အသက် ၇၀အရွယ်အဖိုးနဲ့အဖွားဟာ
အရမ်းစိတ်လှုပ်ရှားနေကြတယ်။ သူတို့ ၂ယောက်ဟာ ဟိုးအရင်အတူ ကုန်လွန်ခဲ့ တဲ့
နုပျိုစဉ် အချိန်တွေ ၊ ကာလတွေကို ပြန်လည်တမ်းတနေမိကြတယ်။
သူတို့ ဆုံးဖြတ်လိုက်ကြတယ်။ တို့တွေအသက်တွေကြီးပြီ.. လောကကြီးမှာနေရမယ့် အချိန်တွေလည်း သိပ်မကျန်တော့ ဘူး..။ ဒီတော့ ၂ယောက် အတူ အသက်ရှင်နေစဉ် အချိန်မှာ တစ်နေ့လောက်တော့ ငယ်ငယ်တုန်းက အချစ်သည်းခဲ့ကြတဲ့ ဘ၀ကို တစ်ခဏလောက် ပြန်သွားကြရင်မကောင်း ဘူးလားဆိုပြီး သူတို့၂ယောက်ရဲ့ ချစ်သူတွေဖြစ်ခဲ့ကြတဲ့ အမှတ်ရဆုံးရက်ဖြစ်ခဲ့တဲ့ လာမယ့် နယူးရီးယားနေ့မှာ ဟိုး...လွန်ခဲ့တဲ့ နှစ် ၅၀ တုန်းက အတိုင်းကျော်ဖြတ်ဘို့ ဆုံးဖြတ်လိုက်ကြတယ်။
အဲဒီလို ရက်သတ်မှတ်ပြီးနောက် အဖိုးရော၊ အဖွားရောဟာ အဲ့ဒီနေ့ရောက်ဘို့ကို စိတ်ကူးရင်း စိတ်တွေ လှူပ်ရှားနေတော့တာပေါ့။ လွန်ခဲ့တဲ့နှစ် ၅၀ရဲ့ အဲ့ဒီ ဒီဇင်ဘာ ၃၁ရက် မနက်ခင်းမှာ သူတို့နှစ်ဦးဆုံတွေ့ပြီး ကဲခဲ့၊ သဲခဲ့ကြတာကို သူတို့ ဘယ်မေ့နိုင်ပါ့မလည်းနော်..။
ဒီဇင်ဘာ ၃၁ရက်နေ့မနက်ခင်းမှာတော့ .....
အဖိုးတစ်ယောက်
မနက် ၆နာရီထဲက သူတို့နှစ်ယောက် တွေ့ခဲ့တဲ့ အမှတ်တရ နေရာလေးဖြစ်တဲ့
မြစ်ကမ်းနဖူးက သစ်ပင်ဆီကို အလျင်စလို ရောက်သွားခဲ့တယ်။ လမ်းမှာ
တွေ့ခဲ့တဲ့ တောပန်းအရိုင်းလှလှကြီးတွေကိုလည်း အဖွားကို ပေးဘို့
ခူးယူခဲ့တယ်။ အဖိုးဟာ နေမထွက်ခင်ထဲက လူငယ်လေး တစ်ယောက်လို
လန်းဆန်းတက်ကြွလို့ အဖွားကို စောင့်ခဲ့တယ်။
အဖိုးစောင့်ခဲ့တယ်။
စောင့်ခဲ့တယ်..။ အဖွားလာမယ့် လမ်းလေးတစ်လျှောက်ကို
မှုန်ဝေသီနေတဲ့မျက်လုံးအစုံနဲ့ မျှော်လို့ပေါ့။ တစ်နေ့လုံး
စိတ်ရှည်ရှည်နဲ့ကို စောင့်ခဲ့တယ်။ ဒါပေမယ့်.. အဆုံးမှာတော့ နေသာဝင်သွားတယ် ။
အဖွားက ပေါ်မလာခဲပါ့ဘူး။
အဖိုးဟာ ဒေါကြီးမောကြီးနဲ့အိမ်ကို ပြန်လာခဲ့တယ်။ သူက တံခါးကို ဒေါသတကြီး ဆွဲဖွင့်လိုက်တော့ ဧည့်ခန်းဆိုဖာပေါ်မှာ ခေါင်းအုံးထဲ မျက်နှာ ဖွက်ပြီး လှဲလျောင်းနေတဲ့ အဖွားကို တွေ့လိုက်ရတယ်။ အဖိုးရဲ့ ဒေါသ ဒီဂရီမြင့်တက်သွားပြီး လက်ထဲက ပန်းတွေကို ကြမ်းပြင်ပေါ် ပစ်ပေါက်ရင်း အော်မေးလိုက်တယ်။
" မင်း..ချိန်းထားတဲ့နေရာကို ဘာလို့ မလာတာလည်း..? "
အဖွားက လက်ထဲက ခေါင်းအုံးနဲ့ အဖိုးခေါင်းကို သာသာလေး ရိုက်လိုက်ပြီး မျက်လွှာချလို့ ချစ်စဖွယ် ရှက်စနိုးနဲ့ ပြန်ဖြေလိုက်တယ်။
....
....
....
....
....
....
....
....
....
....
....
....
....
....
....
" အမေက ကျွန်မကို သွားခွင့်မပြုလို့....ပေါ့..။ "
ချစ်ခြင်းမေထ္ထာဆိုတာ
ဘယ်သောအခါမှ အိုဟောင်းဆွေးမြေ့သွားခြင်းမရှိပါဘူး။ ၀ိုင်အရက်များလို
နှစ်ချို့လေ ချိုမြိန်ပြီး တန်ဘိုးရှိလေပါ။ ဒီချစ် စရာကောင်းတဲ့
ပို့စ်လေးကို မျှဝေပေးတဲ့ India မှသူငယ်ချင်း Harshada ကို
ကျေးဇူးတင်ချင်ပါတယ်။ နယူးရီးယားအတွက် အမှတ်တရ ပို့စ်လေးတစ်ခုရတာပေါ့နော်။
မူရင်းကို ဆိုလိုရင်းမပျက်အောင် ကိုယ်နည်း ကိုယ့်ဟန်နဲ့ တင်ပေးလိုက်ပါတယ်။
လိုအပ်မှုရှိရင်တော့ ကျွန်မရဲ့ အားနည်းချက်ပါလို့..။
၂၀၁၀နှစ်သစ်မှာချမ်းမြေ့ပါစေ။
မှတ်ချက် ။ 28 December 2009 မှ ပို့စ်အဟောင်းလေးအား ပြန်လည်သိမ်းဆည်းခြင်း။
ဆန္ဒနဲ့ဘ၀တစ်ထပ်ထဲကျကြပါစေရှင်။
မြသွေးနီ
Credit : pearlphyuphyu.blog
No comments:
Post a Comment