အင်ဒိုနီးရှား တောအုပ်ကြီးထဲ တွင်
ဖုန်းကွယ်ထားသော အရာတစ် ခု ရှိနေပါသည်။ ယင်းမှာ အခြား မဟုတ်။ ကြက်ဖပုံစံ
တည်ဆောက် ထားသည့် ဝတ်ပြု ကျာင်းတော် ကြီးတစ်ဆောင်ပင် ဖြစ်လေသည်။
ဒေသခံလူတို့၏ အခေါ်အရGereja Ayam
(ကြက်ဖကျောင်း တော်) ဟု အမည်ရသည့် အဆိုပါ ဝတ်ပြုကျောင်းတော်ကြီး သည်
Magelang ဒေသရှိ Rhema တောင်ကုန်းပေါ်တွင် တည်ရှိကာ ကမ္ဘာ တစ်လွှားမှ ဓာတ်ပုံ
ဝါသနာ ရှင်များနှင့် ကမ္ဘာလှည့် ခရီးသွား များ နှစ်စဉ်လာရောက် လည်ပတ်ကြ သော
နေရာ တစ်ခုလည်းဖြစ်သည်။
အဆိုပါ ဝတ်ပြုကျောင်းတော် ကြီးကို
ဂျကာတာတွင် အလုပ် လုပ်နေသည့် ဒန်နီရယ် အလန်ဂျာ ဆိုသူက ဘုရားသခင် ထံမှ
”ဝတ်ပြု ကျောင်း” တစ်ခု တည်ဆောက်ရန် အမိန့်တော် ကို အာရုံခံ ရရှိသဖြင့်
တည်ဆောက် ခဲ့ခြင်း ဖြစ်သည်ဟု သိရပြီး ဘုရား သခင်က ၄င်းအား ခိုနှင့်
အလားသဏ္ဌာန်တူသောဝတ် ပြုကျောင်းဖြစ်ရမည်ဟု အာရုံထဲ တွင်မိန့်ဆိုကြောင်း
ထိုသူက ပြော သည်။
”လူတွေက ကျွန်တော့်ကို ဘုရားကျောင်း တစ်ခု
ဆောက်ထား တယ်လို့ ထင်ရင် ထင်လိမ့်မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်က
ခရစ်ယာန် ဘာသာဝင် တစ်ယောက် ဖြစ်နေတာကိုး။ ဒါပေမဲ့