၁။ ဆော်လ်မွန်
ဆော်လ်မွန်ငါးမှာပါတဲ့ အဆီနဲ့ ပရိုတင်းဓာတ်တွေက ဆံပင်ကျွတ်တာကို လျော့စေပြီး နေလောင်ဒဏ်ကြောင့် အသားအရေမပျက်စီးအောင်လည်း ကာကွယ်ပေးပါတယ်။
၂။ မုန်လာဥနီ
ဗီတာမင် A နဲ့ ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိတွေပါဝင်တဲ့ မုန်လာဥနီက ဆံပင်ကို ကျန်းမာသန်စွမ်းစေတဲ့အပြင် လက်သည်း၊ ခြေသည်းတွေအတွက်လည်း အထောက်အပံ့ဖြစ်စေပါတယ်။
၃။ ခရမ်းချဉ်သီး
ကယ်ရိုတီးနွိုက်လို့ခေါ်တဲ့ ဓာတ်တစ်မျိုးက ခရမ်းချဉ်သီးမှာ များစွာပါဝင်ပါတယ်။ သူက နေလောင်ဒဏ်မခံရအောင်
အရေပြားကို ကာကွယ်ပေးမှာပါ။
၎။ ကြက်ဥ
ကျန်းမာလှပတဲ့ လက်သည်းခြေသည်းတွေ ပိုင်ဆိုင်ဖို့ ကြက်ဥကို စားပေးသင့်ပါတယ်။
Credit : ဖိုးသူတော် (www.phothutaw.com)
Credit : Duwun
No comments:
Post a Comment