♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 20, 2016

" အမလေး လေးလေး... သရဲမကို နှိမ်နှင်းမယ့် မှော်ဆရာလို့ ဆိုပါလား မောင်... :D "


ယူတျူဗ် မူရင်းလင့်မှာ.....
https://youtu.be/Nj3V3suEe_U

" မျက်ခွံ တွဲကျခြင်းအတွက် ဖြေရှင်းနည်း "


မျက်ခွံက မျက်လုံးကို ပတ်စည်းထားတဲ့ ကြွက်သားအစိတ်အပိုင်းများဖြစ်ပြီး မျက်စိ ဖွင့်၊ ပိတ်လို့ ရစေနိုင်တာကြောင့် ယင်းကြွက်သားက လွန်စွာ အရေးကြီးပါတယ်။ မျက်ခွံညွတ်ကျမှု၊ အိတွဲမှု ဖြစ်စေတဲ့ အကြောင်းရင်းအမျိုးမျိုး ရှိပါတယ်။ တချို့က အသက်ကြီးခြင်း၊ နှစ်ရှည်ဘဝနေထိုင်မှု အလေ့အကျင့်များနဲ့ မျိုးရိုးဗီဇတွေကြောင့် ဖြစ်ပါတယ်။ အိတွဲကျနေတဲ့ မျက်ခွံရဲ့ လေးလံမှုက မျက်လုံးကြွက်သား ညောင်းညာပင်ပန်းမှု ဖြစ်စေပါတယ်။အဲဒီအတွက်ကြောင့် မိတ်ကပ်ခြယ်သရန် ပိုခက်ခဲစေပါတယ်။ ပြီးတဲ့အပြင် eyeliner သို့မဟုတ် eye shadow တွေကို မျက်ခွံအောက် ဖုံးဖိသွားပါတယ်။ စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းပါတယ်။ ဒီ့အတွက်ကြောင့် ယင်းပြသနာအတွက် သဘာဝဖြေရှင်းနည်းတစ်ခု ဖော်ပြပေးလိုက်ပါတယ်။ ပြုလုပ်ပြင်ဆင်ရလွယ်ကူပြီး ကြက်ဥလေးသာ လိုအပ်မှာဖြစ်ပါတယ်။
ကြက်ဥအကာက အသားရေကို တင်းရင်း ကျစ်လစ်စေပါလိမ့်မယ်။ မိနစ်အနည်းငယ်အတွင်း အကျိုးရလဒ် မြင်တွေ့ရမှာဖြစ်ပြီး အချိန် ၂ ရက်နီးပါးသာ ကြန့်ကြာမှာလည်း ဖြစ်ပါတယ်။

လိုအပ်သည့်ပစ္စည်းများ

ကြက်ဥ (၁) လုံး
ဂွမ်းဖတ် (၁) ခု

လုပ်ထုံးလုပ်နည်း
ပထမဦးဆုံး မျက်ခွံကို မိတ်ကပ်တွေ သေချာသန့်စင်ပြီး ခြောက်အောင် လုပ်ရပါမယ်။ နောက် ကြက်ဥဖောက်ပြီး အနှစ်တွေ ဖယ်ထုတ်ပါ။ ကြက်ဥ အကာသာ လိုအပ်ပါတယ်။ မျက်ခွံကို မှိတ်ထားပြီး ဂွမ်းစကို ကြက်ဥအကာထဲ နှစ်ပါ။ နောက်ဆုံး

" CB bank ကနေ ပိုက်ဆံသွားထုတ်ရင် သူတို့ ရှေ့ မှာတင် တစ်ရွက်ခြင်းအတု အစစ် ဟုတ်မဟုတ် ထုတ်စစ်ပြီးမှာ ဘဏ်ကထွက်ကြနော် "


သူငယ်ချင်းတို့ 
CB bank ကနေ ပိုက်ဆံသွားထုတ်ရင် သူတို့ ရှေ့ မှာတင် တစ်ရွက်ခြင်းအတု အစစ် ဟုတ်မဟုတ် ထုတ်စစ်ပြီးမှာ ဘဏ်ကထွက်ကြနော်.ကိုယ်တွေ့ဖြစ်ရပ်ပါ.
CB bank ကနေ ကျွန်မငွေလွှဲသွားထုတ်ခဲ့တယ် ချက်ခြင်းဆိုသလို KBZ ကိုသွားသွင်းခဲ့တယ်..CB bank ကနေထုတ် လာတယ် ကျပ် ၁၀၀၀၀ တန် တစ်အုပ်က ၁၀၀၀၀ တန် ဟာအတုတစ်ရွက်ပါလာတယ်..
အဲဒါပြန်သွားပြောတော့ တာဝန်မယူနိုင်ဘူးတယ်..သူတို့ကိုယ်တိုင်နှစ်ခါစစ်ပြီးမှာ customers ကိုပေးတာပါတယ် .ဒါဆိုနှစ်ခါ စလုံးစစ်တာ အဲဒီ၁၀၀၀၀ အတုအရွက် က ရှင့် တို့မသိဘဲ ထည့်ခဲတာလား ဒါမဟုတ် သိသိနဲ့ထည့်ခဲ့တာလား .,သူတို့ ဆီကထုတ်သွားတာလဲ သိတယ်.သူတို့ ဘဏ် စည်းလည်းဟုတ်ရဲ့တာနဲ့ တာဝန်မယူတာ ဘာသဘောပါလည်းရှင့် ..
Manger ကလည်း ဘူး တစ်လုံးဆောင် အိုတောင် မဆင်းရဲ ဆိုတယ် စကားပုံနဲ့အညီ .လုံးဝပြန်မလဲပေးနိုင်ဘူးတယ် .အဲဒီလို ပြောတယ် အပြင် နောက်တစ်ခါ သူတို့ရှေ့ မှာတင် တစ်ရွက်ခြင်းဆီစစ် သွားတယ်
ဘဏ်အပြင်ရောက်တာနဲ့သူတို့မဆိုင်ပါဘူးတယ်...ကျွန်မတို့က ဒီလို တာဝန် မယူတတ်တဲ့CB bank နဲ့ အလုပ်မလုပ်ခြင်းတော့ဘူးပြောတော့ 33 CB bank Manger ဂျ ပုက ရတယ်တဲ့ အစ်မတို့သဘောပါတဲ့

..အခုလို တာဝန်မကျေတဲ့အပြင် ..customers ဘယ်လောက် complain တက်တက်ေ*ာက်ဂရုမစိုက်တဲ့သဘောလာရှင့် , Facebook မှာဟိုတစ်လောက အစ်မတစ်ယောက်လည်း CB bank ATM matchine က ထုတ်လာတယ် ပိုက်ဆံ ၁၀၀၀၀ တန်အတု တစ်ရွက် KBZ Bank မှာ အဖောက်ခံလိုက်ရတယ်..ဒီလိုဘဲ CB bank က တာဝန်မယူတော့ဘူးလား

" ဇနီးကောင်းတို့ ဆောင်ရန်ရှောင်ရန် "


အိမ်ထောင်ပြုတဲ့အချိန်ဟာ မိန်းကလေးတစ်ယောက်ရဲ့ အလှပဆုံး နဲ့ အတောက်ပဆုံးအချိန်ဖြစ်နေတတ်ပြီး ယောကျာ်းလေး
တစ်ယောက်အတွက် အောင်မြင်မူရခါစ (သို့) ဘ၀တက်လမ်း တက်ခါစပဲ ရှိနေတတ်ပါသေးတယ်။    သဘာဝတရားအရ ကလေး တစ်ယောက်နှစ်ယောက်မွေးပြီးလို့ မိန်းမများဟာ မျက်နာအလှရော ခန္ဓာကိုယ်အချိုးစားပါ အကျဘက်ကို ဦးတည်နေ
တဲ့အချိန်မှာ ယောက်ျားများဟာ လုပ်ငန်းစတင…်အဆင်ပြေလာပြီး ဘ၀အတက်ဘက်ကို ဦးတည်နေတတ်ပါတယ်။ ဒါကြောင့်မို့လို့ ဇနီးလုပ်သူဟာလိမ္မာပါးနပ်ရမှာဖြစ်ပြီး အိမ်ထောင်ရေးသာယာဖို့အတွက် အောက်ပါအချက်များကိုလေ့လာ
သင့်ပါတယ်။

၁။ ယောက်ျားကို အရေးပေးတတ်ရမယ်။

ယောက်ျားဆိုတာ ကိုယ့်ကိုကိုအထင်ကြီးစိတ်နဲ့ အသိအမှတ်ပြုခံလိုစိတ် တို့နဲ့ ဖွဲ့စည်းထားတဲ့သူလို့ဆိုပါတယ်။ အဲဒီအချက် နှစ်ခုကို ပိုင်နိုင်စွာ ဆော့ကစားတတ်ရင် ကိုယ့်ယောကျာ်းကို ကြိုက်သလိုအနိုင်ယူလို့ရတယ်လို့ နိုင်ငံခြားဆိုရိုးစကားတစ်ခုကို ကြားဖူးပါတယ်။ ကိုယ့်ယောက်ျးကို အထူးသဖြင့် လူရှေ့သူရှေ့မှာ မျက်နာအပြည့်အ၀ပေးပါ။ တစ်ခါတစ်လေ ကိုယ်ဆုံးဖြတ်တဲ့ကိစ္စ၊ ကိုယ်ပြီးမှပြီးရမယ့်ကိစ္စ ဖြစ်ပေမယ့်လို့ ကိုယ့်ယောက်ျားဆုံးဖြတ်မှ ဒီကိစ္စပြီးမြောက်မယ် ဆိုတဲ့ပုံစံမျိုးဖြစ်အောင်ဖန်တီးပါ။ ယောက်ျားမှန်ရင် အဲဒီအရေးပေးခံရတဲ့ ကိစ္စကိုအလွန်နှစ်သက်တတ်ပါတယ်။
၂။ ကိုယ့်ပါးစပ်ကိုနိုင်အောင် ထိန်းတတ်ရမယ်။

ကိုယ့်ယောက်ျားရှေ့မှာ အခြားမိသားစုဝင်တွေကို အတင်းမတုတ်ပါနဲ့။ ဇနီးဖြစ်သူနားလည်ထားရမှာက ဇနီးဆိုတာ ရွေးချယ်လို့ရတယ်။ သူ့မိဘဆိုတာ သူရွေးချယ်လို့မရဘူး။ သူ့မိဘကိုလည်း ကိုယ့်မိဘလို ရိုသေရပါမယ်။ နောက်တစ်ခု ပါးစပ်ထိန်းရမှာက တဖျစ်တောက်တောက် မငြီးတွားပါနဲ။့ တဖျစ်တောက်တောက် ငြီးတွားတာလောက် အိမ်ထောင်ရေးကိုဖျက်ဆီးတဲ့အရာမရှိတော့ဘူးလို့ အမေရိကန်စာရေးဆရာကြီး ဒေးလ်ကာနယ်ဂျီကဆိုပါတယ်။

၃။ ဟင်းချက်တတ်အောင်သင်ထားမယ်။

ကိုယ့်ယောက်ျားရဲ့အစာအိမ်ကို ကိုယ်ထိန်းချုပ်နိုင်ရင် လူကိုပါထိန်းချုပ်ပြီးသား ဖြစ်သွားတယ်လို့ ဆိုရိုးစကားတစ်
ခုကြားဖူးပါတယ်။ ဘယ်မှာပဲထမင်းသွားစားစား နှစ်ရက်သုံးရက်လောက်ကြာလာရင် အိမ်ဟင်းကိုသတိရအောင်

" သြော်...အမေ ..အမေ.. အမေ့ကို ပိုပြီးကျေးဇူး မတင်သင့်ဘူးလား "

ကောင်မလေးတစ်ယောက် သူ့ အမေနဲ့ အကြီးအကျယ် ရန်ဖြစ်ပြီး အိမ်ပေါ်ကနေ ပြေးဆင်းသွားတယ်။

ဒီအိမ်ကိုလုံးဝပြန်မလာတော့ဘူးလို့ဆုံးဖြတ်လိုက်တယ်။ သူ အပြင်မှာ တနေကုန် လျှောက်သွားနေတာ ဗိုက်ကလဲ ဂလုဂလု မြည်နေပြီ။ ဒါပေမဲ့သူ ပိုက်ဆံမပါဘဲ ထွက်လာခဲ့တာ၊ အိမ်ပြန်ပြီးထမင်းစားဖို့ မျက်နှာလဲ မရှိတော့ဘူး။

ညရောက်တော့ သူခေါက်ဆွဲဆိုင်တဆိုင်နား ရောက်လာခဲ့တယ်… ခေါက်ဆွဲအနံ့ကလဲ မွှေးကြိုင်နေတော့ တစ်ပွဲလောက်စားချင်စိတ်ကအရမ်းကိုပြင်းပြနေတယ်။ ပိုက်ဆံပါမလာတော့ တံတွေးကိုဘဲပြန်ပြန် မျိုချနေရတာပေါ့။

ရုတ်တရက် ခေါက်ဆွဲဆိုင် ပိုင်ရှင်က “သမီး ခေါက်ဆွဲစားမလို့လား” လို့ မေးတော့ သူကလဲ ရှက်ရှက်နဲ့ “အင်း… ဒါပေမဲ့ သမီးမှာ ပိုက်ဆံမပါလာဘူး” လို့ပြန်ဖြေလိုက်တယ်။ ဆိုင်ပိုင်ရှင်ကလဲ “ရတယ်။ ဒီနေ့ ငါကျွေးတာလို့ဘဲ ထားလိုက်ပါတော့” လို့ပြောလိုက်တယ်။ မိန်းကလေးကလဲ ကိုယ့်နားကိုတောင် မယုံနိုင်လောက်အောင်ဖြစ်ပြီး ဆိုင်ထဲဝင်ထိုင်လိုက်တယ်။

မကြာခင်မှာဘဲ ခေါက်ဆွဲ ရောက်လာပြီးသူ မြိန်ရည် ရှက်ရည် စားပြီး“ဦးလေး က အရမ်းသဘောကောင်းတာဘဲ”လို့ ပြောလိုက်တယ်။
ဆိုင်ပိုင်ရှင်က
“အဲ… ဘာလို့လဲ?”
သူက “ဟုတ်တယ်လေ၊ သမီးတို့ တခါမှ မတွေ့ဖူးဘဲနဲ့ ဦးလေးက သမီးပေါ် ဒီလောက်ကောင်းတာ၊ သမီးမေမေနဲ့ မတူဘူး၊ သမီးဘာလိုချင်လဲ ဘယ်လိုစဉ်းစားနေတာလဲဆိုတာကို နားမလဲပေးနိုင်ဘူး။
အရမ်းစိတ်ဆိုးတာဘဲ” လို့ပြန်ပြောလိုက်တယ်။

ဆိုင်ပိုင်ရှင်က ရယ်ပြီးပြန်ပြောတယ် “သမီးလေး… ငါက နင့်ကို ခေါက်ဆွဲလေးတစ်ပွဲကျွေးရုံနဲ့ နင်ငါ့ကို အဲလောက်ကျေးဇူးတင်နေ… နင့်အမေက နင့်ကို အနှစ် ၂၀ ကျော်ထမင်းချက်ကျွေးလာတာ နင်သူ့ကို ပိုပြီးကျေးဇူးမတင်သင့်ဘူးလား?”

ဆိုင်ပိုင်ရှင် ဒီလိုပြောပြီးနောက်မှာ ကောင်မလေးဟာ အိပ်မက်ထဲက နိုးလာသလို သဘောပေါက်ပြီး မျက်ရည်များစီးကျလာတယ်။ ကျန်နေသေးတဲ့ ခေါက်ဆွဲကိုဆက်မစားနိုင်တော့ဘဲ အိမ်ကို ပြန်ပြေးခဲ့တယ်။

အိမ်ရှေ့လမ်းထိပ်ရောက်တော့ သူ့မေမေဟာ ပူပန်သောကများစွာနဲ့ ဟိုဟိုဒီဒီ မျှော်နေတာကို အဝေးကနေလှမ်းမြင်လိုက်ရတယ်။ သူ့စိတ်ထဲမှာတော့ ထောင်သောင်းမကသော တောင်ပန်းစကားတွေ လှိုက်ဖိုနေတယ်။ ပါးစပ်ဟဖို့ အချိန်တောင်မရလိုက်ဘူး။ သူ့မေမေက ပြေးလာပြီးတော့“တနေကုန် ဘယ်တွေသွားနေတာလဲ? ငါ့မှာ စိတ်ပူလိုက်ရတာ။ လာ… လက်ဆေးပြီး ထမင်းစားတော့” လို့ပြောလိုက်ချိန်မှာတော့ မိန်းကလေးဟာ မိခင်ရဲ့မေတ္တာကို

" လူရှိန်စေမယ့် ကိုယ်ရည်ကိုယ်သွေး.. " ( Ko Pauk )

 
လူတွေရဲ့ ချစ်ခင်မှုကိုရစေမယ့် ကိုယ်ရည်ကိုယ်သွေးမျိုးတွေ ရှိပါတယ်။ ဥပမာအားဖြင့်တော့ ကူညီတတ်တယ်၊ ဟာသဥာဏ်ရွှင်တယ်၊ အပေါင်းအသင်းမင်တယ်၊ စသဖြင့်ပေါ့။ ဒီလိုမျိုးပဲ လူတွေရဲ့ လေးစားမှုကိုရစေမယ့် ကိုယ်ရည်ကိုယ်သွေးတွေ ရှိပါတယ်။ ဥပမာ - ချိန်းထားရင် အချိန်တိကျတယ်၊ အလုပ်ကို စေ့စပ်သေချာအောင် လုပ်တယ်၊ အကောင်းဆုံးဆိုတာတွေကိုပဲ ဖြစ်အောင်လုပ်တယ် ဆိုတာမျိုးတွေပေါ့။ ဒီတစ်ခါမှာတော့ လူရှိန်စေမယ့် ကိုယ်ရည်ကိုယ်သွေးတစ်ချို့ကို တင်ပြလိုက်ပါတယ်။ သင့်မှာ ဒီလိုအရည်အသွေးမျိုးရှိနေမယ်ဆိုရင် ဘာပဲဖြစ်ဖြစ် သင့်အနားမှာရှိတဲ့သူတွေရဲ့ ရှိန်သွားတာကို ခံရစေနိုင်ပါတယ်။

(၁) ဘယ်တော့မှ ဆင်ခြေမပေးဘူး။

ကောင်းတဲ့ရလဒ်အတွက်လည်း ဂုဏ်ယူဝင့်ကြွားမနေဘူး။ မကောင်းတဲ့ ရလဒ်အတွက်လည်း စောဒကတက်တာတွေ၊ ဆင်ခြေပေးနေတာတွေမရှိတဲ့သူကို လူတွေက ရှိန်ပါတယ်။ ဖြစ်လာတဲ့ရလဒ်တစ်ခုအတွက် တာဝန်ယူဖို့ကိုပဲ အာရုံထားပြီး အပိုအလုပ်တွေကိုလည်း သိပ်လုပ်လေ့မရှိပါဘူး။ အဓိကနဲ့ သာမညကို ခွဲခြားတတ်တဲ့သဘောပါ။

(၂) အမှီအခိုကင်းတယ်။

လူတွေကြားမှာ တစ်ယောက်နဲ့တစ်ယောက် ရိုင်းပင်းကူညီမှုဆိုတာ လိုအပ်ပါတယ်။ ဒါပေမယ့် အရင်ဆုံး ကိုယ့်အားကိုယ်ကိုးသင့်တယ်ဆိုတဲ့အချက်ကိုတော့ မေ့နေလို့မဖြစ်ပါဘူး။ လိုအပ်လာတဲ့အခိုက်အတန့်မှာ တစ်စုံတစ်ယောက်ကို အကူအညီတောင်းနိုင်ပါတယ်။ ဒါပေမယ့် အမြဲတမ်းအလိုလို တစ်ဖက်သားကို မှီခိုနေလို့တော့ မဖြစ်ပါဘူး။ အများအားဖြင့် အမှီအခိုကင်းတဲ့သူတွေကို လူရှိန်ပါတယ်။

(၃) အသေးအဖွဲစကားတွေကို မုန်းတယ်။

ဆိုလိုတာက အရည်မရ၊ အဖတ်မရစကားတွေပြောပြီး အချိန်ကုန်ခံနေတာမျိုးတွေကို ပြောတာပါ။ များသောအားဖြင့် အကျိုးရှိတာမျိုးတွေကိုပဲ ပြောလေ့ရှိပါတယ်။ ဒါပေမယ့် ဒီနေရာမှာ တစ်ခုသတိထားရမှာက အမြဲအလိုလို လေကြီးလေကျယ်တွေ ပြောမနေမိဖို့ပါပဲ။ အခြေအနေနဲ့အချိန်အခါဆိုတာ ရှိပါတယ်။ ပေါ့ပေါ့ပါးပါးစကားပြောရမယ့်နေရာမှာ ပေါ့ပေါ့ပါးပါးပဲ ပြောဆိုပါ။ ဒါပေမယ့် အကျိုးရှိတဲ့စကားဝိုင်းအတွက်လည်း ကိုယ်ဟာ အမြဲတမ်းအဆင်သင့်ဖြစ်နေတယ်ဆိုတာ လူတိုင်းသိပါစေ။

(၄) ပတ်ဝန်းကျင်ကို ဂရုစိုက်တတ်တယ်။

ပတ်ဝန်းကျင်မှာ ဖြစ်နေသမျှ အရာတွေ၊ ပတ်ဝန်းကျင်မှာ ရှိနေတဲ့သူတွေနဲ့ ပတ်သက်တဲ့အရာတွေကို သိနေမယ်ဆိုရင် သင့်ကို

February 19, 2016

" န၀ရတ် ကိုးပါး၏ အစွမ်းသတ္တိများ "

 
၁။ ပတ္တမြား (ဘုန်းကြီးခြင်း)

အရောင်းအဝယ် ပြုသူများ၊ ကုန်စည် ကူးသန်းသူများ အတွက် ပတ္တမြားဟာ မရှိမဖြစ် လာဘ်ပွင့် စေတဲ့ အဆောင်ကျောက်ဖြစ်ပါတယ်။ အလုပ်စီးပွားအတွက် ခရီးထွက် လှုပ်ရှားတဲ့အခါ လူနဲ့အတူ သယ်ဆောင်သွားပါက အလိုရှိရာ ပြည့်စုံခြင်း၊ အောင်မြင်ခြင်း အစွမ်းသတ္တိရှိပါတယ်။

၂။ မြ (အေးချမ်းမှုရှိခြင်း)

နေနဲ့လ၊ ရွှေနဲ့မြ ဆိုသကဲ့သို့ လိုက်ဖက်ညီထွေရှိပြီး အေးချမ်းတဲ့ အစွမ်းသတ္တိကို ဆောင်လို့ မြန်မာလူမျိုးတို့ အလွန်တန်ဖိုးထားတဲ့ ရတနာတစ်ပါး ဖြစ်ပါတယ်။

၃။ စိန် (ဂုဏ်ပညာမြင့်မားခြင်း)

စိန်ကို ကျောက်မျက်တို့၏ ဘုရင်ဟုပင် ခေါ်သည်။ကျောက်မျက်အမျိုးပေါင်း ၁၂၀-ခန့်ရှိသည့်အနက် စိန်သည် အမာဆုံးသော ကျောက်မျက်ဖြစ်သည်။စိန်သည် အောင်မြင်သူ တစ်ဦးဖြစ်ကြောင်း ကြွေးကြော် အောင်ပွဲခံခြင်း အစွမ်းသတ္တိရှိသည်။ ကမ္ဘာတစ်ဝန်းရှိ ဂမ္ဘီရ ပညာရှင်များသည် စိန်ကို ချစ်ခြင်း မေတ္တာရဲ့ သင်္ကေတ (symbol of love) ဟုလည်း ခေါ်ဆိုခဲ့ကြသည်။

၎။ နီလာ - မဏိမေတ္တာကဲချုပ်
နီလာကျောက်သည် သူတပါး၏မေတ္တာကို ရရှိသည်။ လူတို့၏ ချစ်ခင်မြတ်နိုးမှုကို ရရှိသည်။ ရန်အပေါင်းမှ ကာကွယ်နိုင်သည် စသည်များကို စွမ်းဆောင်နိုင်သည်ဟု သိရသည်။

၅။ ဂေါ်မုတ် - ခွန်အား

ဂေါ်မုတ်ကျောက်သည် ခွန်အားကြီးခြင်း၊ ကျန်းမာခြင်း၊ ရန်သူကို အောင်နိုင်ခြင်း စသည်များကို စွမ်းဆောင်နိုင်သည်ဟု သိရသည်။

၆။ ဥဿဖယား -(ကျန်းမာ)

ဥဿဖယားကျောက်သည် ကျန်းမာရေး ကောင်းမွန်မှုကို ပေးစွမ်းနိုင်ခြင်း၊ စိတ်ချမ်းသာခြင်း၊ စီးပွားလာဘ်လာဘ ကောင်းခြင်း
Subscribe

လာလည်သူများ

free counters