာဘာကြောင့်များလဲ။
၆လလောက်ပဲကြာလိုက်တယ်။ ပြီးတာက နှစ်မကုန်ခင်ကတည်းကပါ။ အောက်တိုဘာမှာကျွန်မ စီဒီထွက်တယ်။ မြန်မြန်ရိုက်လိုက်တဲ့အကြောင်းအရင်းကတော့ မြန်မြန်ထွက်ချင်တာကြောင့်ပါ။

-စည်းနဲ့ဝါး သီချင်းတစ်ပုဒ်က ဒီဗီဒီမှာမပါဘူးနော်။
ဟုတ်ပါတယ်။ စာသားကြောင့်ဆိုပြီး ဆင်ဆာ အဖွဲ့က အဲ့ဒီသီချင်းတစ်ပုဒ်ကိုပေးမပါလို့မထည့်ဖြစ်တာပါ။

-သီချင်းတွေအားလုံးထဲမှာပရိသတ်ကြိုက်တယ်ဆိုပြီး ပြောကြတဲ့ သီချင်းတွေက ဘယ်အပုဒ်တွေဖြစ်မလဲ။
သူတို့ကတော့ အခုလောလောဆယ်မှာ ချုံပြီးပြောကြတယ်။ တစ်ခုလုံးကိုအားပေးတယ်။ တစ်ခုလုံးကိုကြိုက်တယ်ဆိုပြီးပြောနေကြတယ်။ အခုလောလောဆယ် ၂၄ ဖြန့်ပြီးကတည်းက လိုင်းကိုလဲသေချာမသုံးဖြစ်သေးဘူး။ မန္တလေးကပရိုမိုးရှင်းအတွက် အလုပ်ရှုပ်နေလို့ပါ။ အခုလောလောဆယ်ကတော့

" တမူထူးတဲ့ သိုင်းကြိုးမဲ့ အတွင်းခံ " (ကလေးတွေ မကြည့်ရဘူးနော်)

 
အမျိုးသမီးအများစုဟာ အတွင်းခံဘောင်းဘီသိုင်းကြိုးတွေ မကြိုက်ပါဘူး။ ဒီဒုက္ခကို ဖြေရှင်းဖို့အတွက် Shibue Couture အမည်ရှိ ကုမ္ပဏီတစ်ခုမှ သိုင်းကြိုးမပါတဲ့ အတွင်းခံဘောင်းဘီတစ်မျိုး တီထွင်ဖန်တီးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ရဲ့ဆောင်ပုဒ်က "We didn't cross the line… we erased it" ဆိုတာပဲ ဖြစ်ပါတယ်။
ယင်း Shibues အတွင်းခံဘောင်းဘီကို အရှေ့ထိပ်နားနဲ့ နောက်ကျောစွန်းမှာ ရေဆေးနိုင်ပြီး ပြန်လည်အသုံးပြုနိုင်သော ပျော့ပျောင်းတဲ့ ဆီလီကွန်ဂျယ်လ်အဆီပျစ်နဲ့ ထိန်းထားပါတယ်။ ဒါပေမယ့် မိမိဘက်မှာ ချောမွေ့သန့်ရှင်းတဲ့ ပုံတူအရိပ်မည်းလေး ရှိပါတယ်။ အောက်ဘက်ခြမ်းမှာတော့ ကော်စေးနဲ့ အများဆုံးတူပါတယ်။ ဈေးနှုန်းအနေနဲ့ ၁၆ ဒေါ်လာရှိပြီး Kate Upton နဲ့ Rosie Huntington-Whiteley အပါအဝင် စလီဘလီတီတွေ ဒီစတိုင်ကို ရွေးချယ်အသုံးပြုခဲ့ကြကာ အများစိတ်ဝင်စားမှု
Subscribe

လာလည်သူများ

free counters