၁။မင်းက ဘယ်လိုကြည့်ကြည့်ကို ငါ့အတွက် ဆွဲဆောင်မှုရှိနေတယ်။
သူပြင်ဆင်ပြီးထွက်လာတဲ့ အချိန်မျိုးတွေမှာမှ မဟုတ်ပဲ သိပ်မပြင်မဆင် ရိုးရိုးလေး ၀တ်ဆင်ထားချိန်တွေမှာ သင့်အနေနဲ့ သူ့မျက်နှာကို စေ့စေ့ကြည့်ပြီး ပြောလိုက်ပါ။ ဒီစကားထဲမှာ ချစ်တယ်ဆိုတဲ့စကား မပါသွားပေမယ့် သူ့ကိုချစ်တယ်လို့ ပြောလိုက်တာနဲ့ အတူတူပါပဲ။
၂။တစ်နေ့ထက် တစ်နေ့ ပိုပိုချစ်လာတယ်။ မခွဲချင်တော့ဘူး။
ဒီစကားဟာ ဘယ်တော့မှမခွဲဘူး။ အရမ်းချစ်တယ် ဆိုတာထက်ကို မင်းကိုလက်ထပ်ချင်တဲ့အထိ ဖြစ်လာပြီဆိုတာမျိုး ပြျောင်တာပါ။ ခြုံငုံပြောရရင်တော့ အရမ်းချစ်တယ်ဆိုတာနဲ့အတူတူပေါ့။
၃။ကိယ့်ကို ရယ်မောပျော်ရွှင်အောင် အမြဲလုပ်နိုင်တဲ့သူက မင်းတစ်ယောက်တည်းရှိတယ်။
လူတစ်ယောက်ကို အမြဲပျော်အောင်ထားနိုင်တဲ့သူ ဆိုတာ နည်းတဲ့အရည်အချင်းတော့ မဟုတ်ပါဘူး။ သင့်အရည်အချင်းကို
တင်စားပြောဆိုသွားခြင်းရဲ့ အဆုံးဟာ သင့်လိုလူသူ့အတွက် နောက်တစ်ယောက်မရှိဘူးဆိုတာပါပဲ။
၎။မင်းနဲ့ပတ်သက်ပြီး အရာအားလုံးကို ကိုယ်ကျေနပ်တယ်။ သဘောကျတယ်။
တစ်ဖက်လူ ကိုယ့်အပေါ် ဘာလုပ်လုပ် ကျေနပ်နေတယ်ဆိုတာကလည်း မင်းကိုဘယ်လောက်ချစ်နေသလဲဆိုတာကို ပြောပြတဲ့ စကားတစ်ရပ်ပါ။
၅။ဟိုးအရင်စတွေ့ခါစ အချိန်ထက်တောင် ကိုယ့်မျက်လုံးထဲမှာ မင်းက ပိုကြည့်ကောင်းလာသေးတယ်။
တွဲတာကြာလာတဲ့အခါ၊ အသက်လေးကြီးလာတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ရိုးသွားတယ်၊ ပျင်းသွားတယ်၊ ငြီးငွေ့သွားတယ်ဆိုတာမျိုး မရှိကြောင်း သက်သေပြဖို့လိုပါတယ်။ ဒါ့အပြင် တစ်ဖက်လူသိအောင် ပြောပြဖို့လည်း လိုပြန်ရော။
TrendMyanmar
Credit : http://www.searchmyanmar.com/link/comment/cid/52053/domain/trend.com.mm
No comments:
Post a Comment