ခရစ်သက္ကရာဇ် ၁၀ရာစုလောက်ကနေ ၂၀ရာစုလောက်အထိ တရုတ်ပြည် အနှံ့အပျားမှာရေ
ရှေးတရုတ်ပြည်ရဲ
ကြလေ့ရှိပါတယ်။ ရှေးတရုတ်လူမျိုးများဟာ ခြေချောင်းရိုးေ လးတွေချိုးပြီး ကြပ်စည်းခံထားရတဲ့ မိန်းကလေးတွေရဲ့ ခြေထောက်သေးသေးေ လးတွေကို အလှတရားတစ်ခု၊ ဂုဏ်ဒြပ်တစ်ခုအေ နနဲ့ တန်ဖိုးထားလွန်း လို့ ကြာပန်းခြေထောက် ရယ်လို့ တင်းစာပြီးတော့ေ တာင် ခေါ်ခဲ့ကြပါတယ်တဲ့ ။ ကြာပန်းခြေထောက် ပိုင်ရှင်အမျိုး သမီးများဟာ ဒုက္ခိတ တစ်ပိုင်းဖြစ်နေ တာကြောင့် အင်တိုက်အားတိုက်လုပ်ရမယ့် ပင်ပန်းတဲ့အလုပ် မျိုးတွေ လုပ်ဖို့မတတ်နို င်ပါဘူး။ ဒါကိုကပဲ ပဒေသရာဇ်ခောတ် လူကုံတန်
အသိုင်းအဝိုင်းမှာ “အလုပ်လုပ်ဖို့မ လိုအောင် ပြည့်စုံတယ်” ဆိုတဲ့ သဘောပေါ်လွင်တဲ့ ပကာသန ဂုဏ်ဒြပ်တစ်မျိုးဖြစ်ခဲ့ရပါတယ်။
အသိုင်းအဝိုင်းမ
ဒီရိုးရာ စတင်ဖြစ်ပေါ်လာပုံ ယုံတမ်းစကားအဆို တစ်ခုက ဘာပြောသလဲဆိုတော့  ရှန်းဂ် မင်းဆက် ဘုရင်တစ်ပါးရဲ့ လွန်စွာမှမြတ်နိုးရသော မိဖုရားငယ်တစ်ပါးဟာမွေးကတည်းက ခြေထောက်ကြီးထွားမှုမရှိတဲ့ မွေးရာပါ ဒုက္ခိတ တစ်ယောက်ပါတဲ့။ ဒီမိဖုရားငယ်ဟာ သူ့ရဲ့ သူများနဲ့မတူတဲ့ ဒုက္ခိတခြေထောက်ေ တွ အတွက်သိမ်ငယ် မနေရအောင် တစ်တိုင်းတစ်ပြည်လုံးမှာရှိတဲ့ မိန်းကလေးတွေကို သူ့လိုခြေထောက်မျိုးရှိအောင်ကြပ်စည်းကာမှပဲ မိန်းကလေးတစ်ယော က်ရဲ့ ပြီးပြည့်စုံသော စံပြအလှဖြစ်တယ်ဆိုတဲ့ အမြင်ဖြစ်အောင် ပြည်သူကို ဦးဏှောက်ဆေးဖို့ ဘုရင်ကိုတိုက်တွ န်းခဲ့ရာက စခဲ့တယ်လို့ အဆိုရှိခဲ့ပါတယ် ။ ဒီအတိုင်းသာ တကယ်မှန်တယ်ဆိုရ င်တော့ သူတည်းတစ်ယောက်ေ ကာင်းမှုကြောင့် လို့ဆိုရမလိုပါပဲ။
ကြာပန်းခြေထောက် ဖြစ်ဖို့အတွက် သမီးငယ်လေးများဟာ ပြေးလွှားခုန်ပေါ က်ကစားတတ်တဲ့ ကလေးအရွယ်ကနေ မီးကောင်ပေါက်အရွယ်ဖြစ်တဲ့အထိ နှစ်ပေါင်းများစွာ ကယိကထအလွန်မျာြး ပီး အင်မတန်ဂရုစိုက် ရတဲ့ အစီအမံနဲ့နေကြရရှာပါတယ်။ အရိုးအချိုးခံထားရတဲ့ဒါဏ်ရာခြေေ ထာက်ကို တတ်နိုင်သူ လူချမ်းသာများကေ တာ့ နေ့စဉ်ပုံမှန် ဆေးဖက်ဝင်သစ်ဥ သစ်ဖု တိရိစ္ဆာန်သွေး စတာတွေနဲ့မြင့်ြ မတ်တဲ့ရိုးရာခပ် ဆန်ဆန်ဆေးကြောသန့်စင်ပေးတယ်လို့ ဆိုတယ်။ နေ့စဉ် အရိုးကျိုးဒါဏ်ရာကို ကလိနေသလိုလို အကြိမ်ကြိမ် အချိုးခံနေရသလို လိုမြင်မိတာကြော င့် နာကျင်မှုဝေဒနာ အတိုင်းအတာဘယ်လောက်ရှိမယ်ဆိုတာကို ခန့်မှန်းကြည့်မိပါတယ်။ ခြေသည်းရှည်လာရင် ခြေချောင်းလေးတွေနဲ့ ကပ်လျက် အသားနုလိုဖြစ်နေ တဲ့ ခြေဖဝါးကိုထိုးမိတဲ့အခါမှာ ပိုးဝင်ပြီး ဒါဏ်ရာကြီးတတ်တာ ကြောင့် ခြေသည်းခွံတော်ရုံနဲ့ပြန်မပေါက် ရလေအောင် ခွာပစ်ရတဲ့ သဘောမျိုးအထိ ခြေသည်းလှီးရတယ် လို့လည်းဆိုတယ်။ ခြေချောင်းလေးတွေတစ်ချောင်းနဲ့တ စ်ချောင်းကပ်နေတဲ့ကြားတွေရယ်၊ ခြေဖဝါးနဲ့ ကျိုးနေတဲ့ခြေချောင်းလေးတွေပြား ကပ်နေ ကြားနေရာတွေကို ပုံမှန်ဆေးကြောသုတ်သင်ခြင်းမရှိ ပါက အနံ့အသက်များ မခံမရပ်န်ုင်အော င် ဆိုးဝါးတတ်တယ်လို့လည်းသိရပါတယ်။ အလည်အလတ် လူတန်းစားများမှာတော့ ခြေထောက်ကို တစ်ပတ်မှာ နှစ်ကြိမ် သုံးကြိမ်လောက်သာ ဆေးကြောသုတ်သင်ြ ခင်းအမှုကို လုပ်နိုင်ကြတယ်လို့ဆိုတယ်။ ဆင်းရဲသား နင်းပြား လူတန်းစားခမြာမှာတော ခြေသေးဖို့အခွင့်အလမ်းမသာခဲ့ကြရှာလို့ သူတို့အရှင်သခင် မများရဲ့ကြာပန်း ခြေထောက်တွေကို ကြည့်ပြီးအားကျ အိပ်မက်မက်ကြရရှာပါသတဲ့။
ခြေထောက်သေးလွန်းလို့ ခြေဖျားထောက်သွားသလို ဟန်ချက်ထိန်းပြီး လှုပ်လီလှုပ်လဲ့သွားနေရတဲ့ အရွယ်ရောက်ပြီးမိန်းကလေးတစ်ယောက်ရဲ့ အသွင်အပြင်ဟာ ရှေးတရုတ် ပုရိသတွေအတွက်တော့ အထူးရင်ခုန်စရြာ ဖစ်ရပါတယ်လို့လဲ သိရတယ်။
မန်ချူးမင်းဆက်လ က်ထက်မှာ ဒီရိုးရာဓလေ့ထုံးတမ်းကို တိုက်ဖျက်ဖို့ ကြိုးပမ်းခဲ့ပေမ ယ့်လည်း မအောင်မြင်ခဲ့ပါ ဘူး။ တရုတ်ပြည်တနံ တလျားမှာ ဟတ်ခါးလို့ခေါ်တဲ့  တရုတ်တိုင်းရင်း သားလူမျိုးတစ်မျိုးကလွဲရင် ကျန်တဲ့ တရုတ်ပြည်ကြီးတစ်ခုလုံးမှာ ဒီကြာပန်းခြေထော က်ထုံးတမ်းအစဉ်အ လာကို လက်မခံ မကျင့်သုံးတဲ့အရ ပ်ဒေသရယ်လို့ သီးခြားဖော်ပြထားတာ မတွေ့ရပါဘူး။ ဟတ်ခါးဆိုတာ မြန်မာအခေါ် တရုတ် လက်တိုမျိုး ဆိုလိုတာဖြစ်ကော င်းဖြစ်လိမ့်မယ် ထင်ပါတယ်။
ဒေါက်တာဆွန်ယက်ဆ င်တို့ ပဒေသရာဇ်စံနစ်ကို အပြုတ်တိုက်ပြီး သမ္မတနိုင်ငံတည်ေ ထာင်တဲ့ အချိန်လောက်ကနေ ကြာပန်းခြေထောက် ရိုးရာတဖြေးဖြေး ချင်း ပျောက်ကွယ်ပြီး ယနေ့ခောတ်အချိန် မှာတော့ လွန်စွာရှေးကျတဲ့  ဒေသအနည်းငယ်မှာ အသက် ၇၀ ကျော် ၈၀ အရွယ် ကြာပန်းခြေထောက် ပိုင်ရှင် အမျိုးသမီးကြီးများကိုကြိုကြား ကြိုကြားသာတွေ့နိုင်ပါတော့တယ်တဲ့ ။
လူတစ်ယောက်ကို မွေးခါစ အရွယ်ကစလို့ ဘယ်သူနဲ့မှမတွေ့ စေပဲ ဘာဆိုဘာမှမရှိအောင် ပြောင်သလင်းခါနေ တဲ့ အခန်းငယ်တစ်ခန်း ထဲမှာ နှစ်ပေါင်းသုံးဆ ယ်လောက် အလုံပိတ်ပြီး အသက်ဆက်ရှင်စေမယ်ဆိုရင် ဒီလူဟာ အလှတရားဆိုတာကို ဘယ်လို နားလည်ပြီး ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုမှာပါလိမ့်လို့ တွေးနေမိတော့တာပါပဲ။
ရဲထက်လှိုင်
(စာရေးသူ၏မှတ်ချ က် – စာရေးသူသည် အထက်ပါစာစုကို ၂၀၁၄ ဖေဖော်ဝါရီလက ရေးသားခဲ့ခြင်ြး ဖစ်ပြီး မိမိ၏ ဖေ့စ်ဘွခ်ဝေါလ်ေ ပ်ါသို့ တင်ခဲ့ပါသည်။ ထို့နောက် အခြားပေ့ခ်ျတခုမှ
ဤစာစုနှင့် ‘၏၊ သည်’ မလွဲ တူသည့် ပို့စ်တခုကို အံ့အားသင့်စွာ
တွေ့ခဲ့ရပါသည်။ ၎င်းပို့စ်တင်သည့် ရက်စွဲသည် မိမိ ပို့စ်ထက်ပင် လအနည်းငယ်
အနောက်သို့ ပြန်ရွှေ့ထားသည်ကိုလည်း သတိပြုခဲ့မိသည်။ စာဖတ်သူများအနေနှင့် ဤစာစုကို တနေရာတွင် ဖတ်ရှုပြီးဖြစ်ပါ က မူရင်းရေးသားသူမှာ မိမိသာဖြစ်ကြောင်း အသိပေးအပ်ပါသည်။ )
.
Credit - SearchMyanmar
ကြာပန်းခြေထောက်
ခြေထောက်သေးလွန်
မန်ချူးမင်းဆက်လ
ဒေါက်တာဆွန်ယက်ဆ
လူတစ်ယောက်ကို မွေးခါစ အရွယ်ကစလို့ ဘယ်သူနဲ့မှမတွေ့
ရဲထက်လှိုင်
(စာရေးသူ၏မှတ်ချ
.
Credit - SearchMyanmar
No comments:
Post a Comment