♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 16, 2016

" ချစ်သူကို ဘယ်လိုချစ်မလဲ !!!

 
၁ – နေ့တိုင်းတွေ့နေဖို့ လိုအပ်ပါသလား ?

မလိုအပ်ပါဘူး
online မှာနေ့တိုင်း စကားပြောဖြစ်မယ်ဆိုရင်တောင်
သူကော ကိုယ်ကော အားမယ့်အချိန်နဲ့
အဆင်ပြေအောင် ကြာချိန်ကို ညှိမှဖြစ်မှာပါ
( ချစ်စ ကြင်စကိုတော့ မတားလိုပါဘူး
တစ်လလောက်ကြာရင်တော့ ညှိဖို့လိုအပ်ပါပြီ )

*****

၂ – ရည်းစားထားမှာလား !

အပျော်ရည်းစားထားတာ ဆိုရင်တော့
တချို့အရာတွေ မစမ်းသပ်သင့်တာကလွဲရင် ကျန်တာ ok ပါတယ်
တခုပဲ ရည်းစားများတာ ဖန်စီဆွဲကြိုးတွေပြောင်းဆွဲသလိုမလန်းပါဘူး
ကြာရင် သိက္ခာကျပြီး နာမည်ပျက်နိုင်ပါတယ်

*****

၃ – ချစ်သူထားမှာလား !

ချစ်သူထားတာဆိုရင်တော့ သူ့ကိုချစ်တာနဲ့သူချစ်တာကိုခံရဖို့ အချစ်တွေဖြူစင်ဖို့လိုပါတယ်
လက်ရှိအချိန်ကို ပျော်ရွှင်စွာဖြတ်သန်းဖို့ ဘာမှမစွန်းထင်းဖို့လိုပါတယ်

*****

၎ – တစ်ဘဝလုံးရည်ရွယ်ပြီးထားမှာလား ?

" သွေးပေါင်ကျခြင်းဆိုတာဘာလဲ.. သွေးပေါင်ကျခြင်းအတွက် သဘာဝကုထုံးများ "


“နေပူထဲကနေချွေးစိုစိုနဲ့ပြန်လာပြီး အဲကွန်းနဲ့အေးနေတဲ့ ရုံးခန်း ထဲကိုဝင်လိုက်ရာကနေ သူငယ်ချင်းတစ်ယောက်
 သွေးပေါင်တွေ ကျ ၊ခေါင်းတွေမူးပြီးသတိလစ်သလို ဖြစ်သွားတယ်”
“အအိပ်ပျက် ၊ အစားမမှန်၊ အလုပ်နဲ့   စိတ်ဖိစီးမှုတွေ များပြီး သွေးပေါင်တွေကျပြီး    အန်လို့၊ ဆေးသွားသွင်းလိုက် ရတယ်”စသည်ဖြင့်  ယခုရက်ပိုင်းအတွင်း အနီးပတ်ဝန်းကျင်တွင် ရာသီဥတုပူပြင်းခြင်းကြောင့် သော်လည်းကောင်း၊ စိတ်ခံစားမှုနှင့်နေ ထိုင်စားသောက်မှုပုံမှန်မဟုတ် ခြင်း စသည့်အကြောင်းရင်းများ ကြောင့်သော်လည်းကောင်း သွေးပေါင်ကျမှုများအဖြစ်များလျက်ရှိသည်။
“ပူပြင်းတဲ့ရာသီဥတုမှာသွားလာလှုပ်ရှားရင်း ချွေးထွက်များတာတွေ၊ လေ့ကျင့်ခန်းတွေ မနားတမ်းလုပ်တာတွေ၊   အစားအသောက်မမှန်တာတွေ၊ အအိပ်ပျက်တာများရင်လည်း သွေးပေါင်ကျ တတ်တယ်။ ကိုယ်နေထိုင်တဲ့ ပတ်
ဝန်းကျင်တို့၊ လုပ်ငန်းခွင်တို့မှာလည်း စိတ်ဖိစီးမှုတွေများလို့လည်း ဖြစ်တတ်ပါတယ်”ဟု အထွေထွေ
ရောဂါကုဆရာဝန် ဒေါက်တာခင် ဇော်ကပြောသည်။

သွေးပေါင်ကျခြင်း (Hypo tension) သည်အသက်အရွယ် အပိုင်းအခြားမရွေးဖြစ်ပွားလေ့ ရှိပြီး အသက် ၄၀ အောက်ဆိုပါက ပုံမှန်သွေးဖိအား ၁၂၀/၈၀ ရှိရ မည်ဖြစ်ကာ၊ အသက် ၄၀ ကျော် ဆိုပါက အသက်အရွယ်အလိုက် သွေးပေါင်တက်သွားသည်ဟုဆို သည်။
“အသက် ၅၀ မှာသွေးပေါင် ၁၅၀ ဆိုရင် သွေးတိုးတယ်လို့မဆို နိုင်ဘူး။ အသက် ၆၀ ကျော်မှာသွေး ပေါင် ၁၆၀ ရှိတယ်ဆိုရင်လည်း သွေးတိုးနေတယ်လို့မပြောဘူး။ ဒါပေမဲ့  ပုံမှန်ဆိုရင်    အောက်သွေးက ၉၀ထက် မကျော်ရဘူး” ဟုဒေါက်တာခင်ဇော်က    ပြောသည်။
နှလုံးကညှစ်ပြီးထုတ်လိုက်သည့် သွေးသည် ခန္ဓာကိုယ်ထဲရှိသွေး ကြောများမှတစ်ဆင့်လည်ပတ်စီး ဆင်းခြင်းဖြစ်ပြီး
 သွေးပေါင်တက် ခြင်း၊ ကျခြင်းကိုတိုင်းတာခြင်းမှာ နှလုံးခုန်လိုက်ပြီး   ညှစ်လိုက်ချိန်တွင် သွေးကြော၏တွန်းကန် အားကိုတိုင်းတာခြင်းဖြစ်သည်။


နှလုံးသည်  ၀ဒသမ၅ စက္ကန့်တွင် တစ်ခါခုန်ပြီး ၀ဒသမ၃ စက္ကန့်တွင် တစ်ခါနားသည်။   ၀ဒသမ၈စက္ကန့် သည် နှလုံးအလုပ်လုပ်သည့်OneCircle အချိန်ဖြစ်ပြီး ၀ဒသမ ၅စက္ကန့်အတွင်း   နှလုံးကညှစ်ထုတ်လိုက်ချိန် တွင် သွေးကြော၏တွန်းကန်အားကိုအပေါ်သွေးဟုသတ် မှတ်ပြီး၊ နှလုံးက မညှစ်ဘဲ နားလိုက်ချိန် ၊ Relax လုပ် လိုက်ချိန်သွေးကြော၏ တွန်းကန်အားကို အောက်သွေးဟု   သတ်မှတ်တိုင်းတာသည် ဟုဆိုသည်။
သွေးတိုး ၊ သွေးကျခြင်းများ ပုံမှန်ဖြစ်လေ့ရှိသူများအနေဖြင့် ဖြစ်နိုင်ပါက  နေအိမ်တွင်သွေးပေါင်ချိန် တိုင်း ကိရိယာ ကိုထားပြီး   ပုံမှန်တိုင်းတာမှုမျိုးပြုလုပ် သင့်ကာ သွေးပေါင်ချိန်တိုင်းစက် မရှိပါကလည်း  ထူးခြားသည့် လက္ခဏာဖြစ်ပါက ဆေးခန်းတွင် သွားရောက်သွေးပေါင်ချိန်ခြင်းမျိုး ပြုလုပ်သင့်သည်။
သွေးဖိအားကျသွားခြင်းမှာ ရှိရမည့်သွေးဖိအား    ထုထည်ပမာဏ လျော့သွားပြီး ရှိသင့်သည့် ပမာဏမရှိ သဖြင့် မူးဝေကာ ရှော့ခ်ဖြစ်ခြင်းမျိုးဖြစ်သည်။ ရုတ်တရက်သွေး ပေါင်ကျသည့်အနေအထားမျိုးတွင် သကြား ရည်ဖျော် သောက်ခြင်း၊ ဓာတ်ဆားရည်သောက်ခြင်း၊ ဖျော်ရည်သောက်ခြင်းများကို အမြန်ဆုံး ပြုလုပ်ရ မည်ဖြစ်သည်။
သွေးပေါင်ကျခြင်းကြောင့် မူးဝေခြင်း၊ အားနည်းခြင်း၊ အော့အန်ခြင်း၊ သတိလစ်ခြင်း စသည်များဖြစ် ပွား လေ့ရှိ သည် ။သွေးပေါင်ကျသည့် အခြေအ နေအလိုက် ဓာတ်ဆားရည်သောက်ခြင်း အပြင် ဆေးထိုး ၊ ဆေးသွင်းခြင်း

" အလှအပ အတွက် တကယ် အလုပ်ဖြစ်တဲ့ ထူးထူး ဆန်းဆန်း အပြု အမူ တွေ "

တချို့သော အရာ တွေက ကျန်းမာရေး ဘက်က ကြည့်ရင် ဘယ်လိုမှ အပ်စပ်မှု မရှိပေမယ့်လည်း အသုံး တည့် တာကြောင့်
စပ်းသပ် လုပ်ကြည့် နိုင်ဖို့ မျှဝေချင် ပါတယ်။ လုပ်ရိုး လုပ်စဉ် မဟုတ်တဲ့ အရာတွေကြောင့် ရလဒ်ကောင်းတွေ ဘယ်လို
ရသလဲဆိုတာ လေ့လာ ကြည့်ရ အောင်ပါ။

ဘီယာဖြင့်ခေါင်းလျှော်ခြင်း
- မင်းသမီး ကက်သရင်း ဇီတာဂျုံးစ်က သူ့ဆံပင်တွေ နက်မှောင်ပျော့ ပျောင်းဖို့ အတွက် ရွေးချယ်ထားတဲ့ နည်းလမ်း တစ်ခုပါ။
 ခေါင်း လျှော်တဲ့ အခါမှာ ဘီယာ လက်ဖက်ရည် တစ်ပန်းကန် စာကို ဆံပင်ပေါ် လောင်းထားပြီး ၁၀ မိနစ်ခန့် ကြာရင်
 ရေဆေး ချရမှာပါ။

ထောပတ်သီး ဆံပင်ပျော့ဆေး
-နယူးယောက် ဧရိယာထဲက နာမည်ကျော်တွေ ကတော့ ထောပတ် သီးကို ဆံပင်ပျော့ဆေးလို သုံးကြပါတယ်။ ဆံသားက
 ကြွပ်ဆတ် ကြမ်းတမ်း မာကျော လွန်းနေ ရင်တော့ ထောပတ်သီးနဲ့ မရိုးနိစ်(ဒါမှမဟုတ်) သံလွင်ဆီပါ ရောနယ်ပြီး သုံးသင့်
 ပါတယ်။

အုန်းဆီခဲ သွားတိုက်ဆေး

- သွားတိုက်ဆေးမှာ ခပ်ထွေထွေလေးခဲ နေတဲ့ အုန်းဆီ သုံးပြီး ငါးမိနစ် ကနေ မိနစ် ၂၀ လောက်ထိတိုက်ပေးရင် ခံတွင်း
ထဲကပိုးတွေ သေစေနိုင်ပြီး သွားတွေဖြူစေတယ်လို့ဆိုပါတယ်။

ခြေနံ့ပျောက်စေတဲ့ဗော့ဒ်ဂါ
- ခြေထောက်အနံ့ဆိုးထွက်ပြီး ဖိနပ်တွေ၊ ခြေအိတ်တွေ အနံ့အသက် မကောင်းဖြစ်နေရင် ဖိနပ်တွေထဲ ဗော့ဒ်ဂါအရက်ဖျန်း
လိုက်ရင် ပိုးတွေသေပြီး အနံ့ အသက်ပျောက် စေပါတယ်။ ခြေချောင်းတွေနဲ့ ခြေထောက် တစ်ဝိုက်ကိုလည်း ဂွမ်းစလေးနဲ့ ပွတ်ပေးနိုင်ပါတယ်။

အသားမာပျောက်နွယ်ချို
- အိမ်မှာနွယ်ချို အလွယ်တကူ ရှိရင် အမှုန့်ဖြစ်အောင် ကြိတ်ချေပြီး ရေနံဂျ ယ်လီဆီနဲ့ ရောပြီး အသားမာ တက်နေတဲ့

" မကောင်းဆိုးဝါးတွေ အကြောင်းပြောပြီး ကလေးတွေပါတဲ့ ကားကို သမုဒ္ဒရာထဲ ထိုးမောင်းခဲ့တဲ့ မိခင် "

ကိုယ်ဝန်ဆောင်မိခင်တစ်ဦးဟာ သူ့ရဲ့ ကလေး ၃ ယောက်ပါတဲ့ Honda Odyssey ကားကို အတ္တလန္တိတ်သမုဒ္ဒရာထဲ ထိုးမောင်းခဲ့ပါတယ်။ သူမဟာ မကောင်းဆိုးဝါးတွေ အကြောင်းပြောခဲ့တာ မှန်ပေမဲ့ ရဲတွေစစ်ဆေးကြည့်တော့လည်း အကောင်းအတိုင်း ပါပဲလို့ အာဏာပိုင်တွေက မေလ ၅ရက်နေ့မှာ ပြောခဲ့ပါတယ်။

Honda Odyssey အနက်ရောင်ကားဟာ လှိုင်းလုံးတွေကြား မြှုပ်တော့မှာမို့ အသက် ၉နှစ်နဲ့ ၁၀နှစ်ရှိတဲ့ ကလေးနှစ်ယောက်ဟာ သူ့တို့အသက်ရှင်ရေးအတွက် ကြိုးစားခဲ့ကြတယ် လို့ ကြောက်ရွံ့ထိတ်လန့်ခဲ့ရတဲ့ ဘေးကမြင်သူတွေက ပြောပါတယ်။

မကောင်းဆိုးဝါးတွေ အကြောင်းပြောတဲ့ ကလေးအမေဟာ လှိုင်းလုံးတွေဆီ ကားကို ထိုးမမောင်းခင် အနောက်မှာ Tim Tesseneer ဆိုသူနဲ့ သူ့ရဲ့ ဇနီးဟာ ကားမောင်းနေခဲ့ပါတယ်။

“အမေဖြစ်သူရဲ့ ပေါင်ပေါ်ကနေ စတီယာရင်ကို လုယူဖို့ကြိုးစားနေတဲ့ ကလေးတစ်ယောက်ကို ကျွန်တော်တို့ တွေ့ခဲ့တယ်။ ပြီးတော့ ရေပြင်နဲ့ ဝေးရာကို လမ်းကြောင်းပြောင်းနေခဲ့တယ်။ အနောက်မှာ ထိုင်နေတဲ့ ကလေးတွေက ‘ကယ်ပါဦး၊ ကယ်ပါဦး၊ မေမေ ငါတို့ကို သတ်နေတယ်’ လို့ အော်ဟစ်နေတယ်။” လို့ Tesseneer ကပြောပါတယ်။

ကမ်းခြေမှာ အပန်းဖြေနေတဲ့ သူတွေကလည်း ကလေးနှစ်ယောက်ရဲ့ အော်ဟစ် အကူအညီတောင်းသံကို ကြားကြတယ်။ သူတို့ဟာ ၉နှစ်နဲ့ ၁၀နှစ်သား ကလေးတွေကို အရင်ဆုံးဆွဲထုတ်ခဲ့တယ်။ နောက်တော့ ၃နှစ်သား ကလေးတစ်ယောက် တုပ်နှောင်ခံထားရတယ်ဆိုတာကို သိလိုက်ရတယ်။ တုပ်နှောင်ခံထားရတဲ့ ကလေးကိုလည်း ကမ်းခြေကို အန္တရာယ်ကင်းကင်းနဲ့ ခေါ်လာနိုင်ခဲ့ပါတယ်။ မိခင်ဖြစ်သူလည်း အိုကေခဲ့တယ်။

အတ္တလန္တိတ် ထဲကို တစ်စတစ်စ နစ်နေတဲ့ မီနီဗမ် နားကို ဦးဆုံး ရောက်ရှိသွားသူတွေကတော့ Tesseneer နဲ့ တခြားသူ တစ်ယောက်ပေါ့။

“ကလေးတွေဟာ အော်ဟစ်နေတယ်။ ‘ကလေးတစ်ယောက်ဟေ့၊ ကလေးတစ်ယောက်’ လို့ Tesseneer ကပြန်ခေါ်ခဲ့တယ်။ အဲ့ဒီ့တော့ ကျွန်တော်လဲ ဗမ်ကားဆီ ပြန်ပြေးသွားတယ်။ ရေနစ်ရင်ကယ်ဖို့ အစောင့်ချထားတဲ့ အစောင့်နှစ်ယောက်လဲ ရောက်လာပြီး ၀ိုင်းကူကြတယ်။ ထိုင်ခုံမှာ တုပ်နှောင်ခံထားရတဲ့ ကလေးတစ်ယောက်ကိုလည်း ရှာတွေ့ပြီး ကယ်နိုင်ခဲ့တယ်။” လို့ Tesseneer နဲ့ တစ်ချိန်တည်းရောက်လာတဲ့ နောက်လူ တစ်ယောက်က ပြောပါတယ်။

မိခင်ဖြစ်သူဟာ Ebony Wilkerson လို့ သိရပါတယ်။ မီနီဗမ်ထဲကနေ ရေထဲခုန်ချသွားတာကိုလည်း တွေ့ရတယ်လို့ မျက်မြင်သက်သေတွေ ပြောပါတယ်။

“ပြူတင်းပေါက်ကနေ သူမ ဆင်းသွားတာ။ ယာဉ်မောင်း ပြူတင်းပေါက်ကနေ။ ခါးဝက်လောက် မြုပ်နေတဲ့ ရေထဲကိုပေါ့။” လို့

" သင့်အချစ်ရေးမှာ ရင်ခုန်ကာစ ဖီလင်မျိုး တစ်ပတ်အတွင်း ပြန်ရစေဖို့ "

 
ရည်းစားဖြစ်ကာစ စုံတွဲလေးတွေကို ကြည့်ပြီး "ငါတို့ရော အဲဒီလို ရင်ခုန်ကာစ ဖီလင်လေးတွေ ပြန်ရနိုင်ပါဦးမလား" လို့ ကိုယ့်ကိုကိုယ်မေးခွန်း ထုတ်မိဖူးပါသလား။သေချာတာပေါ့။ သင်နောက်တစ်ကြိမ် ရနိုင်ပါသေးတယ်။ ချစ်ခြင်းဖွဲ့ ပုံရိပ် တွေကရတဲ့ ခံစားချက်တွေဟာ ပထမဆုံးချိန်တွေ့တဲ့နေ့ ၊ လက်ထပ်ခွင့်တောင်းတဲ့နေ့ ဒါမှမဟုတ် တစ်ခြား အမှတ်တရ တွေအားလုံးထက် တည်မြဲနေမှာပါ။ အဲဒါဆိုရင် သင်နဲ့ သင့်ချစ်သူရဲ့  လက်ရှိအချိန်တွေ မှာလည်း ရည်းစားဖြစ်ကာစလို ပြန်ဖြစ်လာဖို့အတွက် ချစ်ခြင်းဖွဲ့ ပုံရိပ်တွေ ဘယ်လိုဖန်တီးရမလဲ။ ချစ်ခြင်းဖွဲ့ ပုံရိပ်ဆိုတာဟာ စားပွဲဝိုင်းတစ်ခုမှာ ဟိုဘက် ဒီဘက်ထိုင်ပြီး တစ်ယောက်ကို တစ်ယောက်ကြည့်ရင်း ညစာစားတာကို ဆိုလိုတာ မဟုတ်ပါဘူး။ အချိန် ၇ ရက်အတွင်းမှာတင် ကဗျာဆန်တဲ့ ချစ်ခြင်းဖွဲ့ ပုံရိပ်တွေ ဖန်တီးဖို့အတွက် အောက်ပါ
အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ 

ပထမနေ့ : အနှိပ်သည်လုပ်တမ်း ကစားပါ
အွန်လိုင်းကနေ နှိပ်နည်း(massage tips) တွေကို ရှာဖွေလေ့လာကြည့်ပါ။ ပြီးရင်တော့ ဖယောင်းတိုင်တွေ ထွန်းပြီး မှိန်ပြပြ အလင်းရောင်အောက်မှာ ငြိမ့်ငြောင်းတဲ့ ဂီတ သံစဉ် ကိုနားဆင်ရင်း တစ်ယောက်ကို တစ်ယောက် အကြောတွေ ပြေလျော့ဖို့ နှိပ်နယ်ပေးလိုက်ပါ။ 
ဒုတိယနေ့ : အချစ်ကိုဖော်ပြတဲ့ စာတစ်စောင်ရေးပါ
ဒီစာ ထဲမှာတော့ သင့်ချစ်သူကို သင် အသိအမှတ်ပြုခဲ့တဲ့ အကြောင်းအရင်း အတိအကျ ကိုထည့်သွင်းရေးသားလိုက်ပါ။ 

တတိယနေ့ : ရှေးဟောင်းနှောင်းဖြစ်
သင်တို့ ၂ ယောက်ရဲ့  ပထမအနမ်းကို ဘယ်လို ခြွေခဲ့ကြတယ်ဆိုတာကို မှတ်မိအောင် ကြိုးစားပါ။ အဲဒီတုန်းက

" မတ်ဆေ့ခ်ျတွေ မနားတမ်းပို့ အင်တာနက် မနားတမ်းသုံးတဲ့ သူတွေ ခံစားရနိုင်တဲ့ ကြောက်စရာ ကျန်းမာရေးဆိုးကျိုး "

 
ဒီစာကိုဖတ်ပြီးတဲ့အချိန်မှာ အမြဲတမ်းခေါင်းငုံ့ပြီး ဖုန်းသုံးတတ်တဲ့သင့်ရဲ့အကျင့်ကို စတင်ပြင်ဆင်ဖို့ အချိန်ပါပဲ။ လူတွေဟာ တစ်နေ့ကို အနည်းဆုံး နှစ်နာရီနဲ့ လေးနာရီကြား ခေါင်းတွေငုံ့ပြီး ဖုန်းသုံးတတ်ကြပါတယ်။ ဖုန်းသုံးတယ်ဆိုရာမှာ အင်တာနက်သုံးတာ၊ မတ်ဆေ့ခ်ျပို့တာ၊ ဂိမ်းဆော့တာ စတာတွေ ပါဝင်ပါတယ်။ သင်ဟာ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ပို့စ်တွေမပြတ်တင်ပြီး ကွန်မန့်တွေ ဟိုရေးဒီရေးနဲ့ အလုပ်ရှုပ်နေတတ်သူ၊ YouTube ကဗီဒီယိုတွေ မလွတ်တမ်းကြည့်တတ်သူဆိုရင်တော့ ကြောက်စရာကောင်းတဲ့ ကျန်းမာရေးဆိုးကျိုးတစ်ခု ပြောပြချင်ပါတယ်။

သင်ဟာ အပေါ်မှာ ပြောပြသွားသလို ဖုန်းကိုလက်ကမချတမ်း ခေါင်းတငုံ့ငုံ့နဲ့သုံးတတ်သူဆိုရင် မကြာခင်မှာ ကျောရိုးနဲ့ပတ်သက်တဲ့ ရောဂါဝေဒနာကို ခံစားလာရပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ သင်ဖုန်းသုံးတဲ့အခါ ခေါင်းကို ငုံ့ငုံ့ပြီး သုံးရလို့ပါပဲ။ ဆယ်ကျော်သက်တွေဆို ဒီဝေဒနာဖြစ်ဖို့ အခြေအနေပိုများပါတယ်။  ကျောရိုးအထူးကု Dr. Kenneth Hansraj ရဲ့အဆိုအရ ခုလေ့လာချက်အသစ်တွေမှာဆိုရင် ခုလို ကျောရိုးဝေဒနာခံစားရသူ ပိုတိုးလို့တောင်လာပါတယ်တဲ့။

"ဖုန်းသုံးတဲ့အခါ ခေါင်းကို ငိုက်ပြီး မသုံးရင်တော့ ငုံ့တော့ ငုံ့ထားရတဲ့အတွက် ကျောရိုးထိခိုက်မှုဟာ ရှိနေပါတယ်။ အမြဲလိုလို ဖုန်းကိုဆက်တိုက်သုံးနေသူတွေရဲ့ ကျောရိုးတွေဟာ ပုံမှန်လုံးဝမဟုတ်တော့ပါဘူး။ ဒါကို သတိမထားပဲ ဂရုမစိုက်ပဲ

January 15, 2016

" သားသမီး ၈၀၀ ကျော်ရှိတဲ့ ဗြိတိန်က သုက်ပိုးအလှူရှင် "

၁၆ နှစ်အတွင်းမှာ သူလှူဒါန်းခဲ့တဲ့ သုတ်ပိုးကြောင့် မွေးဖွားခဲ့တဲ့ ကလေးပေါင်း ၈၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

ဗြိတိန်မှာနေထိုင်သူ အမျိုးသားတစ်ဦးက ၁၆ နှစ်ကြာ သုတ်ပိုးအလှူရှင်အဖြစ် နေထိုင်လာခဲ့ပြီးတဲ့နောက် အခု သူ့ရဲ့ သုတ်ပိုးတွေကို ကလေးလိုချင်သူတွေအတွက် စတင်ရောင်းချနေပါပြီ။ ၁၆ နှစ်အတွင်းမှာ သူလှူဒါန်းခဲ့တဲ့ သုတ်ပိုးကြောင့်
 မွေးဖွားခဲ့တဲ့ ကလေးပေါင်း ၈၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။

ဗြိတိန်ရဲ့ သုတ်ပိုးအလှူရှင်သမိုင်းမှာ စံချိန်တင် အောင်မြင်တဲ့ သူဖြစ်လာပြီးတဲ့နောက် မစ္စတာဝက်ဆင်က အွန်လိုင်းကနေ လုပ်ငန်းချဲ့ထွင်လိုက်တာ ဖြစ်ပါတယ်။ ၁၆ နှစ်အတွင်း ကလေးငယ် ၈၀၀ မွေးဖွားနိုင်ခဲ့တာကြောင့် တစ်ပတ်ကို တစ်ယောက်နှုန်း ဖြစ်ပါတယ်။ အခုတော့ သူက သုတ်ပိုးကို စီးပွားဖြစ် ရောင်းချတော့မှာဖြစ်ပါတယ်။ စတာလင်ပေါင်
 သောင်းဂဏန်းလောက်နဲ့ ရောင်းချမှာပါ။

သူ့ရဲ့စံချိန်တင် အောင်မြင်ခဲ့တဲ့ ရလဒ်ကြောင့် အွန်လိုင်းကနေ အခုလို လုပ်ဖို့ စိတ်ကူးရလာတာလို့
Subscribe

လာလည်သူများ

free counters