တစ်နေ့မှာတော့ ငရဲမင်းကြီး ဒိန်းဝေါင်ဟာ တစ်ခြားသက်ရှိ သတ္တ၀ါတွေလိုပဲ နေထိုင်မကောင်းဖြစ်တယ် ။ အဲဒီတော့ လူ့လောက က သမားတော် တစ်ယောက် ပင့်ဖို့ ငရဲသားတစ်ယောက်ကို လွှတ်လိုက်တယ် ။
လူသေ အနည်းဆုံး သမားတော်ကိုသာရှာပင့်ခဲ့ ငရဲမင်းကြီးက သူ့ငရဲသားကို သတိပေးလိုက်တာပေါ့ ။
လူနာသေ အနည်းဆုံးသမားတော်မှန်း ကျွန်တော်မျိုး ဘယ်လိုလုပ်သိမှာလဲ
ဒါများလွယ်ပါတယ်ကွာ ၊ဒေါသထွက်နေတဲ့ ၀ိညာဉ်တွေ မအုံဆုံး သမားတော်ကို ရှာခေါ်ခဲ့
အဲဒါနဲ့ ငရဲသားလည်း ငရဲမင်းကြီး မှာလိုက်တဲ့ စကားကို သတိချပ်ပြီး အဲဒီ ရှားရှားပါးပါး ဆရာဝန်ကို လိုက်ရှာတယ်။တစ်လမ်းဝင် ရင်လည်း သမားတော်ရဲ့ အိမ်ကိုတွေ့ပါရဲ့၊ အဲဒီ သမားတော် အိမ်ရှေ့မှာလည်း
သမားတော်ကုသစဉ်မှာဘဲ သေဆုံးသွားတဲ့ ၀ိညာဉ်တွေ မကျေမနပ်နဲ့ စုဝေးနေတာ တွေ့ရတယ် နောက်တစ်လမ်းဝင်ရင်လည်း ဒီလိုပဲတဲ့။နောက်ဆုံး ကျတော့ လမ်းပေါင်းများစွာဝင်ပြီး ဆရာဝန်ပေါင်း များစွာကိုတွေ့ပြီးမှ ၀ိညဉ် တစ်ခုတည်းမကျေမနပ်ဖြစ်နေတဲ့ သမားတော် ကိုတွေ့လိုက်ရတယ် ။
ဒါနဲ့ ငရဲသားလည်း အဲဒီသမားတော်ကိုပဲ အလျင်အမြန် ပင့်သွားတယ် ။ငရဲမင်းကြီး ဒိန်းဝေါင်ဟာ အဲဒီ့သမားတော်ကို သမားတော်ဂုဏ်နဲ့ ထိုက်ထိုက်တန်တန် ကြိုဆို ဧည့်ဝတ်ပြုပြီးတော့ မေးမြန်းလိုက်တယ် ။
မောင်မင်း ကျွမ်းကျင်လှတဲ့အတွက် ခုလို ထူးထူးခြားခြား အသေအပျောက် နည်းပါးတဲ့ အဆင့်နဲ့ အောင် မြင်နေတာဖြစ်မယ် ထင်တယ်၊မောင်မင်း ဆေးကုသတဲ့ အလုပ် လုပ်နေတာ ဘယ်လောက်ကြာပြီလဲ
အဲဒီတော့ သမားတော်က ရိုရိုသေသေပဲ ပြန်ပြီးလျှောက်ထားလိုက်တယ် ။
အရှင်ယမ မင်းကြီးကျွန်တော်မျိုး ဒီမနက်မှ ဆေးခန်းဖွင့်ကုသတာပါ ။အရှင်ယမမင်းကြီးက ကျွန်တော် မျိုးရဲ့ ဒုတိယ လူနာပါ လို့ ပြောလိုက်ပါတော့တယ် ။ ။
Credit : sharingmyanmarliterature.blog
No comments:
Post a Comment