♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 31, 2014

"အလှပြင် ပစ္စည်းတွေရဲ့ သက်တမ်း "

အလှပြင် ပစ္စည်းတွေဟာ တချို့စားစရာတွေလိုပဲ သက်တမ်း ကုန်တတ်တယ် ဆိုတာ သတိပြုမိပါရဲ့လား။ ရက်လွန် အလှပြင် ပစ္စည်းတွေကို သုံးမိရင် ဘာမှအန္တရာယ် ကြီးကြီးမားမား မရှိပေမယ့် အရေပြား တွေကိုတော့ ထိခိုက် စေနိုင်ပါတယ်။ ဒါကြောင့် မှန်တင်ခုံပေါ်မှာ အလှပြင် ပစ္စည်းတွေ နေရာ ယူထားတာ ဘယ်လောက် ကြာပြီလဲ ဆိုတာ စစ်ဆေး ကြည့်လိုက်ပါဦး။

မျက်တောင်ကော့ဆေး

 သက်တမ်း - (၂)လမှ (၃)လ

     ပျစ်ခဲခဲ ဖြစ်လာမယ်၊  အနံ့ တစ်မျိုး ဖြစ်လာမယ်ဆိုရင် လွှင့်ပစ်လိုက်ပါ။
မျက်တောင်ကော့ဆေးကို ဘယ်တော့မှ မျှဝေ မသုံးပါနဲ့။ ဘက်တီးရီးယားပိုးတွေ  ကူးစက် တတ်ပါတယ်။

အောက်ခံ မိတ်ကပ်ရည်

သက်တမ်း (၆)လမှ (၁)နှစ်

မိတ်ကပ်ရည် အရောင်တွေ ကွဲထွက်လာမယ်၊ အရောင် ဖျော့လာတယ်ဆိုရင် အသစ် ထပ်ဝယ်ဖို့ အချိန် တန်ပြီပေါ့။ မိတ်ကပ်ကို နေရောင်နဲ့ ဝေးဝေးထားပါ။  ခရမ်းလွန်ရောင်ခြည်က မိတ်ကပ်ကို မြန်မြန် ပျက်စီး စေပါတယ်။

လက်သည်းနီ

 လက်သည်းနီ အရည်က ပျစ်ခဲလာမယ်၊ အရည်တွေက တသီးတခြား ဖြစ်လာမယ်ဆိုရင် လွှင့်ပစ်ဖို့ အချိန် တန်ပါပြီ။

ရေမွှေး

သက်တမ်း - (၈-၁၀) နှစ်

 ရေမွှေးက အနံ့ပြောင်းလာပြီး အရောင် ဖျော့သွားရင် သက်တမ်း ကုန်သွားတာ သေချာပါတယ်။ ရေမွှေးကို နေရောင်နားမှာ မထားပါနဲ့။ ဓာတ်ပြယ်ပြီး ရေမွှေး ပျက်စီးစေပါတယ်။

နူတ်ခမ်းနီ ၊ နူတ်ခမ်းနီ အဆီ

သက်တမ်း - နှုတ်ခမ်းနီ (၂) နှစ်၊

နှုတ်ခမ်းနီ အဆီ (၁)နှစ် နှုတ်ခမ်းနီက ခြောက်သွေ့လာပြီး နှုတ်ခမ်းနီ အဆီက စေးကပ်လာမယ် ဆိုရင် သက်တမ်း ကုန်ဆုံးသွားပါပြီ။

ပေါင်ဒါ ၊ အိုင်ရှဲဒိုး ၊ ပါးနီ

သက်တမ်း - (၂)နှစ်

သက်တမ်း ကုန်သွားတဲ့ ပေါင်ဒါတွေက ပိုခြောက်သွေ့ပြီး အဖတ်တွေ ဖြစ်လာပါလိမ့်မယ်။

လိုရှင်း

 သက်တမ်း - (၂) နှစ်

 လိုးရှင်း အရောင်နဲ့ အနံ့ပြောင်းလာမယ် ဆိုရင် သက်တမ်း ကုန်သွားပါပြီ။ လိုးရှင်း ဘူးတွေမှာ စကာစ ပါတဲ့ ဘူးက ပိုအထားခံပါတယ်။

Credit: messenger

ဤစာဖတ်သူများအားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့မျှဝေပေးပါနော်...
Credit:  ရွှေချစ်သူ

No comments:

Subscribe

လာလည်သူများ

free counters