♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

December 31, 2015

"ရတနာမြေရှာပုံတော် .... "

ရတနာမြေရှာပုံတော်
(၁)
၁၉၉၇ခုနှစ် ၊ ဒီဇင်ဘာလ (၂၃) ရက်၊ ရတနာ စံအိမ်တွင်ဖြစ်ခဲ့သော အဖြစ်အပျက်တစ်ခု...
အိမ်ကြီး၏ခံ့ငြားထည်ဝါးမှုသည်လူများကို ခြောက်ခြားစေသယောင်ယောင်ပင်ရှိနေသည်။ အိုဟောင်းနေသော ထိုတိုက်ပျက်ကြီး၏နံရံတို့သည်အတော်ပင်ထူထပ်သည်။ နံရံများတွင် လည်း ကြက်ခိုးများကတက်နေသည်။ ထိုအိမ်ကြီးတွင် စိုပြေခြင်းအလျင်းမရှိ။
 တုန်ရင်နေသောခြေလှမ်းတို့နှင့်အတူ ထိုအိမ်ထဲကိုလာနေသည်က ကောင်လေးလေးယောက်နှင့် ကောင်မလေးသုံးယောက် နောက် အသက်ခြောက်ဆယ်ခန့်ရှိသော အဖိုးကြီးတစ်ယောက် ။ စုစုပေါင်း ရှစ်ယောက်။ သူတို့လက်ထဲမှာက ဆူးရှသည့် အလင်းရောင်ပေးနိုင်သော ဓာတ်မီးများကို ကိုင်ထားသည်။
“ဆရာကြီး ဒီထဲမှာရှိတယ်ဆိုတာကောသေချာလား”
  နောက်က အသက်20လောက်ရှိသော ကောင်လေးတစ်ယောက်က မေးသည်။ ထိုအဖိုးကြီးက..
“သေချာပါတယ်ကွာ...ဒီနေရာမှာငါတို့ရှာနေတဲ့ရတနာသိုက်ရှိတာသေချာတယ်..ဂျပန်ခေတ်က ရွှေတွေကို ဒီတိုက်အောက်မှာ မြှပ်ထားတာလူတစ်ကာသိတယ်”
ထိုတိုက်ပိုင်ရှိင်မှာ ဂျပန်ခေတ်က စကားပြန်တစ်ယောက်ဖြစ်ပြီး တော်လှန်ရေးအဖြစ်တွင် ဂျပန်တွေလက်ထက်မှ ရွှေများကိုခိုးယူကာ မိမိတိုက်အောက်တွင် မြှပ်ထားခြင်းဖြစ်သည်။ ထိုရတနာမြေပုံကို ရှာဖွေရန်လာနေသူကား အဖိုးကြီးဦးဆောင်သောအဖွဲ့တစ်စု။
“ဒီတိုက်ကသရဲကြမ်းတယ်ဆို”
အသားဖြူဖြူ ပိန်ပိန်ပါးပါး ဆံပင်နီညိုရောင်ရှိသော ကောင်မလေးကမေးသည်။ ကြွက်သားတောင်တောင့်နှင့်ကောင်လေးတစ်ယောက်က...
“ရတီကလည်းပေါက်တကရတွေမပြောပါနဲ့..”
သူရကပြောလိုက်သည်။ အဖိုးကြီးက...
“ဘာသရဲမှမခြောက်ဘူး...ဒါကသူများတွေယူမှာဆိုးလိုါ့် ဘယ်သူမှမလာရဲအောင်လို့ တမင်တကာ သတင်းလွှင့်ထားတာကွ..တကယ်တော့ သရဲမပြောနဲ့ သရဲနဲ့ တူတဲ့ကောင်တောင်မရှိဘူး”
တိုက်တစ်ခုလုံးကိုနှံ့အောင်ရှာဖွေပါသော်လည်း ဘာမှမတွေ့ချေ။ အိမ်၏နောက်ဖွေးကို ထွက်လာသောအခါ သစ်ပင်တွေစိုက်ထားသော ပန်းခင်းကြီးကိုတွေ့ရသည်။ ပန်းပင်များမှာ ဂမုံးပင်များသာဖြစ်သည်။။ ထိုဂမုံးပင်ထဲတွင် ရှည်လျားသောမြက်များကလည်း သန်မာနေသည်။
ထိုမြက်ခင်းထဲကို လျှောက်နေသော သူတို့ရဲ့ခြေထောက်တွေက တုန်ယင်စွာ ဂမုံးပင်တွေစိုက်ထားသော မနီးမဝေးမှာ ၀ါးရုံတောကြီးရှိသေးသည်။ ထိုဝါးရုံသည် သန်မာသောဝါးများထူပြောစွာပေါက်နေခြင်းကြောင့် တောပင်ဖြစ်လို့နေသည်။ အဖိုးကြီးက ထိုတောကိုလက်ညှိုးထိုးကာ
“ဟိုထဲသွားရှာရအောင်”
အားလုံးကသိပ်စိတ်မပါ။ ၀ါးပင်တွေက နည်းနည်းနောနောမှမဟုတ်တာ ။ ၀ိုင်းကြီးကလည်းဘောလုံးကွင်းတစ်ကွင်းစာလောက်ကျယ်သည်။ ထိုဝိုင်း၏သုံးပုံတစ်ပုံက ၀ါးပင်တွေစိုက်ထားတာ ။ ဒီတော့ဝါးခင်းကြီးကတော်တော်ကျယ်သည်။ သူတို့အားလုံးကြောက်မိကြသည်မှာတော့အမှန်။
“သွားရဲကြဘူးလားကွ”
အားလုံးကဘာမှပြန်မဖြေ။ အဘိုးကြီးကသာရှေ့က ဦးဆောင်ပြီး သွားသည်။ ထိုအခါမှသူတို့အားလုံးနောက်ကလိုက်လာကြသည်။ ၀ါးရုံတောထဲရောက်သည်နှင့် အားလုံးအေးစိမ့်သလိုခံစားရသည်။
ထိုဝါးရုံထဲတွင် ထူးထူးခြားခြား ၀ါးပင်တစ်ပင်မှမပေါက်သောမြေမြေမိုမို့လေိးကု အဖိုးကြီးကလက်ညှိုးထိုးပြကာ
“အဲနေရာကိုတူးစမ်း အောင်သူ”
အောင်သူကလ ည်းပေါက်ပြားကိုကိုင်ကာထိုနေရာကိုလာသ်ည။ ထိုအခါ လက်မောင်းလောက်ရှေိသော မြွေပွေးကြီးက ထိုနေရာတွင်ခွေနေသည်။ သူတူးဖို့လက်တွန့်သွားသည်။
“တူးလေကွာ”
အဖိုးကြီးက အော်ငေါက်သလိုပြောလိုက်သည်။
“မြွေကြီးဗျ”
“သတ်ပစ်လိုက်ပေါ့ကွ”
သူလက်တွန့်နေတာကိုကြည့်ပြီး....
“အောင်ကိုသွားစမ်း ဒီကောင်ဘာမှမဟုတ်ပဲကြောက်နေတာ”
အောင်ကိုကပေါက်ပြားကိုကိုင်ကာ တုတ်တုတ်ပင်မလှုပ်သော မြွေပွေးကြီးကို အားရပါးရ ပေါက်ရင်း ရက်၇က်စက်စက် သတ်ပစ်လေသည်။
ထိုမြွေကြီးကို သတ်ပြီးသည်နောက် တူးကြည့်သောအခါ သူတို့ထင်ထားသလိုပင် ရတနာသိုက်ကို တွေ့ရှိတော့လေသည်။
“သူရ ... အောင်သူ...အောင်ကို....မြတ်မင်း....နှင်းစက်...ရတီ....သရဖီင်္..အားလုံးရှိကြတယ်နော်”
“ဟုတ်ကဲ့”
“ဒါဆိုဒါတွေကိုအ၀တ်နဲ့ပတ်ပြီးယူခဲ့ကြ။”
သူတို့အားလု့ါ်လည်း ထိုဟာတွေကိုအ၀တ်နဲ့ပတ်လိုက်သည်။သူတို့ပြန်ခါနီးတွင် မိုးသည်းထန်စွာရွာသဖြင့် ညနေလည်းဖြစ်တာကြောင့် ဒီနေ့ညဒီတိုက်ကြီးထဲတွင်သာအိပ်ဖို့စဉ်းစားခဲ့ကြသည်။
“ဒီညတော့ဒီမှာပဲအိပ်ကြရအောင်”
တစ်ပိသာလောက်ရှိသောရွှေတွေကိုရသော သူတို့ မျက်နှာသည်ကားပျော်ရွှင်စွာ။ အလုံးခေါင်းပြိုင်တူငြိမ့်လိုက်ကြသည်။
နောက်နေ့မှာတော့ဘာဖြစ်မယ်ဆိုတာ ဘယ်သူများကြိုသိမှာလဲ...............
☻ ☻  ☻  ☻  ☻
ရတနာမြေရှာပုံတော်
(၂)
ဆူးရှသောနေေ၇ာင်ကြောင့် ပိတ်နေသော မျက်လုံးအစုံဖွင့်လာသည်။ မျက်လုံးအစုံဖွင့်လိုက်သည်နှင့် မြင်လိုက်ရသောမြင်ကွင်းကြောင့် သူရတစ်ယောက် တော်တော်အံ့သြသွားသည်။ သူမြင်လိုက်ရသည့်မြင်ကွင်းသည်ကား....
ကောင်မလေးသုံးယောက်က ခုံပေါ်တွင် ငုတ်တုတ်ထိုင်လျက် လက်တို့ခြေထောက်တို့ကို ခုံနှင့်တွဲချည်ခံထားရသည်။ သူတို့ကောင်လေး လေးယောက်ကလည်း မတ်တပ်ရပ်လျကသား အပေါ်က ထုတ်တန်း နှင့်တွဲချည်ထားခံရသည်။ အားလုံးလှုပ်မရ။ သူကိုယ်တိုင်ကလည်း အဲလိုအချည်ခံထားရသည်။
ဆရာကြိးကိုရှာလို့လည်းမတွေ့။ ဆရာကြီးဘာများဖြစ်နေပါလိမ့်။ ဆရာကြီးသည်အသက်အားဖြင့်လည်း အတော်ကြီးလေပြီ။ သူတို့လိုသန်သန်မာမာလည်းမဟုတ်။ တစ်ခုခုဖြစ်လျှင်ဖြင့် ပြသနာတော်တော်တက်လိမ့်မည်။ သူတို့ကိုဒီလိုဖြစ်အောင် ဘယ်သူများလုပ်ပါလမ့်။
သူ့သူငယ်ချင်းတွေကို အသံပြုနှိုးလိုက်သည်...
“အောင်ကို  မြတ်မင်း သရဖီ  ရတီ အောင်သူ နှင်းစက် ထကြဦးဟ”
သူတစ်ခွန်းပဲနှိုးရသေးသည်။ အားလုံးအသီးသီးနိုးလာကြသည်။ သူတို့ကိုယ်သူတို့ပြန်ကြည့်ပြီးနောက် အံ့သြနေကြသည်။အားလုံးလည်း ကိုယ့်အဖြစ်ကိုယ်ကိုမယုံနိုင်ကြ။ နှင်းစက်က...
“သူရငါတို့ဘာဖြစ်သွားတာလဲ...”
သူမကသူရကို အလောတကြီးမေးသည်။ သူမကမေးနေသော်လည်း သူရမူကားအဘယ်သို့သိပါအံ့နည်း။
“ငါဘယ်လိုလုပ်သိမှာလဲဟ.....ငါတောင်ဒီလိုဖြစ်နေတာပဲ”
“ဆရာကြီးရော....ဆရာကြီး....”
နှင်းစက်ကအလောတကြီးမေးသည်။ ထိုမေးခွန်းကိုဖြေရန်မှာလည်းအရင်ဆုံးနိုးသောသူရမှာတွင်သာတာဝန်ရှိသည်။
“ငါလည်းအဲဒါကိုပဲစိတ်ပူနေတာ....ဆရာကြီးတစ်ခုခုဖြစ်မှာကိုစိုးရိန်နေတာ”
“ဘာစိုးရိန်စ၇ာရှိလို့လဲ...ငါတို့ကိုဒီလိုလုပ်တာသူပဲရှိမှာ သူရွှေတွေကိုမြင်ပြီးလောဘတက်သွားတာနေမှာ လူဆိုတာဒီလိုပဲ လောဘတက်လာရင်ထင်ရာစိုင်းတော့တာပဲ”
နှင်းစက်ကဒေါကြီးမောကြီးပြောသည်။ ထိုသို့ပြောသည်ကိုအောင်သူက....
“နင်ကလည်းအဲလိုမပြောပါနဲ့နှင်းစက်ရာ....ငါတို့နဲ့ ဆရာကြီးနဲ့ လက်တွဲလာတာဘယ်လောက်ကြာပြီလဲ...သူငါတို့ကိုဒီလိုလုပ်ပါ့မလားဟ”
အောင်သူသူကပါ ဆရာကြီးဘက်ကကာကွယ်ပြီးပြောသည်။ထိုသို့ပြောသည်ကို အောင်ကိုက
“အောင်သူမင်းဘာသိလို့လဲကွ...လူ့စိတ်ဆိုတာကမှန်းရခက်တယ်...နှင်းစက်ပြောသလိုဖြစ်နေရင်ဘယ်လိုလုပ်ကြမလဲ”
ထိုစဉ်မြေမြင်ပေါ်ကျနေသောအောင်ကို့ဖုန်းကမြည်လာသည်။ လက်တို့ကလည်းကြိုးတုတ်ခံထားရတာကြောင့် ဖုန်းကိုင်လို့မရ။ အောင်ကို ညဉ်းထွားလိုက်ပါသေးသည်။
“အရေးထဲအကြောင်းထဲဖုန်းကလာနေပြန်ပြီ၊ ကိုင်လို့ကမရပါဘူးဆို”
ထိုသို့ညဉ်းထွားရင်းမှပင် အကြံကုန်ညာဏ်ကုန်ထုတ်ပြီး ခြေထောက်နှင့်ဖုန်းကိုပွတ်ဆွဲလိုက်သည်။ ထို့နောက် စပီကာနေရာကို ခြေမလေးနှင့်ထိလိုက်သဖြင့် စပီကာပါ ပွင့်သွားသည်။
“ဟယ်လို”
သူအသံခပ်ကျယ်ကျယ်နှင့်ပြောသည်။
“အောင်ကိုလား....ငါထွန်းနောင်ပါ....မင်းတို့နဲ့အတူသွားတဲ့ဦးဘကောင်းဆိုတဲ့အဖိုးကြီးကဦးနှောက်သိပ်မကောင်းဘူးတဲံ...မင်းတို့ သတိထားကြ...နောက် သူစိတ်မထင်ရင်မထင်သလို လုပ်တတ်တယ်နော်... အခုမှငါ လည်းဒီအကြောင်းကိုသိရတာ... မင်းတို့ကအခုဘယ်မှာလဲ”
“ငါတို့ကအခု ရ.....”
စကားမဆုံးခင်မှာပင် အောင်ကို၏မျက်နှာသို့ ဦးဘကောင်း၏ပြင်းထန်သောလက်သီးတစ်ချက် သက်ရောက်လာသည်။ သူထုံကျင်သွားခဲ့သည်။ သူ့ဆီသို့ရောက်လာသောလက်သီးတစ်ချက်နှင့်အတူ ဖုန်းကိုလည်းခြေထောက်နှင့် နင်းခြေဖျက်ဆီးလိုက်သေးသည်။
“ခင်ဗျား တော်တော်ယုတ်မာတဲ့လူကြီး ...ခင်ဗျားတော်တော်ယုတ်မာတယ်.......အသားထဲကလောက်ထွက်တဲ့လူကြီး.... ခင်ဗျားလိုလူမျိုးက သေရင်တောင်မြေကြီးနဲ့မတန်တဲ့လူယုတ်မာကြီး.”
သူရသည်ထိုကဲ့သို့ သူ့ကိုဆိုးရွားစွာအပြစ်တင်မှုကြောင့် အနိးအနားရှိပျဉ်ပျားတစ်ချောင်းနှင့် သူ့မျက်နှာကိုအားရပါးရရိုက်ပစ်သည်။ သူ့နှုတ်ခမ်းမှ သွေးစတို့ထွက်လာသည်။ သူ့ကိုထိုရိုက်လိုက်ခြင်းကြောင့် ရတီ့ထံမှ...
“မောင်........”
ဟူသောအာမေဋိတ်သံထွက်လာသည်။ ထိုအသံကြောင့်ပင် ဦးဘကောင်းက သူမဘက်ကိုခေါင်းလှည့်သွားသည်။ သူမဘက်ကို ဦးဘကောင်းခေါင်းလှည့်လာခြင်းကြောင့် သူမကြောက်ရွံ့မိပါသည်။ သူမတစ်ခုခုဖြစ်တော့မည်ဆိုသည်ကိုသိသောကြောင့်ဖြစ်သည်။
သူမစိုးရိန်သလိုပင်ထပ်တူထပ်မျှ သူရလည်း ရင်ထဲမှာတုန်လှုပ်စွာခံစားလိုက်ရပါသည်။ ထိုသို့မချိတင်ကဲခံစားရတာကြောင့် ချည်နှောင်ခံထားရသော ကိုယ်ကိုကြိုးစားရုန်းရင်း.....
“ဦးဘကောင်းခင်းဗျားဘာလုပ်မလို့လဲ...ခင်ဗျားရတီ့ကိုလက်ဖျားနဲ့တောင်ထိဖို့မကြိုးစားနဲ့.... ရတီတစ်ခုခုဖြစ်လို့ကတော့ ခင်ဗျားနဲ့ ကျုပ်နဲ့တွေ့မယ်...”
သူကအားကုန်ဟစ်မာန်ကုန်ကျူးပြီးအော်ပါသော်လည်း ဦးဘာကောင်းကတော့မကြားသယောင်ပြုပြီး သူမအနားကိုသာ တဖြေးဖြေး...တဖြေးဖြေး.... နှေးကွေးသောခြေလှမ်းတို့နှင့်အတူ ...... ဖြေးညှင်းစွာ...တစ်လှမ်းချင်း တိုးတိုးသွားသည်။
သူမနှင့်သူနီးလာလေ သူမရဲ့ကြောက်ရွံ့စိတ်တွေပိုပိုဖြစ်ပေါ်ပြီး ခြေဖျားလက်ဖျားတွေလည်း အေးစက်တုန်ယင်လာသည်။ သူမနားကိုနီးလာလေ သူရ၏ကြိုးစားရုန်းကန်မှုနှင့်အတူ....
“ဦးဘကောင်း ခင်ဗျားရပ်လိုက်...ခင်ဗျားနှိပ်စက်ချင်ရင်ကျုပ်ကိုကြိုက်တာလုပ်...ရတီ့ကိုတော့ခွင့်လွှတ်လိုက်ပါဗျာ...”
ဟု တောင်းပန်စွာခယအော်သံသည်ပိုကျယ်လာသည်။ ထုတ်တန်းကချည်ထားသော ကြိုးအောက်မှာ သူ့ပုံစံက တီကောင်ဆားနှင့်တို့သလို တွန့်လိမ်ကောက်ကွေ့နေသည်။ သူ့၇င်ထဲတွင်လည်းအူအသည်းပြောင်းပြန်လှန်ထားသလို မချိတုန်ကဲခံစားနေရသည်မဟုတ်ပါလော။
သူမအတွက်စိုးရိန်စိတ်တို့ကြောင့် သူ့လက်ကောက်ဝတ်ကထွက်နေသော ရုန်းကန်မှုကြောင့်ဖြစ်လာသော သွေးစက်သွေးရာနာကြင်မှုတို့ကိုပင်သတိမထားနိုင်ပါ။
သို့သော်လည်း ဦးဘကောင်းကတော့ သူ့ကိုလျစ်လျှူရှုပြီး သူမနားကို တဖြေးဖြေး တိုးတိုးကပ်ကပ် သွားသည်။
သူ့၇င်တွေလည်း
တစ်စထက်တစ်စ ပူလောင် နာကျဉ်ရသည်ပေါ့........
♥  ♥  ♥  ♥  ♥
ရတနာမြေရှာပုံတော်
 (၃)
 သူမနားကိုဦးဘကောင်းရောက်သွားသည်နှင့် သူရရင်တွေအသက်ရှုရပ်မတတ်ပင်ခံစားရသည်။ သူမနားကိုကပ်ကပ် သွားကာ အနားနားရောက်တော့...
           “ကောင်မနင်ကဘာအော်တာတုန်း”
            ဟုဆိုကာ သူမပါးကို သူ့လက်သီးစုပ်ကြီးနှင့် အားရပါးရ လွှဲရိုက်လေသည်။ သူမခေါင်းပင်တစ်ခြမ်းစောင်းသွားလေသည်။ ထိုသည်ကိုပင် သူကအားမနာ။ အားနွဲ့သောမိန်းကလေးတစ်ယောက်ကို နှိပ်စက်ရသည်မှာသိပ်အရသာရှိလှသည်ထင်သည်။ သူမပါးမှေ သွးစက်ကလေးများ ပင်ကျလာသည်။
         “နင့်လင်ကိုထိတော့နာတယ်ပေါ့လေ”
           သူမရဲ့ရွှေအိုရောင်ဆံနွယ်ခပ်ရှည်ရှည်တွေကို လက်နှင့်အားရပါးရစုဆွဲကာ ပါးပြင်နုနုလေးကိုဘယ်ပြန်ညာပြန်ရိုက်လေသည်။ သူမပါးစပ်မှ သူ့ရဲ့သန်မာသည့်ယောကျာ်းအားကြောင့် သွေးအလိမ်းလမ်းထွက်လာသည်။ ဒါကို သူကမသနားသေး။
          “အဲလောက်မှဖြစ်နေရင် နင့်လင်ကိုငါဘယ်လိုလုပ်မလဲကြည့်ထား”
         ဦးဘကောင်းကပြောပြောဆိုဆိုနှင့်သူမဆံပင်ကိုဆုဆွဲထား၇ာမှလွှတ်လိုက်သည်။ ပြီးနောက် သူရဆီသို့သာ သုန်မှုန်စွာ လျှောက်လှမ်းလာခဲ့သည်။ သူ့အနားသို့ ဦးဘကောင်းလာသည်ကိုသိတာကြောင့်သူလည်း အမှန်တကယ်မှာတော့ ကျောချမ်းသွားပါသည်။
            သူ့ရဲ့ v-shape ကိုယ်ကျပ်အကျီင်္င်္လေးကို ဦးဘကောင်းက သူ့ရဲ့လက်ကြမ်းကြီးများနှင့် ခပ်ကြမ်းကြမ်းဆွဲချွတ်သည်။ သူ့အပေါ်ပိုင်းကအင်္ကျီလေးကျွတ်တာကြောင့် ဗလာကျင်း။
            “ဦးဘကောင်းခင်ဗျားကျုပ်ကိုဘာလုပ်မလို့လဲ.......”
            သူ့အသံတွေကတုန်ယင်စွာ။ လူကလည်း တွန့်လိမ်နေသည်။ ဦးဘကောင်းကတော့နားမကြားသူတစ်ယောက် ပမာ မကြားယောင်ပြုပြီး ခေါင်းထဲတွင်ပေါ်လာသော အစီအစဉ်တွေအတိုင်သာလုပ်နေသည်။
            သူ့အင်္ကျီကျွတ်သွားတာကြောင့် သူ့ရဲ့သန်မာ တောင့်တင်းတဲ့ ၀မ်းဗိုက် ရင်အုပ်ကြွက်သားတွေကိုကောင်မလေး တွေကို ပြသလိုဖြစ်နေတော့ သူရှက်သည်။ ဦးဘကောင်းက သူ့လွယ်အိတ်ထဲက အနက်ရောင်ကိရိယာတစ်ခုကိုထုတ်လိုက်သည်။
           ဘာမှန်းမသိခင်ကတည်းက သူရကြောက်နေမိပါသည်။ နောက် ဒီအနက်ရောင်ကိရိယာလေးဟာ ကြာပွတ်လေးတစ်ခုမှန်းသိလိုက်တော့ ကြောက်ရွံ့စိတ်နဲ့အတူ ဦးဘကောင်းထံတွင်နဂိုကတည်းက ဒီလိုအစီအစဉ်ရှိမှန်းသိလိုက်သည်။ ထိုသို့သိလိုက်ခြင်းနှင့်အတူ ဦးဘကောင်းကိုလည်း အတော်ပင် ဆက်ဆုတ်ရွံရှာသွားသည်။ သို့သော်လည်း သူဘာမှမတတ်နိုင်။
         ထိုကြာပွတ်လေးနှင့် သူ့နောက်ကျောကိုအားရပါးရရိုက်ပါတော့သည်။ သူ့အသားသည်နဂိုကတည်းက ၀ါညက်ညက်ဖြူတူတူလေးဖြစ်သောကြောင့်ချက်ခြင်းပင်အနီရောင်အဆင်းကြောင်းများထင်သွားသည်။ သူကတော့ ဦးဘကောင်းတစ်ချက်ရိုက်လိုက်ရင်း သူ့နှုတ်က အ ဟုတစ်ချက်အော်လိုက် ဖြစ်နေသည်။
            ဒါထင်အားမရ သူ့ရင်ဘတ်တွေကိုပါရိုက်ပါသည်။ သူ့ရင်ဘတ်တွေကိုရိုက်သောအခါ ဦးဘကောင်း၏ကိုယ်သည် မြတ်မင်းနှင့် နီးကပ်သွားသည်။ မြတ်မင်းနှင့် သူရကငယ်ကတည်းက သူငယ်ချင်းတွေ။ သူရကို သူနှိပ်စက်နေတာ သူဘယ်လိုလုပ်ကြည့်နေနိုင်အံ့ပါနည်း။
          ထို့ကြောင့်သူအားပါပါ ဦးဘကောင်း၏ကျောကို ခြေထောက်နှင့်တအားလွှဲကန်လိုက်လေသည်။ ခါးကော့ပြီး ဦးဘကောင်းရှေ့ကိုမှောက်ယက်လဲသွးသည်။ မျက်နှာနှင့် အုတ်ခုံရိုက်မိသွားသည်။ ထိုနေရာမှသွေးစလေးတွေစီးကျလာသည်။ ဦးဘကောင်းသေပြီအမှတ်နှင့် မြတ်မင်းဝမ်းသာသွားသည်။ သို့သော် ဦးဘကောင်းမူကား ဘာမှမဖြစ်ပြန်ထလာသည်။
            “မင်းကသေချင်တယ်ပေါ့........”
             ဦးဘကောင်းထိုသို့စကားပြောလိုက်မှ အားလုံးမျက်နှာမှာ စပ်ဖြီးစပ်ဖြီး ပြုံးစိစိဖြစ်သွားကြသည်။ မြတ်မင်းအပါအ၀င်ပေါ့။ အဘယ်ကြောင့်ဆိုသော် ဦးဘကောင်းစကားပြောလိုက်သောအခါ မြတ်မင်း၏ကန်ချက်ကြောင့်ကျိုးသွားသော ဦးဘကောင်း၏ရှေ့သွား နှစ်ချောင်းသည် သိသာသွားစေခဲ့သောကြောင့်ဖြစ်သည်။
မြတ်မင်းကို ကြိုးတန်းလန်းနှင့်ဆွဲခေါ်သွားသည်။ မြတ်မင်းကတော့ကြောက်ကြောက်နှင့်ပါသွားလေရဲ့။
“ဦးဘကောင်းခင်ဗျားဘာလုပ်မလို့လဲ.... ခင်ဗျားကြီးအခုချက်ချင်းကျုပ်ကိုလွှတ်စမ်း”
သို့သော်သူကမလွှတ် ။ မြတ်မ်င်းကို ခုံတန်းရှည်တစ်ခုပေါ်တွင် မှောက် အိပ်စေသည်။ သူ့လက်တွေ ခြေထောက်တွေကိုရုန်းမရနိုင်အောင် ကြိုးနှင့်တင်းကျပ်စွာချည်စေသည်။ မြတ်မင်းလည်းအလိုမတူ သော်လည်းအားမတန်မာန်လျော့ထားသည်။
သူ့နောက်ကျောကိုအေးစက်သည့်အရာတစ်ခုထိလာတာကိုခံစားရသည်။ သံလိုအ၇ာတစ်ခု။ ထိုအရာကသူ့အင်္ကျီထဲကတစ်ဆင့် သူ့နောက်ကျောအရေပြားထိုထိနေသည်။ ထို့ကြောင့်ပင်ကျန်တဲ့လူတွေလည်းစိတ်ပူနေကြသည်။
တကယ်တော့ဓားတစ်လက်။ ထိုဓားက သူ့အရေပြားတွေကိုဖြတ်ဆီးမပြစ်ပဲ သူ့အပေါ်ကတီရှပ်လေးကိုဖြဲဆုတ်ပစ်သည်။ သူ့နောက်ကျေပေါ်မှာ ဘာမှအကာအဆီးမရှိတော့။ 
ထိုအခါမှ ပန်းသီးလှီးသည့် ဓားပါးပါးချွန်ချွန်လေးက သူ့နောက်ကျော်ပေါ်ကို ကျလာသည်။
“ခင်ဗျား...ဘာလုပ်မလို့လဲ....ဘာ..လုပ်မလို့...လဲ....အ...”
သူ့အသံကတုန်ယင်စွာ။ ခပ်တုန်တုန်။ဦးဘကောင်းက အေးစက်စက်လေသံနှင့်...
“မင်းကိုတက်တူးထိုးပေးမလို့ပါကွာ.....မြတ်သူကလည်း သိပ်မနာပါဘူး....နဲနဲပဲနာမှာပါ..သည်းခံလိုက်စမ်းပါ...ယောကျာ်းပဲ”
သူကဓားချွန်ချွန်လေးနှင့် မစာမနနာ သူ့နောက်ကျောပေါ်တွင် တောင်ချစ်မြောက်ချစ်ချစ်လေသည်။ သူအသည်းခိုက်အောင်နာကျင်တာကိုတော့လုံးဝစာနာမပေး။
“အား.........အားးးးး..........တော်ပါတော့ဗျာ.....အားးးးးးးးး”
သူကမနား။ ဆက်ပြောသေးတယ်...
“မင်းကအော်တော့ ပုံကမလှတော့ဘူး.........ရေဆေးပြီးဖျက်လိုက်တောမယ်နော်......”
ထိုသို့ပြောပြီးသူ့နောက်ကျော်ပေါ်သို့ရေတွေလောင်းပါတော့သည်။ ထိုရေတွေလောင်းမှမြတ်မင်း၏နာကျင်မှုက အသည်းကြွေလောက်အောင်ပင်နာကျင်လာသည်။
“အား.........နာတယ်.......အားးးးးးးးးးးးတော်ပါတော့ဗျာ..........တော်ပါတော့ဗျာ..........”
မြတ်မင်း ကတော်တော်နှင့် ပျော့ညံ့သူမဟုတ်။ ဒီတစ်ခါသူတကယ်နာကျင်လို့သာ။ သူ့မျက်ဝန်းကလည်း မျက်ရည်တွေပိုးပိုးပေါက်ပေါက်ကျလာသည်။ သူကတော်တော်နှင့်ငိုတတ်သူမဟုတ်။
သူတို့ဘယ်သူမှသိလိုက်မည်မဟုတ်ပါ။ ဦးဘကောင်းမှတစ်ပါး။ မြတ်မင်းပင်မသိလိုက်ပါ။ ထိုရေများသည်သာမန်ရေမဟုတ်ပဲ ဆားရေတွေဆိုတာကိုလေ...........
☻  ☻  ☻  ☻  ☻
ရတနာမြေရှာပုံတော်
(၄)
မြတ်မင်းခမျာ လည်ချောင်းတွေပင်ခမ်းခြောက်စပြုလာချေပြီ။  နာလည်းနာကျင်လှသည်။ သို့သော် ဦးဘကောင်းကမူသနားခြင်း အလျဉ်းမရှိ။ သူ့ကိုအရင်အတိုင်း နှိပ်စက်နေမြဲပင်။
“အားးးးးးးးးးးးးးးးးးးတော်ပါတော့ဗျာ........ကျနော့်ကိုထပ်မနှိပ်စက်ပါတော့နဲ့......”
“နားဥာည်းတယ်ကွာ....မင်းပါးစပ်ပေါက်ပိတ်ထားစမ်း.....”
ဟုဆိုကာ ဆံပင်များကိုဆုဆွဲပြီး ခုံနှင့်မျက်နှာနှင့်အားရပါးရ ဆောင့်တော့သည်။ ခုံမှပင်အသံတွေတစ်ခွမ်းခွမ်းမြည်သည်ထိ။ သူ့မျက်နှာမှသွေးအလိမ်းလိမ်းထွက်လာသဖြင့် မျက်နှာတစ်ခုလုံးနီရဲ့နေသည်။ ကြည့်လို့ရှုလို့လုံးဝမကောင်း။
“အား.........”
သူ့အော်သံတွေပြင်းထန်နေသော်လည်း ဦးဘကောင်းကမူလက်မလျော့။
“၀ူးးးးးးးးဟူးးးးးးးးးးး”
သူမရမကအသက်ကိုခပ်၀၀ရှူနေပုံရသည်။
ထို့နောက် အချိန်အတန်ကြာသည်နှင့် သူ့အသံတွေငြိမ်ကျသွားသည်။ သူလည်းလူသားပဲ ဘာသားနဲ့ထုထားတာမို့လဲ ။သူဘယ်ခံနိုင်ပါ့မလဲ။
စကားမပြောသော မေ့မေ့လျော့လျော့ကြိုးတန်းလန်းကြီးတိုင်ပင်သူဆွဲခေါ်လာသည်။ ပြီးနောက် သူရတို့နှင့်နည်းတူစွာ သူ့ကိုထုတ်တန်းမှာ ကြိုးချည်ထားသည်။ သူခေါင်းကအောက်ကိုခပ်ငိုက်ငိုက်ကျနေသည်။ မျက်နှာကလည်း သွေးတွေနှင့်နီရဲနေသည်။
နှာခေါင်းထဲကရောပါးစပ်ထဲကပါ သွေးတွေကစီးကျနေသည်။ အားလုံးလည်းဘာမှ အတွန့်တက်လို့မပြောရဲကြ။ ပြောလျှင်ပြောသူအလှည့်ဆိုတာကိုသူတို့သိသည်လေ။
ပြီးတော့ဦးဘကောင်းရဲ့နှိပ်စက်မှုက သာမန်မဟုတ်။ လူမဆန်စွာနှိပ်စက်နေခြင်း။  သူ့အနှိပ်စက်ခံမယ့်အတူ ကိုယ့်ကိုယ်ကိုသာသတ်သေလိုက်ချင်သည်။
မေ့နေသောမြတ်မင်းကို ဦးဘကောင်းရေတွေနှင့် ပတ်နှိုးလိုက်သည်။ ရေတွေက အေးစက်လွန်းပါသည်။ ထိုရေစင်လာတာကို အောင်ကိုကောင်းကောင်းကြီးခံစားလိုက်ရတာကြောင့် ဖြစ်သည်။
ရေ၏အေးစက်မှုကြောင့် မြတ်မင်းတစ်ယောက် ၀ူးဝါးဝူးဝါးနှင့်နိုးလာသည်။ အသက်ရှုသံတွေကမှုမှန်။
“ဟူးးးးး””
တဟူးဟူးဖြစ်နေသည်။ မြတ်လုံးကလည်းကောင်းစွာမမြင်ရ။ မှန်ဝါးဝါး ။ အကြည့်တွေကေ၀၀ါးနေသည်။ အကြည့်တွေေ၀၀ါးခြင်းနှင့်အတူ နာကျဉ်မှုတို့သည်ကားလည်းပြင်းထန်သည်။
“နာလားကောင်လေး.......”
သူခေါင်းကိုသာခတ်ဆတ်ဆတ်ငြိမ့်သည်။ ဒါကိုမနာကျင်ဘူးလို့ဘယ်သူညာပြောနိုင်မှာလဲ။
“နာတယ်ဆိုတာ ဒါကမှအစစ်ကွ...မင်းတို့တကယ့်နာကျင်မှုကိုမခံစားတတ်သေးပါဘူး.....ဟုတ်တယ်မလား....”
ဟုဆိုကာ မြတ်မင်းဗိုက်ကို အရှိန်ပြင်းသော ဦးဘကောင်း၏လက်သီးတစ်ချက်က၀င်လာသည်။ သူဗိုက်အောင့်သွားပါသည်။ ဗိုက်အောင့်သည်ဆိုတာထက်မချိမဆန့်ခံစားရသည်ဆိုလျှင်ပိုမှန်ချေမည်။
“နာလား....”
သူခေါင်းကိုသာဆက်ညိမ့်ပြပြန်သည်။ ဦးဘကောင်းကသူ့ဆံပင်ကြီးတွေကိုစုဆွဲပြီး........
“မင်းမှာပါးစပ်မပါဘူုးလား.....”
“နာ......တယ်......၀ူးးးးးး”
လေသံကသိပ်တော့မသဲကွဲပါ။ သူ့အတွက်အသက်ရှု၇တာကိုကအခက်အခဲရှိနေသည်လလေ။ သူ့အဖြစ်က ရေမွန်းနေသည့်လူတစ်ယောက်ကဲ့သို့။
“နာရင်ငိုစမ်း........ငိုလေကွာ......”
သူ့ဆံပင်တွေကိုတင်းကျပ်စွာဆွဲထားရင်းမှပြောနေခြင်းဖြစ်သည်။ ဘေးမှ မခံနိုင်သော အောင်သူက...
“ဦးဘကောင်းခင်ဗျားကြီးယုတ်မာလွန်းလှချေလား”
“ဘာမင်းကများပြောရတယ်ရှိသေးတယ်”
ဟုဆိုကာ သူတို့နားမှထွက်ခွါသွားသည်။ ပြီးနောက် မြတ်သူကို ရေတွေနှင့်ပတ်ပါတော့သည်။ ထိုရေတွေကတော့မြတ်မင်းကိုပတ်သည့်ရေနှင့်မတူ။
မြတ်မင်းကိုပတ်သည့်ရေကအေးစက်သကဲ့သို့သူ့ကိုပတ်သည့်ရေကပူလောင်ပူစပ်နိုင်သည့်ရေနွေးတွေ။ ထိုရေနွေးတွေကြောင့်သူအတော်ပင်ခံစားလိုက်ရသည်။
သို့သော်အောင်သူကခံနိုင်ရည်ရှိသူတစ်ယောက် ခံနိုင်ရည်ရှိတာထက် အားလုံးထက်ပိုပြီးကြိတ်မှိတ်ခံနိုင်သည်။ သူအဆိုသည့်ညဉ်းသံသဲ့သဲ့လေးကလွဲလို့သူ့ဆီကဘာမှထွက်မလာ။ ထို့ကြောင့်ပင်ဦးဘကောင်းကပိုပြီးစိတ်တိုကာ....
“မင်းကခံနိုင်ရည်ရှိတယ်ပေါ့လေ...ဟုတ်လား...ဒါဆိုငါမင်းခြေထောက်တွေရိုက်ချိုးပြမယ်....မင်းခံနိုင်မလားကြည့်ရသေးတာပေါ့”
ဟုဆိုကာ အနီးအနားရှိ ၀ါး ရင်းတုတ်တုတ်တုတ်နှင့်သူ့ခြေထောက်တွေကိုရိုက်ပါတော့သည်။ အောင်သူရဲ့အမူအယာကအံကြိတ်တာကလွဲလိုက် လို့ဘာဆိုဘာမှမပြောင်းလဲ။ သူ့ထံကထွက်လာသော ညဉ်းသံခပ်သဲ့သဲ့ဟာလည်း သူကိုယ်တိုင်ကြားနိုင်ယုံလောက်သာ။
ထို့ကြောင့်လည်းဦးဘကောင်းဒေါပွသည်။ မြတ်မင်းကအငြိမ်မနေ။ ၀င်ပြောသည်။
“ဦးဘကောင်း...ခင်..ဗျားးး ကျုပ်ကို ကြိုက်..သလိုလုပ်ပြီးပြီပဲ...သူတို့ကိုလွှတ်လိုက်တော့...”
“အံမာ...မင်းကများ...”
ဟုဆိုကာ အားရပါးရပင်မြတ်မင်းကိုကန်သည်။ မြတ်မင်း သဲအိတ်ကိုလူထိုးလိုက်သလို ချာလပတ်ရမ်းသွားပါသည်။ သို့သော် ဥိးဘကောင်းကို မချိပြုံးလေးပင်လှလှပပသွားလေးပေါ်အောင်ပြုံးပြလိုက်သေးသည်။ ထိုအပြုံးသည်ဦးဘကောင်း၏ဒေါသတွေကိုတိုးတက်လာစေသည့်အပြုံးဆိုတာကိုတော့ သူလည်းသိပါသည်။
သို့မှာသာလည်း အောင်သူ့ဆီကိုမဲနေတဲ့သူ မြတ်မင်းဆီကိုပြောင်းလာမည်လေ။ မြတ်မင်းကတော့ပေါက်ပြီးနှာဖူးမထူးသည်မို့ သူဒီအကြံကို သုံးလိုက်ခြင်းဖြစ်သည်။
ဦးဘကောင်းကလည်းသူထင်သည့်အတိုင်းပင် အကွက်ထဲကိုဝင်လာသည်။ အောင်သူ့ဘက်မှသူ့ဆီသို့ လာပြီး..
“မင်းကများ...”
ဟူသောစကားနှင့်အတူ မြတ်မင်း၏ခေါင်းကို အောင်သူ့ကို ရိုက်နေသောတုတ်ဖြင့်လွှဲရိုက်လိုက်သည်။ ထိုရိုက်ချက်ကြောင့်အားလုံးမျက်လုံးပြူးသွားသည်။
မြတ်မင်းလည်း ထို့ကြောင့်ပင် အကြည့်တွေေ၀၀ါးလာသည်။ အမြင်အာရုံတွေလည်းမရှင်းလင်း။ သို့သော်သူ့သူုငယ်ချင်းတွေကို သွားပေါ်ရုံခနိုးခနဲ့ပြုံးပြသေးသည်။
ထိုအပြုံးကိုသူငယ်ချင်းတွေအားလုံးရင်လေးပါသည်။ သူ့ခေါင်းပေါ်မှသွေးတွေစီးကျလာသည့်အတွက်ကြောင့်ကောပေါ့။
မြတ်မင်း..သူ....
သူ....
ဒီရိုက်ချက်ကိုခံနိုင်ပါ့မလား..........
အားလုံးရင်ထဲမှာစိတ်ပူစွာ............................
♥  ♥  ♥  ♥  ♥
ရတနာမြေရှာပုံတော်
၅(ဇာတ်သိမ်း) 
သူ့သူငယ်ချင်းတွေကိုပြုံးပြသောအပြုံးသည်ပင်လျှင်ကြာရှည်မခံလိုက်ပါ။  အတန်ငယ်အချိန်ကြာပြီးနောက် သူ့ခေါင်းလေး ပန်းပင်ကိုရေနွေးလောင်းလိုက်သလို အောက်ကို ခေါင်းလေးငိုက်စိုက်ကျသွားလေသည်။
         “မြတ်မင်း..”
         အားလုံးကပြိုင်တူရေရွတ်ရင်းခေါ်လိုက်သည်။ မြတ်မင်းထံမှဘာမှမကြားရ။ သူ့ခေါင်းမှဆီးကျလာသောသွေးရဲရဲတွေက သူ့လည်ဂုတ်ဖွေးဖွေးလေးပေါ်သို့သက်ရောက်နေသည်။ သွေးတွေကသူ့ကိုယ်ပေါ်မှာဖြတ်သန်းစီးဆင်းနေသည်။
         အားလုံးကလည်းကိုယ်စီစိတ်ပူနေကြသည်။
         “မင်းတို့ကိုရွေးချယ်စရာတစ်ခုပေးမယ်”
          အားလုံးကသူ့ကိုကြောက်နေကြသည်။ သူရကို ကြိုးတန်းလန်းနှင့်ဆွဲခေါ်လာသည်။ သူရနှုတ်မှဘာမှထွက်မလာ။ သူအဆိုးကိုမျှော်လင့်ပြီးသားလေ။ သူ့ကိုခေါ်လာသည်က အောင်သူ့ရှေ့ကိုသာ ....
        “ထိုးစမ်း ဒီကောင့်ကိုထိုးစမ်း.....ဒီကောင့်ကိုအလဲထိုးနိုင်ရင် မင်းရောမင်းကောင်မကိုပါလွှတ်ပေးမယ်”
         ထိုးစမ်းဟုပြောနေသော်လည်း လက်ကလှုပ်လို့မရ။ အောင်သူ့ရှေ့မှာ သူလည်းအောင်သူလိုပဲအချည်ခံထားရသည်လေ။ သူ့လက်ကလှုပ်လို့ရပါဦးမလား။
        “မင်းမှာခြေထောက်မပါဘူးလား...ကန်လေကွာ”
         သူကိုယ်တိုင်နှိပ်စက်မ၀သည့်နောက်ဆုံးမှာတော့ သူငယ်ချင်းချင်းသွေးထိုးတော့လေသည်။ ထိုသို့လုပ်သည်ကိုလည်းသူရသိပါသည်။ သို့သော်လည်း သူဘာမှမတတ်နိုင်ချေ။
သူ.. ဘာတက်နိုင်ဦးမှာပါတဲ့လဲ။သူမလုပ်ရက် သူ့သူငယ်ချင်းကိုသူမလုပ်ရက်ပါ။   ဦးဘကောင်းက ရတီ့ဆံပင်မွှေးတွေကိုခပ်ကြမ်းကြမ်းဆွဲကိုင်ရင်း.......
“မင်းကကိုယ့်သူငယ်ချင်းကိုယ်မလုပ်ရဲဘူးပေါ့လေ....မင်းမလုပ်ရဲရင် ဒီကောင်မကိုငါလုပ်လိုက်မှာနော်....မင်းသူ့ကိုညှာနေရင် ဒီကောင်မအသက်ကိုငါတာဝန်မယူဘူး...”
မြတ်မင်း ကြောက်စိတ်ရောချစ်စိတ်ပါေ၇ာပြီး အောင်သူ့ကို ခြေထောက်နှင့်ခပ်ပြင်းပြင်းကန်လိုက်ပါသည်။ အောင်သူရင်ဘတ်ကိုအကန် ခံရသည်ဖြစ်သောကြောင့် နည်းနည်းတော့နာကျင်ခဲ့ပါသည်။
“သူရငါတောင်းပန်ပါတယ်... ငါမင်းကိုလုပ်ချင်လွန်းလို့လုပ်တာမဟုတ်ပါဘူး...”
“မင်းငါ့ကိုလုပ်လည်းငါမင်းကိုဗွေမယူပါဘူး...ငါတို့အကုန်လုံးကသူ့လက်ထဲမှာသေကြရမှာပဲ.... မင်းလက်နဲ့သေရတာက  ဥိးဘကောင်းလက်နဲ့သေရတာထက်စာရင်မြတ်ပါတယ်ကွာ... ငါ့၇င်ဝတည့်တည့်ကိုအရှိန်ပြင်းပြင်းနဲ့သာကန်လိုက်ပါကွာ..”
သို့သော်သူရဆက်မကန်ဝံ့။ ငယ်ငယ်လေးကတည်းက ပေါင်းလာတဲ့သူငယ်ချင်းကိုဘယ်လိုလုပ်လုပ်၇က်ပါ့။
“သူရ နင်ကိုယ့်သူငယ်ချင်းကိုအဲလိုပဲရက်စက်တော့မှာလား .... နင်အောင်သူ့ကိုဒီလိုဆက်လုပ်နေရင် နင်နဲ့ငါအပြတ်ပဲ”
ရတီက ဦးဘကောင်းကသူမဆံပင်တွေကိုဆွဲထားသည့်ကြားမှပင် ပြောဖြစ်အောင်ကိုပြောလိုက်သေးသည်။  ဥိးဘကောင်းက...
“အောင်မ .. ကောင်မ လျှာရှည်နေ”
ဟုဆိုကာသူမပါးတွေကိုဘယ်ပြန်ညာပြန်ရိုက်သည်။ သူရလည်းဘာလုပ်လို့လုပ်ရမှန်းမသိ။
“အား.....”
ဦးဘကောင်းက သူ့ကို ခြေထောက်နှင့်ကန်သည်။ ထိုကန်ချက်သည်သူ့ခါးပေါ်သို့သက်ရောက်သည။် ထိုကန်ချက်ကြောင့်ပင် သူရကိုယ်လေး ၀ဲလည်လည်ဖြစ်သွားပါသည်။
“ဥိးဘကောင်းရှင်တော်တော်မိုက်ရိုင်းလှချေလား.... သူငယ်ချင်းအချင်းချင်းကိုလည်းတိုက်ပေးသေးတယ် ...တော်တော်ယုတ်မာပါ့လား”
သရဖိကပြောသည်ကိုဦးဘကောင်းက......
“ငါယုတ်မာတော့ဘာဖြစ်လဲ ... နင်နဲ့ဆိုင်လား”
ဟုဆိုကာ သူမမျက်နှာကိုလက်သီးနှင့်အားရပါးရထိုးသည်။ သူမနှာခေါင်းနှင့်ပါးစပ်မှသွေးတွေလျှံကျလာသည်။ သူကမရပ် ။ ဘေးကလည်းဘယ်သူမှဝင်မပြောရဲကြ။ အားလံုးနမူနာတွေကိုမြင်ဖူးပြီးကြပြီလေ။
သရဖီ့မျက်နှာတစ်ခုလုံးလည်း နီရဲနေသည်။ ဒါပင်ဦးဘကောင်းကအားမရသေး။ သံစတီးချိုင့်ကိုယူလာသည်။ ထိုထဲမှာရေတွေနှင့်။ ထိုရေချိုင့်ထဲကို သူမမျက်နှာကိုနှစ်လိုက်သည်။
“အားးးးးးးးးးး”
သူမ၏ပျင်းပျင်းရှရှအော်သံနှင့်အတူ အောင်သူ့ထံမှ
“သ၇ဖီ ”
ဟုခေါ်သံထွက်လာသည်။ ထိုရေခွက်ထဲမှ အငွေ့တစ်ထောင်းထောင်းထလာတာကိုတော့အားလုံးပဲမြင်ကြပါသည်။ ထို့ကြောင့်အားလံးသိလိုက်သည်မှာ သူမအသက်လောကကြီးကနေနှုတ်ဆက်လိုက်ရသည်ဆိုတာသာဖြစ်ည်။
“ဥိးဘကောင်းရှင်လူမဆန်လှချေလား...”
နှင်းစက်ကပြောတာကြောင့် နှင်းစက်ကို ခြေဖြင့်ကန်လိုက်ရာ နှင်းစက် ခုံရောလူပါပက်လက်လန်ပြီး ခေါင်းပေါက်သွားလေသည်။ သူမကဇွဲမလျော့....
“လာပါ..သတ်လိုက်ပါ..”
“ကောင်မသေချင်နေပြီလား.....”
ဟုဆိုကာသူမနားကိုလျှောက်လာသည်။
 ထိုစဉ်လူတစ်ယောက် ၏ အ၇ိပ်သည် ထိုနေရာမှာ အထင်အရှားထွက်ပေါ်လာသည်။ ထိုအရိပ်ကိုအားလုံးသတိထားမိပါသည်။ သို့သော်ထိုအရိပ်သည်လှစ်ခနဲပျောက်သွားသည်။
ဥိးဘကောင်းက အရိပ်လာရာ ပြတင်းပေါက်နားကိုသွားကြည့်သည်။ သူသတိမထားမိခဲ့တာတစ်ခုရှိသည်။ အောင်ကို လက်က ကြိုးပြေလျော့နေခြင်းပင်။ သူ သူတို့အုပ်စုကိုကျောခိုင်းချိန်တွင် အောင်ကိုမှာကြိုးမှလွတ်လေသည်။ အောင်ကို က အနီးအနားရှိတုတ်တုတ်တာတစ်ချောင်းကိုယူပြီး ဦးဘကောင်းအနားသို့သွာသည်။
ဦးဘကောင်းကပါးနပ်စွာပင် အောင်ကို့ဘက်ကိုအလှည့် အောင်ကို့ဗိုက်ကိုဆူရှသောအရာတစ်ခုကတိုးဝင်လာသည်။ ထိုအရာသည်ကား ဦးဘကောင်းကိုင်ထားသော ၀ါးချွန်သာဖြစ်သည်။ ထိုဝါးချွန် အောင်ကို့ဗိုက်ကို စိုက်မိသွားသည်နှင့် သွေးတွေထွက်လာပြီး သူ့မျက်နှာလေးရှုံမဲ့သွားသည်
ပြိးနောက် မြေပေါ်သို့ဗုန်းကနဲလဲကျသွားသည်။ အားလုံးနှုတ်က
“အောင်ကို.....”
ဟုခေါ်လိုက်မိကြသည်။
တစ်ချိန်တည်းမှာပင် မှန်ကွဲသံပေါ်ပြီး ဦးဘကောင်းခေါင်းကို ကြီးမားသောသစ်တုံးက ၀င်ရိုက်တာကိုအားလုံးမြင်လလိုက်ကြရသည်။ ထို့ပြင်အခန်းထဲသို့လူတစ်ယောက်ဝင်လာသည်။
ထိုလူကဦးဘကောင်းခေါင်းကိုမနားတန်း တုတ်နှင့်ရိုက်တော့သည်။ သွေးအိုင်ဖြစ်လှသည်နှင့်အတူး ဦးဘကောင်းအသက်သည်လည်း ထိုနေရာတွင် သေချင်းမလှသေပြီပေါ့။
ထိုသူကိုအားလုံးသိပါသည်။
အောင်နိုင်.......
သူရက..
“အောင်နိုင် မင်း ဘယ်ကသိတာလဲ”
“ငါမင်းတို့သတင်းရကတည်းကမသင်္ဃာလို့လိုက်လာတာ သစ်တောတွေတောင်စုံနေပြီငါေ၇ာက်ခဲ့တာ.”
သူတို့အားလုံးပျော်သွားကြပါသည်။ အောင်နိုင်ကသူတို့ကိုကယ်မယ်ဆိုတာသိတာကြောင့်လေ 
သေချာပါသည်။ အောင်နိုင်ကသူတို့ကိုကယ်မည့်ကယ်တင်ရှင်နတ်သားလေးသာဖြစ်ပါတော့သည် ... ။ ။
ပြီးပါပြီ......
[ အားလုံးကိုတစ်စုတစ်စည်းတည်း ဖတ်စေချင်တာကြောင့် အစအဆုံးပြန်တင်ပေးလိုက်ခြင်း ဖြစ်ပါသည် ... အားပေးဖတ်ရှုသူအပေါင်းကိုကျေးဇူးတင်ပါသည် ။ ။ ]
 
ထာဝရသံယောဇဉ်ဖြင့်...
မင်းညှို့သျှင်
facebook: Minn Nyhoe Shin
E - mail: author.narrator@gmail.com
 

No comments:

Subscribe

လာလည်သူများ

free counters