♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 14, 2015

" Skin Whitening Injection အသားဖြူဆေးရဲ့ အကျိုးကျေးဇူးများ နှင့် ဘေးထွက် ဆိုးကျိုးများ "

 
ယခုမြန်မာပြည်မှာ ခေတ်စားနေတာ အသားဖြူဆေး တဲ့။ အကြောထဲ ထိုးပေးပါတယ်။ ဘယ်လို ဆေးမျိုး လဲ၊ အန္တရာယ် ရှိနိုင်လား၊ ဘယ်လို ဘေးထွက် ဆိုးကျိုးတွေ ရှိနိုင်ပါလဲ။ ဘယ်လိုရောဂါမျိုး ရှိနေ သူတွေ မထိုး သင့်ဘူးလဲ ဆရာ။
ဆေးကြော်ညာ ‘ဝဘ်ဆိုက်’ မှာ ပါတာကိုသာ အရင်ရေးပါမယ်။

 
အကျိုးကျေးဇူးများ
သွေးပြန်ကြောထဲ သွင်းပေးလျှင် အသားဖြူလာမယ်။ Vitamin C နဲ့ Glutathione ရောထားတယ်။ နောက် ထပ်လဲ အင်နာဂျီရမယ်။ ခုခံအားပိုကောင်းမယ်။ (ဒီအချက်က ဗီတာမင်စီ ကြောင့်ပြောတာပါ။) အသား အရေ ဖြူလာစေတာသာမက အမာရွတ်ထင်လို့ အရောင်ရင့်နေတာလဲ စက်သာစေမယ်။ ဆေးသွင်းရတာ ၁ နာရီခွဲကနေ ၄ နာရီအထိကြာနိုင်လို့ ဆေးထိုးနေရင်း အိပ်တဲ့လူနာတွေရှိတယ်။

 
ဘေးထွက် ဆိုးကျိုးတွေ
နာမယ်။ သွေးယိုတာရှိမယ်။ သွေးခြည်ဥမယ်။ ပိုးဝင်နိုင်တယ်။ အမာရွတ်ထင်မယ်။ ဆေးထိုးပြီး ရင် နေရောင်နဲ့ မထိအောင် ရှောင်သင့်တယ်။ ကျောက်ကပ်မကောင်းသူနဲ့ အသည်းမကောင်း သူတွေမထိုး သင့်ပါ။

Glutathione ‘ဂလူတာသိုင်အုန်း’ ဆိုတာ လူတွေစားသုံးနေတဲ့ အသား၊ အသီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ထဲမှာ ပါတယ်။

သောက်ဆေးလဲ-ရှိတယ်။ မျက်စိအတွင်းတိမ်၊ ရေတိမ်ကိုလဲပေးတယ်။ ဇာရာကိုသက်သာစေတယ်လို့လဲ

ယူဆကြတယ်။ အရက်နာကိုလဲပေးတယ်။ အန်းနာ၊ ကင်ဆာ၊ နှလုံးရောဂါ၊ အသည်းရောင်၊ မှတ်ဥာဏ် နည်းတာ၊ ‘အဇာမိုင်းယား’ ရောဂါ၊ အဆစ်အအရိုးနာ၊ ‘ပါကင်ဆန်’ ရောဂါ၊ AISDS တောင်ပါသေးတယ်။
ရှူဆေးအနေနဲ့လဲ အတုပ်ရောဂါတွေဖြစ်တဲ့ idiopathic pulmonary fibrosis, cystic fibrosis, and lung disease in people with HIV disease တွေအတွက်လဲသုံးကြတယ်။

အသားဆေးလဲ ထိုးတယ်။ ကင်ဆာဆေး ယူနေသူတွေ ဘေးထွက် ဆိုးကျိုးတွေနည်းစေဘို့ဖြစ်တယ်။ ကလေးမရနိုင်တဲ့ ဖခင်လောင်းတွေကိုပါ ထိုးပေးသေးတယ်။

သွေးကြောထဲ ထိုးတာကတော့ သွေးအားနည်းရောဂါ ကာကွယ်ဘို့၊ ကျောက်ကပ်ဆေးနေ သူတွေ၊ နှလုံးသွေးကြော ‘ဘိုင်ပတ်စ်’ လုပ်ထားသူတွေ၊ ဆီးချိုရောဂါသည်တွေကို သွင်းပေးတယ်။

အကျိုးဘယ်လောက်များလို့ ဘယ်လောက်ထိရောက်သလဲ စနစ်ကျတဲ့လေ့လာမှုတွေ မစုံလင်သေးပါ။


ဒေါက်တာတင့်ဆွေ
၁၁-၁၁-၂ဝ၁၄
http://skinlifeclinic.com/services/skin-treatments/skin-whitening-injection/

Credit : ကိုမျိုး(သုတစွယ်စုံ)(lwanmapyay.blogspot.com) Facebook Page Twitter Google+

No comments:

Subscribe

လာလည်သူများ

free counters