
သင့်မျက်ဝန်းတွေက စိတ်ရဲ့ တံခါးပေါက်ဆိုရင် သင့်ရဲ့ လက်သည်းတွေက သင့်ရဲ့ ကိုယ်တွင်းအင်္ဂါတွေအကြောင်း
ပြောပြနေတာပါ။ သင့်လက်သည်းတွေဟာ သင့်ရဲ့ ကျန်းမာရေးအကြောင်း အများကြီး ပြောပြနေပါတယ်။
ကျောက်ကပ်၊ နှလုံး၊ ပန်းနာရင်ကျပ်၊ အဆုတ်ရောဂါ တွေအကြောင်းကို လက်သည်းတွေက ပြောပြနိုင်ပါတယ်။
သင့်တစ်ကိုယ်လုံးကို လွှမ်းမိုးနိုင်တဲ့ ရောဂါတွေဟာ သင့်ရဲ့ သွေးစီးကြောင်းကို ပြောင်းလဲစေပြီး သင့်ရဲ့ လက်သည်းခြေသည်း ပုံစံနဲ့ ကြီးထွားမှုကို ပြောင်းလဲပစ်နိုင်ပါတယ်။ တခြား ရောဂါ လက္ခဏာတွေ မဖြစ်ခင် လက်သည်းမှာ ပြောင်းလဲမှုတွေ အရင် ဖြစ်ပွားလာစေပါတယ်။ အဲဒါကြောင့် သင့်ရဲ့ လက်သည်းတွေမှာ ထူးခြားတာတစ်ခုခု ဖြစ်ရင် သင့်မိသားစုဆရာဝန်နဲ့ အရင်ပြပါ။ အဲဒါလေးဟာ သင့်အသက်ကို ကယ်တင်နိုင်ပါတယ်။

၁. Kolionychia or Spoon Nails
သင့်လက်သည်းတွေက ရေတစ်စက် ထည့်ထားလို့ ရတဲ့အထိ ဇွန်းပုံပေါက်နေပါတယ်။ အဲဒါဟာ သံဓာတ်အားနည်းခြင်း၊
သွေးအားနည်းခြင်းတို့ကို ဖော်ပြနေပါတယ်။ တခြားလက္ခဏာတွေက ပင်ပန်းနွမ်းနယ် နေတတ်ခြင်းနဲ့ ဆံပင်ကျွတ်ခြင်း
တို့ပါ။ နှလုံးရောဂါ၊ သိုင်းရွိုက်ဂလင်း ရောဂါနဲ့ ကိုယ်ခံအား ပြီးတဲ့ ရောဂါ တစ်ချို့မှာလဲ ဖြစ်တတ်ပါတယ်။ ဆရာဝန်ဆီ
အမြန်သွားပါ။
၂. Clubbed Nails
ဇွန်းပုံစံရဲ့ပြောင်းပြန်၊ တင်းပုတ်ပုံ လက်သည်းတွေဟာ အပြင်ကိုကော့ပြီး ဖောင်းတင်းနေပါတယ်။ တချို့တေေ်ကတော့ မွေးရာပါပါ။ ဒါပေမယ့် မွေးရာပါမဟုတ်ခဲ့ပဲ မကြာသေးခင်ကမှ ဖြစ်ခဲ့တာ ဆိုရင်တော့ အဆုတ်ရောဂါတစ်မျိုးနဲ့ Pulmonary Fibrosis ခေါ်တဲ့ အမာရွတ်တစ်မျိုး ဖြစ်နေလို့ပါ။ နှလုံးရောဂါ၊ ဆီးအိတ်ရောင်ရောဂါနဲ့ AIDS မှာလဲ အဲလို လက္ခဏာမျိုး တွေ့ရပါတယ်။

၃. Splinter hemorrhages
သင့်လက်သည်းနဲ့ တစ်ခုခု ညပ်တဲ့အခါမျိုးမှာ အနက်ရောင် အစင်းကြောင်းတွေ ဖြစ်လာတာကို တွေ့ဖူးမှာပါ။ ဒါပေမယ့် ဘာမှမထိခိုက်ပဲ သူ့အလိုလို ဖြစ်လာတာဆိုရင် နှလုံးအတွင်းသားနဲ့ အဆို့ရှင်တွေမှာ ဘက်တီးရီးယားကပ်ငြိမှု ဖြစ်နေတာပါ။ ဆေးကုသမှု ခံယူပြီးခါစ အခါတွေမှာလဲ ဖြစ်တတ်ပါတယ်။

၎. Pitting
အပေါက်သေးသေးလေးတွေ လက်သည်းပေါ်မှာ ဖြစ်နေတာပါ။ အဲဒါဟာ Psoriasis လို့ခေါ်တဲ့ အရေပြားရောဂါတစ်မျိုးရဲ့ လက္ခဏာပါ။ သင့်ရဲ့ ဒူးခေါင်း၊ တံတောင်နဲ့ တခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာပါ အနီရောင်၊ ငွေရောင် ယားပြီး အကြေးတက်တဲ့ အပေါက်လေးတွေ ဖြစ်နေရင် သေချာပါတယ်။တခါတစ်လေမှာဆို Psoriasis arthritis လို့ခေါ်တဲ့ အဆစ်ရောင်ရောဂါတစ်မျိုး ဖြစ်နေတတ်ပါသေးတယ်။

၅. Warts
လက်သည်းကိုက်တာတွေဟာ အဲဒိလို အထဲမှာ အနက်ရောင် အစက်လေးတွေ ပါတတ်တဲ့ လက်သည်းလို အနာတွေ ဖြစ်စေတတ်ပါတယ်။ အဲဒါဟာ သူတို့ကို ဖြစ်စေတဲ့ Virus တွေကို ပိုပြီး ကူးစက်မြန်စေပြီး ပါးစပ်နဲ့ နှုတ်ခမ်းကို ပြန်နှံ့သွားရင် ပါးစပ်ကင်ဆာတောင် ဖြစ်စေနိုင်ပါသေးတယ်။ အဲဒါတွေ ဖြစ်လာရင် ညှပ်မပစ်ပါနဲ့ ဆရာဝန်ဆီ သွားပါ။

၆. Beau’s lines
သင့်လက်သည်းတွေမှာ အစင်းကြောင်း တူးမြောင်းလို အချိုင့်တွေ ဖြစ်နေတာပါ။ အဲဒါဟာ အပြင်းဖျားမှု၊ အသက်ဘေးမှ သီသီလေးလွတ်တာကြောင့် စိတ်ဖိစီးမှု၊ ကွာရှင်းရမှုတွေရဲ့ အကျိုးဆက်တွေပါ။ အဲဒါတွေက ပုံမှန်တော့ အန္တရာယ် မရှိပါဘူး။ ဒါပေမယ့် အဲဒါတွေဟာ ဆီးချို၊ သွေးလှည့်ပါတ်မှု ပြသနာတွေကြောင့်လဲ ဖြစ်နိုင်လို့ သတိထားရပါမယ်။

၇. Onycholysis
အဲဒိအခြေအနေဟာ သင့်ရဲ့ လက်သည်းဟာ သင့်လက်ကနေ ကွာသွားတာကို ခေါ်တာပါ။ သင့်လက်ကို ထိခိုက်မိရင်လဲ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အလိုလို ဖြစ်လာတာ ဆိုရင်တော့ သိုင်းရွိုက်ဂလင်း ကြီးထားမှု ဖြစ်နေနိုင်ပါတယ်။

၈. Fungal Nail Infections
လူတော်တော်များများဟာ ခြေသည်းလက်သည်းမှာ ဖြစ်သမျှပြသနာအားလုံးကို မှိုကြောင့်လို့ ထင်တတ်ကြပါတယ်။ တကယ်လို့ ခြေသည်းလက်သည်းက ထူနေမယ်၊ အစိမ်း၊ အဝါရောင် ဖြစ်နေမယ်၊ ကျွတ်ဆတ်နေမယ်၊ ကျိုးနေမယ်ဆိုရင်တော့သင်ထင်တာ ဖြစ်တတ်ပါတယ်။ အဲဒါဟာ အိမ်မှာတင် ကုသလို့ ရပါတယ်။ ပုံမှန်ဆိုရင် အဲဒိမှိုက သွေးလမ်းကြောင်းထဲကို မကူးတတ်ပေမယ့် ဆီးချိုဖြစ်နေသူတွေမှာ မှိုဖြစ်တတ်တာကို ဂရုပြုရပါမယ်။

၉. White Spots
သင့်လက်သည်း တစ်စိတ်တစ်ပိုင်း ဖြူနေရင် ဖိပွတ်ကြည့်လိုက်ပါ။ တကယ်လို့ အဖြူစက် ပျောက်မသွားရင် သင့်မှာ leuconychia ရှိနေတာပါ။ အဲဒါဟာ ထိခိုက်မိမှု၊ ပိုးကူးစက်မှုနဲ့ တချို့ အခြေအနေတွေမှာဆိုရင်ဆဲဆိပ်သင့်မှုတို့ကြောင့် ဖြစ်တာပါ။ ဆရာဝန်ဆီ ကုသမှုခံယူပါ။ အဖြူစက်ကပျောက်မသွားရင်တော့ အဲဒါဟာ ကျန်းမာရေးပြသနာ အကြီးကြီး တစ်ခုခု ရှိနေလို့ပါ။ သင့်ဆရာဝန်နဲ့ တိုင်ပင်ကြည့်ပါ။
No comments:
Post a Comment