♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 29, 2014

" ဓလေ့ ဆိုရိုးစကားလေးများ (၂) " ခြောက်ပုလင်း ကိုယ်တော်


စကားကြွယ်တဲ့ အညာက တကယ့် ဟာသ အဖြစ်ပျက်တခုပါ။

မိမိသည် သူငယ်ချင်းဖြစ်သူက ကထိန်ပင့်သဖြင့် ကျောက်ပန်းတောင်းမြို့နယ် တောင်ဦးရွာ တောင်ဦး ကျောင်းသို့ ရောက်ရှိသွားခဲ့သည်။ ထိုရွာမှ ဒါယ ကာတော်များနှင့် အလွန်ပင်စကားလက်ဆုံကျခဲ့သည်။ အထူးအားဖြင့် ဒါယကာကြီး ဦးရန်ပ နှင့် စကားလက်ဆုံ အတော်ပင်ကျခဲ့သည်။ အကြောင်း သော်ကား မိမိသည် အင်တာနက်တွင် ဟာသပုံပြင်များရေးနေကြောင်း ဒကာကြီး ဦးရန်ပ သိရှိ သွားသည်။ သို့ဖြစ်၍ သူကြားဖူးထားသော ပုံပြင်များကို ပြောပြနေသောကြောင့်ပေတည်း။
ကထိန်ပွဲကြီးနေ့က ဖြစ်သည်။ မိမိသည် ထိုဒါယကာကြီးနှင့် ဦးရန်ပနှင့် အတူထိုင်ပြီး စကားပြောနေလေသည်။ ထိုစဉ် အသက် ခြောက်ဆယ် ခန့်လောက်ရှိသော ဆရာတော်တစ်ပါးသည် ကထိန်ပွဲသို့ ကြွရောက်လာသည်။

ထိုဆရာတော်ကြွလာ သည်ကို မြင်သောအခါ ဒကာကြီးဦးရန်ပသည် အောက်ပါ အတိုင်း လက်ထောက်ဦးဇင်းအား လျှောက်ထားလေသည်။ “ဦးဇင်း! ခြောက်ပုလင်းကိုယ်တော်ကြွလာပြီ”။ ထိုအခါ လက်ထောက် ဦးဇင်း သည်လည်း ထိုဆရာတော်ကို နေရာများခင်းကျင်းပေးကာ စကားပြော နေလေ သည်။ ထိုအခါက မိမိက  “ဒကာကြီးဦးရန်ပ! ဒကာကြီးက အခုန ကြွလာတဲ့ အာဂန္တုကို ခြောက်ပုလင်းကိုယ်တော်လို့ ပြောလိုက်တယ်၊ အဲဒါ ဘာကြောင့်လဲ”။ ဟု မေးသောအခါ ဒကာကြီးက အောက်ပါအတိုင်း ရှင်းပြ လေသည်။

“ဦးဇင်းရေ အကြောင်းကတော့ ဒီလိုပါ၊ အဲဒီဆရာတော်က အသက်ကြီးမှ ရဟန်းဝတ်တယ်၊ တပည့်တော်တို့ နယ်ထဲက တောကျောင်း တစ်ကျောင်းမှာ ကျောင်းထိုင်တယ်၊ ရွာထဲက ဒကာ ဒကာမတွေက သူ့ကို ကြည်ညိုကြတယ်၊ ဘာကြောင့်လဲဆို တောထဲမှာ တစ်ပါးတည်း တရားအား ထုတ်နေတယ်ပေါ့၊ ဆရာတော်က ကြည်ညိုမှုပေါ် အခွင့်ကောင်းယူပြီး လာသမျှ ဒကာ ဒကာမ တွေဆီက အလှူခံတာ ရက်ရက်စက်စက်ဘဲ၊ တခါတလေ အိမ်ကြွပြီတောင် အလှူခံတယ်၊ အလှူခံတာများလာတော့ သူဆီကို သွားတဲ့သူ မလှူချင် လောက်အောင် ဖြစ်သွားတယ်။ ဒကာတွေ လန်ထွက်ကုန်တယ်၊ အဲဒီအချိန်က စပြီ သူကို ခြောက်ပုလင်းကိုယ်တော်လို့ အမည်ပေးတော့တာပါဘဲဘုရား။”

ဤတွင် မိမိက “ဟ ဒကာကြီးရ! ဒကာတွေလန့်တာနဲ့ ခြောက်ပုလင်း ကိုယ်တော်နဲ့ ဘာဆိုင်လို့လဲ ဒကာကြီးရ”ဟု ပြောသောအခါ ဒကာကြီးရန်ပက ဆီတစ်ဂါလန်ကို ပုလင်းနဲ့တွက်ရင် ဘယ်နှစ်ပုလင်းရှိလဲ ကိုယ်တော်”ဟု  မိမိကို မေးလေသည်။ မိမိက “ဒကာကြီးကလဲ ဆီတစ်ဂါလံဟာ ခြောက်ပုလင်း ရှိတာပေါ့၊” ဖြေကြားလိုက်လေသည်။  ဒကာကြီဦးရန်ပက တစ်ဂါလန်ဟာ ခြောက်ပုလင်းရှိတယ်လေ။ ဒါကြောင့် အဲဒီကိုယ်တော်ကို ဒကာလန် (တစ်ဂါလံ) ခြောက်ပုလင်း ကိုယ်တော်လို့ ခေါ်တာပေါ့ အရှင်ဘုရားရဲ့”ဟု ပီပြင်စွာ ရှင်းပြလေတော့သည်။  ဤတွင်မှ မိမိသည်လည်း ထိုတောရ ဆရာတော်ကို ခြောက်ပုလင်းကိုယ်တော်ဟု ခေါ်ဆိုရခြင်းအကြောင်းကို သဘောပေါက်လေတော့သည်။

အရှင်ဇဝန ဟာသပုံပြင် (မေတ္တာပန်းတို့ လန်းရာမြေ ဆိုဒ်)
Credit : အဝေးရောက်ကျောက်ပန်းတောင်းအသင်း

No comments:

Subscribe

လာလည်သူများ

free counters