August 29, 2016
August 22, 2016
" ခရီးသွားရင်း ငိုက်တတ်သူလား"

ပုံစံအမျိုးမျိုး ပြုလုပ်ကြည့်ပြီးနောက်မှာ NodPod လို့ခေါ်တဲ့ အခုလိုအိပ်ငိုက်ပစ္စည်းလေးကို ရရှိခဲ့တာ ဖြစ်ပါတယ်။ နှစ်ပေါင်းများစွာ ခေါင်းရှေ့ကို ငိုက်ကျခြင်းနဲ့ပက်သက်ပြီး အဖြေရှာခဲ့ပေမဲ့ ဈေးကွက်ထဲက ဘယ်အရာကမှ အလုပ်မဖြစ်ဘူးလို့ အသက် ၅၃ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ဘလန်ကန်ရှစ်က ပြောပါတယ်။
သူငယ်ချင်းတစ်ယောက်ဆီ ခရီးထွက်ပြီး သွားလည်ရာကနေ အခုစိတ်ကူးကို ရခဲ့တာဖြစ်ပြီး အိမ်ပြန်ရောက်တာနဲ့
" မစင်ကနေ ရေမွှေးအဖြစ် စမ်းသပ်ထုတ်လုပ်ပြီး ဈေးကွက်ထဲဖြန့်ချီ "

ဗြိတိန်အနုပညာ ဖန်တီးသူတစ်ဦးဖြစ်တဲ့ ဂျမီးနီကိုးလက်စ်က သူ့ရဲ့ မစင်တွေကနေထုတ်လုပ်ထားတဲ့ အမွှေးအကြိုင်နံ့သာ အရည်သစ် တစ်ခုကို Surplus လို့အမည်ပေးထားပြီးတော့ ဈေးကွက်ထဲကို ၂၅ ဒေါ်လာနဲ့ဖြန့်ချီရောင်းချမှာဖြစ်ကာ ရေမွှေးပုလင်း ၂၅ ပုလင်းရောင်း ချပြီးဖြစ်တယ်လို့ သိရပါတယ်။
Viceland.com ရဲ့ အင်တာဗျူးမေးမြန်းချက်အရ နီကိုးလက်စ်က ဒီလိုမစင်ကနေ အလှကုန်ပစ္စည်းထုတ်လုပ်တဲ့ ထူးခြားတဲ့စိတ်ကူးကို မစင်တို့ရဲ့သမိုင်းကြောင်းဖြစ်တဲ့ စာရေးဆရာ Dominique laporte ရဲ့ The History of shit စာအုပ်ထဲ ရေးသားထားတဲ့ အကြောင်းအ ရာတွေကိုလေ့လာပြီးတဲ့နောက် အမွှေးနံ့သာထုတ်လုပ်ဖို့ စိတ်ကူးရ သွားတာပဲ ဖြစ်ပါတယ်။ မွှေးကြိုင်တဲ့အနံ့အသက်တွေက ဆိုးရွား ပြင်းထန်လွန်းတဲ့ အနံ့တွေကို ဖုံးအုပ်နိုင်သလို အနံ့ဆိုးဆိုးတွေက လည်း မွှေးကြိုင်တဲ့အနံ့တွေကို ဖုံးအုပ်နိုင်မယ်ဆိုတဲ့ အခြေခံသ ဘောတရားယူပြီး ဖန်တီးထုတ်လုပ်တာ ဖြစ်ပါတယ်။
နီကိုးလ်က သူ့ရဲ့အိမ်ခန်းမှာ ဒီမစင်ကနေ ရေမွှေးထုတ်လုပ်မှု အဆင့်ဆင့်ကို ပြုလုပ်ပြီး တစ်ပတ်ကြာအဆင့်ဆင့်စမ်းသပ်
" မုတ်သုံရာသီအတွင်း ဆံကေသာ အနံ့အသက်ထွက်မှု ကင်းဝေးစေမယ့် နည်းလမ်းတချို့ "
· မကြာမကြာခေါင်းလျှော်ပေးခြင်းဖြင့် ဦးရေပြားသန့်ရှင်းအောင် ထိန်းသိမ်းပါ။ ပိုးသတ်ဆေး သို့မဟုတ် မှိုသတ်ဆေးတွေပါဝင်တဲ့ လျှော်ခေါင်းရည် အသုံးပြုပါ။ ဆံပင်စိုထိုင်းထိုင်းဖြစ်စေတဲ့ ခေါင်းလျှော်ရည်မျိုးကို ရှောင်ပါ။
· ဆံကေသာကို အာဟာရဓာတ်ဖြည့်တင်းပေးဖို့အတွက် သန့်ရှင်းလတ်ဆတ်တဲ့ သစ်သီးနဲ့
" အချစ်ရေးမှာ အဆင်ပြေနေခြင်းဟာ ညအိပ်ချိန်မှာ ကောင်းမွန်စွာ အိပ်မောကျစေနိုင်"
သင့်ရဲ
့ လက်တွဲဖော်ဟာ သင့်ကို တစ်ညလုံး
အိပ်မောကျစေခဲ့တယ်(လိင်ပိုင်းဆိုင်ရာမဟုတ်) ဆိုရင်တော့ အဲဒါဟာ သင်တို့
အချစ်ရေးရဲ့  အရည်အသွေးတစ်ခုလို့ ဆိုနိုင်မှာ ဖြစ်ပါတယ်။ လူမှု စိတ်ပညာ နဲ့
ပုဂ္ဂိုလ်ရေး သိပံ္ပ ဆိုတဲ့ စာစောင်တစ်ခုမှာ ပုံနှိပ်ဖော်ပြခဲ့တဲ့
လေ့လာမှုတစ်ခုဟာ လူတစ်ယောက်ရဲ့  ညဘက်အိပ်မောကျမှု ဟာ သူ့အချစ်ရေးမှာ
ဘယ်လောက်လုံခြုံပြီးပျော်ရွှင်ရတယ်ဆိုတဲ့ ဆက်စပ်နေမှုတစ်ခုကို
ရှာဖွေတွေ့ရှိခဲ့ပါတယ်။
တူရကီနိုင်ငံမှာရှိတဲ့
Middle East Technical University က လူမှု စိတ်ပညာဗေဒ
ကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့ Dr.Selcuk နဲ့ သုတေသီအချို့ဟာ အသက် ၃၅ နှစ်မှ
၈၆ နှစ်ကြား လက်ထပ်ပြီး(သို့) အတူနေထိုင်နေတဲ့ အရွယ်ရောက်ပြီးသူ ၆၉၈ ယောက်
ကို စစ်တမ်းကောက်ယူပြီး သူတို့ရဲ့  လက်တွဲဖော်နဲ့ဆက်ဆံမှုအခြေအနေများ ၊
စိတ်ဖိစီးမှုနဲ့ သောကများနေမှု လက္ခဏာများ ၊ အိပ်စက်မှုဆိုင်ရာ
အခက်အခဲများအားလုံးကို စောင့်ကြည့်လေ့လာခဲ့ပါတယ်။
ဒါ့အပြင်
အဲဒီ လေ့လာခံရသူတွေထဲက ၂၁၉ ယောက်ကိုတော့ တစ်ပတ်တိတိ လှုပ်ရှားမှု
ခြေရာခံစက်များ လက်ကောက်ဝတ်များ ၀တ်ဆင်စေတာ နေ့ရောညပါ
၇ရက်လုံးလေ့လာခဲ့ပြန်ပါတယ်။ "ကျွန်တော်တို့ရဲ့  ရှာဖွေတွေ့ရှိမှုက
ပြသခဲ့တာကတော့ လက်တွဲဖော်နဲ့အဆင်ပြေတဲ့ သူတွေဟာ သောကနဲ့ စိတ်ဖိစီးမှု
ပမာဏနည်းပါးကြတာ တွေ့ရသလို သူတို့ရဲ့  အိပ်စက်မှု အရည်အသွေးဟာလည်း ပိုမို
ကောင်းမွန်တာကိုတွေ့ရပါတယ်။ အကောင်းဆုံး အိပ်စက်နည်းဆိုတာကတော့
အနှောင့်အယှက်ကင်းတဲ့ အိပ်မောကျမှုမျိုးဖြစ်ပြီး အဲဒီလို အိပ်စက်ခြင်းဟာ
ကျန်းမာရေး ဆိုးရွားစွာ ထိခိုက်စေမှုတွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ အဲဒီလို
အိပ်စက်ခြင်းမျိုး ရရှိဖို့အတွက်တော့
" အိန္ဒိယနိုင်ငံမှာ တာဝန်သိ လုပ်အားပေး ၈ သိန်းက သစ်ပင်ပေါင်း ၄၉.၃သန်း ပင် ကို စိုက်ပျိုးခဲ့ "
National Geographic News ရဲ့  သတင်းဖော်ပြချက်တစ်ခုအရ
အိန္ဒိယနိုင်ငံ အစိုးရက အတည်ပြုပေးနိုင် ခဲ့တာက အိန္ဒိယ နိုင်ငံ တစ်ဝှမ်းမှာ
တာဝန်သိ လုပ်အားပေး(Volunteers) ဦးရေ ၈၀၀,၀၀၀ ယောက်တို့က ပြီးခဲ့တဲ့
အပတ်အတွင်း သစ်ပင်ပေါင်း ၄၉.၃ သန်း ပင် အထိ စိုက်ပျိုးနိုင်ခဲ့တယ်လို့
သိရပါတယ်။ ဂရင်းနစ်စံချိန် တင်နိုင်ဖို့အတွက်ကတော့ ၂၀၁၃
ခုနှစ်တုန်းက ပါကစ္စတန် နိုင်ငံမှာ ဆောင်ရွက်နိုင်ခဲ့တဲ့ သစ်ပင်
စိုက်ပျိုးမှု စံချိန်ထက် စိုက်ပျိုးတဲ့ သစ်ပင် အရွယ်အစားသေးငယ်နေသေးလို့ပဲ
ဖြစ်ပါတယ်။
အိန္ဒိယ နိုင်ငံဟာ ကမ္ဘာကြီး
ပူနွေးလာမှုကို ထိန်းသိမ်းကာကွယ်နေခြင်းရဲ့  တစ်စိတ်တစ်ဒေသ အဖြစ် အခုလို
ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ မနှစ်က ပြင်သစ်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ Paris
Climate Conference ကိုလည်း အိန္ဒိယ နိုင်ငံက တက်ရောက် လက်မှတ်ရးထိုးခဲ့သလို
အိန္ဒိယ နိုင်ငံအစိုးရဟာလည်း သစ်တောဝန်းကျင် ထိန်းသိမ်းမှု ကို ၁၂
ရာခိုင်နှုန်းအထိ တိုးမြှင့် ဆောင်ရွက်မယ်လို့ ထုတ်ပြန်ထားခဲ့တာပါ။
လက်ရှိ
စံချိန်စံနှုန်းများအရ အိန္ဒိယ နိုင်ငံဟာ ၂၀၃၀ ခုနှစ်မှာ
သစ်တောအကျယ်အ၀န်းပေါင်း ၂၃၅ ဧက အထိ ရှိလာနိုင်ပါတယ်။ စိတ်မကောင်းစရာ
တစ်ခုကတော့ အိန္ဒိယ နိုင်ငံမှာ စိုက်ပျိုးခဲ့တဲ့ ထို သစ်ပင်တွေရဲ့  ၄၀
ရာခိုင်နှုန်းဟာ
" နှုတ်ခမ်းထောင့်စွန်း အက်ကွဲရခြင်းအကြောင်းအရင်း "
· ဗီတာမင် B ချို့တဲ့ခြင်း
· နှုတ်ခမ်းအမြှေးပါးတွေ စားတဲ့ gastric acid ထုတ်လုပ်မှုလွန်ကဲခြင်းနဲ့ ဆက်စပ်တဲ့ အစာအိမ်ရောဂါများ
· သံဓာတ်ချို့တည့်မှုကြောင့် ဖြစ်တဲ့ သွေးအားနည်းရောဂါ
· ခံတွင်းသန့်ရှင်း ကောင်းစွာမရှိခြင်း သို့မဟုတ် သန့်ရှင်းမှုအားနည်းခြင်း
· ကိုယ်ခံအား အားနည်းခြင်း
· ဆီးချိုရောဂါ
· စကားပြောနေစဉ် လျှာနဲ့ နှုတ်ခမ်းတွေ စိုအောင် ပြောသူတွေမှာ ဖြစ်ပွားလေ့ရှိပါတယ်။
ဒီရောဂါလက္ခဏာက zinc နဲ့ B vitamin (B3, B2 and B12) ချို့တဲ့မှု လက္ခဏာတစ်ခုဖြစ်ပါတယ်။
ဖြေရှင်းနည်း - တို့ဟူး၊ ဒိန်ချဉ်၊ ဟင်းနုနွယ်၊ မြေပဲ၊ တရုတ်ဆီးသီး၊ ကညွတ်၊ အစေ့နဲ့ပဲထောင့်ရည်မျိုးတွေ ပိုစားပေးပါ။ နောက်
Subscribe to:
Posts (Atom)

